နတ်အဆင့်ခွဲဆေး၊ နန်လင်း၏ ကိုယ်ရံတော်
Vol. 42 Ch. 830
“ဒါက...” နန်လင်းသည် မနက်ခင်းအလင်းရောင်ရှေ့တွင် ပုလင်းကို မြှောက် ကြည့်လေသည်။ ဖောက်ထွင်းမြင်ရသောကျောက်စိမ်းပုလင်းထဲတွင် ရွှေရောင်ဖျော့ဖျော့ဆေးသည် အထဲတွင် လှုပ်ယမ်းနေသည်။ သူ၏ပါးစပ်တစ် ဝက်ပွင့်ဟနေကာ စကားပင်မပြောနိုင်တော့ပေ။ သို့သော် မည်သို့ပိတ်ရမည်ကို ပင် မသိတော့ပေ။
“ဆရာ မျိုးနွယ်လေးခုမြို့က မျိုးနွယ်လေးခုမြို့မဟုတ်တော့ဘူး၊ နောက်ဆိုရင် ဇာမဏီမြို့ဖြစ်သွားပြီ၊ ကျောင်းသားတွေက မြို့သခင်တွေဖြစ် သွးပြီ၊ ဒါက အဖွဲ့လေးခုက အကြီးအကဲတွေ အဆင့်တက်တာပဲ၊ ဒီဆေးက နတ်အဆင့်ခွဲဆေးပါ” မျှော်စင်မှ ရွှေရောင်အလင်းများထွက်လာသော မျိုးနွယ် မျှော်စင်ကိုကြည့်ရာ မျှော်စင်အထက်တွင် မည်းနက်သောတိမ်တိုက်များစုဝေး နေသည်။ အကြီးအကဲလေးယောက်၏ အဆင့်တက်မှုပြီးမြောက်တော့မည့်ပုံ ပင်။
နတ်အဆင့်ခွဲဆေးဟုတ်လား။
ပေထင်းဟွမ် နူးညံ့စွာပြောလိုက်သော စကားလုံးများသည် နန်လင်း၏ ရင်ထဲတွင် တဝဲလည်လည်ဖြစ်နေသည်။ သူသည် တည်ငြိမ်လွန်းသည်။ ပေထင်းဟွမ်သည် သူ့ကိုလိမ်မည်မဟုတ်သည်ကို သိသည်။ သို့သော် မယုံနိုင် ပေ။ ငါကိုင်ထားတာ နတ်အဆင့်ခွဲဆေးတဲ့လား။
“ရှောင်ကျို့ ဒါက တကယ်နတ်အဆင့်ခွဲဆေးလား” နန်လင်းသည် ပေထင်းဟွမ်ရှေ့တွင် တုန်ယင်သောလက်များဖြင့် နတ်အဆင့်ခွဲဆေးကို မြှောက်ပြလေသည်။ “နတ်အဆင့်ခွဲဆေးရှိတယ်လို့သာကြားဖူးတာ၊ တကယ်ရှိ နေလိမ့်မယ်လို့ ထင်မထားဘူး၊ ရှောင်ကျို့ ဒီတိုက်ကြီးမှာ အဆင့်တက်ဖို့ကို ကူညီပေးတဲ့ ဆေးကိုသန့်စင်နိုင်တဲ့ အဂ္ဂိရတ်ပညာရှင်မရှိသေးဘူး”
လူငယ်ဝိညာဉ်သခင်သည် ဘာမှမဟုတ်သလိုပြောလိုက်သော်လည်း သူ့ မျက်နှာမှအမူအရာသည် သက်သေတစ်ခုပင်ဖြစ်သည်။ သူ့ဘေးတွင်ရှိသော ဟွမ်ချန်းမှလူများသည် ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လေသည်။ သို့သော် နန်လင်း တစ်ယောက်သာ အိပ်မက်မက်နေသလိုခံစားရလေသည်။
