← Chapters

မှောင်ခိုစျေးသို့ ဒုတိယအကြိမ်

Vol. 54 Ch. 746

မှောင်ခိုစျေးသို့ ဒုတိယအကြိမ်

Vol. 54 Ch. 746

ယဲ့ချန်သည် ပြဿနာအားလုံး၏အဖြေက သူ၏စိတ်အတွင်းရှိ ဓားပျံဖြစ်ကြောင်း နားလည်ထားသည်။ ထို့အပြင် ၎င်း၏လျှို့ဝှက်ချက်များက ဤမျှမကသောကြောင့် များစွာတွေးတောမနေခဲ့ပေ။

"ရှင်းဟွမ်ကို ငါ မေးပြီးပြီ။ ဘာပြဿနာမှမရှိဘူးလို့ ပြောတယ်။ ဒါပေမယ့် လုံခြုံရေးအတွက် မင်းကို အာဏာအလုံးစုံ ပေးမထားနိုင်တော့ဘူး။ ထန်တိုက်လင်က မင်းကိုယ်စားအုပ်ချုပ်ပြီး ယဲ့လော့၊ နင်အာနဲ့ ပိုလင်းက သူမကို ကူညီလိမ့်မယ်"

နဂါးဘုရင်က အားနာသောလေသံဖြင့် ပြောလိုက်သည်။ သူ၏ကိုယ်တွင်း၌ ပြိုင်ဘက်ကင်းနတ်ဆိုးချီများ ရှိနေသောကြောင့် ယဲ့ချန်သည် နဂါးဘုရင်၏စိုးရိမ်စိတ်ကို နားလည်ပေးနိုင်သည်။ သူက ကောင်းကင်မူလတိုက်ကြီးကို အုပ်ချုပ်နေလျှင် လူတိုင်းစိတ်အေးနိုင်မည် မဟုတ်ချေ။ သို့သော်လည်း အာဏာက ယဲ့မျိုးနွယ်လက်ထဲတွင် ရှိနေဆဲဖြစ်ကာ ထိုမိန်းကလေး၄ယောက်လုံးက သူ၏ဇနီးများ ဖြစ်ပေသည်။ လက်ရှိတွင် ယဲ့မျိုးနွယ်၏အာဏာကို မည်သည့်အင်အားစုမှ စိန်ခေါ်နိုင်စွမ်းမရှိပေ။ ကြယ်သခင်ဖြစ်သော တန်းအာနှင့် ယဲ့မျိုးနွယ်၏ လက်ရှိခွန်အားက တိုက်ကြီးတစ်ခုလုံးကို အထက်စီးမှကြည့်ရန် လုံလောက်ပေသည်။

ယဲ့ချန်သည် ယဲ့အိမ်တော်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ခြင်္သေ့ကြီးက ခြင်္သေ့မများနှင့်အတူရှိနေပြီး တန်းအာက ရေလိပ်ပြာ၊ ဝူဇီ၊ ရှောင်ရိ၊ ဝမ်အာ၊ ခရမ်းမီးတောက် ကြယ်ခြင်္သေ့ပေါက်ကလေးများနှင့်အတူ ဆော့ကစားနေခဲ့သည်။ ဝူဇီက ဘောလုံးသဏ္ဍာန်ရစ်ခွေထားပြီး ကျန်ကလေးငယ်များက ဘောလုံးကန်နေခဲ့သည်။ လက်ရှိတွင် ယဲ့မျိုးနွယ်၌ စစ်ဧကရာဇ်သုံးရာကျော် ပိုင်ဆိုင်ထားပြီး အင်အားက ဆက်လက်တိုးတက်နေသော်လည်း နတ်အစေခံများ လိုအပ်နေခဲ့သည်။ တန်းအာ၊ ထန်တိုက်လင်၊ နင်အာ၊ ယဲ့လော့၊ ဝမ်အာ၊ ပိုလင်းစသည့် ပါရမီရှင်များက နှစ်အနည်းငယ်အတွင်း နတ်အစေခံအဆင့်သို့ တက်နိုင်မည်ဟု ထင်ကြေးပေးခံထားရသည်။

