← Chapters

ကြယ်သခင်အဆင့် ကျင့်ကြံသူ

Vol. 54 Ch. 752

ကြယ်သခင်အဆင့် ကျင့်ကြံသူ

Vol. 54 Ch. 752

ယဲ့ချန်၏အတွေးတစ်ချက်တွင် ဓားပျံပေါင်းရာချီက သူ၏စိတ်နှင့် တွယ်ဆက်ထားသကဲ့သို့ လက်ချောင်းများပမာ ရွေ့လျားသွားကြသည်။ သူက ဤအဆင့်တက်မှုကို ကျေနပ်စွာဖြင့် ၎င်းတို့ကို ပြန်သိမ်းလိုက်ပြီး ယဲ့မျိုးနွယ်တစ်ခွင် ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ သူ၏အဆင့်တက်မှုကြောင့် အခြားလူများပါ အဆင့်တက်သွားသောအခါ အလွန်အံ့သြသွားခဲ့သည်။ ဝိညာဥ်အသိစိတ်၏အစွမ်းက အံ့လောက်ဖွယ်ရာဖြစ်ပြီး အရာရာတိုင်းအတွက် ဓားပျံကို ကျေးဇူးတင်ရပေလိမ့်မည်။ သူက ဓားပျံ၏ဇစ်မြစ်ကို ပို၍စိတ်ဝင်စားလာပြီး မည်သည့်အစွမ်းထက် ပုဂ္ဂိုလ်ကြီး၏ လက်ရာဖြစ်ကြောင်း သိချင်နေခဲ့သည်။ ယဲ့မျိုးနွယ်တွင် နတ်အစေခံနှစ်ဆယ်အထိ ပိုင်ဆိုင်လာသည့်အပြင် စစ်ဧကရာဇ်များစွာ ရှိလာသောကြောင့် အင်အားက အဆမတန် မြင့်တက်လာခဲ့သည်။ ဓားပျံ၏အရှိန်အဝါ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်မူလကြယ်က ပြန်လည်တည်​ငြိမ်သွားခဲ့သည်။

"အနာဂတ်မှာ ယဲ့မျိုးနွယ်က နတ်အစေခံ ဘယ်လောက်တောင် မွေးထုတ်ပေးနိုင်မလဲ"

ဘုရင်ဝမ်က တအံ့တသြ ရေရွတ်လိုက်သည်။ လက်ရှိတွင် ယဲ့မျိုးနွယ်၌ စစ်ဧကရာဇ်ရှစ်ရာကျော် ပိုင်ဆိုင်ထားပြီး အားလုံးက ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း မြင့်မားသောကြောင့် အရေအတွက်များစွာက နတ်အစေခံ ဖြစ်လာနိုင်သည်။

"ယဲ့မျိုးနွယ် အစွမ်းထက်လာရင် ကောင်းကင်မူလကြယ်အတွက် အကျိုးရှိတာပါပဲ"

ရွှယ်ယွမ်က ဝင်ပြောလိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် ထိုမျိုးနွယ်က ကြယ်၏ ထောက်တိုင်ကြီးဖြစ်လာသောကြောင့် နဂါးဘုရင်ကလည်း ခေါင်းညိတ်၍ သဘောတူသည်။ သူက နတ်အစေခံများကို ယဲ့ချန်၏ဓားပျံနှင့် ကျောက်စိမ်းနန်းတော်၏ရှစ်ထပ်အကြောင်း မပြောဘဲ ထိမ်ချန်ထားခဲ့သည်။ သူတွေးနေသည်မှာ အကယ်၍ ယဲ့ချန်သည် နတ်အစေခံအဆင့်တစ်ဆယ်သို့ ရောက်ရှိပြီး ရှစ်ထပ်မှ ရတနာများကိုရယူနိုင်လျှင် အံ့သြစရာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထိခိုက်ထားသော ကောင်းကင်ငွေချပ်ဝတ်တစ်ခုတည်းကပင် နတ်အစေခံသုံးဆယ်ကျော် ဝယ်နိုင်သောကြောင့် သန်းရာချီသော ချပ်ဝတ်များကိုသာ ရောင်းချလိုက်လျှင် တန်ဖိုးက ကြောက်ခမန်းလိလိ ဖြစ်ပေမည်။ ထို့နောက် တျန်းယွမ်၏ ကောင်းကင်ငွေချပ်ဝတ်သည်လည်း ကျောက်စိမ်းနန်းတော်မှဖြစ်ကာ အညိုရောင်အဘိုးအို ပေးခဲ့ကြောင်း သူက ကောက်ချက်ချလိုက်သည်။

