← Chapters

ရှန့်ကျွင်းက နတ်ဘုရားအဆင့်ထိတက်သွားပြီ

Vol. 42 Ch. 821

ရှန့်ကျွင်းက နတ်ဘုရားအဆင့်ထိတက်သွားပြီ

Vol. 42 Ch. 821

သူတော်စင်သည် မယုံနိုင်စွာဖြင့်ခေါင်းကိုမော့ပြီး ပေထင်းဟွမ်အား ကြည့်လေသည်။ ဤအချိန်တွင် သူတော်စင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ် နိုင်လောက်အောင် တုန်ယင်နေခဲ့သည်။ စီရင်ချက်ဗိမာန်တွင်နေခဲ့ရသဖြင့် သူ သည် တခြားသူများထက်ပိုသိသည်။ ဝိညာဉ်ကို အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံလျှင် ခန္ဓာကိုယ်ပျက်စီးသွားလျှင်တောင် ဝိညာဉ်ဆေးမပျက်စီးသရွေ့ နှစ်ပေါင်းရာချီကျင့်ကြံပြီး လူသားပြန်ဖြစ်နိုင်သည်။

ဤအချိန်တွင် ထိုအဆင့်ထိမရောက်နိုင်လျှင်တောင် လူများသည် မျှော်လင့်ချက်ရှိသဖြင့် ကျားကုတ်ကျားကဲ အသက်ရှင်နိုင်သည်။

သူ ဘာမြင်နေရသနည်း။ ငွေရောင်မျက်နှာဖုံးဝတ်ဆင်ထားသော မျက်နှာ အပေါ်ပိုင်းရှိ မျက်လုံးတစ်စုံကိုသာ မြင်နေရသည်။ အရောင်သည် အမည်းနက် နက်ဖြစ်သည်။ မည်သူ၏မျက်လုံးကမှ လူတစ်ယောက်ကို ပြန်မြင်နိုင်လောက် အောင် မမည်းနက်ပေ။

“ပေထင်းဟွမ် မင်းက နတ်မိစ္ဆာလား” သူ၏စိတ်ထဲတွင် စိတ်ပျက်မှု တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။

“ကျုပ်က နတ်မိစ္ဆာလားဆိုတာ စမ်းကြည့်ရင်သိလိမ့်မယ်” ပေထင်းဟွမ် သည် လက်ချောင်းများအကြားမှ ကခုန်နေသည့်မီးတောက်ကိုကြည့်ပြီး ခပ်ပေါ့ပေါ့ပြောလေသည် “ကျုပ်မီးတောက်ကို ကောင်းကင်မီးတောက်ပါဆိုပြီး လူတွေကပြောကြတယ်၊ ဒါပေမဲ့ တကယ်တမ်းတော့မဟုတ်ဘူး၊ ဒီလိုမီးတောက်က ကောင်းကင်နဲ့မြေကြီးကြားမှာ မွေးဖွားလာပြီး မီးလောင်ခံရ တဲ့သူကတော့ ဝိညာဉ်တောင်မကျန်ဘူးလို့ ကျုပ်ရဲ့ဝမ်းတွင်းပါ သားရဲကပြော တယ်”

“ငါ.. ငါ... ငါပြောပါ့မယ်” သူတော်စင်သည် ခေါင်းငုံ့သွားသည်။ ချွေးစီးများ ပြန်လာပြီး မေ့လဲလုမတတ်ပင်။ သူသည် ပေထင်းဟွမ်၏လက်ထဲမှ လွတ်မြောက်ရန် လမ်းမရှိတော့ပေ။ သူသည် အသက်ရှူကြပ်လောက်အောင် ဖိနှိပ်ခံထားရကာ သူမ၏လက်ထဲမှ လွတ်လမ်းမရှိတော့ပေ။

သူမအနောက်တွင် အထွတ်အမြတ်သားရဲ ၅ ကောင်နှင့် နတ်သားရဲ ၄ ကောင်တို့သည် စောင့်ကြပ်နေကြသည်။ ဤကဲ့သို့လူမျိုးကို ကောင်းကင်သည် ဘာကြောင့် မြေပေါ်ချပေးလိုက်သည်ကို သူတော်စင်သည် နားမလည်တော့ ပေ။ သူမသည် အတည်ပြုစရာမလိုသည့် နတ်မိစ္ဆာပင်ဖြစ်သည်။ သူမသည် နတ်မိစ္ဆာဖြစ်သည်ကို သူ သိထားပြီးဖြစ်သည်။