စစ်ဧကရာဇ်အဆင့်တစ်ဆယ်သို့ ရောက်ပြီးနောက် ယဲ့ချန်၏ဒန်တန်အတွင်း ကြယ်ကိုးလုံးပေါ်ရှိ ဝိညာဥ်များက ပို၍အစွမ်းထက်လာခဲ့သည်။ ထို့ကြောင့် သူက ၎င်းတို့ကို ယဲ့မျိုးနွယ်ဝင်များ၏ကိုယ်တွင်းသို့ ထပ်မံပေါင်းစပ်ပေးပြီး နတ်အစေခံများ ဖန်တီးချင်နေခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက်ကျော်ကုန်ဆုံးသွားပြီး ယဲ့ချန်နှစ်ယောက်က ငယ်သားများကို ဝိညာဥ်အသိစိတ်ဖြင့် ကျင့်ကြံပေးနေသကဲ့သို့ ဝိညာဥ်များဖြင့်လည်း ပေါင်းစပ်ပေးခဲ့သည်။ ကောင်းကင်မူလကြယ်က ယာယီအားဖြင့် ငြိမ်းချမ်းနေပြီး နဂါးဘုရင်နှင့် နတ်အစေခံများက ထာဝရကြယ်သင်္ချိုင်းသို့ သွားရန်သင့်မသင့် ချင့်ချိန်နေကြသည်။ ကောင်းကင်မူလကြယ်ကို ပိုမိုလုံခြုံစေလျှင် သူတို့က အပြင်လောကနှင့် ထပ်မံထိတွေ့ရန် လိုအပ်နေခဲ့သည်။ မြေအောက်အတွင်းရှိနေသော ခံတပ်ဟောင်းအတွက်မူ ရှင်းဟွမ်က လိုလားပုံမရသောကြောင့် သူတို့က မသွားတော့ပေ။ ထိုအချိန်၌ တျန်းယွမ်မြို့ထက်တွင် ကောင်းကင်လှေတစ်စီး ရောက်လာသောကြောင့် လူတိုင်းက မော့ကြည့်လိုက်မိသည်။

ရင်ယွမ်ကြယ်မှလာသော ဤခရီးတွင် ယွမ်ချင်းယု လိုက်ပါမလာခဲ့ပေ။ ကျိရင်သည် ကြယ်တစ်ခုလုံးကို စစ်ဆေးလိုက်သောအခါ ကောင်းကင်နတ်ဆိုးများ၏အရှိန်အဝါ ပျောက်ကွယ်နေကြောင်း သိလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ။ ကောင်းကင်နတ်ဆိုးတွေ ဘယ်သွားနေကြာတာလဲ"

သူက မျက်မှောင်ကြုတ်၍ မယုံနိုင်ဟန်ဖြင့် ရေရွတ်ကာ ထပ်ကာထပ်ကာ စစ်ဆေးလိုက်သော်လည်း ရှာမတွေ့သောကြောင့် စိတ်ရှုပ်သွားခဲ့သည်။ သူက ကြယ်သခင်နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် နဂါးဘုရင်ကို ကောင်းကင်နတ်ဆိုးများကို ရှင်းလင်းရာ၌ ကူညီပေးမည်ဖြစ်သော်လည်း တောင်းဆိုချက်များကို ဖိအားပေးရန်အတွက် နတ်အစေခံကိုးဦး ခေါ်ဆောင်လာခဲ့သည်။ သို့သော် ကီလိုမီတာပေါင်းများစွာ ခရီးထွက်ခဲ့ပြီးနောက် ကောင်းကင်နတ်ဆိုးများ ပျောက်ကွယ်နေသည်ဖြစ်ရာ ညှိုနှိုင်းမှုကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေးသွားခြင်းလည်း မဖြစ်နိုင်ပေ။ ၎င်းတို့၏နတ်ဆိုးယာဥ်ကို နဂါးဘုရင်က သိမ်းပိုက်ထားသောကြောင့် နတ်အစေခံအဆင့်ဖြင့် စကြဝဠာအတွင်း ထွက်ပြေးနိုင်စွမ်းမရှိပေ။

"နဂါးဘုရင် အရှင်က မင်းရဲ့တောင်းဆိုချက်ကို လက်ခံလိုက်တယ်။ ငါတို့ရဲ့တောင်းဆိုချက်တွေကို သဘောတူရင် ကောင်းကင်နတ်ဆိုးတွေကိုသတ်ဖို့ ကူညီပေးမယ်"