"အတိတ်က ဘာတွေများဖြစ်ခဲ့တာလဲ။ အညိုရောင်အဘိုးအိုကရော ဘယ်သူများလဲ"

အမြဲတမ်း တည်ငြိမ်နေတတ်သော နဂါးဘုရင်ပင် အညိုရောင်အဘိုးအိုအကြောင်း သိချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

"နဂါးဘုရင် ယဲ့ချန်က ဝိညာဥ်လိုအရာတစ်ခုကို ထုတ်လုပ်နိုင်တယ်။ ဒါကိုစုပ်ယူလိုက်ရင် ကျင့်ကြံဆင့်ကို အများကြီး တိုးတက်စေနိုင်တယ်။ ငါတို့ရော ဒါတွေကို စုပ်ယူသင့်လား"

သိုင်းဘုရင်က အကြံတောင်းလိုက်ခြင်း ဖြစ်သည်။

"ဆက်ပြီး စောင့်ကြည့်ပါဦး။ ဘေးထွက်ဆိုးကျိုး တစ်ခုခုရှိနေရင် ငါတို့က အနည်းဆုံး ကြယ်အတွက် နောက်ဆုံးအင်အား ဖြစ်ပေးနိုင်သေးတယ်"

နဂါးဘုရင်က ခေါင်းယမ်းပြလိုက်သည်။ အလွန်တရာဆန်းကျယ်သော အညိုရောင်အဘိုးအိုကြောင့် သူ၏စိတ်တွင် အတွေးအချို့ ဖြစ်ပေါ်လာသည်။ တစ်နေ့တွင် ယဲ့ချန်သာ ပို၍အစွမ်းထက်လာပြီး စကြဝဠာအတွင်း ထွက်ခွာသွားလျှင် ကောင်းကင်မူလကြယ်ကို ကာကွယ်ရန်အတွက် သူတို့က ကျန်ရစ်နေရပေလိမ့်မည်။ ကောင်းကင်မူလကြယ် နိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အတိတ်၌ အသက်ပေးခဲ့သော သူရဲကောင်းများကိုယ်စား သူက ကာကွယ်ရပေလိမ့်မည်။ သို့သော် ယဲ့ချန်ကမူ ကွဲပြားပြီး ဤမျှအစွမ်းထက်သော ပါရမီရှင်မျိုးက ကောင်းကင်မူလကြယ်၌ ပိတ်မိမနေသင့်ဟု သူက နားလည်ထားသည်။

နတ်အစေခံအဆင့်သို့ ရောက်ပြီးနောက် ယဲ့ချန်က နှစ်ယောက်ခွဲထွက်သွားကာ တစ်ယောက်က ရန်ယွင်မြို့၌ ကျန်ရစ်ပြီး ကျန်တစ်ယောက်က တျန်းယွမ်မြို့သို့ ထွက်ခွာလာသည်။

"နဂါးဘုရင် ကျုပ် ကျိယွမ်ကြယ်ကို သွားချင်တယ်။ အဲ့ဒီမှာ ကောင်းကင်နတ်ဆိုးတွေ ရှိတယ်။ သူတို့ကို ခြေရာခံပြီး သတ်ပစ်ရမယ်။ ကောင်းကင်နတ်ဆိုးငါးရာ ရောက်မလာခင် ရှိသမျှရန်သူတွေကို ရှင်းလင်းထားသင့်တယ်"

ယဲ့ချန်က ခွင့်တောင်းလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ကျိယွမ်ကြယ်၏ သစ္စာဖောက် ရွှမ်လင်းကလည်း တစ်နေရာရာ၌ ပုန်းအောင်း၍ သူတို့ကို စောင့်ကြည့်နေနိုင်သည်။

"ကောင်းပြီ"

