← Chapters

အခွင့်အရေးကြီးလွတ်သွားပြီ! စူပါနာမည်ကျော်! ၁

Vol. 11 Ch. 162

အခွင့်အရေးကြီးလွတ်သွားပြီ! စူပါနာမည်ကျော်! ၁

Vol. 11 Ch. 162

လုကျန်းရှန်မှာ ရုတ်တရက်စိတ်ရှုပ်ထွေးသွားသည်။

ချင်းလင်စံအိမ်ဆေးဖက်ဝင်ဝိုင်က တကယ်ပဲ ဒီလိုအာနိသင်ရှိလား?

လီမိသားစုသခင်ကြီးမှာ အသက်ကြီးပြီး သက်လုံမကောင်းတော့မှန်း မင်မြို့တော်သားအားလုံးသိကြသည်။ ဆီးလည်း မကြာခဏသွားရသည်။ မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုမှစိမ်သော ဆေးဖက်ဝင်ဝိုင်မှာ သခင်ကြီးအတွက်အလွန်ထိရောက်သည်ဟုဆိုကြ၏။

လီမိသားစုက နှစ်စဉ်တချို့တဝက်ရရန် တောင်းခံထားရသည်။

သို့သော် မိသားစုနှစ်ခုက ဆေးဖက်ဝင်ဝိုင်အများကြီးမလုပ်ပေ။

ထိုမိသားစုနှစ်ခုကထုတ်သော ဆေးဖက်ဝင်ဝိုင်ကိုရသူတိုင်း လီမိသားစုကျေးဇူးအတင်ခံရရန် လက်ဆောင်အဖြစ်ပေးကြသည်။

ချင်းလင်စံအိမ်ဆေးဖက်ဝင်ဝိုင်က တကယ်ပဲဒီလိုအာနိသင်ရှိတာလား?

အရင်တစ်ခေါက် ချင်းလင်စံအိမ်ကို ချန်ရှန်းဖေနှင့်သွားခဲ့စဉ်က သူဌေးချင်ကသူ့ကို အိမ်အပြန်တစ်ပုလင်းယူသွားချင်လားဟုမေးခဲ့သော်လည်း သူကအဟုတ်ငြင်းခဲ့သည်တဲ့။

ရုတ်တရက် သူ့ကိုယ်သူ ငတုံးဟုခံစားလိုက်ရ၏။

လက်ရှိအခြေအနေအရ ဒီဆေးဖက်ဝင်ဝိုင်ပုလင်းနှင့် လျိုယီ၊ ကျောက်ဖူရုံတို့ကို မျက်နှာလုပ်လို့ရသည်။ ပူးပေါင်းဆောင်ရွက်ဖို့တောင် တောင်းဆိုလို့ရနိုင်သည်။

''ငါအချိန်ယူပြီး ချင်းလင်စံအိမ်သွားမယ်... သူဌေးချင်ဆီက တစ်ပုလင်းဝယ်မယ်'' လုကျန်းရှန် အတွေးပေါက်သွားသည်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်က တကယ်ပဲအာနိသင်ရှိတယ်ဆိုရင် ပိုဝယ်ထားလည်း သူ့လုပ်ငန်းအတွက် သေချာပေါက်အထောက်အကူဖြစ်မှာပဲဟု သူတွေးမိသည်။

ထိုအချိန်တွင်…

ချင်းလင်စံအိမ်အကြီးအကဲစားပွဲမဲနှိုက်အစီအစဉ်မှာ မင်မြို့တော်သူဌေးကြီးများ လိုင်းပေါ်တင်ခြင်းကြောင့် ဝက်ဝက်ကွဲပေါက်သွားပြီး ရေပန်းစားစာရင်းထဲ ချက်ချင်းဝင်သွားလေသည်။

......

ဘယ်အင်တာနက်ဆယ်လီကိုမဆို ဤအချ်န်တွင် ဖုံးလွှမ်းသွားနိုင်၏။



သခင်လေးဝမ်ကိုလည်း ဘယ်သူမှအာရုံမစိုက်တော့။ ချင်းလင်စံအိမ်ကြော်ငြာတာဟုတ်မဟုတ် သူက တစ်နပ်စာကို ယွမ် ၅၀၀၀၀ ပေးဝယ်ပြီးတောင် ဆုံးဖြတ်ချင်ခဲ့သည်။

ဒါပေမဲ့အခု သူဆုံးဖြတ်စရာ လုံးဝမလိုတော့ချေ။ မင်မြို့တော်သူဌေးကြီးတွေနဲ့ယှဉ်ရင် ပမွှားလေးဖြစ်သွားတော့သည်။

