ချင်းလင်စံအိမ်သူဌေးက အရမ်းသြဇာကောင်းတယ်! မဲပေါက်ပြီ! ၁
Vol. 11 Ch. 164
ချင်လင်က ကျောက်မိုချင်းလက်ကိုဆွဲ၍ ခန်းမအပြင်ထွက်ကာ ဘယ်ဘက်သို့ဦးတည်သွားလိုက်သည်။ ထိုနေရာတွင် ရွက်လွှင့်နေရာအစသို့ ဦးတည်သည့်လမ်းဖြစ်ကြောင်း ဆိုင်းဘုတ်ညွှန်ပြထား၏။
သူတို့က ခရီးသည်များတန်းစီနေသည့်နောက် လိုက်လိုက်သည်။ ထိုနေရာတွင် ခရီးသည်များရွေးချယ်စရာနှစ်ခုရှိ၏။
တစ်ခုက တောင်ပေါ်ရှုခင်းကြည့်ဘတ်စ်ကားစီးပြီး ရွက်စလွှင့်ရန်ဖြစ်သည်။
နောက်တစ်ခုက ရထားငယ်လက်မှတ်ဝယ်ပြီး စီရင်စုထဲဆောက်ထားသော သဘာဝထိန်းသိမ်းရေးပန်းခြံရှုခင်းကြည့်ရန်ဖြစ်၏။
ချင်လင်နှင့်ကျောက်မိုချင်းက ဘတ်စ်ကားကိုရွေးလိုက်သည်။ သူတို့က မင်စီရင်စုသားအများကြီးတွေ့ခဲ့၏။ သဘာဝထိန်းသိမ်းရေးပန်းခြံဆိုသည်က အမှန်တကယ်ထိုအတိုင်းပင်။
သူတို့နှစ်ဦးက ခရီးသည်တချို့နောက်လိုက်ပြီး ဘတ်စ်ကားပေါ်တက်လာသည်။
''ကြိုဆိုပါတယ်... ဒီကားက ရွက်လွှင့်တဲ့ဆီသွားမှာပါ... ကျွန်တော်တို့ ခဏနေထွက်ပါမယ်'' ဘတ်စ်ကားဒရိုင်ဘာက ချင်လင်နှင့်ကျောက်မိုချင်းလျှောက်လာသည်ကိုမြင်လျှင် တာဝန်ကျေစွာပြောလိုက်သည်။
ဒရိုင်ဘာက သူ့သူဌေးကိုမှတ်မိသည်နှင့် နှုတ်ဆက်မည်အပြု သူဌေးကလက်ကာ၍ ဘာမှမပြောဘဲခေါင်းညိမ့်ပြသည်ကို တွေ့လိုက်ရ၏။
ချင်လင်က ကျောက်မိုချင်းကို နောက်ဆုံးနှစ်ခုံဆီဆွဲခေါ်သွားပြီး ထိုင်ချလိုက်သည်။ ခဏအကြာ ဘတ်စ်ကားထိုင်ခုံများပြည့်သွား၍ ဒရိုင်ဘာက ကားစက်နှိုးပြီး စမှတ်နေရာဆီမောင်းသွားလိုက်သည်။
ကားထဲတွင် စကားစမြည်ပြောနေသော ခရီးသည်များရှိ၏။
''တစ်ယောက်မှ မဲမပေါက်ကြဘူးလား?''

