← Chapters

ကျော်ဖြတ်ခြင်း၊ ခွန်အားသန်မာလာခြင်း

Vol. 42 Ch. 828

ကျော်ဖြတ်ခြင်း၊ ခွန်အားသန်မာလာခြင်း

Vol. 42 Ch. 828

ပေထင်းဟွမ်သည် တရားဝင်မြို့စားဖြစ်သည်။ သို့သော် ဟွမ်ချန်းမှကိစ္စ များသည် သူမလုပ်ရန်ခက်ခဲနေသဖြင့် သခင်လေးယောက်သည် စီစဉ်ပေးခဲ့ သည်။ သခင်လေးယောက်သည် အဖွဲ့လေးခု၏အကြီးအကဲများဖြစ်ကြပြီး နေ့စဉ်အလုပ်ကိစ္စများတွင် ဆုံးဖြတ်ချက်ချကြသည်။ အရေးကြီးသည့်ကိစ္စများ ကိုသာ ပေထင်းဟွမ်နှင့် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချသည်။

“နောက်ကို မိသားစုအလိုက် မလည်ပတ်တော့ဘဲ မြို့တစ်ခုအဖြစ်လုပ် တော့မယ်ဆိုတော့ ပြည်မကြီးပေါ်က အင်အားစုတွေအကုန်လုံးကို လက်ခံဖို့ အကြံပြုချင်တယ်၊ သူတို့တွေကလည်း ဇာမဏီမြို့ကို ဝင်လာချင်ကြတော့ ကျုပ်တို့လည်း ကြိုဆိုရမယ်၊ တာဝန်နဲ့ ပေးအပ်မှုအကုန်လုံးကိုလည်း မိသားစု ကြီးလေးခုကလူတွေနဲ့ မခြားစေရဘူး.. အခုကမြို့တစ်ခုဆိုပေမဲ့ နောက်ဆိုရင်..” ပေထင်းဟွမ်သည် အဝေးသို့ကြည့်လိုက်သည်။ သူမ၏မျက်လုံးများသည် နက်ရှိုင်းလှသည် “နောက်ဆိုရင် နိုင်ငံတစ်ခုဖြစ်မလာနိုင်စရာအကြောင်းမရှိဘူး ရာယာအင်ပါယာနဲ့ ငွေလရောင်အင်ပါယာတို့နဲ့ ယှဉ်နိုင်ရမယ်၊ အဲအချိန်ကျရင် နာမည်ကို ပြည်ထောင်စုနိုင်ငံလို့ခေါ်ရမယ်”

၎င်းသည် သူတို့အတွက် စီမံချက်ဖြစ်သည်။ ဤအချိန် ပေထင်းဟွမ်၏ စကားများကိုကြားပြီးနောက် အဖွဲ့လေးဖွဲ့၏ခေါင်းဆောင်များသည်လည်း စိတ်ထဲတွင် ခမ်းနားသော တောင်နှင့်မြစ်များကို ရေးဆွဲထားသည်။ နန်ကုန်း ချန်းသည် စိတ်မရှည်ဆုံးဖြစ်သဖြင့် ချက်ချင်းပင် ထရပ်ကာ ပြောလေသည် “မြို့စား စိတ်မပူပါနဲ့ ၁၀ နှစ်အတွင်းမှာ ဒီအဘိုးကြီးက ဇာမဏီမြို့တစ်ခုလုံးကို ဦးဆောင်ပြီး မြို့စားကို အင်ပါယာဖြစ်အောင်လုပ်ပေးမယ်”

လေထုသည် အလွန်ပူပြင်းနေသည်။ ရင်ပြင်တစ်ခုလုံးမှလူများသည် ဆူပွက်နေကြသည်။ သူတို့သည် ပေထင်းဟွမ်အား ရိုသေသည့်မျက်လုံးများနှင့် ကြည့်ကာ ရင်ထဲတွင် ဂုဏ်ယူမှုများရှိနေသည်။ ၎င်းသည် သူတို့၏မြို့စားဖြစ် သည်၊ သူတို့၏ခေါင်းဆောင်ဖြစ်သည်။ သူတို့သည် သူမ၏ခြေလှမ်းများအတိုင်း လိုက်ကာ ထိပ်ဆုံးထိသွားမည်။