ကျိရင်၏စကားသံက စစ်ဧကရာဇ်နန်းတော်အတွင်း ထွက်ပေါ်လာသည်။

"စိတ်မကောင်းပါဘူး။ ဒီတစ်ခေါက် မင်း အချိန်ဖြုန်းမိသွားပြီ။ မင်းထွက်သွားတဲ့အချိန်မှာ ကောင်းကင်နတ်ဆိုးတွေက တျန်းယွမ်မြို့ကို တိုက်ခိုက်လာခဲ့တယ်။ သူတို့က ငါ့ထောင်ချောက်ထဲကို ရောက်လာတဲ့အတွက် အလွယ်လေး သတ်လိုက်နိုင်တယ်။ ရင်ယွမ်ကြယ်ရဲ့အကူအညီကို နောက်ထပ်မလိုအပ်တော့ဘူး။ ဒီခရီးမှာ ပင်ပန်းခဲ့ရတာတွေအတွက် တစ်ခွက်လောက် သောက်သွားပါဦးလား"

နဂါးဘုရင်က မောက်မာစွာပြုံး၍ ငြင်းဆန်လိုက်၏။ သူက လက်ရှိအချိန်၌ ကျေနပ်နေပြီး ကျိရင်ကို စကားပြောရာတွင် ဤမျှလောက် ခံစားချက်ကောင်းမွန်ဖူးခြင်း မရှိပေ။ ရင်ယွမ်ကြယ်က ကောင်းကင်မူလကြယ်ကို အမြတ်ထုတ်ရန်အတွက် နတ်အစေခံများ စေလွှတ်လိုက်သော်လည်း ကောင်းကင်နတ်ဆိုးများ အသတ်ခံလိုက်ရသည့်အတွက် အချိန်တိုအတွင်း ဖိအားပေးနိုင်မည် မဟုတ်ပေ။ နဂါးဘုရင်၏စကားကို ကြားသောအခါ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများလည်း ကျေနပ်အားရနေကြသည်။ တစ်ဖက်လူက သူတို့၏ငွေများကို အမြတ်ကြီးစား၍ အမြတ်ထုတ်ခဲ့သည်မဟုတ်ပါလော။ နောက်ဆုံးတွင် နဂါးဘုရင်၏လှည့်ကွက်ကို သဘောပေါက်သွားသောအခါ ကျိရင်၏မျက်နှာက မည်းနက်သွားသည်။ နဂါးဘုရင်၏ညှိုနှိုင်းမှုက ကောင်းကင်နတ်ဆိုးများကို မျှားခေါ်ရန် လှည့်ကွက်တစ်ခုဖြစ်သည်။ ထိုအကြောင်းကြားသောအခါ ကောင်းကင်နတ်ဆိုးများက ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောကြောင့် တျန်းယွမ်မြို့ကို ချက်ချင်းတိုက်ခိုက်ခဲ့ပြီး နဂါးဘုရင်၏ထောင်ချောက်အတွင်း ရောက်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"နဂါးဘုရင် ငါက မင်းကို ရိုးရိုးသားသား ကူညီချင်ခဲ့တယ်။ မင်းရဲ့လုပ်ရပ်က မလွန်လွန်းဘူးလား"

နဂါးဘုရင်၏လက်ထဲတွင် မျောက်ပမာ လှည့်စားခံလိုက်ရသောကြောင့် ကျိရင်က ဒေါသတကြီး ဖြစ်နေခဲ့သည်။

"မင်းက ဘာတွေလာပြောနေတာလဲ။ ငါ မင်းကို အကူအညီတောင်းတုန်းက ကြယ်သခင်ကို ခွင့်တောင်းရမယ်ဆိုပြီး ပြန်သွားခဲ့တယ်။ ကောင်းကင်နတ်ဆိုးတွေ လာတိုက်ခိုက်တာကို ငါက ခေါင်းငုံ့ခံနေရမှာလား။ ဒီကောင်တွေကို အလွယ်လေးသတ်နိုင်ခဲ့တယ်ဆိုတော့ ဖြစ်နိုင်တာ ကောင်းကင်ဘုံက ငါ့ဘက်မှာထင်တယ်"