ထို့အပြင် ယွမ် ၆၀၀၀၀ ဖိုး အလကားစားနိုင်မည်ဆိုသည်က လန့်လောက်စရာဖြစ်၏။

ချမ်းသာတဲ့သူတွေအတွက်တော့ ယွမ် ၆၀၀၀၀ မှာ စာမဖွဲ့လောက်ပေ။

မှတ်ချက်နေရာမှာ သူဌေးတွေအတွက် ဘာမှမဟုတ်သော်လည်း ယွမ် ၁၀၀၀၀ ထက်ဝင်ငွေနည်းသောပြည်သူများအတွက်မူ လုံးဝမယုံနိုင်သောစျေးဖြစ်နေသည်။ ဒီလိုအစားအစာမျိုး သူတို့တစ်သက်လုံးစားနိုင်မည်မဟုတ်။

၆ လစာ (သို့) တစ်နှစ်စာလစာနှင့် ညီမျှနေသည်။

အဓိကအချက်မှာ ဤအစားအစာ၏တန်ဖိုးက ယွမ် ၆၀၀၀၀ သာဖြစ်သော်လည်း အပြင်မှာမစားနိုင်ခြင်းပင်။

ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်ရှားပါးခြင်းကြောင့် လူချမ်းသာ ၉၀% တောင် ဝယ်နိုင်မည်မဟုတ်။ နောက်ပြီး ချင်းလင်စံအိမ်ထုတ်ကုန်များကလည်း အလွန်ရှားပါးသည်ဟုဆိုနိုင်၏။

ထို့ကြောင့် အားလုံး၏စူးစမ်းချင်စိတ်နှင့် စိတ်အားထက်သန်မှုကို ဆွလိုက်သလိုဖြစ်စေသည်။

အထူးသဖြင့် ချင်းလင်စံအိမ်သို့ ခရီးထွက်ချင်သူ၊ လာရန်စီစဉ်နေသူများပင်။

ခရီးသွားလာရင်း ဆုမဲပေါက်ပြီး ယွမ် ၆၀၀၀၀ နှင့်ရောင်းနိုင်လျှင် ပြီးပြည့်စုံသွားမည်။

သို့နှင့် ချင်းလင်စံအိမ်ကြော်ငြာဗီဒီယိုကြောင့် အတော်များများအတွေးများသွားကြသည်။ သတို့သမီးခန်းနှင့် ချင်းလင်စံအိမ်လက်မှတ်တချို့ကို လိုင်းပေါ်မှမှာထားကြ၏။

သတို့သမီးခန်း၊ ပန်းပင်လယ်လက်မှတ်နှင့် ရွက်လွှင့်လက်မှတ်ကို ကြိုတင်ယူထားနိုင်လျှင် ယွမ် ၅၀၀ ကျမည်။ သွားတောင်မသွားရသေးခင် မဲလက်မှတ် ၅ စောင်ရထားမည်ဖြစ်၏။

ဝမ်ရန်မှာ ထိုသို့တွေးထားသည်။ သူကငွေရေးကြေးရေးနှင့်ပတ်သက်၍ လွတ်လပ်သူဖြစ်၏။ ဝတ္ထုဖတ်၊ နိုက်ကလပ်တက်သည်ထက် ခရီးသွားရသည်ကို ပိုသဘောကျလေသည်။

သူက 'လူခုတ်ဓား'အကောင့်နှင့်ရေးထားသောမှတ်ချက်ကို တိတ်တိတ်လေးဖျက်ပစ်လိုက်၏။

အရင်က Tiktok တွင် ရှန်းရွှေလက်ဆောင်ဆန် အာရုံစားတဲ့အကြောင်းငြင်းခုံပြီး အတည်ပြုခဲ့သေးသည်။ အခုတော့ ရှန်းရွှေလက်ဆောင်ဆန်က အာရုံစားခြင်းမဟုတ်။ လက်လှမ်းမမီနိုင်သောအရာဖြစ်နေလေသည်။ ဘာပဲဖြစ်ဖြစ် မင်မြို့တော်က ချမ်းသာပြီးအာဏာရှိတဲ့သူတွေအကုန် အရူးတွေမှမဟုတ်တာလေ။

ဒီတော့ ဆက်လက်စောင့်စားကြည့်ရမည်။



သူသာမဲပေါက်ခဲ့ရင် လုံးဝမရောင်းဘဲ သူကိုယ်တိုင်စားကြည့်မည်။ ဒီအကြီးအကဲစားပွဲကို ကျန်ဘဝတလျှောက် သူစားနိုင်မည်မထင်။

ထိုအကြောင်းတွေးရင်း ဖုန်းထုတ်ပြီး နိုက်ကလပ်မှာသိခဲ့သောမိန်းကလေးကိုရှာလိုက်သည်_ ''ဘေဘီ... ကိုယ်ချင်းလင်စံအိမ်ကိုသွားလည်ချင်လို့... မင်းအားလား?''