“ဟုတ်ပြီ အခုစကြမယ်၊ ကိုယ့်တာဝန်ကိုယ်လုပ်ကြတာပေါ့ အဖွဲ့လေးဖွဲ့ ရဲ့ အကြီးအကဲလေးယောက်ရဲ့ ဒီနေ့ညတာဝန်က အဆင့်တက်ဖို့ပဲ” ပေထင်းဟွမ်သည် လက်ထဲမှဆေးပုလင်းကို ပေထင်းကျင်ဆီသို့ ပစ်လိုက်သည် “အစ်ကိုကြီး ဟွမ်ချန်းရဲ့ခေါင်းဆောင်၊ သူတို့ထဲမှာ ဓား ၅ လက်နဲ့ ကြယ်ဝိညာဉ် သခင်ရှိရင် ဒီဝိညာဉ်ခွဲဆေးကို ဝေပေးလိုက်ပါ၊ သူတို့တွေကို ဝိညာဉ်ဂိုဏ်းကို မြန်မြန်ကျော်ဖြတ်ခွင့်ပေးလိုက်ပါ၊ ပြီးတော့ အစ်ကိုကြီးက...” ပေထင်းဟွမ်၏ လက်သည် ဝိညာဉ်ထောင်ချီတောင်သို့လိုက်လာခဲ့သည့် လမ်းကိုညွှန်ပြလိုက် သည် “ရင်ပြင်ထဲက သားရဲတွေကို ထိန်းကျောင်းပြီး သူတို့ကိုဝေပေးလိုက်ပါ”

စကားအနည်းငယ်နှင့် ဇာမဏီမြို့တစ်ခုလုံးသည် ထိပ်ဆုံးမှ အောက်ဆုံး ထိ မည်သူမှငြင်းဆန်မှုမရှိ လှုပ်ရှားကြသည်။ ၎င်းသည် ပေထင်းဟွမ်၏ ဆွဲဆောင်မှုပင်ဖြစ်သည်။ စိတ်အားထက်သန်မှုများ ထွက်ပေါ်လာပြီး သူတို့သည် ဇာမဏီမြို့တစ်ခုလုံးတွက် ပြင်ဆင်မှုများလုပ်ကြလေသည်။

အဖွဲ့လေးခု၏အကြီးအကဲများသည် အဆင့်တက်ရန် နေရာရှာကြသည်။ အားလုံးပေါင်း နတ်အဆင့်ခွဲ ငါးလုံးဖြုစ်သည်။ ပေထင်းဟွမ်သည် တစ်လုံးသိမ်း ထားကာ ကျန်လေးလုံးသည် အကြီးအကဲလေးယောက်အတွက်ဖြစ်သည်။ မိသားစုထဲတွင် သခင်ကြီးအဆင့်သို့ရောက်နေသည့် အကြီးအကဲတချို့ရှိသေး သည်။ သူတို့အတွက်လည်း ဝိညာဉ်ခွဲဆေးလိုနေသည်။ ပေထင်းဟွမ်သည် သက်ပြင်းမချဘဲမနေနိုင်ပေ။ သို့သော် ကံမကောင်းစွာပင် သည်တစ်ကြိမ်တွင် သူမသည် ဝိညာဉ်ခွဲဆေး ငါးလုံးသာဖော်စပ်နိုင်သည်။

ပြည်မကြီးပေါ်မှ အဂ္ဂိရတ်ပညာရှင်များသာ သူမပြောသည့်စကားကို ကြားလျှင် သေကြောင်းကြံကြမည်လားမသိပေ။ နတ်အဆင့်ဆေး၊ တစ်ခါ သန့်စင်လျှင် ငါးလုံးရသည်။ သူတို့သည် ထိုကောင်းကင်အဆင့်ဆေးကို သန့်စင် ပြီးအသက်မရှင်အောင်လုပ်နေသည်လား။

ပေထင်းဟွမ်သည် အချိန်ရလျှင် နောက်တစ်သုတ်သန့်စင်မည်ဟု စိတ်ထဲ မှ တိတ်တိတ်လေးတွေးနေမိသည်။

ပေထင်းဟွမ်သည် အဆင့်တက်ဆေးသန့်စင်ရန် နေရာတစ်ခုကိုရှာသည်။ သူမသည် ရင်ပြင်ထဲတွင်နေထိုင်သည်။ သူမ၏ သားရဲသန့်စင်သည့် အရှိန်နှုန်း သည် မုန်လာဥနီခူးသည့်အရှိန်အတိုင်းပင်။ သူမ၏လက်များ သားရဲများ၏ ဦးခေါင်းပေါ်တင်လိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်းတွင် သားရဲများကို ထိန်းကျောင်းနိုင်သည်။ ထိုအမြန်နှုန်းသည် လိုက်မမှီနိုင်အောင်ပင်။ ရင်ပြင်ထဲမှ လူများသည် မှင်တက်မိကြ၏။

သားရဲကို ထိန်းကျောင်းရသည်မှာ အလွန်ရိုးရှင်းနေသည်။ သားရဲ၏ ဦးခေါင်းပေါ်သို့ လက်တင်လိုက်သည်နှင့် အချိန်ကြာမြင့်သော်လည်း သားရဲ သည် သားရဲဖြစ်နေတုန်းပင်။

ဒါ တကယ် ခက်တာ ဟုတ်ပြီလား။ မဟုတ်ပေ.. ကောင်းကင်ပေါ်သို့ ပျံတက်သည်ထက် ခက်ခဲသည်ဟု ပြောသင့်သည်။ သို့သော် သူတို့မြို့စား၏ လက်ထဲတွင် မုန်လာဥနီလှီးဖြတ်လိုက်သလိုပင်။

All Chapters