← Chapters

ပြောင်းလဲမှုများ၊ လျှို့ဝှက်ဆန်းကြယ်မှု၊ အရာအားလုံး စတင်ခြင်း

Vol. 42 Ch. 829

ပြောင်းလဲမှုများ၊ လျှို့ဝှက်ဆန်းကြယ်မှု၊ အရာအားလုံး စတင်ခြင်း

Vol. 42 Ch. 829

အားလုံးသည် သူတို့၏မြို့စားကို ဂုဏ်ယူကြသည်။ ယခုဘဝတွင် ဤကဲ့သို့လူနောက်လိုက်ပြီး ဂုဏ်သရေအမြင့်ဆုံးကိုရနိုင်သည်မှာ မည်မျှ ကံကောင်းလိုက်သနည်း။

“ဒါက ဒါက အရမ်းမြန်လွန်းတာမဟုတ်ဘူးလား၊ ငါ သားရဲထိန်း အဖွဲ့အစည်းမှာ သားရဲထိန်းတွေ သားရဲကိုထိန်းကျောင်းတာမြင်ဖူးတယ်၊ ဒီ မြို့စားလောက် မမြန်ဘူး”

“သေလိုက်လေ၊ သူတို့က မြိုးစားနဲ့ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ မြို့စားက ဘယ်သူလဲဆိုတာတောင်မကြည့်ဘူး၊ သူတို့က ဘာမို့လို့လဲ”

“ဟုတ်တယ် မြို့စားက အမြင့်ဆုံးသားရဲထိန်းပဲ၊ သားရဲထိန်းအသင်းအဖွဲ့ ဆိုတာရှိလို့လား၊ သားရဲထိန်းအသင်းက သားရဲထိန်းသခင်ထက်မပိုဘူး”

ပေထင်းဟွမ်အား မေတ္တာအပြည့်နှင့်မျက်လုံးများကြည့်နေကြသည်မှာ သားရဲများနှင့် စာချုပ်တည်ထောင်ရမည်ကိုပင် မေ့လျော့နေကြသည်။ ပေထင်းဟွမ်သာရှိလျင် သူတို့သည် ရေမချိုး၊ မစားမသောက်ရလျှင်တောင် ပြဿနာမရှိသည့်ပုံပင်။

သားရဲများနှင့် စာချုပ်တည်ထောင်ခြင်းကို အစဉ်လိုက်လုပ်ဆောင်ကြ သည်။ အာရုဏ်တက်သောအခါ ကွင်းထဲမှ သားရဲများအားလုံးနှင့် စာချုပ် တည်ထောင်ပြီးလေသည်။

ကမ္ဘာပေါ်သို့ ပထမဆုံး မနက်ခင်းအလင်းရောင် ကျရောက်ချိန်တွင် ငွေရောင်အလင်းတန်းသည် ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ သားရဲနှင့် စာချုပ်တည်ထောင်ရာမှဖြစ်ပေါ်လာသော ငွေရောင်အဖွဲ့အစည်းနှင့် စွမ်းအင် စာချုပ်ကြောင့် အဆင့်တက်သွားသော ကြယ်အဖွဲ့အစည်းတို့၏ ငွေအလင်း ရောင်တို့သည် ရင်ပြင်တစ်ခုလုံးတွင် မရပ်မနားထွက်ပေါ်လာသည်။ ညလုံး ပေါက်နေခဲ့ရသည့်တိုင်အောင် ယခုအချိန်ထိ အားလုံး၏ ခံစားချက်များ တက်ကြွနေတုန်းပင်။

“ဟား ဟား ငါ့မှာလည်း သန့်စင်တဲ့သားရဲရှိသွားပြီ၊ ငါလည်း ဝိညာဉ် သခင်ကြီးဖြစ်သွားပြီ ဟား ဟား စီရင်ချက်ဗိမာန်က ဘိုးတော်တွေ လာရဲလာ ကြည့်သူတို့ကို ဘယ်လိုသတ်မလဲလို့ကြည့်လိုက်”

“ငါ့မှာလည်း သားရဲရှိသွားပြီ၊ ငါ့ဟာက ဝိညာဉ်သားရဲပဲ ငါက ကုသသူဖြစ် သွားပြီ ကောင်းလိုက်တာ”

“စီရင်ချက်ဗိမာန်က အဘိုးကြီးတွေကို နှင်ထုတ်ပြီးရင် ပိုအဆင့်မြင့်တဲ့ သားရဲတွေ အတဖမ်းရအောင်... ငါတို့သာ သားရဲဖမ်းနိုင်ရင် အချိန်မရွေး စာချုပ် တည်ထောင်အောင်လုပ်ပေးမယ်လို့ မြို့စားပြောထားတယ်”

