ကျီမင် ခင်ဗျားက ရဲတင်းလွန်းတယ်
Vol. 42 Ch. 833
မောက်မာလိုက်တာ၊ ဒါမောက်မာတာပဲ။
ကောင်းကင်ပေါ်တွင် ရွှေရောင်အလင်းဖျော့ခံနေကာ သန့်စင်မှုပေါ်လာ ပြီး ရှည်လျားသောငွေရောင်ဆံပင်နှင့် ရွှေရောင်မျက်အိမ်ရှိသော သက်လတ် ပိုင်းအရွယ်လူကြီးပေါ်လာသည်။ သူ ရောက်လာချိန်မှစပြီး သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးအလား အထင်သေးသည့်အကြည့်ဖြင့် ပေထင်းဟွမ်အား ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သလိုကြည့်လေသည်။
ဒီကောင်လေးက ပင်မတိုက်ကြီးမှာ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်နေလည်း ဘာလုပ်ရမှာလဲ။ နောက်ကွယ်မှာ ယန်းမြို့၊ အင်ပါယာကျောင်းနဲ့ ညအရှင် သခင်အိမ်တော်ရှိနေလည်း ဘာလုပ်ရမှာလဲ။ ယခုအချိန်တွင် သူရောက်လာ သည်နှင့် ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်ရောက်နေသည့် နန်လင်းပင်လျှင် သူ့ကို စကားထဲထည့်ပြောရန်မလိုသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သဘောထား နေသည်။
သူသည် ယန်ချန်းပြီးသည့်နောက် ပင်မတိုက်ကြီးတွင် ပေါ်လာခဲ့သည့် နတ်ဘုရားအဆင့်ဖြစ်သည်။ ကယ်ကျီမင်သည် ထင်ထားသလို သူ့အား ကြည့်သည့် ပင်မတိုက်ကြီးမှလူများ၏အကြည့်ထဲတွင် ထိတ်လန့်ခြင်း၊ ကြောက်လန့်ခြင်းနှင့် အားကျခြင်းများရှိမနေပေ။ အင်ပါယာ ကျောင်းတော်၏ နန်လင်း၊ မိသားစုကြီးလေးခုမှ ခေါင်းဆောင်များပင် သူ့အား ဂရုမစိုက်သည့် အကြည့်ဖြင့်ကြည့်နေကြသည်။
ဒီလောက်ခမ်းနားတဲ့အသွင်အပြင်တောင် လျစ်လျူရှုခံနေရတယ်။
ရှန့်ကျွင်းကျီမင်သည် ပင်မတိုက်ကြီးတွင် စီရင်ချက်ဗိမာန်၏ အုပ်ချုပ်သူ ဖြစ်သည်။ နှစ်ပေါင်း ၄၀၀ ကျော်ထိ ကျီမင်၏ အုပ်ချုပ်မှုအောက်တွင် စီရင်ချက် ဗိမာန်သည် အမှောင်နတ်မိစ္ဆာခန်းမကို ဖိနှိပ်နိုင်ခဲ့သည်။ နတ်မိစ္ဆာခန်းမမှ နတ်မိစ္ဆာသခင်ကြီးသည် ဤနေရာသို့ရေက်ပြီးနောက် နှစ် ၄၀၀ ကျော်သည် အထိ စီရင်ချက်ဗိမာန်၏အောက်သို့ရောက်ခဲ့သည်။
ကျီမင်သည် ၄၇၈ နှစ်ရှိပြီဖြစ်ကာ သည်တစ်ခေါက် အဆင့်မတက်နိုင် လျှင် နောက် ၂၂ နှစ်ကြာလျှင် နှစ်ပေါင်းထောင်ချီအတွင်း တိုက်ကြီးတွင် အသက် ၅၀၀ ပြည့်သည့် ဝိညာဉ်ဂိုဏ်းဖြစ်လာမည်။ အချိန်အကန့်အသတ်သို့ ရောက်သည်နှင့် သူသည် ပြာဖြစ်သွားနိုင်သည်။