ချင်းလင်စံအိမ်သတို့သမီးခန်းက တစ်ညယွမ် ၃၀၀ ပေးရတာ။ ကောင်မလေးအဖော်မပါရင် နှမြောစရာ။ နောက်ပြီး ကောင်မလေးပါရင် ပန်းပင်လယ်လက်မှတ်နဲ့ရွက်လွှင့်လက်မှတ်အပိုဝယ်လို့ရပြီ။ ဒါဆို ယွမ် ၇၀၀ ကျမည်။ မဲလက်မှတ် ၇ စောင်ဖြစ်ပြီ။

မိန်းကလေးက Wechat တွင်စာပြန်ထားသည်_ ''အားနာလိုက်တာ အစ်ကိုချန်... ကျွန်မကောင်လေးက ခေါ်ထားလို့''

''ကောင်းပြီလေ... နောက်မှ ထပ်ဆက်သွယ်ကြတာပေါ့'' ဝမ်ရန်ကစာပြန်ပြီး နိုက်ကလပ်တွင်ဆုံခဲ့သော နောက်ထပ်မိန်းကလေးတစ်ယောက်ကို ရှာလိုက်၏_ ''ဘေဘီ... ချင်းလင်စံအိမ်ကို သွားမလည်ချင်ဘူးလား?''

မိန်းကလေးကချက်ချင်းပင်_ ''အစ်ကိုချန်... ကျွန်မကိုခေါ်တာလား? လိုက်မှာပေါ့!''

''OK မနက်ဖြန် ကိုယ်ဆက်လိုက်မယ်'' ဝမ်ရန်က ကောင်မလေးအဖော်ကိစ္စဖြေရှင်းပြီး ချက်ချင်းချင်းလင်စံအိမ်တရားဝင်အကောင့်ထဲဝင်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အွန်လိုင်းကြိုတင်ယူစနစ်ကိုတွေ့လိုက်ရ၏။

ဝမ်ရန်က နှိပ်လိုက်သော်လည်း စာမျက်နှာပွင့်လာသောအခါ ကြက်သေသေသွားတော့သည်။ သတို့သမီးခန်းနှင့်ဖွင့်ပွဲလက်မှတ်အားလုံး ရောင်းကုန်သွားပြီတဲ့။

''သေစမ်း" ဝမ်ရန်စိတ်ရှုပ်သွားသည်။

ဒီကောင်တွေက ဒီလောက်လက်သွက်စရာအကြောင်းရှိလို့လား?

ပိုစိတ်တိုစရာကောင်းတာက ဒီကောင်တွေက မှတ်ချက်နေရာမှာ လာကြွားနေကြသေးသည်။

''ငါလိုင်းပေါ်က ဝယ်ပြီးသွားပြီ... မဲလက်မှတ် ၇ စောင်တော့ သေချာသွားပြီ... ဟား ဟား... အကြီးအကဲစားပွဲက ငါ့အတွက်ပဲ!''

''ငါနဲ့သွားလည်ဖို့ ကောင်မလေးနှစ်ယောက်တောင် ခေါ်ထားတယ်... သတို့သမီးခန်းသုံးခန်း ရွက်လွှင့်လက်မှတ်သုံးစောင် ပန်းပင်လယ်လက်မှတ်သုံးစောင်... ငါမဲပေါက်နိုင်ချေများသွားပြီမလား?''

''အကုန်လက်သွက်လှချည်လား?''

''ပြောစရာကိုမလိုဘူး... ဒီလက်အမြန်နှုန်းက''

“…”

ဝမ်ရန်မှာ ဖုန်းချပြီး လက်မှိုင်ချရတော့သည်။

…

ချင်းလင်စံအိမ်တွင်_

ချင်လင်၏ဥက္ကဌရုံးခန်းထဲ၌ ကျောက်မိုချင်းကပြုံးပြီး_ ''ချင်လင်... ဒီလူတွေအရမ်းမြန်တာပဲ... အခန်း ၁၂၀ ပန်းပင်လယ်လက်မှတ် ၅၀၀ ရွက်လွှင့်လက်မှတ် ၇၀၀ ကို နှစ်မိနစ်တောင်မကြာဘူး ရောင်းကုန်သွားတယ်''

စံအိမ်ချဲ့ထွင်လိုက်သဖြင့် အွန်လိုင်းကြိုတင်အရောင်းစနစ်လည်း လိုအပ်လာသည်။ ဘာပဲဖြစ်ဖြစ် အဝေးကခရီးသည်များအတွက် ခရီးသွားအစီအစဉ်မဆွဲရသေးခင် ကြိုတင်လက်မှတ်လိုအပ်ပေသည်။



All Chapters