''ဟင့်အင်း... မပေါက်ဘူး... သုံးခါတောင်လွဲတယ်''
''ငါ သတို့သမီးခန်းရယ် ပန်းပင်လယ်ရယ် ရွက်လွှင့်တာအတွက် လက်မှတ်ကြိုယူခဲ့တယ်... စုစုပေါင်း ၇ ကြိမ်နှိုက်ခဲ့တာ မပေါက်ဘူး... ပေါက်နိုင်ချေအတော်နည်းတယ်ထင်တယ်''
''နည်းတာပေါ့... ဘာပဲဖြစ်ဖြစ် တစ်နေ့မှ ၅ ယောက်တည်းလေ... တစ်ပွဲကို ယွမ် ၆၀၀၀၀ တန်တာဆိုတော့''
“…”
ရုတ်တရက် သက်ပြင်းချသံများကြားရသည်။
တချို့လူတွေက သိပ်အာရုံမစိုက်ကြ။ သူတို့မှာ အစကတည်းက ချင်းလင်စံအိမ်ကိုလာလည်ချင်သူများဖြစ်သည်။ မဲနှိုက်အစီအစဉ်မှာ အပိုဆုသက်သက်တစ်ခုသာဖြစ်ပြီး အသည်းအသန်မလုပ်ကြပေ။
သို့သော် တချို့ကမူ မဲအရေအတွက်ရရန် ဘယ်လိုသုံးရမလဲ စတင်တွေးတောနေကြသည်။ ထိုခရီးသည်မျိုးမှာ မဲနှိုက်ရန်အတွက် လာကြခြင်းဖြစ်၏။ သူတို့ပုံစံမှာ ရှူးရှူးရှဲရှဲနှင့် အသည်းအသန်လောင်းကြေးထပ်ကာ အနိုင်ရဖို့သာ တွေးနေကြသည်။
တစ်စုံတယောက်က ရုတ်တရက်မေးလိုက်၏_ ''ချင်းလင်စံအိမ်သူဌေးက ဘယ်သူလို့ထင်လဲ? အားလုံးက ရှန်းရွှေလက်ဆောင်ဆန်ကို အရမ်းဝယ်ရခက်တယ်ပြောကြတယ်... လူချမ်းသာ ၉၀% တောင် မဝယ်နိုင်ဘူးဆိုပဲ... အခုတော့ ချင်းလင်စံအိမ်က ဝယ်နိုင်ရုံတင်မကဘူး... အစီအစဉ်အတွက်ပါ အသုံးချနိုင်သေးတယ်''
နောက်တစ်ယောက်က_ ''ဆိုလိုတာက ချင်းလင်စံအိမ်မှာ သူဌေးတွေအများကြီးရှိလို့... ဒါမှမဟုတ် သူတို့မှာ လူချမ်းသာ ၉၀% ထက်သာတဲ့ ခိုင်မာတဲ့အဆက်အသွယ်ရှိလို့ပဲ''
.
တခဏအတွင်း ကားထဲတွင် ဆွေးနွေးသံများနှင့် အသက်ဝင်သွားသည်။
ချင်လင်နှင့်ကျောက်မိုချင်းမှာ ထိုနေရာတွင်ထိုင်နေပြီး ဝင်ပြောခြင်းမရှိကြ။ သူတို့ကနားစိုက်သာထောင်နေပြီး သူတို့အလုပ်မဟုတ်သလိုပင်။
တစ်ဖက်တွင် ဒရိုင်ဘာမှာ တစ်ချက်တစ်ချက် နောက်ကြည့်မှန်မှတဆင့် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်နေသည်။ သူဌေးကားထဲမှာထိုင်နေတာ မဟုတ်ဘူးလား?
