Chapters

ငါတို့မှာ နတ်ဘုရားအဆင့်မရှိဘူးလို့ ဘယ်သူပြောလဲ

Vol. 42 Ch. 823

ငါတို့မှာ နတ်ဘုရားအဆင့်မရှိဘူးလို့ ဘယ်သူပြောလဲ

Vol. 42 Ch. 823

“အဘိုး စိတ်မပူပါနဲ့ နတ်ဘုရားအဆင့်ဖြစ်ရုံတင်ပါပဲ အခုမှနတ်ဘုရား အဆင့်တက်တဲ့သူ၊ ကျွန်တော်ရှိရင် မျိုးနွယ်လေးခုမြို့ရှိမယ်၊ ကျွန်တော် ပေထင်းဟွမ်က ကျွန်တော့်လုပ်ရပ်ကြောင့် အကျိုးဆက်ကို မိသားစုကို မခံစား စေရဘူး”

ပေထင်းဟွမ်သည် ထိုစကားများပြောလိုက်ရင် နဂိုကဆူညံနေသော ရင်ပြင်တစ်ခုလုံးသည် ငြိမ်ကျသွားကာ ပေထင်းဟွမ်အား လေးစားသည့် အကြည့်များဖြင့် ကြည့်ကြသည်။

နဂိုက ပေထင်းဟွမ်အား ကျေးဇူးတင်နေသော နန်ကုန်းချန်းသည် ပေထင်းဟွမ် တစ်ယောက်တည်းသွားရှင်းတော့မည်ဟုအထင်နှင့် ပြောလေ သည် “သခင်လေး ၉ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို သွားကိုသွားရမယ်၊ မင်း သွားပြီး ငါတို့မိသားစုလေးခုရဲ့ ဂုဏ်သရေကိုယူလာခဲ့ ပြီးတော့ မျိုးနွယ်ကြီး လေးခုမှာလည်း ငါတို့အဘိုးကြီးတွေရှိနေတာပဲ၊ သူတို့တွေ နတ်ဘုရားအဆင့် လာရင်တောင် ငါတို့တွေ နိုင်ပါသေးတယ်”

“အမှန်ပဲ” တုန်ဖန်းလုသည် လက်ကိုဝေ့ယမ်းလေသည် “ဘာတွေများ ကြောက်နေရမှာလဲ၊ မျိုးနွယ်ကြီးလေးခုက မတော်တဆတွေခဏခဏဖြစ်နေ ရင် ဒီပင်မတိုက်ကြီးမှာ နှစ်သောင်းချီနေနေမှာမဟုတ်ဘူး”

“ဟုတ်တယ် မိသားစုကြီးလေးခုက ကြီးစိုးမှုအတွက် မတိုက်ခိုက်ဘူး၊ သူတို့တိုက်ခိုက်ချင်ရင် ယန်ချန်းကိုမနိုင်ရင်တောင် စီရင်ချက်ဗိမာန်ကို ချေပစ် နိုင်တယ်” ရှီမန်ကျင်သည် ပြုံးပြိးပြောလေသည် “နတ်ဘုရားအဆင့်ပဲမရှိတာ မလား”

ပေထင်းဟွမ်၏ မျက်လုံးများသည် သခင်ကြီးလေးယောက်၏ မျက်နှာ ပေါ်သို့ရောက်သွားသည်။ ဟုတ်သည် သူတို့သည် မိသားစုကြီးလေးခု၏ ခေါင်းဆောင်များဖြစ်ကြသည်။ သူသည် အမှန်တကယ်ပင် ဖြောင့်မတ်သည်။ မိသားစုကြီးလေးခုသည် ပြည်မကြီးတွင် လေးစားခံရသူများဖြစ်သည်။

“ကျွန်တော်တို့မှာ နတ်ဘုရားအဆင့်မရှိဘူးလို့ ဘယ်သူပြောလဲ” ပေထင်းဟွမ်သည် ပြုံးပြီးပြောလေသည် “ဒီနေ့မ‌ရှိပေမဲ့ မနက်ဖြန်မရှိရဘူးလား”

ဆေးပင်များရေတွက်နေသည့်လက်များနှင့် သားရဲအသက်လှောင်အိမ် များရေတွက်နေသည့်လက်များ ရပ်တန့်သွားကြသည်။ ပေထင်းဟွမ် ပြန်လာ သည်ဟု ကြားသည်နှင့် မြို့ထဲမှအပြေးလာကြသောလူများရပ်သွားကာ မိသားစု ခေါင်းဆောင်လေးယောက်၏ မျက်နှာများပင် တောင့်တင်းအေးခဲသွားလေ၏။

