ဇာမဏီမြို့၊ ယုံကြည်မှုစွမ်းအား
Vol. 42 Ch. 825
ဘာလို့ အဲလောက်ရှုပ်ထွေးနေတာလဲ။ ပေထင်းဟွမ်သည် မှင်တက်နေ သည် “ဘာအဓိပ္ပာယ်လဲ အဘိုးတို့က အဖွဲ့အကြီးအကဲတွေတဲ့လား မိသားစု ခေါင်းဆောင် မဟုတ်တော့ဘူးလား”
ပေထင်းချင်းသည် မြေးဖြစ်သူအတွက် စိတ်မကောင်းပေ။ ထိုအဘိုးကြီး မျးသည် သူ၏အဖိုးတန်မြေးလေးကို မျောက်တစ်ကောင်ကဲ့သို့ ကစားနေရာ လွန်လွန်းနေပြီဖြစ်သည်။ “ရှောင်ကျို့ မိသားစုလေးခု မဟာမိတ်တည်ထောင် ပြီးသွားရင် မိသားစုအနေနဲ့ မဟုတ်တော့ဘူး၊ ငါတို့တွေ မျိုးနွယ်ကြီးလေးခုမြို့ ကနေ ဟွမ်ချန်းဆိုပြီး နာမည်ပြောင်းဖို့ ဆုံးဖြတ်ထားတယ်၊ မင်းက ဟွမ်ချန်းရဲ့ ကိစ္စတွေကို ဂရုစိုက်ဖို့အချိန်မရှိတော့ ငါတို့ မိသားစုလေးခုကအကြီးအကဲတွေပဲ ဆုံးဖြတ်လိုက်တာ”
“ဟွမ်ချန်းဟုတ်လား၊ ကျွန်တော်က ဟွမ်ချန်းကိစ္စတွေကို စီစဉ်ဖို့ အချိန် မရှိဘူးတဲ့လား” ပေထင်းဟွမ်သာ ထိုအဘိုးကြီးများ၏ အကြံအစည်ကိုမသိလျှင် အသက်ရှင်ရသည်မှာ အလဟဿဖြစ်သွားလိမ့်မည်။ သူမသည် ထောင်ချောက် နက်ကြီးထဲသို့ ကျသွားသကဲ့သို့ ခံစားရကာ သံခြံစည်းရိုးပေါ်သို့ တက်ခွင့်မရှိ သလိုပင်ဖြစ်လေသည်။ “ဘယ်တုန်းက အဲလိုဆုံးဖြတ်လိုက်တာလဲ၊ ကျွန်တော့် သဘောတူညီချက်ရခဲ့လို့လား”
“မဟုတ်ဘူး” ပေထင်းဟွမ် သိသွားသောအခါ ဒေါသထွက်သွားသဖြင့် နန်ကုန်းချန်းသည် အပြစ်ကင်းစင်သည့်မျက်နှာဖြင့် ပြောလေသည် “ဒါပေမဲ့ ငါတို့သခင်လေးယောက် သစ္စာဆိုပြီးပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုကို မင်းလို မျိုး ပြိုင်ဘက်ကင်းပါရမီရှင်က ဦးဆောင်မယ်ဆိုတော့ မိသားစုရဲ့အနာဂတ်က အပေါ်ကိုတက်ဖို့ပဲရှိတော့တာ၊ ငါတို့ခေါင်းဆောင်တွေက ကိုယ့်ရဲ့ တစ်ကိုယ် ကောင်းဆန်မှုကြောင့် မိသားစုတိုးတက်မှာကို ဟန့်တားလို့မဖြစ်ဘူးလေ၊ ပြီးတော့ မိသားစုက အခုအန္တရာယ်ဖြစ်နေတာ၊ ဒီကပ်ဘေးကလည်း မင်းကြောင့်ဖြစ်လာတာလေ၊ သေချာပေါက် ဒီကပ်ဘေးကနေ မိသားစုကို ဦးဆောင်ဖို့ မင်းခေါင်းခံရမှာပေါ့”
ပေထင်းဟွမ်သည် ဒေါသထွက်လွန်းသဖြင့် လက်သီးဆုပ်ဖြင့် အဘိုးကြီး များကို သေအောင်ထိုးလိုက်ချင်သည်။ ဇာမဏီဟုတ်လား။ အကြီးအကဲတွေတဲ့ လား။ ထိုအဘိုးကြီးလေးယောက်သည် သူမအား မြို့စားရာထူးပေးရသည်ကို သူတို့တွေ အလွန်ပျော်ရွှင်နေသည်လား။ သေချာစဉ်းစားကြည့်ပါ။
သူမသည် ကိုယ်ပိုင်အင်အားစုကိုတည်ထောင်ချင်သော်လည်း ဤကဲ့သို့ ကြီးမားသော အင်အားစုကိုမဆိုလိုပေ။ သို့သော် သူမ ပြန်လာပြီးနောက် မိသားစုကြီးလေးခုသည် သူမအနောက်မှ အင်အားစုဖြစ်ခဲ့သည်။ သူမသည် သူမ လုပ်သင့်သည့်အရာများကိုလုပ်ခဲ့ကာ မိသားစုအားဖြန့်ဝေပေးခဲ့သည်။ မိသားစုကြီးလေးခု စုပေါင်းတာကို သူမက ဘာလို့ဂရုစိုက်နေရမှာလဲ။
