တစ်နပ်စာကို ယွမ် ၆၀၀၀၀ နဲ့ဝယ်တဲ့သူ? ချမ်းသာတဲ့လူအားလုံး အရူးတွေ! ၂
Vol. 11 Ch. 159
ကောင်းယောင်ယောင်၏စကားလုံးများက အားလုံးကိုမှင်တက်သွားစေသည်။ သူတို့က ယွမ် ၅၀၀၀၀ နှင့် အကြီးအကဲစားပွဲဟူသောအချက်နှစ်ချက်ကြောင့် စိတ်ဝင်စားသွားကြ၏။
ဒါပေမဲ့ ယွမ် ၅၀၀၀၀ တန် အကြီးအကဲစားပွဲက ဘာလဲ?
အားလုံးက ဇဝေဇဝါဖြစ်နေကြစဉ် ဗီဒီယိုတွင် အကြီးအကဲစားပွဲ အစပ်အဟပ်ကိုပြလိုက်တော့သည်...
အကြီးအကဲစားပွဲ:
ရှန်းရွှေလက်ဆောင်ဆန်: နှစ်စဉ်ပမာဏအနည်းအကျဉ်းသာထွက်သည့် ပြိုင်စံရှားဆန်။
သဘာဝငါးရှဉ့် ၃ ကတ်တီ: တောင်ပိုင်း၏ အကောင်းဆုံးသဘာဝအစားအစာ။ အလွန်အရသာရှိပြီး အာဟာရတန်ဖိုးမြင့်မားစွာပါသည်...
သဘာဝခရု: တောင်ပိုင်း၏ဒေသထွက်သဘာဝအစားအစာ။ အရသာလုံးဝကောင်းမွန်ပြီး ထူးထူးခြားခြားပရိုတင်းဓာတ်ကြွယ်ဝသည်...
ထူးရှယ်ဖရဲသီး: အထူးဖရဲသီးမျိုးသစ်။ ထူးထူးခြားခြားအရသာရှိပြီး ရှားရှားပါးပါးထုတ်ကုန်ဖြစ်သည်။
၃၀ ကတ်တီ...
လော့အန်းနင်က လူစုလူဝေးကိုကြည့်ရင်း သူမခြေလှမ်းများခဏရပ်တန့်သွား၏။ ရုံယန်က သူမကိုမတိုက်မိစေရန် သူမခါးကို လက်တစ်ဖက်နှင့်ခပ်တင်းတင်းထိန်းပေးလိုက်သည်။ သူမချီတုံချတုံဖြစ်နေပုံကိုကြည့်ပြီး ခေါင်းငုံ့၍ သူမနားနားကပ်သွားလိုက်ကာ_ ''အရမ်းစိတ်ဝင်စားနေတယ်မလား? စမ်းကြည့်တာပေါ့''
အရူးအမူးဖြစ်နေသောလူအုပ်ကိုကြည့်ရင်း လော့အန်းနင်က နှုတ်ခမ်းကိုက်၍ ခေါင်းခါလိုက်ပြီး_ ''...ကျွန်မတော့ အဲလိုမထင်ဘူး''
တခြားသူတွေနဲ့ ရုတ်ရုတ်ရုတ်ရုတ်ကို သူမကြိုက်ဘူးမလား?
လူတွေက အများကြီး။ မတိုက်မိဘူးဆိုရင်တောင် ဒီလောက်နီးကပ်နေတာ လူချင်းတော့ထိမိမှာပဲ။ သူသည်းခံနိုင်ပါ့မလား?
