မြို့စားအားတွေ့ဆုံခြင်း
Vol. 42 Ch. 826
နန်ကုန်းချန်းသည် ထခုန်လုမတတ်ပင်။ သူ ဝိညာဉ်ဂိုဏ်းအထွဋ်အထွတ် အဆင့်တွင်သာရှိနေသေးသည်ကို စိတ်မကောင်းဖြစ်သဖြင့် ထိုကျောက်စိမ်း ပုလင်းလေးကို မဖမ်းမိလျှင် အထဲမှဆေးသည် လွင့်သွားမည်ဖြစ်ပြီး ထိုသို့ဖြစ် လျှင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။
လက်နှစ်ဖက်ဆန့်ထုတ်လိုက်ပြီး ကျောက်စိမ်းပုလင်းကို ဆုပ်ကိုင်ကာ နန်ကုန်းချန်းသည် သက်ပြင်းကြီးချပြီး ပေထင်းဟွမ်အား စူးရှစွာဖြင့် စိုက်ကြည့် လေသည်။ ဒီကောင်လေးအကြောင်း မသိဘူးလို့မထင်နဲ့။ သူ့ကိုမုန်းနေတာကို မှတ်မိသေးတယ်။ သူမကို ဇာမဏီမြို့ရဲ့ မြို့စားအဖြစ် ပြန်ပေးဆွဲတာကိုလည်း နာကြည်းနေမှာသေချာတယ်။
ဒါပေမဲ့ တခြားနည်းလမ်းရှိသေးလို့လား။ ပေထင်းဟွမ်၏ နုပျိုသော အရည်အချင်းနှင့်ဆိုလျှင် ထိုအဘိုးကြီးများသည် ရွေးချယ်စရာမရှိ သူတော် ကောင်းနေရာယူရတော့မည်။ ဒုတိယအနေနှင့် ပေထင်းဟွမ်ကို မိသားစုလေးခု ရှိ လူငယ်မျိုးဆက်အကြားတွင် ဂုဏ်သတင်းမြင့်အောင် မည်သူလုပ်လိုက်လေ သနည်း။ စီရင်ချက်ဗိမာန်လာမည်ဟု မည်သူသိစေသနည်း။ တိုက်ခိုက်မှုအပြီး တွင် မိသားစုသုံးခု၏ တိုက်ရိုက်ဆက်ခံသူများသည် မိသားစုကြီးလေးခုကို တစ်ဖွဲ့တည်းဖြစ်အောင် ခေါင်းဆောင်များအား စည်းရုံးခဲ့သည်။ သည်လိုမှသာ တိုက်ခိုက်ရေးသက်ရောက်မှုသည် အမြင့်ဆုံးထိ တိုးတက်သွားမည်ဖြစ်သည်။
ထို့အပြင် မိသားစုကြီးလေးခု ဇာမဏီမြို့ဖြစ်လာပြီး စီရင်ချက်ဗိမာန်မှ လာတိုက်ခိုက်လျှင် ပေထင်းဟွမ်၏အနောက်မှ အင်အားစုများသည် ထိုင်ကြည့် နေမည်မဟုတ်ပေ။ ယန်းမြို့၊ ညအရှင်အိမ်တော်၊ နှင်းဝံပုလွေကြေးစားအဖွဲ့နှင့် သံမဏိသွေးကြေးစားအဖွဲ့တို့သည် သန်မာသော စစ်သည်များကို စေလွှတ်ပြီး သေချာပေါက် ကူညီမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ မည်သည့်အရာကို ကြောက်ရမည်နည်း။
သို့သော် ဤကဲ့သို့ ကျပ်တည်းသောအခိုက်အတန့်တွင် ပေထင်းဟွမ်သည် ထိုအဖွဲ့များကို မဆင့်ခေါ်ဘဲ ကိုယ်ပိုင်ခွန်အားကိုသာ အမြင့်ဆုံးထိမြှင့်ပြီး နတ်အဆင့်ခွဲဆေးကို သန့်စင်ကာ အဘိုးကြီးလေးယောက်ကို နတ်ဘုရား အဆင့်ဖြစ်အောင် လုပ်ပေးလိမ့်မည်ဟု ထင်မထားပေ။ လူလေးယောက်ကို တစ်ချိန်တည်း အဆင့်တက်အောင်လုပ်လိုက်လျှင် နတ်ဘုရားအဆင့်သို့ တစ်ယောက်တက်မည်ဆိုလျှင်တောင် စီရင်ချက်ဗိမာန်သည် လက်လွတ်စပယ် မလုပ်ရဲပေ။
နန်ကုန်းချန်းသည် ပုလင်းကို အဆို့ဖြုတ်ကာ မိသားစုခေါင်းဆောင်သုံး ယောက်သည် တစ်ယောက်ပြီးတစ်ယောက်ဝိုင်းလာကြသည်။ အလွန်မွှေးပျံ့ သောရနံ့သည် သူတို့၏ အသက်ရှူလမ်းကြောင်းထဲသို့ ဝင်လာသည်။ နတ်ဘုရားအဆင့်သို့ တက်ရန် ကာစီးနေသော အကြောထဲတွင်ရှိနေသည့် အတားအဆီးသည် အနည်းငယ် ပြေလျော့လာသလို ခံစားရသည်။
