စီရင်ချက်ဗိမာန်၏နတ်ဘုရားနှစ်ပါး
Vol. 42 Ch. 834
ပေထင်းဟွမ်လုံးဝမရှောင်သည်ကိုမြင်သောအခါ ပေထင်းဟွမ်သည် ကြောက်လန့်လွန်း၍ အ,သွားသည်ဟု ကျီမင်တွေးလိုက်သည်။ ထိုအချိန်တွင် အနည်းငယ် အိုမင်းသောလက်သည် ကျီမင်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင် လေသည်။ ကျီမင်၏မျက်လုံးထဲတွင် အချိန်နှင့်နေရာကို ခွဲလိုက်သော်လည်း ထိုလက်သည် သူ့မျက်စိရှေ့သို့ရောက်လာခဲ့သည်။
ရွှေရောင်နတ်စွမ်းအား၊ နတ်အဆင့်နောက်တစ်ယောက်ပင်။
ကျီမင်သည် မျက်လွှာများပင့်ပြီး ထိုနတ်အဆင့်အားကည့်လိုက်သည်။ ရွှေရောင်မျက်အိမ်ထဲတွင် ဖော်မပြနိုင်သော ထိတ်လန့်မှုရှိနေသည်။ နတ်ဘုရား အဆင့်လား။ ဘယ်တုန်းကဖြစ်သွးတာလဲ။ အဘိုးကြီးပေထင်းချင်းက အဆင့် တက်သွားပြီလား။ ဘယ်တုန်းကဖြစ်သွားတာလဲ။ ကျီမင်သည် လက်ကို ပြန်ရုတ်ဖို့ကိုပင် မေ့လျော့ကာ သူ့မျက်လုံးထဲမှ ကြောက်လန့်မှုသည် အံ့အား သင့်မှုအဖြစ်ပြောင်းသွားလေသည်။ “ခင်ဗျားက ဝိညာဉ်ဂိုဏ်းအတားအဆီးကို ကျော်ဖြတ်နိုင်ပြီး နတ်ဘုရားအဆင့်တက်သွားပြီလား၊ ဒါက ဒါက မဖြစ်နိုင် လိုက်တာ”
ယန်ချန်းမှလူများမှလွဲပြီး ပင်မတိုက်ကြီးတွင် နတ်ဘုရားအဆင့်သို့ တက်နိုင်သူမရှိဟု ထိုလေဟာနယ်မှလူများပြောခဲ့သည်။
“မဖြစ်နိုင်တာဘာမှမရှိဘူး၊ ခင်ဗျားတောင်မှ အဆင့်ကျော်ဖြတ်နိုင် မှတော့ အဘိုးကြီးက မဖြတ်နိုင်စရာလား” နတ်အဆင့်ချင်း ထိပ်တိုက်တွေ့မှု သည် တောင်နှင့်ပင်လယ်များကို လှုပ်ယမ်းလိုက်သလိုပင်။ ပေထင်းချင်းသည် ဇာမဏီမြို့ကို စစ်မြေပြင်ဖြစ်စေလိုသဖြင့် ရုတ်တရက် လက်ကိုရုတ်လိုက်၏။ ပြီးနောက် ခန္ဓာကိုယ်ဖြင့် သူ၏မြေးကိုအနောက်သို့ကာလိုက်သည် “ကျီမင် ခင်ဗျား အရင်ပြန်သင့်တယ်၊ ဒီအဘိုးကြီးရဲ့မြေးကိုထိဖို့က မဖြစ်နိုင်ဘူး၊ ခင်ဗျား ရဲ့မွေးစားသားက ဒီမြေးရဲ့လက်ထဲမှာသေသွားခဲ့တာ၊ သူ အသက်တိုတာကိုပဲ အပြစ်သွားတင်လိုက်”
ဤလူများ ပျာယာမခတ်သည်မှာ မထူးဆန်းတော့ပေ။ သူတို့ထဲတွင် နတ်ဘုရားအဆင့်ရှိနေခြင်းကြောင့်ပင်။ သူမှတ်မိသလောက်ဆိုလျှင် ပေထင်းချင်း၏ သားရဲသည် သာမန်သားရဲဖြစ်ကာ အထွတ်အမြတ်သားရဲ မဟုတ်ပေ။ နတ်ဘုရားအဆင့်သို့ တက်သွားလျှင်တောင် သားရဲသည် အထွတ်အမြတ်သားရဲမဖြစ်နိုင်ပေ။
“ရင်ပင်း ထွက်လာခဲ့”