သူမသည် ထိုသို့ဆိုသော်လည်း အဘိုးကြီးလေးယောက်၏ အကင်ခံရ မည့်အစား တိုက်ခိုက်ရန်ဆန္ဒရှိသင့်သည်။
“ဒီကပ်ဘေးက ကျွန်တော့်ကြောင့်ဖြစ်လာတယ်ဆိုတာကို မငြင်းပါဘူး၊ ဒါပေမဲ့ အဲဒါကိုအဆင်ပြေအောင် ကျွန်တော်အကောင်းဆုံးကြိုးစားပြီးပြီ အဘိုး၊ အဘိုးတို့..” ပေထင်းဟွမ်သည် လွန်လွန်းသည်ဟု ပြောတော့မည့်အချိန်တွင် ရင်ပြင်တစ်ခုလုံးသည် အားပေးသံများညံသွားရာ ချက်ချင်းပင် သူမ၏အသံကို ဖိနှိပ်သွားလေသည်။
“မြို့စားဟုတ်လား ဇာမဏီမြို့လား ဟား ဟား ငါတို့မိသားစုကြီးလေးခု မှာပေါ်ထွက်လာပြီ အခုကစပြီး ငါတို့တွေက သခင်လေး ၉ ရဲ့အဖွဲ့ဝင်တွေဖြစ် သွားကြပြီ”
“ငါတို့က ဘယ်တုန်းက သခင်လေး ၉ ရဲ့အဖွဲ့ဝင်တွေမဟုတ်လို့လဲ၊ ငါတို့ တွေက မိသားစုလေးခုဆိုပေမဲ့ အတူရှိနေကြတာပဲ”
“နောက်ဆိုရင် ပိုသွားပြီလေ၊ ငါတို့တွေ နောက်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အရင်းအမြစ်တွေ မျှဝေကြမယ်၊ ဟား ဟား ဒီခံစားချက်က အရမ်း ကောင်းတာပဲ”
“ဟုတ်တယ် သခင်လေး ၉ မြို့စားကြီး သက်တော်ရာကျော်ရှည်ပါစေ”
“သက်တော်ရာကျော်ရှည်ပါစေ သခင်လေး ၉၊ သက်တော်ရာကျော်ရှည် ပါစေ”
အားပေးသံများသည် လှိုင်းများကဲ့သို့ လှိမ့်တက်လာပြီး ချစ်ခင်သည့် မျက်လုံးများသည် ပေထင်းဟွမ်အား မှော်စွမ်းအားအပြည့်ဖြင့် ကြည့်ကြရာ ပေထင်းဟွမ်၏ ခန္ဓာကိုယ်ထဲမှတစ်ဆင့် ဝိညာဉ်ပင်လယ်ထဲသို့ ဝင်လေသည်။ ထိုအချိန်တွင် ရင်းနှီးသောအသံတစ်သံသည် ပေထင်းဟွမ်၏ရင်ထဲတွင် ပဲ့တင် ထပ်လာသည် “ဟွမ် ဒီခံစားချက်ကိုမှတ်ထားပါ၊ ဒါကယုံကြည်မှုစွမ်းအားပဲ၊ မင်းရဲ့ခွန်အား တိကျတဲ့အဆင့်ကိုရောက်ပြီးရင် သာမန်စွမ်းအားက မင်းရဲ့ လိုအပ်ချက်ကို မရောက်နိုင်တော့ဘူး၊ ယုံကြည်မှုစွမ်းအားကပဲ မင်းရဲ့ခွန်အား ကို ကြီးထွားစေလိမ့်မယ်”
၎င်းသည် မင်၏အသံဖြစ်သည်။ ပေထင်းဟွမ်သည် ဤခံစားချက်ကို ရင်ထဲတွင် နက်ရှိုင်းစွာမှတ်မိနေမည်ဖြစ်သလို ဤစွမ်းအားသည် စီရင်ချက် ဗိမာန်နှင့် အမှောင်ခန်းမတို့အား ပြိုင်ဆိုင်မည်ဖြစ်ကြောင်းကိုလည်း နားလည် သည်။ ဤအခိုက်အတန့်တွင် ဤစွမ်းအား၏ခွန်အားကို ခံစားပြီးနောက် ဟွမ်ချန်းကို မငြင်းဆန်တော့ပေ။ သူမသည် နန်ကုန်းချန်းဆီသို့ ဆေးပစ်ပေးပြီး စိတ်ဆိုးဆိုးနှင့်ပြောလိုက်သည် “အဘိုးကြီးတို့ အဆင့်တက်ပြီး ကျွန်တော့် အတွက် ဇာမဏီမြို့ကိုကာကွယ်ပေးပါ”