နတ်ဘုရားအဆင့်သို့တက်ခြင်း၊ တေးသွား၏ သူတော်စင်
Vol. 42 Ch. 831
ဆရာတပည့်နှစ်ယောက်လုံးသည် စိတ်နူးညံ့သူများဖြစ်ကြပြီး နန်လင်း သည် ပေထင်းဟွမ်၏ ခံစားချက်ကို မခံစားမိသည်မှာမဖြစ်နိုင်ပေ။ သူမသည် ရှေ့သို့ခြေလှမ်းနှစ်လှမ်းတိုးကာ လက်ဆန့်ထုတ်ကာ နန်လင်း၏ရင်ခွင်ထဲတွင် ခေါင်းမြှုပ်ပြီး ကလေးတစ်ယောက်ကဲ့သို့ သူမ၏ခေါင်းကိုပွတ်သပ်လေသည်။ အနည်းငယ် သဘောပေါက်ပြီးနောက် ခေါင်းမော့လိုက်သည် “ဆရာနန်လင်း ကျေးဇူးတင်ပါတယ်”
၎င်းသည် မိဘရှေ့တွင် ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေခြင်းဖြစ်သည်။ သို့သော် လသာဆောင်တွင်ထိုင်ပြီး တံတိုင်းကိုမှီနေသော ယန်ယဲ့သည် လက်ကိုင်ကို အားပါပါဖိနေသည်မှာ အပိုင်းပိုင်းပြတ်တော့မလိုပင်။
ယန်ယဲ့၏မျက်နှာသည် အလွန်ပင်ပုပ်သိုးနေကာ ထိုအချိန်က မျိုးနွယ် လေးခုမျှော်စင်အထက်ရှိ ကောင်းကင်ထက်ပင် အဆပေါင်းရာချီ အားပြင်းမည့် အတိုင်းပင်။ ရောင်ဝါကိုမထိန်းနိုင်သဖြင့် ဝိညာဉ်လက်နက်များသည် မုန်တိုင်း ထဲမှ လွင့်နေသည့်လှေတစ်စင်းကဲ့သို့ လွင့်ပါနေသည်။ ချုံချီသည် အမြန်ပြေး လာကာ စိတ်ထဲမှ ရေရွတ်မိသည်။ သခင်လေး ၉ ဒီလိုမလုပ်လို့မရဘူးလား။ သခင့်ရှေ့မှာ တခြားယောက်ျားတွေနဲ့ မပွေ့ဖက်ပါနဲ့လား.
ကံကောင်းစွာပင် ပေထင်းဟွမ် ချွဲနွဲ့သည့်အချိန်မှာ အလွန်တိုတောင်းကာ သူမသည် နန်လင်း၏ရင်ခွင်ထဲမှ လျင်မြန်စွာနောက်ဆုတ်လိုက်သည် “ဆရာ၊ ဆေးသောက်ဖို့ မြန်မြန်နေရာရှာလိုက်ပြီး အဆင့်တက်လိုက်ပါ၊ စီရင်ချက် ဗိမာန်ကမကြာခင်လာပြီး ဇာမဏီမြို့ကိုတိုက်ခိုက်တော့မယ်လို့ သတင်းရထား တယ်”
“မကြောက်နဲ့”
နန်လင်းသည် မျိုးနွယ်လေးခုမျှော်စင်ဆီသို့ ကြည့်လေသည်။ ထိုအချိန် တွင် ပုံရိပ်လေးခုသည် မျှော်စင်ဆီမျထွက်လာသည်။ တစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်များတွင် ရွှေရောင်အလင်းတန်းများဖြင့် ဖြာထွက်နေသည်။ မနက်ခင်းအလင်းရောင်ထဲတွင် ၎င်းသည် နတ်ဘုရားများ ကမ္ဘာပေါ်သို့ ဆင်း သက်လာသည်နှင့်တူသည်။
“ဟား ဟား အဘိုးကြီးက နတ်ဘုရားအဆင့်တက်သွားပြီ”
“ကျုပ် တုန်ဖန်းလုလည်း တစ်နေ့တော့ နတ်ဘုရားအဆင့်တက်သွားပြီ”
“ဟေး ဒီဘဝမှာ အသက်ရှင်နေသရွေ့ ရမှာပဲ၊ နောက်ဆိုရင် ကျုပ်တို့ လေးယောက်က တိုးတက်ဖို့ပဲရှိတယ်”
“ဟင်း ကျုပ်မြေးကြောင့်သာမဟုတ်ရင် ခင်ဗျားတို့လူအိုကြီးတွေ ဒီနေ့ ဆိုတာရောက်လာဦးမှာလား”
“ဟား ဟား ခင်ဗျားမြေးဆိုတော့လည်း ဘာဖြစ်လဲ၊ ကျုပ်တို့ရဲ့ မြို့စားပဲ မဟုတ်ဘူးလား”
