← Chapters

ဒီနေ့ကစပြီး ကျုပ်တို့နာမည်က ဇာမဏီမြို့ပဲ

Vol. 42 Ch. 827

ဒီနေ့ကစပြီး ကျုပ်တို့နာမည်က ဇာမဏီမြို့ပဲ

Vol. 42 Ch. 827

လက်သီးဆုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပေထင်းဟွမ်သည်လည်း ညီတူညီမျှပင် စိတ်လှုပ်ရှားသည်။ သူမ၏စိတ်သည် သန်မာသည်။ သို့သော် ဂုဏ်သရေကိုပါ ထပ်တိုးလိုက်သောအခါ ငါးဆားနယ်ကဲ့သို့ မည်သူမှကမှ မတည်ငြိမ်နို်ငတော့ပေ။

ပေထင်းဟွမ်သည် တဖြည်းဖြည်းနှင့် လူတစ်ရပ်စာ မြေကြီးပေါ်မှ လေထဲ သို့ ပျံလိုက်သည်။ သူမ၏မျက်လုံးများသည် နောက်ဆုံးမှ သူမကို ဦးညွှတ်သည့် လူများအပါအဝင် ရင်ပြင်ထဲမှလူတိုင်း၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံသွား သည်။ ပေထင်းဟွမ်၏အသံသည် စီးကျူမြို့၏ညကောင်းကင်တွင် ပဲ့တင်ထပ် သွားသည်။ ဤအခိုက်အတန့်တွင် စစ်နတ်ဘုရား၏ပုံရိပ်သည် အားလုံး၏ စိတ် ထဲတွင် နက်ရှိုင်းစွာပုံနှိပ်ထား၏ “ခင်ဗျားတို့က ကျုပ်နောက်ကိုလိုက်ကြတယ်၊ ကျုပ်က ကောင်းကင် ကိုးခုဆီကို ခင်ဗျားတို့ကို ဦးဆောင်သွားမယ်၊ ဒီနေ့ကစ ပြီး မျိုးနွယ်ကြီးလေးခုမြို့ဆိုတာမရှိတော့ဘူး၊ ဒီနေ့ကစပြီး ကျုပ်တို့နာမည်က ဟွမ်ချန်းပဲ”

ဇာမဏီသည် ပျံသည်။ ကောင်းကင်ကိုးပါးတွင် ပျံသန်းသည်။

အနက်ရောင်ဝတ်ရုံသည် ညလေထဲတွင် လွင့်နေကာ ငွေချည်ဖြင့်ထိုး ထားသော ပွင့်ဖတ်ကိုးဖတ်ပါ ပင့်ကူနှင်းပန်းသည် ညကောင်းကင်အောက်တွင် ပွင့်လန်းနေသည်။ ဆံပင်ရှည်အား ချည်နှောင်ထားသည့် ခရမ်းရောင်ဖဲပြား သည် အရိုင်းဆန်စွာလွင့်နေကာ ငွေရောင်မျက်နှာဖုံးသည် ကျွတ်သွားလေ၏။ ဤအခိုက်အတန့်တွင် သူမ၏ မျက်နှာသည် အားလုံး၏စိတ်ထဲတွင် ပုံနှိပ်ပြီး သားဖြစ်သွား၏။ သူမ၏တစ်ကိုယ်လုံးထဲမှ ချီနှင့်သွေးများသည် ဆူပွက်ကာ ပွင့်လန်းနေပြီး အကြောများသည် သူမ၏စကားလုံးများနှင့်အတူ ပွင့်ထွက်လာ သည်။

မျက်စိရှေ့မှလူငယ်ကိုကြည့်ပြီး ပေထင်းချင်းသည် ရင်ထဲတွင် ပျော်ရွှင်ခြင်း၊ ဂုဏ်ယူခြင်း၊ ဝမ်းနည်းခြင်းနှင့် လွှတ်မချနိုင်သော အပြစ်မကင်း စိတ်အရှိသည့် ဖော်မပြတတ်သောခံစားချက်မျိုးခံစားရလေသည်။

ပေထင်းကျင်သည် ညကောင်းကင်တွင်ရှိနေသည့် လူငယ်ကိုကြည့်ကာ သူ့ရင်ဘတ်တစ်ခုလုံး ဂုဏ်ယူစရာများနှင့် ပြည့်သွားသည်။ ၎င်းသည် သူ၏ ညီလေးဖြစ်သည်။ ဘာမှမတတ်ခဲ့သော ညီလေးဖြစ်သည်။ သူမသည် ငယ်သေး ကာ အနိုင်ကျင့်ခံခဲ့ရသည်။ သူမသည် သူ၏အနောက်တွင် ပုန်းအားခဲ့သည်။ အရင်က သူသည် သူ့ဘဝတွင် ဤညီလေးကို စောင့်ရှောက်မည်ဟု သစ္စာဆိုခဲ့ သည်။ သူသည် သူမကိုကာကွယ်နိုင်ရန်အတွက် သိုင်းပညာကို ကြိုးစားပမ်းစား သင်ယူခဲ့ပြီး သူမကို သက်တောင့်သက်သာဘဝမျိုး ပေးချင်ခဲ့သည်။ အသက် ၁၅ နှစ်ပင်မပြည့်သေးသည့် သူမသည် ဤတိုက်ကြီးတွင် အမြင့်ဆုံးစွမ်းအားနှင့် ရပ်တည်နေလိမ့်မည်ဟု မည်သူမှမထင်ပေ။