အားလုံးစဉ်းစားကြည့်ပြီးမှ လော့အန်းနင်နည်းနည်းစိတ်ပျက်သွားပြီး စံအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်သည်။ သူမပြန်လှည့်ပြီး နောက်ပြန်လျှောက်မည်အပြု ရုတ်တရက် သူမခါးနေရာတင်းသွားပြီး ထိုလူ၏အားသုံးထိန်းထားခြင်းကို ခံလိုက်ရ၏။
''မပူပါနဲ့... ဘယ်သူမှ မင်းကိုဝင်မတိုက်ဘူး... ကိုယ်ရှိတယ်လေ'' သူ၏အသံသြသြနှင့် ဆွဲဆောင်မှုရှိသောအသံမှာ အဖိုးတန်သောနှစ်ချို့ဝိုင်ကဲ့သို့ နူးနူးညံ့ညံ့နှင့် စွဲမက်စရာကောင်းနေသည်။
နည်းနည်းညို့ဓာတ်ပါပြီး နည်းနည်းဆွဲဆောင်မှုရှိနေ၏။
အထူးသဖြင့် 'ကိုယ်ရှိတယ်လေ' ဆိုသောစကားမှာ စကားထောင်ပေါင်းများစွာထိုက်တန်သည်။
''...ဒါပေမဲ့ ရှင်လူတိုးရတာ မကြိုက်ဘူးမလား...''လော့အန်းနင်က ဆုံးအောင်မပြောရသေးခင် သူမနှုတ်ခမ်းကို ခပ်သွယ်သွယ်လက်ညိုးနှင့်ပိတ်ခံလိုက်ရ၏။
သူ၏နက်နက်ရှိုင်းရှိုင်းနှင့်ဖီးနစ်ငှက်လိုမျက်လုံးများမှာ အပြုံးတစ်ခု... ပြီးတော့ အချစ်ကြီးတာလား?
သူမထပ်မမေးနိုင်ခင် သူ့လက်ကိုမြှောက်၍ လက်ဖြောက်တီးလိုက်ရာ သိပ်မကြာမီ ရွှီကျိယွမ်နှင့်သက်တော်စောင့်တစ်ယောက် သူတို့နှစ်ယောက်နောက်သို့ ချက်ချင်းရောက်လာသည်။
''သခင်လေးရုံ သခင်မလေး... ကောင်းသောညနေခင်းပါ!'' သူတို့က တပြိုင်တည်းနှုတ်ဆက်လိုက်၏။
သူတို့အသံက မတိုးသော်လည်း လူအုပ်၏ဆူဆူညံညံအသံများကြားတွင် မြှုပ်ဝင်သွားသည်။
လော့အန်းနင်က ရောက်လာသောလူကို လှည့်ကြည့်လိုက်၏။ သူမကအံ့သြပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ရွှီကျိယွမ်နှင့်သူ့သက်တော်စောင့်က သာမန်အဝတ်အစားများသာဝတ်ထား၏။ နေ့ပိုင်းသူတို့ဝတ်သော အနက်နှင့်အစင်းဝတ်စုံက ပျောက်နေတာကြာပြီ။
အနက်ရောင်သက်တော်စောင့်က ထူထူထဲထဲအနက်ရောင်ဝတ်စုံကိုလဲပြီး သာမန်အဝတ်အစားဝတ်လိုက်သည့်အခါ သာမန်လူများနှင့်မခြားပေ။ တင်းတင်းကြပ်ကြပ်ထိတ်လန့်စရာအာရုံမှာ အတော်လျော့ကျသွားသည်!
လော့အန်းနင်က သက်ပြင်းမချဘဲမနေနိုင်တော့_ ''တောင်းမှာအကွပ် လူမှာအဝတ်ဆိုတာ အမှန်ပဲ... အဝတ်အစားလဲလိုက်တာနဲ့ စိတ်နေသဘောထားတွေ မတူတော့ဘူး''
ရွှီကျိယွမ်က ချောင်းဟန့်လိုက်သည်။ သခင်မလေး... မြှောက်ပြောနေတာလား ခနဲ့နေတာလား?