“ဟုတ်ပြီ ငါ့ခွန်အားကို သန်မာအောင်လုပ်မှဖြစ်မယ်၊ ငါလည်း နောက်ဆို ရင် မဟာမိတ်အင်ပါယာရဲ့ တည်ထောင်သူဖခင်ကြီးဖြစ်ရမယ်”

“ဟား ဟား ဟား ငါရောပဲ အတူသွားကြတာပေါ့”

ထိုအခိုက်အတန့်တွင် မျိုးနွယ်လေးခု မျှော်စင်ဘက်တွင် နဂိုက ကြည်လင်သောကောင်းကင်ထက်တွင် အနက်ရောင်အပေါက်တစ်ခု ရုတ်တရက်ပေါ်လာပြီး မှင်ရောင်တိမ်တိုက်များသည် ထိုဦးတည်ဘက်သို့ စုဝေးကြသည်။ မိုးခြိမ်းသံများဟိန်းတက်နေပြီး ကြီးမားသောစွမ်းအင်လုံးကြီး သည် သမုဒ္ဒရာလှိုင်းလုံးကဲ့သို့ ထိုဘက်သို့လှိမ့်တက်လာသည်။ ရင်ပြင်တစ်ခု လုံးသည် လုံးဝရပ်တန့်သွား၏။ ဤအခိုက်အတန့်တွင် ရှန်းယန်မြို့တစ်ခုလုံးပင် လုံးဝဥသုန် တိတ်ဆိတ်သွားသည်။

များစွာသောပုံရိပ်များသည် ဟွမ်ချန်းဆီသို့ ပြန်ကြသည်။ ယမန်နေ့ညက ဟွမ်ချန်းတွင် လှုပ်ရှားမှု အများအပြားရှိခဲ့ရာ ဟွမ်ချန်းကိုဂရုစိုက်ကြသူများ သည် စိတ်ပူခဲ့ကြသည်။ ရှေ့မှလာသူသည် အင်ပါယာကျောင်းတော်၏ ဆရာ နန်လင်းဖြစ်ပြီး ပေထင်းဟွမ်၏အမိန့်ကြောင့် ဇာမဏီမြို့သို့ဝင်ခွင့်ရှိလေသည်။ တခြားသူများသည် အပြင်တွင်သာကျန်ခဲ့ရပြီး ဝင်ခွင့်မရှိခဲ့ပေ။

ယန်ယဲ့၏ အစေခံနှင့် သခင်တို့ အမြဲတမ်းမှီနေခဲ့သည့် ရင်ပြင်တံတိုင်း သည် 'မည်သူမှ' ဆိုသည့် ခေါင်းစဉ်နှင့် မသက်ဆိုင်တော့ပေ။

“ရှောင်ကျို့ ဘာဖြစ်တာလဲ” နန်လင်း၏ မျက်လုံးများသည် မျိုးနွယ်လေး ခု၏ မျှော်စင်ရှိရာသို့ရောက်သွားသည်။ သူသည် အာရုံခံစရာမလိုအောင်ပင် မျက်လုံးနှင့် မြင်နိုင်လေသည်။ အဘက်ဘက်မှ ကြီးမားသောစွမ်းအင်များသည် ထိုနေရာသို့ စုစည်းပြီး အခြေအနေကို ပြောင်းလဲစေသည်။ ပေထင်းဟွမ်၏ အဆင့်တက်မှုသည် ထိတ်လန့်စရာကောင်းနေပြီဖြစ်သည်။ သို့သော် သည်တစ် ခေါက်တွင် ဤမြင်ကွင်းသည် လွန်ခဲ့သည့်ရက်ပိုင်းက သူမလုပ်ခဲ့သည့်အရာ ထက်ပို၍ ကြီးမားသည်။

၎င်းသည် တစ်စုံတစ်ယောက်.. မဟုတ်ပေ များပြားသောလူများ အဆင့်တက်ခြင်းဖြစ်သည်။ သို့သော် ရာချီသောလူများ တစ်ချိန်တည်း အဆင့် တက်လျှင်တောင် နတ်သားရဲမဖြစ်သရွေ့ မိုးကြိုးဖြစ်စေမည်မဟုတ်ပေ။

ပေထင်းဟွမ်သည် ဘာပြောရမှန်းမသိတော့သဖြင့် နန်လင်း၏ လက်ထဲ သို့ ကျောက်စိမ်းပုလင်းကို ထိုးထည့်ပေးလိုက်သည် “ဆရာ၊ ဆရာမလာရင် ဆရာ့ကိုသွားရှာခိုင်းတော့မလို့၊ ဒါက ကျောင်းသားက ဆရာ့ကိုပေးတဲ့ လက်ဆောင်ပါ”

All Chapters