နဂါးဘုရင်က ချက်ချင်းလက်ခံလိုက်၏။ အကယ်၍ သူတို့သာ ပတ်ဝန်းကျင်မှ ကောင်းကင်နတ်ဆိုးအားလုံးကို သတ်နိုင်လျှင် ကြယ်နှစ်လုံးက ပို၍လုံခြုံလာပေလိမ့်မည်။ လက်ရှိတွင် သူတို့၌ အင်အားတိုးတက်လာပြီး စကြဝဠာအတွင်း လွတ်လပ်စွာသွားလာနိုင်သော ယာဥ်တစ်စီးလည်း ရှိနေသောကြောင့် ဤအခွင့်အရေးကို လက်လွှတ်မခံသင့်ပေ။

"ကျိယွမ်ကြယ်ကို မင်းသွားနေတုန်းမှာ ထာဝရကြယ်သင်္ချိုင်းဆီကို ကျင့်ကြံသူအနည်းငယ် စေလွှတ်လိုက်မယ်။ သတင်းတစ်ခုခုရင် မင်းကို ချက်ချင်းအကြောင်းကြားမယ်"

"ကောင်းပါပြီ။ ထာဝရကြယ်သင်္ချိုင်းက အလွန်အန္တရာယ်များနိုင်လို့ ဂရုစိုက်ကြပါ"

ယဲ့ချန်က ခေါင်းညိတ်၍ နဂါးဘုရင်ကိုနှုတ်ဆက်ကာ တည်နေရာပြောင်းအစီအရင်မှတဆင့် ကျိယွမ်ကြယ်သို့ ထွက်ခွာသွားခဲ့သည်။ ကျန်တစ်ယောက်ကမူ ယဲ့မျိုးနွယ်၌ ကျန်ရစ်ပြီး ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးများနှင့် ကျင့်ကြံနေခဲ့သည်။ အချိန်လဝက်က ခဏအတွင်း ကုန်ဆုံးသွားကာ ကောင်းကင်မူလကြယ်က တိတ်ဆိတ်အေးချမ်းနေသည်။ ယဲ့အိမ်တော်အတွင်း ပန်းပွင့်လေးများ ပေါက်ရောက်နေပြီး အသက်ဓာတ်များပြည့်ဝနေကာ မြင်ရသူတိုင်းကို လန်းဆန်းသွားစေသော မြက်ခင်းစိမ်းကြီးတစ်ခု ရှိသည်။

"ဖေဖေ"

တန်းအာက ယဲ့ချန်၏ပခုံးပေါ်တွင် ထိုင်နေရင်း တခစ်ခစ်ရယ်မောနေသည်။ သူက မွေးစမှာပင် စစ်ဧကရာဇ်တစ်ယောက်ဖြစ်ပြီး နတ်အစေခံအဆင့်သို့ မယုံနိုင်စရာအမြန်နှုန်းဖြင့် ရောက်လာခဲ့သည်။ သူက သာမန်ကလေးငယ်များထက် ပို၍ဉာဏ်ကောင်းသော်လည်း အလွန်အမင်းချစ်စရာကောင်းသော ကလေးငယ်တစ်ယောက်သာ ဖြစ်သည်။ သူ၏အသားအရေက နူးညံ့ချောမွတ်၍ မျက်လုံးဝိုင်းလေးများက ကြည်လင်နေကာ မျက်နှာဝိုင်းဝိုင်းလေးထက်၌ ပါးပြင်​လေးများက သွေးရောင်လွှမ်းနေသည်။ ယဲ့ချန်သည် ရေထက်ပျစ်သော သွေးကြောင့် တန်းအာကို အလွန်ချစ်မြတ်နိးသည်။ အဝေးတစ်နေရာရှိ သစ်ပင်အောက်တွင် ထန်တိုက်လင်က မတ်တပ်ရပ်နေပြီး ကြင်နာနွေးထွေးစွာဖြင့် စောင့်ကြည့်နေသည်။ သူမနှင့် မနီးမဝေးတွင် ကျန်ဇနီးသုံးယောက်က တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေကြသည်။

"အစ်ကိုကြီး ရင်ယွမ်ကြယ်ကလူတွေ ရောက်လာပြန်ပြီ"

ယဲ့အိမ်တော်က သုခဘုံပမာ အေးချမ်းနေစဥ် နင်အာ၏မျက်လုံးများ ရုတ်တရက်ပွင့်လာကာ ယဲ့ချန်ကို အသိပေးလိုက်သည်။ သူက မျက်မှောင်ကြုတ်၍ တျန်းယွမ်မြို့တော်ကို စစ်ဆေးလိုက်သောအခါ ကောင်းကင်လှေတစ်စီးကို မြင်လိုက်ရသည်။