ရင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်သွားကြသည်။

ပေထင်းကျင်၏ အသံထွက်ပေါ်လာသည် “ရှောင်ကျို့ မင်း ဘာအဓိပ္ပာယ် လဲ”

ပေထင်းဟွမ်သည် ခေါင်းမော့ပြီး စကားတစ်ခွန်းပြောရုံသာရှိသည်။ ထိုအရာသည် သူတို့ကို ထိုမျှကြောက်လန့်သွားစေသည်လား။ သူမသည် အစ်ကိုကြီး၏ စိုးရိမ်နေသော မျက်လုံးများကိုကြည့်လေသည်။ စီရင်ချက်ဗိမာန် ဝိုင်းတာကြောင့် ဖျက်ဆီးခံရမှာကို ကြောက်နေတာလား။ “အစ်ကိုကြီး အစ်ကိုကြီးရဲ့စွမ်းအား ဝိညာဉ်ဂိုဏ်းအထွဋ်အထိပ်ကိုရောက်တာနဲ့ ကျွန်တော် က နတ်ဘုရားအဆင့် ဖြတ်ကျော်နိုင်ဖို့ ကူညီဖို့မပြောခဲ့ဘူးလား”

“ဟုတ်တယ် ဒါပေမဲ့ ရှောင်ကျို့ မင်းက.. မင်း..” ပေထင်းကျင်၏ စိတ်ထဲ တွင် အလင်းတစ်ခုလက်သွားပြီး ပေထင်းဟွမ်အား မယုံနိုင်စွာဖြင့်ကြည့်ကာ မည်သည့်စကားများမပြောနိုင်တော့ပေ။

ပေထင်းဟွမ်သည် လက်ကောက်ဝတ်လှည့်လိုက်ရာ သူမလက်ထဲတွင် ကျောက်စိမ်းတစ်လုံးကျရောက်လာသည်။ သူမသည် မိသားစုကြီးခေါင်းဆောင် လေးယောက်ရှေ့တွင် လက်ထဲမှပုလင်းကိုလှုပ်ယမ်းပြလေသည် “ဒီမှာ နတ်ဘုရားအဆင့်ခွဲဆေး ၅ လုံးပဲ၊ ခေါင်းဆောင်လေးယောက်အတွက် တစ် ယောက်တစ်လုံးစီပဲ၊ ဆေးသက်ရောက်မှုက ၉၀ ရာခိုင်နှုန်းပဲ အဆင့်တက်နိုင် မယ်ဆိုပေမဲ့ မိသားစုခေါင်းဆောင်လေးယောက် ဝိညာဉ်ဂိုဏ်းမှာရပ်နေတာ နှစ်တွေအများကြီးရှိပြီ၊ ဒီဆေးက နတ်ဘုရားအဆင့်တက်နိုင်ဖို့ ကူညီနိုင်ပါ့ မလားတော့မသိဘူး”

နတ်ဘုရားအဆင့်ဟုတ်လား။ ဘာအဓိပ္ပာယ်လဲ။

ဤတိုက်ကြီးတွင် ခွန်အားသည် တိမ်တိုက်အဖြစ်ပြောင်းပြီး၊ တိမ်တိုက် များသည် မိုးအဖြစ်ရွာသည်ဟု ပြောကြသည်။ ယခုအချိန်မှစပြီး သူတို့သည် အသက်စွမ်းအင်ရကာ မအိုမင်း၊ အသက်မသေတော့ဘဲ ထာဝရတည်မြဲသည့် အသက်ကိုခံစားရကာ ကမ္ဘာကြီးပေါ်တွင် ရှင်သန်မည့်စွမ်းအားရလာမည်ဖြစ် သည်။

သို့သော် မည်သူက နတ်ဘုရားမဖြစ်ချင်ဘဲရှိမည်နည်း။ သို့သော် ဤ တိုက်ကြီးတွင် နတ်ဘုရားအဆင့်သည် ဒဏ္ဍာရီတစ်ခုမျှသာဖြစ်သည်။

နတ်ဘုရားအဆင့်ယန်ချန်းကိုမြင်ပြီးနောက် ခေါင်းဆောင်လေးယောက် ၏ စိတ်များ မခံနိုင်ဖြစ်လာသည်။ သို့သော် မည်သူမှမမေးရဲပေ။ မျှော်လင့်ချက် ၉၀ ရာခိုင်နှုန်းရှိသည်ကို မဆိုထားနှင့် ၉ ရာခိုင်နှုန်းရှိလျှင်တောင် သူတို့ကို ရူးသွပ်သွားစေနိုင်သည်။