နဂါးဘုရင်က ကျေနပ်ပျော်ရွှင်နေသော်လည်း တည်ငြိမ်ဟန်ဆောင်လိုက်သည်။ ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူများမှာ နဂါးဘုရင်၏စကားပြောပုံက ယွမ်ချင်းယုကို ယဲ့ချန်လှောင်ပြောင်စဥ်က လေသံနှင့် တစ်ပုံစံတည်းဖြစ်ကြောင်း နားလည်လိုက်သည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသကဲ့သို့ နဂါးဘုရင်တွင် ယဲ့ချန်၏ပြောဆိုပုံများ အနည်းငယ် ကူးစက်လာပုံရသည်။ သူ၏စကားကြောင့် အသုံးချခံလိုက်ရသော ကျိရင်မှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်များ ကွဲထွက်မတတ်ဖြစ်နေခဲ့သည်။ သူက ကောင်းကင်မူလကြယ်အပေါ် လှည့်ဖျားနိုင်ခဲ့သော်လည်း ဝဋ်လည်ချိန်၌ လက်မခံနိုင်ခဲ့ပေ။ ကောင်းကင်နတ်ဆိုးရှစ်ကောင်လုံး အသတ်ခံလိုက်ရသောအခါ သူက ကောင်းကင်မူလကြယ်ကို ဖိအားပေးစရာ အကြောင်းအရင်း မရှိတော့ချေ။

"နဂါးဘုရင် မင်းက ကောင်းကင်နတ်ဆိုးရှစ်ကောင်ကို သတ်နိုင်ခဲ့ရင်တောင် နောက်ထပ်လာမယ့် ကပ်ဘေးကို ရင်ဆိုင်နိုင်ပါ့မလား။ အနာဂတ်အကြောင်းကို မင်း မသိဘူးလား"

ကျိရင်က နှာခေါင်းရှုံ့၍ ကဲ့ရဲ့လိုက်သည်။

"ငါ့မှာ နတ်အစေခံအရေအတွက် နည်းပေးမယ့် မင်းကိစ္စ မဟုတ်ဘူး။ ရင်ယွမ်ကြယ်က ကောင်းကင်မူလကြယ်ကို တကယ်စိုးရိမ်နေတာ ဖြစ်နိုင်ပါ့မလား"

နဂါးဘုရင်၏လေသံက အေးစက်နေသည်။

"ဒီတောသားတွေက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ"

ကျိရင်က အလွန်တရာဒေါသထွက်နေသော်လည်း လုပ်နိုင်သောအရာ မရှိပေ။

"ခံတပ်ဟောင်းကို ရှာဖွေဖို့ ကိစ္စကရော ဘယ်လိုလဲ"

သူက စိတ်ကိုထိန်း၍ ထပ်မေးလိုက်သည်။

"ဒီအကြောင်း ရှင်းဟွမ်ကို ငါ မေးထားတယ်။ သူမက မင်းတို့သွားချင်ရင် ဝင်ပေါက်ကို ဖွင့်ပေးလိမ့်မယ်။ ငါတို့ကတော့ မလိုက်ဘူး"

နဂါးဘုရင်၏စကားကြောင့် ကျိရင်က မျက်နှာပျက်သွားခဲ့သည်။ သူက ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများကို ခံတပ်ဟောင်းအတွင်း ခေါ်ဆောင်သွားလိုခြင်းမှာ ရှင်းဟွမ်၏အကူအညီကို ရရန်ဖြစ်သည်။ သို့သော် သူတို့က လိုက်မလာဟု ဆိုသောအခါ ရင်ယွမ်ကြယ်မှ နတ်အစေခံများက ခံတပ်ဟောင်းအတွင်း မဝင်ရဲပေ။ ထိုနေရာ၌ ထောင်ချောက်များ ပြည့်နှက်နေနိုင်ပြီး ပြန်လမ်းမဲ့သွားခြင်းပင်ဖြစ်နိုင်သည်။ ကျိရင် ရောက်လာကြောင်းကို သိသောအခါ ယဲ့ချန်က နှာခေါင်းရှုံ့လိုက်သည်။ ရင်ယွမ်ကြယ်၏ရည်ရွယ်ချက်က ထင်ရှားလွန်းနေပြီး ကောင်းကင်မူလကြယ်က ရန်မများလိုသောကြောင့် မဟုတ်လျှင် ကျိရင်ကို နတ်အစေခံများက သတ်ဖြတ်ပြီးဖြစ်ပေလိမ့်မည်။

