ခေါင်းဆောင်လေးယောက်၏ လျှို့ဝှက်ပူးပေါင်း ကြံစည် ချက်
Vol. 42 Ch. 824
သို့သော် မည်သူမှ ပေထင်းဟွမ်ဆီသို့ မသွားရဲကြပေ။ သူတို့၏ တစ်ကိုယ် လုံးသည် အနည်းငယ်တုန်ယင်သွားသော်လည်း မည်သူကမှ ပေထင်းဟွမ်၏ လက်ထဲမှဆေးကို လောဘတကြီးမကြည့်ကြပေ။
အပ်ကျသံမကြားရလောက်အောင်တိတ်ဆိတ်နေကာ လေထုသည် တည်ငြိမ်ပြီး အသက်ရှူမရလောက်အောင် ရင်ဘတ်တစ်ခုလုံးကို ဖိနှိပ်ထား သည်။
အချိန်မည်မျှကြာသွားသည်မသိပေ။ နန်ကုန်းချန်းသည် အသက်လေး လေးရှူထုတ်ကာ မျက်လုံးမှိတ်ပြီး ခံစားချက်များကို တည်ငြိမ်အောင်လုပ်ကာ ပေထင်းဟွမ်အား ပြောလိုက်သည် “သခင်လေး ၉ ငါတို့ကို ဆေးစားစေချင်ရင် တောင် ငါတို့ကို တစ်ခုတော့ ကတိပေးရမယ်”
ပေထင်းဟွမ် မှင်တက်သွားသည်။ ယခုအခါ သူမ အံ့ဩရမည့်အလှည့်ဖြစ် သည်။ ဒါက ပြောင်းပြန်ဖြစ်နေတာမဟုတ်လား။ ဘယ်သူက နတ်ဘုရားဖြစ်ချင် တာလဲ။
ဒါမှမဟုတ်ရင် ဒီကမ္ဘာက ဆန်းကြယ်လွန်းလို့ နတ်ဘုရားဖြစ်ရတာက စိတ်တိုဖို့ကောင်းနေတာလား။ နတ်ဘုရားဖြစ်ပြီးရင် အကျိုးဆက်တွေရှိလာမှာ မဟုတ်ဘူးလား။
ပေထင်းဟွမ်သည် တခြားခေါင်းဆောင်သုံးယောက်ကို နားမလည်သော မျက်လုံးများဖြင့် ကြည့်လေသည်။ အပြစ်မကင်းစိတ်နှင့် ခေါင်းအသာငုံ့နေ သော ပေထင်းချင်းမှလွဲပြီး တခြားခေါင်းဆောင်နှစ်ယောက်သည် သူမကို သဘောကျသောမျက်လုံးများဖြင့် ကြည့်နေသည်။
“ဟုတ်တယ် သခင်လေး ၉ ကျုပ်တို့ကို ကတိတစ်ခုပေးရမယ် မဟုတ်ရင် နတ်ဘုရားအဆင့်က မေးခွန်းထုတ်ဖို့မလိုတော့ဘူး” ရှီမန်ကျင်လည်း သံယောင် လိုက်လေသည်။
“အဘိုးတုန်ဖန်းကရော” ပေထင်းဟွမ်သည် စိတ်ဆိုးဆိုးနှင့် ရယ်မောလေ သည် “အဘိုးလည်းအဲလိုတွေးတယ်လို့မပြောနဲ့နော်၊ ဘာအခြေအနေလဲဆိုတာ ပြောပါ၊ လက်ထပ်ဖို့လား”
လက်ထပ်ဖို့လား။ ခေါင်းဆောင်သုံးယောက်၏ မျက်လုံးများ အရောင် တောက်သွားပြီး တောက်လောင်နေသည်။ သို့သော် ပေထင်းဟွမ်၏မျက်လုံးထဲ မှ ထူထဲသောမြူခိုးများကိုကြည့်ပြီး သူနှင့် ညအရှင်တို့ကြားမှ မရှင်းလင်းသော ဆက်ဆံရေးကို တွေးမိကြသည်။ သခင်လေး ၉ သည် အကွေးတစ်ယောက်ဖြစ် နေပုံပင်။ သူတို့သုံးယောက်သည် ချက်ချင်းပင် မျက်လုံးထဲမှ မီးတောက်ကို ငြှိမ်းသက်ပစ်လိုက်သည်။