“ရှန့်ကျွင်းက မျိုးနွယ်ကြီးလေးခုမြို့ကို တိုက်ခိုက်ဖို့ဆုံးဖြတ်ပြီးပြီ၊ သခင်လေး ၉ က နို့နံ့မစင်သေးတဲ့ကလေးပါလို့ သခင်ကြီးရှန့်ကျွင်းကပြော တယ်” သူတော်စင်သည် တုန်ယင်စွာပြောဆိုပြီးနောက် ခေါင်းမော့ပြီး ပေထင်းဟွမ်၏မျက်နှာအမူအရာကိုချောင်းကြည့်မည်ပြုသည်။ သို့သော် မထင်မှတ်စွာပင် သူမနှင့်မျက်နှာချင်းဆိုင်ပြီးနောက် ပေထင်းဟွမ်၏ နှုတ်ခမ်း ထောင့်သည် ကွေးတက်သွားပြီး အပြုံးဟုထင်ရသော်လည်း အပြုံးမဟုတ်ပေ။ ထိုအပြုံးသည် လူတစ်ယောက်ကို တုန်ယင်ပြီး အလိုလိုစကားလုံးများထွက်ကျ လာစေသည် “ရှန့်ကျွင်းက အဲဒီလေဟာနယ်က အကူအညီကိုယူပြီးပါပြီ၊ သူက နတ်ဘုရားအဆင့်တက်သွားပြီ၊ သူက မျိုးနွယ်ကြီးလေးခုမြို့ မပြင်ဆင်နိုင်တဲ့ အခွင့်ကောင်းကိုယူပြီး မျိုးနွယ်လေးခုမြို့ကို ဖျက်ဆီးမလို့လုပ်ထားတာ”

နတ်ဘုရားအဆင့်ထိတက်သွားပြီလား။ သူသာ နတ်ဘုရားအဆင့်ကို တက်သွားရင် မျိုးနွယ်ကြီးလေးခုမြို့ကို လက်တစ်ဖက်နဲ့တောင် ဖျက်ဆီးနိုင်တဲ့ ခွန်အားရသွားမှာပဲ။ ပင်မတိုက်ကြီး၏လေဟာနယ်ထဲတွင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူသည် ယန်ချန်းကဲ့သို့ စည်းမျဉ်းများကို ကိုယ်စားပြုသည်။ နတ်ဘုရားအဆင့်တည်ရှိနေခြင်းကြောင့် သူတို့သည် ပြည်မကြီးအထက်တွင် နေရာရသည်။ ပြည်မတိုက်ကြီးတွင် ခွေးရောကြောင်ပါ သောင်းကျန်ရဲသော် လည်း ထိုအစွန်အဖျားတွင် သွားမစမ်းသပ်ရဲကြပေ။

သူတော်စင်၏စကားကိုကြားပြီးနောက် နန်ကုန်းမိသားစုမှ မိန်းကလေး ၆ ယောက်ပင်လျှင် အထိတ်တလန့်နှင့် ပါးစပ်အုပ်ကာ တအံ့တဩနှင့် အံ့အားသင့် နေကြသည်။

“ဘာတွေကြောက်နေတာလဲ နတ်ဘုရားအဆင့်လေးပဲကို ဘာတွေ စိတ်ပူစရာလိုလို့လဲ” ပေထင်းဟွမ်သည် အေးစက်စွာနှာမှုတ်ပြီး သူတော်စင်၏ ခန္ဓာကိုယ်ထဲသို့ ညှာတာမှုကင်းစွာပင် ဓားပျော့ကိုထိုးစိုက်လိုက်လေသည်။ ဤလူအသက်ရှင်နေလျှင် နန်ကုန်းမိသားစုမှ ၁၈ နှစ်အရွယ်မိန်းကလေးသည် ဤဘဝတွင် မျက်နှာပြစရာမရှိတော့မည်ဟု သူမ ဘယ်တော့မှပြောမည်မဟုတ် ပေ။ အတွင်းပုပ်နေသော အကျင့်ကြံသူတစ်ယောက်သည် ဘဝဆုံးရှုံးရမည်။

သူတော်စင်သေခြင်းရှင်ခြင်းကို မိန်းကလေး ၆ ယောက်ဂရုမစိုက်ဘဲ သူမ အား ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်နေသည်ကိုမြင်သောအခါ ဤပင်မ တိုက်ကြီးတွင် နတ်ဘုရားအဆင့်ရှိလိမ့်မည်ဟု သူတို့ထင်မထားကြောင်းကို ပေထင်းဟွမ်သိသည်။ သူတို့ရှင်းလင်းအောင် လုပ်မထားလျှင် ယုံကြည်ကြမည် မဟုတ်ပေ။

“စီရင်ချက်ဗိမာန်ကလူတွေပဲ နတ်ဘုရားအဆင့်ထိတက်နိုင်မယ်လို့ မထင်လိုက်နဲ့ ငါတို့မျိုးနွယ်ကြီးလေးခုလည်း နတ်ဘုရားအဆင့်ထိတက်နိုင် တယ်၊ မယုံဘူးလား၊ မနက်ဖြန်စောင့်ကြည့်နေလိုက်” ပေထင်းဟွမ်သည် ပြုံးပြီး ပြောလေသည်။

All Chapters