ရှီမန်ဆုန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သူ့ဘေး တွင်ရပ်နေသူမှာ ရှန်းယန်ကျင်းဖြစ်သည်။ အဆင့်တက်ဆေးကိုသောက် ပြီးနောက် သူမသည် ကြယ် ၅ ပွင့်ဝိညာဉ်သခင်တစ်ခါတည်းဖြစ်သွားရာ သူတို့ သည် လမ်းပေါ်သို့ ထွက်လာခြင်းဖြစ်သည်။ အားလုံးသည် ဤလူငယ်၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။

“ဒီဘဝမှာ ငါရှီမန်ဆုန်းရဲ့ အသက်က ပေထင်းဟွမ်ရဲ့အပိုင်ဖြစ်သွားပြီ၊ သူ အသက်ရှင်ရင် ငါရှင်မယ်၊ သူ သေရင် ငါလိုက်သေမယ်” စိတ်ထဲမှ ကျိန်ဆိုပြီး နောက် ရှီမန်ဆုန်းသည် ရှန်းယန်ကျင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ပေထင်းဟွမ်အတွက် ကြီးမားသောလက်ဆောင်ပေးလိုက်ခြင်းပင်။

မိသားစုကြီးသုံးခုမှ ခေါင်းဆောင်များသည် ပေထင်းဟွမ်၏ မောက်မာပြီး အကျိုးအကြောင်းမသင့်သည့် အပြုအမူများကို ကြုံတွေ့ပြီးဖြစ်သည်။ သည် တစ်ချိန်တွင် သူမ ၁၄ နှစ်သာရှိသေးသည်ကိုကြည့်ပြီး ဤကဲ့သို့မြင်ကွင်းကြီး ရှေ့၌ပင်လျှင် ပျာယာတ်ခြင်းမရှိဘဲ တည်ငြိမ်နေသည်မှာ သူတို့အတွက် သက်ပြင်းချစရာဖြစ်လေသည်။ စကားတစ်ခွန်းတည်းပြောရလျှင် အားလုံး၏ ချီနှင့်သွေးများ ဆူပွက်လာပြီး သူတို့၏ နှလုံးများသည် မောက်မာမှုများနှင့် ပြည့်ကာ ပေထင်းဟွမ်နောက်သို့ သေသည်အထိလိုက်ရန် ဆုံးဖြတ်ထားခဲ့ကြ သည်။ သူတို့သည် ရင်ထဲတွင် ထိတ်လန့်သွားကြသည်။ ဤလူငယ်သည် အမှန်တကယ်ပင် သူတို့၏မျှော်လင့်ချက်အတိုင်း နေထိုင်နေသည်။

သူမသည် ထူးချွန်သည့် ခေါင်းဆောင်အဖြစ် မွေးဖွားလာခဲ့သည်။

“ဇာမဏီမြို့က တစ်သက်တာတည်ရှိသွားမယ်၊ မြို့စား သက်တော်ရာ ကျော်ရှည်ပါစေ”

မည်သူက ဦးဆောင်အော်လိုက်သည်မသိ၊ ရင်ပြင်တစ်ခုလုံးတွင် သိန်းချီ သောလူများသည် ရှန်းယန်မြို့တစ်ခုလုံးကို ထိတ်လန့်စေသည်။ သို့သော် ဤအချိန်တွင် ဇာမဏီမြို့သည် သတိထားနေပြီဖြစ်ရာ မည်သူ့ကိုမှ ဝင်ခွင့် ထွက်ခွင့်မပေးထားပေ။ အပြင်မှလူများသည် ဇာမဏီမြို့၏ အဖြစ်အပျက်များ ကို မသိကြပေ။

ဟွမ်ချန်းရင်ပြင်၏ တံတိုင်းပေါ်တွင် ဝိညာည်လက်နက်ပျံတစ်ခုရှိနေ သည်။ ယန်ယဲ့သည် လသာဆောင်တွင်ထိုင်ပြီး ညကောင်းကင်တွင်ရှိနေသော လူငယ်ကို အဝေးမှကြည့်နေသည်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ယုံကြည်မှု စွမ်းအားရှိနေသည်။ သူမတော့မသိပေ။ သို့သော် ယန်ယဲ့၏ မျက်လုံးထဲတွင် သူမ ခန္ဓာကိုယ်ပေါ်မှ သန့်စင်မှုကိုမြင်နေရပြီး သူမ၏နူးညံ့သောမျက်နှာသည် သူ၏ဝိညာဉ်ထဲထိ ပုံနှိပ်ထားလေသည်။

All Chapters