နတ်ဘုရား၏ တောက်ပမှု၊ နတ်ဘုရားက ဒီမှာ
Vol. 42 Ch. 832
သူတို့လေးယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကြလေ၏။ သူတို့လည်း ပေထင်းဟွမ်၏ဆုံးဖြတ်ချက်ကို ကျေနပ်ကြပုံပင်။ အမှန်တကယ် ပင် ပေထင်းဟွမ်သည် ဟွမ်ချန်းတွင် တစ်သက်လုံးနေသွားရန်မဖြစ်နိုင်ပေ။ သူမ၏ အနာဂတ်ကောင်းကင်သည် ပင်မတိုက်ကြီးအတွက် အကန့်အသတ် မရှိနိုင်ပေ။ သို့သော် ပေထင်းချင်း၊ ပေထင်းကျင် သို့မဟုတ် တခြားမျိုးရိုးများ သည်လည်း မြို့စားအဖြစ်လုပ်ဆောင်ရန် မသင့်တော်ပေ။
မိသားစုကြီးလေးခုနှင့် မပတ်သက်ဖူးသော အပြင်လူဖြစ်သည့် နန်လင်း တစ်ယောက်သာ ဤရာထူးနှင့်အသင့်တော်ဆုံးဖြစ်သည်။
“ကောင်းတယ် ကျောင်းအုပ်နန်လင်း ပါဝင်လို့ရပါတယ် ကျုပ်လည်း အဲဒါ ကိုပဲမျှော်လင့်ပါတယ်” နန်ကုန်းချန်းသည် သူ၏ထင်မြင်ချက်ကို ပထမဆုံး ဖော်ပြခြင်းဖြစ်ကာ ဇာမဏီမြို့၏မြို့စားအဖြစ်သတ်မှတ်သည့်အနေနှင့် နန်လင်းအား အနည်းငယ်ဦးညွှတ်လေသည်။
နန်ကုန်းချန်သည် နန်လင်းအား မြို့စားတစ်ယောက်ကဲ့သို့ သတ်မှတ် လိုက်ရာ တခြားသုံးယောက်သည်လည်း တစ်ယောက်ချင်းစီ နန်လင်းအား အကူအညီပေးမည်ဟု ကတိပြုကြသည်။
နန်လင်းကဲ့သို့လူမျိုးကို ယန်ချန်းလို စွမ်းအားကြီးကပင် အနိုင်ယူချင်၏။ ရွှီယိ၏မြင့်မားသောရာထူးကပင် နန်လင်း၏အမြင်တွင် အနိုင်ယူရန်မဖြစ်နိုင် ပေ။ ဟွမ်ချန်း အင်အားစုသစ်တစ်ခုသည် နန်လင်းထောက်ပံ့နိုင်သည့် အရာ ဖြစ်သည်။
ပေထင်းဟွမ်ရှိလျှင် ကမ္ဘာပေါ်တွင် အခက်အခဲမရှိတော့ပေ။ နန်လင်း၏ သန်မာသောခွန်အားနှင့် သူ့အနောက်မှ အင်ပါယာကျောင်းတော်ကိုပါ တွဲဖက် လိုက်လျှင် ဇာမဏီမြို့၏တိုးတက်လာမှုမှာ အဆုံးအစမရှိသည်ကို တွေးကြည့် ၍ရသည်။
ထိုအချိန်တွင် အဘက်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်။ သို့သော် ထိုအသံသည် ပေထင်းဟွမ်ရင်းနှီးသည့် ယန်ယဲ့၏အသံမဟုတ်ပေ။ ၎င်းသည် နတ်ဘုရားတစ်ပါး ဆင်းက်လာသလိုပင်။ အားလုံးသည် ထိုအသံကြောင့် သွေးများဆူပွက်ကာ မေ့လဲလုမတတ်ပင်။