အရာအားလုံးသည် ဤကောင်လေး ပေထင်းဟွမ်ကြောင့်ဖြစ်သည်။
သူမသာ စီရင်ချက်ဗိမာန်မှလူများကို မသတ်ခဲ့လျှင်၊ သူမ၏ အသုံးမကျ သော ခန္ဓာကိုယ်ကို ထူးဆန်းစွာမပျိုးထောင်လျှင်၊ လွန်ခဲ့သည့်ရက်ပိုင်းက ရှန်းယန်မြို့မှာ ကိုးရောင်နဂါးနှင့် ဇာမဏီကိုဆင့်မခေါ်ခဲ့လျင် စီရင်ချက်ဗိမာန် ကို သေလမ်းအထိပို့နိုင်မည်မဟုတ်ပေ။ သူတော်စင်မအပါအဝင် အယောက် ၂၀ နှင့်အတူ အကြီးအကဲ ၂ တို့ အသတ်ခံလိုက်ရပြီး အကြီးအကဲ ၁ သည် ထို လေဟာနယ်မှ အကူအညီတောင်းရန်အတွက် ကစဥ့်ကလျားနတ်အရင်းအမြစ် ကို သုံးလိမ့်မည်ဟု လုံးဝထင်မထားပေ။
ရှေးဒဏ္ဍာရီများတွင် ကိုးရောင်နဂါးနှင့် ဇမဏီတို့သည် ကစဥ့်ကလျားနတ် ၏ အစောင့်အရှောက်သားရဲဖြစ်သည်။
ထိုလေဟာနယ်မှလူသည် ကိုးရောင်နဂါးနှင့် ဇာမဏီတို့၏ဒဏ္ဍာရီကို ကြားပြီးနောက် လျှို့ဝှက်နည်းလမ်းဖြင့် ခွန်အားကိုနတ်ဘုရားအဆင့်ထိ တက် အောင်လုပ်လိမ့်မည်ဟု မည်သူမှထင်မထားပေ။
နတ်အဆင့်.. ယခုကစပြီး အကန့်အသတ်ကို စိုးရိမ်နေရန်မလိုတော့ပေ။ ဤလေဟာနဘ်တွင် သူသာ ယန်ချန်းမှလူနှင့် သွားမရှုပ်လျှင် သူကသာ ကောင်းကင်နှင့်မြေကြီး၏ အုပ်စိုးသူဖြစ်သည်။
ယခုလိုခမ်းနားစွာပေါ်ထွက်လာခြင်းသည် လူအုပ်ကို ခြောက်လှန့်နိုင်မည် ဟုထင်ထားသော်လည်း ပေထင်းဟွမ်ကဲ့သို့ ကလေးတစ်ယောက်၏ အထင်အမြင်သေးခြင်းကို ခံရလိမ့်မည်ဟုထင်မထားပေ။
ပေထင်းဟွမ်၏သရုပ်မှန်ကို စဉ်းစားပြီးနောက် နဂိုကကြောက်တတ် သော ကျီမင်သည် ယုံကြည်ချက်ပြန်ရှိလာသည်။ ထိုနေရာမှလူများသည် သူ အဆင့်တက်အောင် လျှို့ဝှက်နည်းဖြင့် ကူညီသည့်အပြင် ဝိညာဉ်သစ်သီးကို လည်းပေးသည်။ သူ၏ ကြယ် ၉ ပွင့်သားရဲသည် တစ်ခါတည်း အထွတ်အမြတ် သားရဲဖြစ်သွားခဲ့သည်။ သူသာ အဆင့်တက်လျှင် သူ၏သားရဲလည်း လိုက်တက် သည်။ သူသည် နတ်ဘုရားအဆင့်သို့ဝင်ပြီး နတ်ဘုရားဖြစ်လာသည်။
“ပေထင်းဟွမ် မင်းက တကယ်သေချင်နေတာပဲ”
ငွေရောင်ဆံပင်၊ ရွှေရောင်မျက်လုံးနှင့်လူသည် သည်းမခံနိုင်တော့ပေ။ လေဟာနယ်ထဲတွင် ကောင်းကင်သည် ကွဲလာသည်။ သူသည် လက်ဆန့်ထုတ် ကာ ပေထင်းဟွမ်အား ဆုပ်ကိုင်လိုက်သည်။ ၎င်းသည် နတ်ဘုရားအဆင့်၏ ခွန်အားဖြစ်ကာ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို လျစ်လျူရှုကာ အချိန်နှင့် နေရာကို စွဲဖြဲပြီးတိုက်ခိုက်လေသည်။
“ကျီမင် ခင်ဗျားက ရဲတင်းလွန်းတယ်”