“နတ်အဆင့်ခွဲဆေး နတ်အဆင့်ခွဲဆေး” နန်လင်းသည် အဖြူရောင်ဝတ်ရုံ ကို ဝတ်ဆင်ထားကာ သူ၏အညိုရောင်မျက်လုံးများသည် လက်ထဲရှိ ကျောက်စိမ်းပုလင်းကို စိုက်ကြည့်နေသည်။ ပြီးနောက် ရွှေရောင်တောက်ပ နေသော မျိုးနွယ်လေးခုမျှော်စင်ရှိရာဘက်သို့ကြည့်လေသည်။ မိုးပေါ်တွင် မိုးခြိမ်းသံများထွက်ပေါ်နေကာ လျှပ်စီးများရှိနေသော်လည်း မိုးကြိုးမပစ်သေး ပေ။ ၎င်းသည် နတ်သားရဲအဆင့်တက်ခြင်းမဟုတ်ဘဲ လူသားသခင်မှ နတ်ဘုရားအဆင့်သို့တက်ခြင်းဖြစ်သည်။ သံသယဝင်ဖွယ်ရာမရှိပေ။
နန်လင်းသည် အသက်ပြင်းပြင်းရှူကာ ပေထင်းဟွမ်၏ပခုံးပေါ်လက်တင် ပြီးပေထင်းဟွမ်အား လေးနက်သောအမူအရာဖြင့် ကြည့်လေသည်။ “ရှောင်ကျို့ ဒီဘဝမှာ ဆရာဂုဏ်အယူရဆုံးက အင်ပါယာကျောင်းမဟုတ်သလို ဝိညာဉ်သခင်ကြီးအထွဋ်အထိပ်ထိရောက်တာလည်းမဟုတ်ဘူး၊ မင်းက ဆရာ့ ရဲ့ အကြီးမားဆုံးဂုဏ်ပဲ၊ ဒီအတိုင်းမသိလို့ပါ ရှောင်ကျို့ ဆရာလည်း ဇာမဏီမြို့ ကိုဝင်ရင် ကြိုဆိုမှာလား”
နန်လင်းက ဇာမဏီမြို့ကိုဝင်မှာလး။ ဆိုလိုတာက ဟွမ်ချန်းမြို့တွင် နတ်ဘုရားအဆင့်နောက်တစ်ယောက်ရှိမည်ဖြစ်သည်။ ပေထင်းဟွမ်၏ ပြုံးရယ်နေသောမျက်နှာ ပွင့်လန်းပြီး သူမ၏ခန္ဓာကိုယ်ကို မနက်ခင်းအလင်း ရောင်လွှမ်းခြုံလေသည်။ ဤအခိုက်အတန့်တွင် သူမသည် ဝိညာဉ်သခင်ကြီး အဆင့်မဟုတ်ပေ။ နတ်ဘုရားထက်ပင် ပို၍သာလွန်နေသည်။ “ကောင်းလိုက် တာ ဆရာ၊ ကျွန်တော်က ဟွမ်ချန်းကိစ္စတွေကို ဂရုစိုက်ဖို့အချိန်မရှိနေတာ၊ ဆရာသာရှိရင် ကျွန်တော်စိတ်ချပါပြီ”
နန်လင်းသည် အသက်တစ်ရာကျော်ရှိပြီဖြစ်ကာ သားသမီးမရှိပေ။ ပေထင်းဟွမ်အတွက် သူသည် သာမန်ရင်းနှီးသော ဆရာတပည့်မဟုတ်ပေ။ သူသည် ပေထင်းဟွမ်ဆီသို့ အားစိုက်မှုအားလုံး မြှုပ်နှံထားသည်။
“ဟုတ်ပြီ ဒါဆို ဖြေရှင်းပြီးသွားပြီ၊ ဆရာက ဟွမ်ချန်းကိုလာမယ်၊ ဟွမ်ချန်းရဲ့ကိစ္စကြီးကြီးမားမားမဟုတ်ရင် ဆရာက ကိုယ့်ဘာသာဖြေရှင်းမှာ မလား” သူမသည် မြို့အတွင်းရှိ အဓိကတာဝန်ယူရန် အနည်းငယ်တွန့်ဆုတ်နေ ခဲ့သည်။ နန်လင်းသည် ပေထင်းဟွမ်၏ဖခင်နေရာအစားဝင်ယူရသည့်အတွက် စိတ်မကောင်းဖြစ်နေသည်။ မြို့ကိစ္စသည်လည်း သူမအတွက် ရှက်စရာဖြစ်နေ သည်။