ကောင်းကင်အထက်တွင် မနက်ခင်းအလင်းပင်လျှင် ဖုံးကာလုနီးပါးဖြစ် ကာ တောက်ပသောရွှေရောင်လင်းသည် အဝေးရှိကောင်းကင်မှ တဖြည်းဖြည်း ပျံ့နှံ့သွားကာ ဇာမဏီမြို့ကောင်းကင်ကို ဖုံးအုပ်ထားကာ ကြီးမားသော ဖိနှိပ်မှု သည် ထိုရွှေရောင်အလင်းမှထွက်လာသည်။ အကြောင်းအရင်းမသိသောလူများ သည် အဖြစ်ပျက်ကိုမသိကြဘဲ ပျာယာခတ်ကာ ကြောက်ရွံ့မှုကြောင့် ခြေထောက်များပင် တုန်ယင်ကြသည်။
“ဒါက.. ဘာတွေဖြစ်နေတာလဲ”
“ဒီတိုက်ကြီးမှာ နတ်ဘုရားရှိလို့မဖြစ်ဘူးလား”
“ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းက ငါတို့နတ်ဘုရားလေးယောက်ကို ပြန်ခေါ်ချင်တာ မဖြစ်နိုင်ဘူးလား”
အကြီးအကဲလေးယောက်သည် အခုလေးတင် နတ်ဘုရားအဆင့်သို့ ရောက်နိုင်ပြိဖြစ်ရာ စီးကျို့မြို့မှလူများသည် စုဝေးပြီး အောင်ပွဲမခံရသေးခင်မှာ ပင် စိတ်ထဲတွင်ပူပန်လာကြသည်။ အကြီးအကဲလေးယောက်သည် သူတို့၏ ခေါင်းဆောင်လည်းဖြစ်ကြသည်။
“စီရင်ချက်ဗိမာန်ရဲ့ အလင်းက ပင်မတိုက်ကြီးရဲ့ နေရာတိုင်းမှာ တောက်ပနေတာ၊ ဘယ်သူကမှ မချိုးဖောက်လို့မရသလို မတော်တရော်လည်း လုပ်မရဘူး၊ ပေထင်းဟွမ် မင်းက ဘယ်လိုလုပ် ငါ့ရဲ့စီရင်ချက်ဗိမာန်က သန့်စင် သောသားတော်နှစ်ယောက်လုံးကို သတ်ရဲပြီး ငါ့ကိုစိန်ခေါ်ရဲရတာလဲ၊ ဗိမာန်က သူတော်စင်အယောက် ၂၀ ကျော်အသတ်ခံခဲ့ရတယ် ဒီပင်မတိုက်ကြီးမှာ မင်း အတွက်နေရာမရှိတော့ဘူး၊ ဒီနေ့ နတ်ဘုရားတွေကို ကိုယ်စားပြုပြီး မင်းကို အပြစ်ပေမးယ်”
အသံသည် အချိန်နှင့်နေရာကိုဖြတ်ပြီးလာကာ အေးစက်စွာနှင့် လူအများ ၏နားထဲဝင်သွားလေသည်။ ပေထင်းဟွမ်သည် ထိုအသံနှင့်မရင်းနှီးသလို အရင်ကလည်းမကြားဖူးပေ။ သို့သော် ထိုအသံသည် စီရင်ချက်ဗိမာန်၏ ခေါင်းဆောင်ဖြစ်လိမ့်မည်ဟု သိနေသည်။
ကံကောင်းစွာပင် မနေ့က ဝိညာဉ်ထောင်ချီတောင်သို့သွားပြီး ရှန့်ကျွင်း သည် နတ်အဆင့်ကိုကျော်ဖြတ်နိုင်သည်ကို သိခဲ့ရသည်။ မဟုတ်လျှင် ဤလူ ရောက်လာချိန်တွင် မပြင်မဆင်ရှိနေပါက ပေထင်းဟွမ်သည် အဖမ်းခံရမည် ဖြစ်သည်။
ဤကဲ့သို့အခြေအနေအောက်တွင် ပေထင်းဟွမ်သည် အနောက်ရှိ အကြီးအကဲလေးယောက်ကိုကြည့်ကာ ရှေ့တိုးပြီး မိုးပေါ်ရှိ ရွှေရောင်နတ် စွမ်းအားကိုကိုကြည့်လိုက်သည် “ကျိမင် မင်း စီရင်ချက်ဗိမာန်ကို အနှေးနဲ့အမြန် မီးလောင်တိုက်သွင်းရလိမ့်မယ်လို့ ငါ ပြောခဲ့တယ်နော်၊ ဒီနေ့ မင်းက ငါ့အိမ်ထိ သေလမ်းလာရှာရဲမှတော့ ငါ့ကို ရှင်းယွဲ့လေဟာနယ်မှာ ကယ်ရလိမ့်မယ်”