ဤကဲ့သို့ အားကောင်းသော ဆေးသက်ရောက်မှုကြောင့် ခေါင်းဆောင် အဘိုးကြီးလေးယောက်၏ မျက်နှာများသည် လူငယ်များကဲ့သို့ ပွင့်လန်းလာ သည်။
ရင်ပြင်ထဲရှိ စူးရှသောအလင်းရောင်အောက်တွင် အဝါဖျော့ဖျော့ဆေး သည် တောက်ပသောအလင်းဖြင့် ထွန်းလက်နေသည်။ သခင်ကြီးလေးယောက် သည် တုန်ယင်နေသောလက်ထဲရှိဆေးများကို စိုက်ကြည့်နေကြသည်။ ထိုလူ များသည် အိပ်မက်မက်ခဲ့ရသော နတ်ဘုရားအဆင့်သည် မျက်စိရှေ့ရောက်လာ သည်ကို ယခုအချိန်ထိ မယုံနိုင်သေးပေ။
တစ်ချိန်တည်းလိုလိုပင် ပေထင်းချင်းအပါအဝင် ခေါင်းဆောင်လေးဦး သည် ပေထင်းဟွမ်ရှေ့တွင်ရပ်ကာ အနည်းငယ်ဦးညွှတ်လေသည်။ သူတို့၏ လေးစားသောမျက်နှာထားများသည် အလင်းအောက်တွင် ကြည်လင်နေသည် “မြို့စားကို တွေ့ဆုံပါတယ်”
ပေထင်းဟွမ်သည် ထိတ်လန့်သွားကာ ဘေးသို့ခုန်ထွက်မိတော့မလိုပင်။ သို့သော် နောက်ဆုံးအချိန်တွင် သူမသည် အံကြိတ်ပြီး ရပ်နေတုန်းပင်။ ဒါဇင် မျှသောပုံရိပ်များသည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေသကဲ့သို့ ရင်ပြင် တစ်ခုလုံးပေါ်မှ ပျံလာကြသည်။ မိသားစုကြီးလေးခုမှ တိုက်ရိုက်ဆက်ခံသူများ၊ အကြီးအကဲများ၊ အကြီးအကဲကြီးများနှင့် မိသားစုဆက်ခံသူများ၏ လက်ထောက်များတို့သည် သခင်လေးယောက်နောက်တွင်လိုက်ကာ မိသားစု ထဲမှ အငယ်ဆုံးနှင့် အားအကောင်းဆုံးလူငယ်အား ဂါရဝပြုကြလေသည်။
“မြို့စားကိုတွေ့ဆုံပါတယ်”
နတ်အဆင့်ခွဲဆေး၏ရနံ့သည် ရင်ပြင်ထဲတွင်ပျံ့နေပြီး အားလုံး၏ အာရုံ ကြောကို လှုံ့ဆော်နေသည်။ ယခုအချိန်တွင် မည်သူကမှ သူတို့၏မြို့စားငယ် လေးကို မကြည့်ရဲကြပေ။ လေထုသည် အနည်းငယ်ထိုင်းမှိုင်းပုံပေါ်သော်လည်း အားလုံး၏ရင်ထဲတွင် ပင်လယ်စီကြောင်းကဲ့သို့ ခံစားချက်များဖြင့် ပြည့်နေ သည်။
ပေထင်းဟွမ်၏မျက်လုံးများသည် ဖြည်းဖြည်းချင်း သခင်လေးယောက် အားဖြတ်ပြေးသွားကာ မိသားစုထဲမှ အကြီးအကဲများ၊ တိုက်ရိုက်ဆက်ခံသူများ နှင့် တခြားသူများရှိနေကြသည်။ ရင်ပြင်ထဲတွင် ထောင်ချီသောလူများ စုဝေးနေ ကြပြီး လေးစားမှုဖြင့် သူတို့၏မြို့စားငယ်လေးကို တွေ့ဆုံနေကြသည်။
နှစ်တစ်ဝက်အတွင်းမှာပင် ပေထင်းဟွမ်၏ကြီးထွားမှုသည် ဤတိုက်ကြီး တွင် မိသားစုအတွက် ဂုဏ်ယူစရာအကောင်းဆုံးဖြစ်ခဲ့သည်။ ဖြတ်တောက်မရ သော သွေးသားတော်စပ်မှုအပြင် အရေးအကြီးဆုံးမှာ ပေထင်းဟွမ်ပြသပေးခဲ့ သည့် မေတ္တာ၊ သန်မာသောခွန်အား၊ ဆက်သွယ်မှုနှင့် နည်းလမ်းများဖြစ်သည်။