← Chapters

သန့်စင်သောမြို့ကို အတူသွားကြမယ်

Vol. 42 Ch. 822

သန့်စင်သောမြို့ကို အတူသွားကြမယ်

Vol. 42 Ch. 822

“ဘာ သခင်လေး ၉ တကယ်ကြီးပြောနေတာလား၊ ကျွန်မတို့ မိသားစု လေးခုမှာလည်း တစ်ယောက်ရှိလာတော့မှာလား ဘယ်သူလဲ ဘယ်သူလဲ” သည်တစ်ချိန်တွင် မိန်းကလေး ၆ ယောက်သည် ယောက်ျားလေး မိန်းကလေး ခွဲနေရမည့်စည်းမျဉ်းကိုပင် ဂရုမစိုက်တော့ဘဲ ပေထင်းဟွမ်အား ဝိုင်းကြလေ သည်။

ပေထင်းဟွမ်သည် လစ်ခနဲအဝိုင်းခံရသည်မှ ထွက်ပြီး လက်ဝေ့ယမ်းပြ လေသည် “သိချင်လား၊ မနက်ဖြန် စစ်ဇူမြို့ကွင်းပြင်မှာ ကိုယ်တိုင် ကြည့်လိုက်ကြ”

ဒဏ်ရာရထားသည့်သူ၁၇ ယောက်ကို ကုသနိုင်ပြီး ၆ ယောက်သေဆုံး၏။ ပေထင်းဟွမ်သည် မြေပေါ်မှသေဆုံးနေသော ၆ ယောက်ကိုကြည့်ပြီး ရင်ထဲတွင် ဒေါသများတလိမ့်လိမ့်တက်ကာ မျက်လုံးများသည် နီရဲကာ အံကို တင်းတင်းကြိတ်ပြီးပြောလေသည် “ငါ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကနေ ထွက် လာရင် သန့်စင်သောမြို့ကို မြေကြီးထဲဆွဲနှစ်ပစ်မယ်”

“သခင်လေး ၉ ငါလည်းလိုက်မယ်”

“သခင်လေး ၉ ငါလည်းလိုက်ချင်တယ်”

“ဒီရန်ငြိုးကို ကလဲ့စားမချေရင် လူမဟုတ်တော့ဘူး အတူသွားကြမယ်”

“ဟုတ်ပြီ” ပေထင်းဟွမ်၏အသံသည် တောင်များအကြားတွင် ဟိန်းသံ ထွက်နေသည် “ဒီရန်ငြိုးကိုလက်စားမချေရင် လူမဟုတ်တော့ဘူး၊ သန့်စင်သောမြို့ကို အတူသွားကြမယ်”

စီရင်ချက်ဗိမာန်သည် မျိုးနွယ်ကြီးလေးခုကို ဝိုင်းတော့မည်ဖြစ်ရာ ပေထင်းဟွမ်သည် စီရင်ချက်ဗိမာန်ကို အလွတ်ပေးမည်မဟုတ်ပေ။ သူမသည် သည်းခံသည့်မဟုတ်ပေ။ သူမကို ရန်စရဲလျှင်လည်း အဆပေါင်းရာချီ ထောင်ချီ အကျိုးဆက်ကို ခံနိုင်ရည်ရှိရမည်ဖြစ်သည်။ ထို့အပြင် သူမနှင့် စီရင်ချက်ဗိမာန် အကြားတွင် ရန်ပွဲရှိနှင့်ပြီဖြစ်သည်။ သို့သော် စီရင်ချက်ဗိမာန်သည် သန့်စင်သောမြို့ကိုပင် ထိန်းနိုင်မည်လားဟု ကြည့်ချင်သည်။ သူမခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ် အရင်းအမြစ်ကို မည်သို့တိုက်ခိုက်မည် နည်း။

နတ်ဘုရားဖြစ်အံ့ဆဲဆဲဖြစ်မည့်သူသည် မျိုးနွယ်ကြီးလေးခုကို ဝိုင်းမည် ဟုဆိုသော်လည်း ပေထင်းဟွမ်သည် လုံးဝပူပန်ခြင်းမရှိပေ။ ကယ်တင်ခံရသော နန်ကုန်းမိသားစုမှ ယောက်ျားလေး ၁၇ ယောက်နှင့် မိန်းကလေး ၆ ယောက် တို့သည် ဤအတွေ့အကြုံတွင် ပါဝင်ကြသည်။ အဖွဲ့ကြီးလေးခုသည် မနက် အရုဏ်တက်မတိုင်ခင် စုဝေးကြရမည်။ အသစ်ဖမ်းလာသောသံတောင်ပံနဂါး သည် လူအုပ်ကိုသယ်ဆောင်လာပြီး မျိုးနွယ်ကြီးလေးခုမြို့ဆီသို့ တိုက်ရိုက်ပျံ ကြသည်။