တချို့ကလည်း_ ''အမှန်ပဲ... ချင်းလင်စံအိမ်သာ အဆက်အသွယ်ကောင်းကောင်းမရှိရင် ဒီမဲနှိုက်အစီအစဉ်ကို သူတို့အသိအမှတ်ပြုဖို့မဖြစ်နိုင်ဘူး... ချင်းလင်စံအိမ်သူဌေးက ဘယ်လိုပုံလဲသိချင်လိုက်တာ''

ကောင်းကောင်းမွန်မွန်ဝတ်စားထားသော အမျိုးသမီးတစ်ဦးက ချက်ကျလက်ကျဆိုလိုက်သည်_ ''သူက လူကြီးဖြစ်မယ်... မုတ်ဆိတ်မွေးဖားဖားလည်းရှိမယ်... ရှန်းရွှေလက်ဆောင်ဆန်က အင်တာနက်ပေါ်မှာပြောကြသလို တကယ်ဒဏ္ဍာရီဆန်တာ... လူငယ်တွေမှာ ဒါမျိုးသြဇာမရှိဘူး... သူတို့မရနိုင်ဘူး''
ကျောက်မိုချင်းက ထိုစကားကြားလျှင်ပြုံးပြီး ချင်လင်၏မေးဆီ လက်လှမ်းလိုက်သည်။ သူ့မှာ မုတ်ဆိတ်မွေးဖားဖားမရှိပါဘူး။
မကြာမီ ဘတ်စ်ကားက ရွက်လွှင့်နေရာရောက်လာသည်။ အဆောက်အဦးသေးသေးလေးများ တောင်ထိပ်တွင်ဆောက်ထားပြီး အထဲတွင် ပျံကျစျေးသည်များစွာရှိသည်။ သူတို့က ဘောကွင်း၊ မျက်နှာသုတ်ပဝါ၊ မျက်မှန်၊ ရေစိုခံအိတ်... စသည်တို့ကိုရောင်းကြ၏။
ဒီကိုလာသောခရီးသည်များမှာ ရွက်လွှင့်မည့်ခရီးသည်များဖြစ်သည်။
ဤသည်မှာ စီရင်စုက စုစည်းပေးထားခြင်းဖြစ်၏။ သူတို့က တချို့အလွန်အမင်းဆင်းရဲသောမိသားစုများကို ဝင်ငွေရစေရန် အားလုံးထောက်ပံ့ပေးထားခြင်းဖြစ်သည်။ လက်ကားရောင်းချဖို့ငွေကိုတောင် စီရင်စုကထောက်ပံ့ပေးသည်။
စီရင်စုကလည်း ထိုလူများ၏အချက်အလက်များကို ချင်လင်အားပြထားသည်။ သူတို့ထဲမှတစ်ဦးကို သူအထင်ကြီးမိသည်။ ထိုသူမှာ ယောက်ျားဆုံးထားတာ ၁၀ နှစ်ကျော်ပြီဖြစ်သော မုဆိုးမတစ်ဦးပင်။ သူ့ဝင်ငွေမဖြစ်စလောက်လေးနှင့် အကြီးဆုံးသားကို ဒုက္ခသုက္ခခံ၍ကျွေးမွေးရုံသာမက ဆုံးသွားသောယောက်ျားဖြစ်သူ၏ မကျန်းမာသောမိခင်ကိုလည်း ပြုစုစောင့်ရှောက်ထားသည်။
ချင်လင်က ထိုပစ္စည်းများကို စံအိမ်အတွင်းရောင်းနိုင်သော်လည်း ထိုပစ္စည်းများက အမြတ်နည်းသည်။ စီရင်စုအတွင်း ဒီလိုစီမံချက်များရှိသောကြောင့်လည်း သူဝင်ပါဖို့မလိုအပ်ချေ။
ထိုအမြတ်သေးသေးလေးက သူ့အတွက်မပြောပလောက်သော်လည်း ထိုဆင်းရဲသောမိသားစုများအတွက်မူ သူတို့မိသားစုကိုထောက်ပံ့နိုင်သည့် ထမင်းစားလက်မှတ်ဖြစ်လေသည်။
