ဒီအဘိုးကြီးတစ်ယောက်ပဲ နတ်ဘုရားပါလို့ ဘယ်သူ ပြောလဲ
Vol. 42 Ch. 835
လေထုသည် ကွဲထွက်တော့မည့်အတိုင်း ကြီးမားသောဖိအားသည် တောင်ကြီးတစ်ခုကဲ့သို့ ရင်ပြင်အထက်ရှိကောင်းကင်ကို ဖုံးကာလေသည်။ အားလုံး၏မျက်လုံးများသည် မိုးပေါ်ရှိလူများဆီသို့ရောက်နေကြသည်။ သို့သော် အားလုံး၏မျက်လုံးထဲတွင် အထင်သေးသည့်အကြည့်သည် ဟာသ တစ်ခုကိုကြည့်နေရသလိုပင်။
“ကျီမင် ဘာအကူအညီမှမပါဘဲ ကျုပ်တို့ကို ရန်သူဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားတာလား” ပေထင်းချင်းသည် နောက်ဆုံးအကြိမ်အတည်ပြုကာ ကျီမင်အား သနားစွာဖြင့် ကြည့်လေသည် “ကျုပ်သားသေသွားရင် ပြန်မွေးဖွား လာနိုင်တယ်၊ နတ်ဘုရားအဆင့်တက်ဖို့ကမလွယ်တာ ဘာလို့ အသက်ကို တန်ဖိုးမထားမှာလဲ”
နတ်ဘုရားအဆင့်သို့ရောက်ပြီးနောက် ကျင့်ကြံခြင်းသည် ဝိညာဉ် စွမ်းအား ဖြစ်လာသည်။ ကျီမင်သည် ယွမ်လီမှ ရှန့်လီသို့ ကူးပြောင်းခဲ့ရာ သူ၏ ဝိညာဉ်စွမ်းအားသည် မလုံလောက်ခြင်းမဟုတ်ပေ။ ပေထင်းချင်း၏ မျက်လုံးထဲ မှ သနားသည့်အကြည့်ကို သူနားလည်သည်။ ၎င်းသည် သူ့ကိုစော်ကားနေခြင်း ဖြစ်ကာ 'ဟင်း ငါ့နတ်ဘုရားက မွန်မြတ်တယ်' ဟုပြောနေသည့်အလားပင်။ အလင်းအောက်တွင် ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်သုံးယောက်နှင့် နတ်အဆင့် တစ်ယောက်သည် နတ်အဆင့်နှစ်ယောက်ကို ယှဉ်နိုင်မည်မဟုတ်ပေ။ “မင်းတို့ သုံးယောက်က နတ်ဘုရားအဆင့်ကို တော်တော်နားမလည်တာပဲ”
ကျီမင်၏ ပါးစပ်ထဲမှ "သုံးယောက်" ဆိုသည်မှာ တခြားအကြီးအကဲသုံး ယောက်ဖြစ်သည့် တုန်ဖန်းလု၊ ရှီမန်ကျင်နှင့် နန်ကုန်းချန်းကိုရည်ညွှန်းလေ၏။
သူတို့သုံးယောက်က နတ်ဘုရားနဲ့မတူလို့လား။ သူတို့သုံးယောက်သည် ရယ်မောကာ နန်ကုန်းချန်သည်လည်း ခွင့်မလွတ်နိုင်ပေ “ကျီမင် ခင်ဗျားက နတ်ဘုရားအဆင့်ရောက်တာနဲ့ ဟုတ်လှပြီထင်နေတာလား၊ ကျုပ်မှာ နတ် အဆင့်သားရဲမရှိပေမဲ့ ခင်ဗျားကို ရိုက်နိုင်သေးတယ်”
နတ်ဘုရားအဆင့်သည် မုန်လာထုပ်၊ ဂေါ်ဖီထုပ်မဟုတ်ပေ။ ကျီမင်သည် နန်ကုန်းချန်းကြောင့် ငိုမ့မဲ့ဖြစ်ကာ စိတ်ဆိုးမာန်ဆိုးနှင့် အံကြိတ်ပြီး ဤအဘိုး ကြီးလေးယောက်ကို ကျိုးကန်းအောင်လုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားကာ ခေါင်းညိတ်ပြီး ပြောလိုက်သည် “ဟုတ်ပြီ အရမ်းကောင်းတယ် ကျုပ်ကြည့်ချင် သေးတယ်၊ ခင်ဗျား ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်က ကျုပ်ကိုနိုင်မလားလို့”
“ဝိညာဉ်ဂိုဏ်းထိပ်ဆုံးဆင့်ဟုတ်လား၊ ဒီအဘိုးကြီးက ဝိညာဉ်ဂိုဏ်းထိပ် ဆုံးအဆင့်လို့ ဘယ်သူပြောလဲ”