''မင်းတို့ ငါ့နောက်လိုက်ခဲ့... ဘယ်သူမှအနားမကပ်စေနဲ့'' အမိန့်ပေးပြီးနောက် ရုံယန်က သူ့ဇနီးကိုထိန်းပြီး လူအုပ်ထဲလျှောက်သွားလိုက်၏။
သက်တော်စောင့်က လမ်းပြပြီး ရွှီကျိယွမ်က သူတို့နှစ်ဦးနောက်မှကပ်လိုက်လာသည်။
မဲမဲနှင့် ကြံ့ကြံ့ခိုင်ခိုင်လူက လမ်းပြသောအခါ အမှန်ပင် ပိုတိုးရလွယ်ကူ၏။ သူတို့နှစ်ဦးက ဘီယာအပြည့်နှင့် စားပွဲရှည်ကြီးဆီရောက်လာသည်။ ထိုအချိန်တွင် အခမ်းအနားမှူးက အစီအစဉ်ပေးပြီး ဘီယာပြိုင်ပွဲတရားဝင်စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်၏။
သူ့ပစ္စည်းအသစ်။
သို့သော် ထိုဘလော့ဂါဗီဒီယိုထွက်လာသည်နှင့် သူ့မှတ်ချက်နေရာမှာ ပွစာကျဲသွားသည်။
ပထမမှတ်ချက်အောက်တွင် အချင်းချင်းဆော်ကြသည်တောင်ရှိ၏:
ငါအတော်ဆုံး: ''ဟား ဟား... ရှန်းရွှေလက်ဆောင်ဆန်လို့ပြောတဲ့သူကရှိသေးတယ်... ဒါဦးနှောက်လာစားတာမလား? ဘယ်သူမှစားတာ မတွေ့ဖူးဘူး''
ညလေပြေ@ငါအတော်ဆုံး: ''အရူး... မင်းမမြင်ဖူးတာနဲ့ပဲ မရှိဘူးလို့တော့ ပြောမရဘူး... အဲဒါရိတ်ရိတ်ချင်း မြို့တော်ကိုပို့ရလို့ကွ... အပြင်မှာတွေ့ရတာဆိုလို့ လူချမ်းသာတွေရဲ့စားပွဲမှာပဲရှိတာ''
ငါအတော်ဆုံး@ညလေပြေ: ''ဟဲ ဟဲ... ချမ်းသာတဲ့သူတွေလည်း ငါပေးရသလို လုပ်ငန်းအခွန်ရှောင်တာနေမှာပေါ့''
ဖန်ပုလင်း@ငါအတော်ဆုံး: ''ရှန်းရွှေလက်ဆောင်ဆန်က အစစ်... သူ့ကိုစောင့်ကြပ်တဲ့အထူးတပ်ဖွဲ့ရှိတယ်ဆိုတာလည်း အမှန်ပဲ... မင်းက ဒေသထွက်တောင် မစားနိုင်ဘဲနဲ့''
ငါအတော်ဆုံး@ဖန်ပုလင်း: ''မင်းက ဟာသပဲ... အထူးအဖွဲ့ကစောင့်ကြပ်တယ်ဆိုတာကို တကယ်ယုံနေတယ်ပေါ့... ဘာတွေတွေးနေတာလဲ? ဦးနှောက်မရှိဘူးလား?''
နတ်ဓား@ငါအတော်ဆုံး: ''ကြည့်နေနော်... ရှန်းရွှေလက်ဆောင်ဆန်က တကယ်ရှိတယ်... သူဌေးဆီကကြားဖူးတာ အရမ်းအရသာရှိတယ်တဲ့... ငါ့သူဌေးကတစ်ခါစားပြီး မမေ့နိုင်ဘူးဆိုပေမဲ့ ထပ်ဝယ်လို့လည်းမရဘူးတဲ့''
လူခုတ်ဓား@နတ်ဓား: ''မင်းသူဌေးက ဦးနှောက်သုံးဖို့လိုသွားတယ်ထင်တယ် ဟုတ်တယ်မလား? အရင်က ရှန်းရွှေလက်ဆောင်ဆန်မစားဖူးလို့မဟုတ်ဘူး... ကံကောင်းလို့ ကတ်တီ ၂၀ တောင်ဝယ်ရခဲ့တာ... ဝူချန်ဆန်လောက်တောင် မကောင်းသလိုပဲ''
လွန်လေပြီးသော ချင်းကျိုး ၁၉၈၇@လူခုတ်ဓား: ''ကတ်တီ ၂၀ ဝယ်နိုင်လောက်အောင် ကံကောင်းတယ်ပေါ့? မင်းကိုယ့်ဘာသာအတွေ့အကြုံရအောင်လုပ်ဖို့ အခွင့်အရေးပေးလိုက်ဦးမယ်''
“…”
ထိုဘလော့ဂါဗီဒီယိုမှတ်ချက်တွင် ပွစာကျဲရုံမက တခြားဗီဒီယိုများ၊ ချင်းလင်စံအိမ်ဗီဒီယိုများ၏ မှတ်ချက်နေရာများတွင်လည်း အချိန်တိုအတွင်း အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။