"ဒီအောက်တန်းကျတဲ့ကောင်တွေက ဘာလိုချင်ပြန်ပြီလဲ"

ပိုလင်းက ဒေါသတကြီး ရေရွတ်လိုက်သည်။ ကောင်းကင်မူလကြယ်ရှိ နတ်အစေခံများက အာရုံစိုက်နေစဥ် လှေက မြို့အထက် မီတာငါးရာ၌ ရပ်နားလိုက်သည်။ ၎င်းက ဤအမြင့်အထိ ဆင်းသက်မလာဖူးသောကြောင့် သူတို့က ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ လူတိုင်းက ပဟေဠိဖြစ်နေစဥ် အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခုက ဘုန်းခနဲမြည်သံနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာသည်။ လှေကိုဗဟိုပြု၍ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် ကောင်းကင်ပင် အရောင်ပြောင်းသွားပြီး မြေပြင်လည်း ဖိနှိပ်ခံလိုက်ရသောကြောင့် ပြိုင်ဘက်ကင်းဟု ထင်မှတ်ရသည်။ သူတို့က ၎င်း၏ဖိအားကို တွန်းလှန်ရန်အတွက် ပူးပေါင်းလိုက်ကြသောအခါ စစ်ဧကရာဇ်နန်းတော်၊ ယဲ့အိမ်တော်နှင့် ကြယ်မြို့ကိုးမြို့မှ နတ်အစေခံအရှိန်အဝါသုံးဆယ်ကျော် ထွက်ပေါ်လာကြသည်။

သို့သော် တစ်ဖက်လူက အစွမ်းထက်လွန်းနေသောကြောင့် လူတိုင်းက မခုခံနိုင်သဖြင့် ကြီးစွာသော ဖိအားကို ခံစားနေရသည်။

"အစွမ်းထက်လှချည်လား။ ကြယ်သခင်တစ်ယောက် ရောက်လာတာများလား"

ယဲ့ချန်က အသက်ရှူကျပ်သလို ခံစားလာရသောကြောင့် ကောင်းကင်ချီများကို လည်ပတ်လိုက်ရသည်။ စစ်ဧကရာဇ်နန်းတော်အတွင်း ပလ္လင်ထက်၌ နဂါးဘုရင်သည်လည်း တောင့်ခံနေရပြီး နတ်အစေခံများကြားတွင် အသန်မာဆုံးဖြစ်သောကြောင့် ဖိအားဒဏ်ကို အများဆုံး ခုခံနေရသည်။ ကြမ်းပြင်က အက်ကြောင်းများထင်လာပြီး ပင့်ကူအိမ်တစ်ခုကဲ့သို့ နန်းတော်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ သူက နာကျင်သောကြောင့် မျက်နှာပျက်သွားကာ သွေးများအန်ချလိုက်ရပြီး ဖိအားကြောင့် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည်ဟု ခံစားနေရသည်။ ထိုကြောင့် ထန်းယွမ်က စိုးရိမ်တကြီးဖြင့် အရှိန်အဝါကိုထုတ်ဖော်ကာ နဂါးဘုရင်အား ကူညီပေးလိုက်သည်။

ကောင်းကင်မူလကြယ်၏နေရာတိုင်းမှ စစ်ဧကရာဇ်များက ပူးပေါင်း၍ အရှိန်အဝါများ ထုတ်ဖော်လိုက်သည်။ သို့သော် စစ်ဧကရာဇ်တစ်ထောင်ကျော်၏ကူညီမှုက နတ်အစေခံများ၏အခက်အခဲကို အနည်းငယ်သာ ပြေလျော့သွားစေပြီး ကြောက်မက်ဖွယ်ဖိအားက ရပ်တန့်မသွားခဲ့ပေ။ ဤအစွမ်းအရ တစ်ဖက်လူက ရင်ယွမ်ကြယ်သခင် ဖြစ်နိုင်သောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလူတွေက ကောင်းကင်မူလကြယ်ကို ကျူးကျော်ချင်တာလား။ နတ်အစေခံတွေနဲ့ စစ်ဧကရာဇ်တွေ ပူးပေါင်းခုခံတာတောင် မတွန်းလှန်နိုင်တဲ့အထိ ကြယ်သခင်တစ်ယောက်က အစွမ်းထက်တာလား"