ခြေထောက်အောက်တွင် နတ်ဘုရားအဆင့်ကို ကိုယ်စားပြုသည့် ထောင့် ခုနှစ်ထောင့်ရှိသည့် ကြယ်အဖွဲ့အစည်းပေါ်လာကာ ငွေရောင်အလင်းတန်း ထွက်ပေါ်လာသည်။ သို့သော် ၎င်းသည် အားလုံးကိုယ်ပေါ်ရှိ ရွှေရောင်အလင်း တန်းကို မကျော်ဖြတ်နိုင်ပေ။ လူလေးယောက်၏ ခြေထောက်အောက်တွင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်း သန့်စင်သောဓားရှိနေသည်။ ၎င်းသည် အောက်တွင် ရေးဆွဲပြထားကာ ထိုအချိန်က လူလေးယောက်၏ သရုပ်မှန်ဖြစ် သည့် ဓားနတ်ဘုရားဆိုသည်ကို ပြသနေသည်။
ထိုအချက်ကိုကြည့်လျှင် နတ်ဘုရားအဆင့်သို့တက်ခြင်းသည် ပြီးဆုံးသွား ပြီဟု ဆိုနိုင်သည်။ လူလေးယောက်၏ ခေါင်းအထက်မှ တိမ်တိုက်မည်းများ သည် ဖြည်းဖြည်းချင်း မိုးပေါ်တွင် ပျောက်ကွယ်သွားပြီး မိုးကြိုးနှင့်လျှပ်စီးတို့ ကွဲသွားကာ ပြာလဲ့သော ကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်များသည် လူ လေးဦးပေါ်တွင် ရောင်ပြန်ဟပ်နေသည်မှာ ဇာမဏီမြို့ကို စောင့်ကြပ်မည့် သူတော်စင်လေးပါးနှင့်တူနေသည်။
ရင်ပြင်တစ်ခုလုံး ပွက်လောရိုက်ကာ အကြီးအကဲလေးယောက်သည် ဖိနှိပ်မှုကို မလွှတ်ပေ။ သူတို့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းဖျော့ဖျော့သည် အားလုံးပေါ်တွင် သန်မာသောဝိညာဉ်သက်ရောက်မှုကိုဖြစ်စေကာ ကြည့်လိုက် သည်နှင့် အားနည်းသူကို အလိုလိုဒူးထောက်ပြီး သူတို့ကိုဦးညွှတ်စေသည်။
၎င်းသည် နတ်အဆင့်ဖြစ်သည်။ နတ်ဘုရားလေးပါးသည် ဟွမ်ချန်းတွင် တစ်ချိန်တည်း ပေါ်ပေါက်လာခဲ့သည်။ ဤသတင်းသာပျံ့သွားလျှင် ဤတိုက်၏ ပုံစံတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည်။ ယန်ချန်းပင်လျှင် ဟွမ်ချန်း၏ခွန်အား ကို ပြန်ချင့်ချိန်ရမည်ဖြစ်သည်။
ဤအချိန်တွင် အကြီးအကဲလေးယောက်ကို ချစ်ခင်သောမျက်လုံးများဖြင့် ကြည့်ရင်း ရင်ပြင်ထဲမှလူများ၏စိတ်ထဲတွင် သူတို့သာ ဟွမ်ချန်းသို့ဝင်လျှင် ယနေ့လိုနေ့မျိုးရောက်လာနိုင်သည်ဟု တွေးနေကြသည်။ ယနေ့ အဖွဲ့ အကြီးအကဲလေးယောက်သည် မနက်ဖြန် သူတို့ဖြစ်နိုင်သည်။
“အကြီးအကဲတုန်ဖန်း အကြီးအကဲနန်ကုန်း အကြီးအကဲရှီမန် အဘိုး” ပေထင်းဟွမ်သည် သူတို့လေးယောက်အား လက်ယပ်ခေါ်ရာ သွားကြလေ၏။ သူတို့သည် နန်လင်းကိုမြင်သောအခါ ငါးလုံးမြောက် နတ်အဆင့်ခွဲဆေးသည် နန်လင်းကို ပေးလိုက်ပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သူတို့လေးယောက် သည် ပေထင်းဟွမ်၏ မေတ္တာကိုအလေးထားမှုနှင့် ဖြောင့်မတ်မှုကို အမှတ်ပေး မိသည်။ ပေထင်းဟွမ်ပြောလေသည် “ဆရာနန်လင်းက ကျွန်တော်တို့ ဟွမ်ချန်း ကိုဝင်လိမ့်မယ်၊ ကျွန်တော့်အမြင်ကတော့ နောက်ပိုင်းကျွန်တော် ဒီမှာမရှိရင် ဆရာနန်လင်းက ကြည့်ပေးလိမ့်မယ် အဖွဲ့အကြီးအကဲတွေရဲ့ အမြင်ကရော ဘယ်လိုလဲ”