ငွေရောင်ဆံပင်၊ ရွှေရောင်မျက်လုံးနှင့် လူသည် ပေထင်းချင်း၏ လှုပ်ယမ်း ခြင်းကိုခံလိုက်ရသဖြင့် သူ့ခန္ဓာကိုယ်သည် လေထဲတွင်လည်သွားသည်။ သူသည် စိတ်တိုတိုနှင့် အေးစက်စွာအော်လိုက်သည်။ သူ့ခြေထောက်အောက် တွင် နတ်ဘုရားအဆင့်သင်္ကေတ ငွေရောင်ခုနစ်ထောင့်ပါသော ကြယ် အစီအရင် ပေါ်လာသည်။ ရွှေရောင်ဖျော့ဖျော့ နတ်စွမ်းအားထွက်ပေါ်လာပြီး ငွေနှင့်ရွှေရောင်အလင်းတန်းများ သူ့ပတ်ပတ်လည်တွင် ရောယှဥက်ကာ ငွေ ရောင်ဆံပင်နှင့် ယောက်ျားတစ်ယောက်ပေါ်ထွက်လာသည်။ ထိုလူမှာ ရှည်လျားကျဉ်းမြောင်းသည့် ဇာမဏီမျက်လုံးများရှိပြီး တစ်ကိုယ်လုံးမှာ အလွန်အေးစက်ပြီး လေအေးများထုတ်လွှတ်နေသည်။
ပေထင်းဟွမ်၏အားကောင်းသော ဝိညာဉ်စွမ်းအားသည် ထိုသားရဲ၏ ခွန်အားကို မခံစားနိုင်ပေ။ ထိုသားရဲသည် သေချာပေါက်ပင် နတ်ဘုရားအဆင့် သားရဲဖြစ်နိုင်သည်။
ကျီမင်ရဲ့ ဝှက်ဖဲက ဒါကိုး။ နတ်ဘုရားအဆင့်နှစ်ယောက်နဲ့ဆိုရင် လွှမ်းမိုး နိုင်ပြီလို့ထင်နေတာလား။
ပေထင်းဟွမ်၏နှုတ်ခမ်းသည် ကွေးတွန့်သွားသည်။ သူမ နောက်ဆုတ် သည်နှင့် တုန်ဖန်းလုနှင့်တခြားသူများရှေ့တက်ကြသည်။ အကြီးအကဲလေး ယောက်သည် အတွေ့အကြုံရင့်သန်သူများဖြစ်သည်။ ဤအချိန်မှ သားရဲကို ဆင့်ခေါ်သည့် ကျီမင်၏ရည်ရွယ်ချက်ကို နားလည်ကြသည်။ ဇာမဏီမြို့၏ ကောင်းကင်မှာ ဘေးကင်းရမည်။
“နတ်အဆင့်သားရဲလား”
ပေထင်းချင်းသည် နှာမှုတ်လေသည် “ကျီမင်.. နတ်အဆင့်သားရဲက ကောင်းလွန်းပြီလို့ထင်နေတာလား၊ ဒီကိုတစ်ယောက်တည်းလာရဲတာ သေရေး ရှင်ရေးကို မသိတာလား”
ပေထင်းချင်းသည် ဘာကြောင့်ဤမျှထောင်လွှားနေသလဲဆိုသည်ကို ကျီမင်မသိပေ။ သူသည် ပေထင်းဟွမ်၏ထောင်လွှားမှုသည် မိသားစုမှ ဆက်ခံ ထားခဲ့သည်ကို နားလည်ထားသည်။ ထို့ကြောင့် အေးစက်စွာနှာမှုတ်လိုက်၏ “ပေထင်းချင်း ခင်ဗျားက အသက်တစ်ဝက်လောက်ပဲနေရသေးတယ် နတ်ဘုရားအဆင့်ဖြစ်သွားမယ်လို့ ထင်မထားဘူး၊ ခင်ဗျားက အမြင်မရှိတာပဲ၊ ဒီလူကြီးလူကောင်းရဲ့သားရဲက နတ်အဆင့်သားရဲဖြစ်နေပြီ ဒီနေ့ ခင်ဗျားက နတ်ဘုရားအဆင့်ဖြစ်ရင်တောင် ခင်ဗျားရဲ့အဘိုးအဘွားတွေကိုသတ်ပြီး မျိုးနွယ်လေးခုမြို့တစ်ခုလုံးကို မြေမြှုပ်ပေးလိုက်မယ်”
စကားဆုံးသည်နှင့် ကျီမင်၏ နတ်စွမ်းအင်သည် တစ်ကိုယ်လုံးမှထွက် လာကာ နေရောင်ကဲ့သို့ ရွှေရောင်ဖျော့ဖျော့အလင်းတန်းတောက်ပလာကာ သူ့ဘေးမှ ရေခဲနှင့်တူသောလူသည် အလင်းဖြစ်ပြောင်းပြီး သူ့ဆီသို့တိုးဝင်သွား လေသည်။ ကျီမင်၏ခန္ဓာကိုယ်အား ချပ်ဝတ်တန်ဆာအဖြစ် တန်ဆာဆင်လိုက် သည်။ နတ်အဆင့်တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာသည် အထွတ်အမြတ်သားရဲ ချပ်ဝတ်တန်ဆာထက် အဆပေါင်းများစွာ ထူးခြားပြီး ခမ်းနားသည်။ သူသည် နေကဲ့သို့ အားလုံး၏ဦးခေါင်းထက်တွင် ချိတ်ဆွဲနေ၏။
လက်မောင်းသည် မခံနိုင်လောက်အောင် နာကျင်ကာ နောက်ဆုံးည လယ်တွင် နိုးထလာသည့်အလားပင်။ ဒါတော်တော်ကြိုးစားထားတာပဲမဟုတ် ဘူးလား။ လာ ချီးကျူးပါဦး။