ချင်လင်က ကျောက်မိုချင်းအား ရွက်လွှင့်နေရာခေါ်လာ၏။ ထိုနေရာတွင် ရွက်လွှင့်ခြင်းအား မိုက်ကရိုဖုန်းနှင့်ရှင်းပြနေသော တာဝန်ခံဝန်ဆောင်သူတစ်ဦးရှိသည်။
သူ့ဘေးတွင် လက်မှတ်စစ်ဝန်ထမ်းနှင့် အသက်ကယ်အင်္ကျီ၊ လုံခြုံရေးဦးထုပ်များဝေသောဝန်ထမ်းရှိ၏။
အောက်ဘက်တွင်လည်း ရေစီးဖိနပ်၊ လက်အိတ်နှင့် ခရီးသည်များကယက်လှေကို ကူထိန်းပေးသောဝန်ထမ်းနှစ်ဦးရှိသေးသည်။
ချင်လင်နှင့်ကျောက်မိုချင်းက လက်မှတ်သွားစစ်သည့်အခါ သူတို့ကိုမှတ်မိသွားပြန်သည်။ သို့သော် အမူအရာကြောင့် ဝန်ထမ်းများကသဘောပေါက်သွားပြီး လူရှေ့သူရှေ့ထုတ်ဖော်ပြောဆိုခြင်းမရှိတော့ပေ။
သူတို့နှစ်ဦးက ကယက်လှေပေါ်တက်လိုက်သည်။ ရေဝင်လာသောအခါ ကျောက်မိုချင်းက_ ''ချင်လင်... မြစ်ထဲမှာ နည်းနည်းအေးတယ်နော်... မြန်မြန်လှော်ရအောင်''
သူမ ချင်လင်နှင့်အတူ ဆောင်းတွင်းရွက်လွှင့်ဖူးသောကြောင့် ဒီတစ်ကြိမ်တွင် ကိုယ်ကလှုပ်ရှားနေသရွေ့ မအေးရုံသာမက ခန္ဓာကိုယ်ပူပြီး ချွေးပါထွက်လာမည်မှန်း သူမသိထားသည်။
ချင်လင်ကခေါင်းညိမ့်ပြီး လှေကိုကျောက်မိုချင်းနှင့်အတူတူလှော်လိုက်၏။
လမ်းတလျှောက်လုံး ကယက်လှေတိုင်းမှာ ခရီးသည်စုံတွဲများနှင့်ပြည့်နေသည်။
ဤရွက်လွှင့်ခရီးကို တစ်ယောက်တည်းလာမည်ဆိုလျှင်တောင် ရှုမျှော်ခင်းနေရာက သူတို့ကိုအထူးတွဲဖက်ပေးဦးမည်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်းလှော်ခြင်းက နှစ်ယောက်လှော်သည်ထက်ပိုပြီး အန္တရာယ်များသည်လေ။
ကောင်လေးနှင့်ကောင်မလေး သက်သက်စီရွက်လွှင့်ကြမည်ဆိုပါက ထိုဆန့်ကျင်ဘက်လိင်နှစ်ဦးကို ရှုမျှော်ခင်းနေရာက တွဲဖက်ပေးလိမ့်မည်။ နောက်ပြီး သူတို့နဲ့အဆင်ပြေသွားရင် အခွင့်အရေးကို အမိအရဆုပ်ကိုင်ဖို့လည်း မမေ့ပါနှင့်။
လုံးဝရေရှည်ဆက်ဆံရေးတစ်ခုတောင် ဖြစ်သွားနိုင်သည်။
ရွက်လွှင့်ခရီးအဆုံးရောက်ရန် ချင်လင်နှင့်ကျောက်မိုချင်းမှာ နှစ်နာရီကျော်ကျော်ကြာသွားသည်။ လမ်းတလျှောက်လုံး ဘာပြဿနာမှမတွေ့ခဲ့။ ထို့အပြင် လုပ်ငန်းစဖွင့်ခါစဖြစ်ပြီး ဝန်ထမ်းများ၏လစာမှာ ရုံချန်းစီရင်စုအတွင်း ပျမ်းမျှလစာထက် အများကြီးပိုကောင်းသဖြင့် အားလုံးကအလုပ်မှာ အလွန်တက်ကြွနေကြလေသည်။