တိုက်ပွဲမလွဲဧကန်ဖြစ်တော့မည်ကို နန်ကုန်းချန်းမြင်နေရက ဇာမဏီမြို့ သည် ပျက်စီးသွားလျှင် ပြန်ဆောက်နိုင်သည်။ သို့သော် သိက္ခာကျသွားလျှင် တော့ ကမ္ဘာကြီး၏အထင်အမြင်သေးခြင်းကိုခံရမည်။ သူတို့လေးယောက်သည် နတ်စွမ်းအင်ထုတ်ကာ မိုးပေါ်သို့ပျံသွားရာ ရွှေရောင်ဖျော့ဖျော့ နတ်စွမ်းအင် သည် သူတို့အား လွှမ်းခြုံလေသည်။ သူတို့သည် ရွှေရောင်နေလုံးကဲ့သို့ ဇာမဏီ မြို့တစ်ခုလုံးကို ရောင်ပြန်ဟပ်လေသည်။
ကျီမင်သည် ထိတ်လန့်သွားသည်။ နတ်ဘုရားအဆင့် လေးယောက်လား။ သူသည် ပေထင်းချင်း၏ နတ်အဆင့်ကို ထိတ်လန့်နေပြီဖြစ်သော်လည်း နတ် အဆင့်လေးယောက် တစ်ခါတည်းပေါ်လာခဲ့သည်။
ဒီတိုက်ကြီးမှာ ယန်ချန်းက သူတော်စင်တွေကလွဲပြီး နတ်ဘုရားအဆင့် ကို တက်နိုင်တဲ့သူတွေမရှိဘူးလို့ မပြောခဲ့ဘူးလား။ အခုမှရုတ်တရက်ကြီး နတ် အဆင့်တက်သွားတာ ဘာအဓိပ္ပာယ်လဲဆိုတာ သူ့ကိုဘယ်သူပြောနိုင်မလဲ။
ပေထင်းဟွမ်၏နှုတ်ခမ်းများသည် အနည်းငယ်ကွေးတွန့်သွားသည်။ သူမသည် လက်ပိုက်ရပ်ကာ ကောင်းကင်သို့ကြည့်နသည်။ သို့သော် သူမသည် အထင်သေးသောအကြည့်ဖြင့် ကောင်းကင်ကို ကြည့်နေခြင်းပင်။ သူသည် နတ်အဆင့်သားရဲတိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာကိုဝတ်ထားသည်။ အစက သူသည် အနိုင်မခံအရှုံးမပေးသည့်ပုံပေါက်သော်လည်း ယခုအခါ စိတ်ဓာတ် ကျနေပုံပင်။ ပေထင်းဟွမ်သည် နှာမှုတ်ပြီးပြောလေသည် “ကျီမင် နတ်ဘုရား အဆင့်လေးယောက် ခင်ဗျားတို့ နတ်ဘုရားအဆင့်နှစ်ယောက်နဲ့ တိုက်ခိုက်ရမှာ ဒီလောက်ဆို မျက်နှာသာပေးတာမဟုတ်ဘူးလား၊ နတ်ဘုရားအဆင့်လား၊ ကျုပ်တို့ဇာမဏီမြို့မှာအများကြီးရှိတယ် နောက်ဆိုရင် ပိုများလာမှာပဲရှိတယ် ဒီနေ့က မွေးနေ့လည်းရောက်တော့မှာဆိုတော့ ခင်ဗျားသာ ဉာဏ်ရှိရှိနဲ့ နောက် ဆုတ်မယ်ဆိုရင် ခင်ဗျားအသက်ကို သက်ညှာပေးမယ်၊ မဟုတ်ရင် ရှန်းယန်မြို့ က အခေါင်းဆိုင်က ခင်ဗျားအတွက်ဖြစ်လိမ့်မယ်”
လူငယ်သည် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး အေးစက် သည်။ သူသည် မနက်ခင်းလေအကြားတွင် အနည်းငယ်ပိန်ပါးသော်လည်း တောင်တစ်လုံးကဲ့သို့ ခမ်းနားသည်။ ကျီမင်သည် သူမအား အထင်သေးသော် လည်း သူမ၏အဟုန်ကြောင့် ထိတ်လန့်တုန်းပင်။ သည်တစ်ကြိမ်တွင် ကျီမင်၏ မျက်လုံးများသည် ဒေါသကြောင့် ဖြူဖျော့နေပြီး အကြီးအကဲလေးယောက်ဆီမှ ထွက်လာသော နတ်အဆင့်အလင်းကိုကြည့်နေသည်။ သတို့သည် အချိန်မရွေး တိုက်ခိုက်လာနိုင်သည်ကိုတွေးပြီး ကျီမင်သည် စိတ်ငြိမ်ငြိမ်ထားရသည်။
ပြိုင်ဘက်သည် နတ်ဘုရားအဆင့်လေးယောက်ဖြစ်ကာ သူသည် နတ် အဆင့်၏ခွန်အားကို ကောင်းကောင်းသိသည်။ နတ်အဆင့်လေးယောက်နှင့် ရင်ဆိုင်ရသည်မှာ ရင်ပင်း၏အကူအညီပါလျှင်တောင် အနိုင်ရနိုင်ခြေမရှိပေ။