လက်ထပ်မည့်အရေးကိုပြောလိုက်ချိန်တွင် အငြင်းခံရလိမ့်မည်ဟု သခင် များထင်မထားသလို ရင်ပြင်ထဲမှမိန်းကလေးများသည် ဤအခိုက်တွင် သူတို့၏ သခင်များကို နာကြည်းကြသည်။ သူတို့တွေ ဘာလို့လက်ထပ်ဖို့မပြောတော့ တာလဲ။ ညအရှင်သခင်ဆီက သခင်လေး ၉ ကိုလုဖို့ အသက်ပေးရမယ်ဆိုရင် တောင် သူတို့တွေ လုပ်ဖို့တွေဝေနေမှာမဟုတ်ဘူး။
“မဟုတ်ဘူး အဲလိုမဟုတ်ဘူး” တုန်ဖန်းလုသည် တခြားသော ခေါင်းဆောင်သုံးယောက်ကိုကြည့်ပြီး သတ္တိမွေးကာ ပေထင်းဟွမ်အား ပြောလေသည် “စီရင်ချက်ဗိမာန်တိုက်ခိုက်လာမှာကို ကျုပ်တို့တွေ မျှော်လင့် ပြီးသားပဲ ဒါပေမဲ့ ဒီလောက်မြန်မြန်ဖြစ်လိမ့်မယ်လို့ ထင်မထားတာ၊ မိသားစု ကြီးလေးခုက အရင်တုန်းက ကိုယ့်ဘာသာနေခဲ့ကြတယ် နှစ်တွေအများကြီးမှာ အခက်အခဲတွေကို အတူမကျော်ဖြတ်ခဲ့ကြဘူး၊ တိုက်ပွဲဖြစ်လာရင် တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုမလုံလောက်မှာကို စိုးတယ်၊ လွှမ်းမိုးနိုင်တဲ့နာမည်...”
ထိုသို့ကြားပြီးနောက် ပေထင်းဟွမ်သည် မျက်မှောင်အနည်းငယ်ကြုတ် ကာ စိတ်ထဲမှ စောဒကတက်မိသည်။ အပေါ်ယံတော့ သူမသည် ခေါင်းဆောင် အိုကြီးများကို မျက်နှာသာပေးရန်ဆုံးဖြတ်လိုက်သည် “မဟာမိတ်ကတော့ ရပါတယ်၊ ခေါင်းဆောင်ချုပ်ကိုရှာဖို့ ကိစ္စမရှိဘူးဆိုရင် နာမည်ပြောင်းဖို့က ခေါင်းဆောင်တို့သဘောပါပဲ၊ ဒီကိစ္စတွေကို ကျွန်တော့်ကိုပြောဖို့မလိုပါဘူး၊ ကိုယ့်ဘာသာဆုံးဖြတ်ကြပါ”
ပေထင်းဟွမ်သည် စိတ်မရှည်ခြင်းမဟုတ်ဘဲ ရင်ပြင်ပေါ်မှ သားရဲအပြည့် နှင့် လှောင်အိမ် အခုနှစ်ထောင်နီးပါးကိုမြင်နေရသည်။ ထိုများထဲတွင် နတ်သားရဲအကောင် ၂၀၀ ကျော်နှင့် အထွတ်အမြတ်သားရဲ ၅ ကောင်တို့သည် ထိန်းကျောင်းသည်ကို စောင့်ဆိုင်းနေကြသည်။ သူမ ညလုံးပေါက်မည်ထင် သည် “ကျွန်တော် တခြားလုပ်စရလေးတွေရှိသေးတယ်၊ ပိုရှန့်ဆေးသန့်စင်ဖို့ လည်း နေရာရှာရဦးမယ် ပြီးတော့ မိသားစုကြီးလေးခုက စီရင်ချက်ဗိမာန်လက် ထဲကိုရောက်လို့မဖြစ်ဘူး”
ထိုသို့ဆိုလျှင် သူမသည် ခွင့်မလွှတ်နိုင်ပေ။ စီရင်ချက်ဗိမာန်သည် သူမကြောင့် မျိုးနွယ်ကြီးလေးခုကို တိုက်ခိုက်ခြင်းဖြစ်သည်။
“ကောင်းတယ်” နန်ကုန်းချန်းသည် ပါးရေများတွန့်အောင် ပြုံးလိုက်သည် “သခင်လေး ၉ က ကတိတည်ဖို့ပြောမှတော့ ကျုပ်တို့လည်း ကတိတည်ရမှာ ပေါ့၊ ကျုပ်တို့က မိသားစုကြီးလေးခုရဲ့ ခေါင်းဆောင်တွေမဟုတ်တော့ဘဲ အဖွဲ့ အကြီးအကဲအနေနဲ့ မိသားစုကိုကာကွယ်ရမယ်၊ မြို့ကိုကာကွယ်ဖို့ကလည်း ကျုပ်တို့တာဝန်ဖြစ်သွားပြီ”