မြို့တံခါးဝတွင် လူတစ်စုသည်လှည့်ပတ်ကြည့်နေကြသည်။ မှောင်စပြု တော့မည်ဖြစ်ပြီး ထောင်ချီသောလူများတွင် မည်သူမှပြန်မလာသည်ကို မြင် သော်ငြား မျိုးနွယ်ကြီး လေးခုမှ ခေါင်းဆောင်များသည် အလောမကြီးကြပေ။ ဤအဖွဲ့၏အင်အားသည် ကောင်းလှသည်မဟုတ်သော်လည်း အနှစ် ၂၀ အတွင်း မိသားစုလေးခု၏မျှော်လင့်ချက်သည် ပေထင်းဟွမ်၏ ခွန်အားကို မယုံ ကြည်လျှင် ခေါင်းဆောင်လေးယောက်သည် ဝိညာဉ်ထောင်ချီတောင်ဆီသို့ တိုက်ရိုက်သွားကြမည်ဖြစ်သည်။

“မြေးလေး ဘာလို့ အခုမှပြန်လတာလဲ၊ မင်းအဖွဲ့ကိုဦးဆောင်ချင်ရင် နောက်လည်း အခွင့်အရေးတွေရှိသေးတာပဲ၊ အဘိုးက အရမ်းစိတ်ပူနေတာကို မသိဘူးလား”

ပေထင်းချင်းသည် ပြေးလာပြီး ပေထင်းဟွမ်အား ဆုပ်ကိုင်ကာ မလွှတ်တမ်း အပေါ်အောက်ကြည့်နေသည်။

ထောင်ချီသောလူများသည် ကွင်းထဲတွင်စုဝေးလာသည်။ သူတို့သည် တောင်များမှ အခုမှပြန်လာခြင်းဖြစ်ပြီး အလုပ်များနေခဲ့သည်။ ဆေးဖက်ဝင် ပစ္စည်းများယူလာသူများသည် ဆေးပင်များ ရေတွက်နေကြကာ သားရဲများ ဖမ်းလာသူများသည် သားရဲများရေတွက်ခြင်းနှင့် အလုပ်များနေကြသည်။ သေလမ်းမှလွတ်လာသော နန်ကုန်းမိသားစုမှ ဒါဇင်သောလူများသည် စီရင်ချက်ဗိမာန်၏ အနိုင်ကျင့်မှုအောက်တွင် အသတ်ခံရလုနီးပါးဖြစ်ခဲ့ကြောင်း ကို ခေါင်းဆောင်အား သတင်းပို့သည်။

“ဟီး ဟီး”

မိန်းကလေးများ သစ်တော်သီးပန်းပွင့်မိုးရွာသကဲ့သို့ ငိုကြရာ မိသားစုကြီး လေးခုမှလူများ ဒေါသထွက်ကြသည်။ စီရင်ချက်ဗိမာန်သည် ပေထင်းဟွမ် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသွားချိန်တွင် မျိုးနွယ်လေးခုမြို့ကို တိုက်ခိုက်မည်ဟု ကြားပြီး မိသားစုကြီးလေးခုမှ လူငယ်များသည် တက်ကြွမှုများအပြည့်နှင့် အခု ပင် သန့်စင်သောမြို့ကိုတိုက်ခိုက်ချင်ကြသည်။

“ဟင်း အဲဒီသူတော်စင်တွေက ဘယ်သူ့ကိုမှမကြောက်ဘူးလို့ထင်နေတာ ဒါပေမဲ့ ငါတို့ သခင်လေး ၉ ကိုတော့ကြောက်သားပဲ”

“ဟုတ်တယ် အရှက်ဖို့ကောင်းလိုက်တာ သခင်လေး ၉ မရှိတဲ့အချိန် မျိုးနွယ်ကြီးလေးခုကို တိုက်ခိုက်ဖို့လုပ်နေတာပဲ၊ သူလာရင် သခင်ကြီး ပေထင်းဟွမ်ကိုထုတ်ပေးရင် ငါတို့တပ်တွေ ချက်ချင်းဆုတ်ပေးမယ်လို့ပြောမှာ အသေချာပဲ”

“ဟား ဟား ဒါပဲလေ”

ခေါင်းဆောင်လေးယောက်သည် ထိုစကားကိုကြားသောအခါ ပြုံးမိကြ သည်။ သို့သော် ထပ်စဉ်းစားရန်လည်းလိုသည်။ ဤတိုက်ခိုက်မှုသည် မြန်မြန် ဆန်ဆန်ရောက်လာလိမ့်မည်ဟု ထင်မထားကြသဖြင့် သူတို့၏မျက်နှာများ သုန်မှုန်သွားကြသည်။

All Chapters