"ကျိရင် မင်းနေရာကို မင်း ပြန်နိုင်ပါပြီ။ ကောင်းကင်မူလကြယ်ကို စိုးရိမ်ပေးနေစရာ မလိုဘူး။ ကြယ်သခင်ကိုလည်း ငါက နှုတ်ဆက်တယ်လို့ ပြောပေးပါ။ သူက ကောင်းကင်မူလကြယ်ကို အရမ်းစိုးရိမ်ပေးနေတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါဦး"

ယဲ့ချန်က ကျိရင်ထံ အသံပို့လွှတ်ကာ ပေါ်တင်နှင်ထုတ်လိုက်သည်။

"ငါက လက်ဗလာနဲ့ ပြန်ရတော့မှာလား"

ကျိရင်သည် ဒေါသထွက်နေသော်လည်း တစ်ဖက်လူကို ဘာမှမလုပ်နိုင်သောကြောင့် နားများအတွင်းမှ မီးခိုးများပင် ထွက်လာတော့မည်ဖြစ်သည်။ မဟာမိတ်အတွင်း ကြယ်အချင်းချင်း စစ်ပွဲဖြစ်ခွင့်မရှိသောကြောင့် သူက စတင်မတိုက်ခိုက်ရဲပေ။

"မင်းရဲ့စကားတွေကို ကြယ်သခင်ဆီ ပြန်တင်ပြပေးပါမယ်"

အချိန်ကြာမြင့်စွာ တွန့်ဆုတ်နေပြီးနောက် ကျိရင်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ကောင်းကင်လှေ ထွက်ခွာသွားသောအခါ နဂါးဘုရင်၊ နတ်အစေခံများနှင့် စစ်ဧကရာဇ်များက စိတ်အေးလက်အေး ဖြစ်သွားကြသည်။ ရင်ယွမ်ကြယ်က ထပ်ကာထပ်ကာလာရောက်နေသဖြင့် ကောင်းကင်မူလကြယ်မှ ရတနာတစ်ခုကို လိုချင်နေပုံပေါ်သည်။ သို့သော် လက်ရှိတွင် သူတို့က ရန်သူကို နှင်ထုတ်နိုင်လိုက်သောကြောင့် ဝမ်းမြောက်ပျော်ရွှင်နေခဲ့သည်။ သို့သော် ရင်ယွမ်ကြယ်က အလွယ်တကူ လက်လျှော့မည်မဟုတ်ရာ ဤကပ်ဘေးက ပြီးဆုံးသွားမည်မဟုတ်ပေ။ ကောင်းကင်မူလကြယ်အနေဖြင့် အခြားကြယ်များ အထင်မသေးဝံ့သော စွမ်းအားမျိုး ပိုင်ဆိုင်လာရန် လိုအပ်နေသည်။

"နဂါးဘုရင် ကျုပ်မှာ အကြံတစ်ခု ရှိတယ်"

ယဲ့ချန်က ပြောလိုက်ခြင်းဖြစ်သည်။

"ဘာများလဲ"

"ကျုပ် မှောင်ခိုစျေးကိုသွားပြီး ပိုက်ဆံရှာဖို့အတွက် ရတနာနည်းနည်း ရောင်းချင်တယ်"

ယဲ့ချန်သည် ပျက်စီးနေသော ကောင်းကင်ငွေချပ်ဝတ်ကို ရောင်းချရန် စီစဥ်နေခြင်းဖြစ်သည်။ ၎င်းတွင် အသုံးပြုထားသော သတ္တုကုန်ကြမ်းက အလွန်ကောင်းမွန်သဖြင့် စျေးကောင်းရနိုင်သည်။ အခြေအနေပေးလျှင် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးတစ်လုံးကိုလည်း ထုတ်ရောင်းမည်ဖြစ်သော်လည်း သိုသိုသိပ်သိပ် လှုပ်ရှားရပေလိမ့်မည်။

"မင်းနဲ့ အဖော်လိုက်ပေးဖို့အတွက် နတ်မြေခွေးဘုရင်မကို ထည့်ပေးလိုက်မယ်"

နဂါးဘုရင်က ခဏတာစဥ်းစားပြီးနောက် သဘောတူလိုက်သည်။

"ကောင်းပြီ"

နတ်မြေခွေးဘုရင်မက မှောင်ခိုစျေးသို့ တစ်ကြိမ်ရောက်ဖူးသောကြောင့် အချိန်ကုန်သက်သာစေမည်ဖြစ်ရာ ယဲ့ချန်က ငြင်းဆန်မနေတော့ပေ။

All Chapters