တစ်ဖက်လူ၏ အရှိန်အဝါအောက်တွင် လူတိုင်းက ပုရွက်ဆိတ်ပမာ အားနည်းနေသဖြင့် ယဲ့ချန်က ဓားပျံကိုအသက်သွင်းရန် ကြိုးပမ်းလိုက်သည်။ သို့သော် ၎င်းက သူ့ကို သတိပေးဟန်ဖြင့် တစ်ချက်တုန်ခါပြီး ရုတ်တရက်ပျောက်ကွယ်သွားသဖြင့် တစ်ခုခုကို သဘောပေါက်လိုက်၏။ ၎င်းက အသိစိတ်ရှိနေပုံရပြီး ပုန်းကွယ်နေရသော အကြောင်းအရင်းမှာ ရန်သူများမသိစေချင်၍ ဖြစ်နိုင်သည်။​ကျင့်ကြံသူတစ်ယောက်က ရှေ့တိုးရမည့်အချိန်နှင့် နောက်ဆုတ်ရမည့်အချိန်ကို ကွဲကွဲပြားပြားသိရန် လိုအပ်ပြီး ယဲ့ချန်၏လက်ရှိခွန်အားက ကြယ်သခင်တစ်ယောက်ကို လုံးဝမယှဥ်နိုင်ပေ။ ဓားပျံကို အသက်သွင်းလိုက်ခြင်းက မိုက်ရူးရဲဆန်ခြင်းသာဖြစ်ပြီး ရင်ယွမ်ကြယ်ကို ဓားပျံအကြောင်း အသိပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ကိုသာ အားကိုး၍ တန်းအာနှင့် အခြားလူများကို ကာကွယ်ပေးလိုက်သည်။ ထို့နောက် စစ်ဧကရာဇ်များအားလုံး သွေးအန်နေကြပြီး သူ၏နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလာသည်။ ကောင်းကင်လှေ၏ ကုန်းပတ်ပေါ်တွင် အရာရာကို အထင်သေးဟန်ဖြင့် ငုံ့ကြည့်နေသော အနက်ရောင်ဝတ် ဖက်တီးကြီးတစ်ဦးက မောက်မာစွာ ထွက်ပေါ်လာသည်။

"ကြယ်သခင်"

စစ်ဧကရာဇ်နန်းတော်အတွင်း ရှိနေသော နဂါးဘုရင်နှင့် နတ်အစေခံများက ဒဏ်ရာကိုယ်စီ ရသွားကြသည်။ သူက ရွှေရောင်ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်၍ မကျေနပ်မှုက မျက်နှာတွင် အထင်းသားပေါ်လွင်နေသည်။ နှစ်ပေါင်းများစွာကြာသည်အထိ သူက ကောင်းကင်မူလကြယ်ကို ကာကွယ်ရန်အတွက် ကျင့်ကြံခဲ့ပြီး နတ်အစေခံအဆင့်တစ်ဆယ်သို့ ရောက်သည့်တိုင်အောင် မရပ်တန့်ခဲ့ပေ။ သူက ပိုမိုမြင့်မားသော အဆင့်ကိုတက်ရန် ကြိုးပမ်းနေခဲ့ပြီး သာမန်ကြယ်သခင်တစ်ယောက်ကို တိုက်ခိုက်နိုင်ပေလိမ့်မည်ဟု ထင်နေခဲ့သည်။ သို့သော်လည်း အစစ်အမှန်ကြယ်သခင်တစ်ယောက်ရှေ့မှောက်တွင် သူက အားနည်းနေဆဲပင်ဖြစ်သည်။

ကြယ်သခင်နှစ်ပါး ကွယ်လွန်သွားပြီးနောက် ကောင်းကင်မူလကြယ်၌ နောက်ထပ်ကြယ်သခင် ထွက်ပေါ်မလာသောကြောင့်သာ ရင်ယွမ်ကြယ်က အနိုင်ကျင့်ရဲခြင်းဖြစ်သည်။ နဂါးဘုရင်က ကောင်းကင်လှေကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ကုန်းပတ်ပေါ်ရှိ လူဝကြီးက ကောင်းကင်မူလကြယ်တွင် သူ့ကို တွန်းလှန်နိုင်သူမရှိကြောင်း သိသောအခါ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

All Chapters