← Chapters

ဂုဏ်ပြုဖို့လာကြတဲ့ အဖွဲ့အစည်းသုံးခု

Vol. 42 Ch. 836

ဂုဏ်ပြုဖို့လာကြတဲ့ အဖွဲ့အစည်းသုံးခု

Vol. 42 Ch. 836

ထိုအချိန်တွင် ရင်ပြင်ထဲ၌ ဇာမဏီမြို့၏အစောင့်များဆီမှ အသံတစ်သံ ထွက်ပေါ်လာသည် “မြို့စားကိုသတင်းပို့ပါတယ်၊ ယန်ချန်းရဲ့အကြီးအကဲကြီး က ဟွမ်ချန်းမြို့တည်ထောင်တာကို ဂုဏ်ပြုဖို့ ကိုယ်တိုင်လူတွေခေါ်လာတယ်၊ အမှောင်နတ်မိစ္ဆာခန်းမရဲ့ အမှောင်တမန်တော်ကလည်း ဇာမဏီမြို့ တည်ထောင်တာအတွက် ဂုဏ်ပြုဖို့ရောက်လာပါတယ်၊ ညအရှင်သခင်ရဲ့ ရထားလုံးကလည်း မြို့စားကိုတွေ့ဖို့ပြောနေပါတယ်”

ထိုအားကောင်းသောအဖွဲ့အစည်းသုံးခု အတူရောက်လာကြသည်။ ကျီမင်သည် ဟွမ်ချန်းတည်ထောင်သည်ကို ယခုချိန်ထိမသိခဲ့ပေ။ သို့သော် အားကောင်းသော အဖွဲ့သုံးဖွဲ့သည် ဂုဏ်ပြုရန်အတွက် အရေးအကြီးဆုံးလူများ ကို စေလွှတ်ပေးခဲ့သည်။ ထိုအင်အားစုသုံးခုသည် ပေထင်းဟွမ်အား မည်မျှ အာရုံစိုက်ထားကြောင်း ပေါ်လွင်လွန်းသည်။

အဖွဲ့အစည်းသုံးခုသည် ပြည်မကြီးတွင် လူသိများသောအင်အားစုများဖြစ် ကြသည်။ ယန်ချန်းမြို့၏အကြီးအကဲကြီးသည် နတ်ဘုရားအဆင့်ရောက်နေပြီ ဟု နာမည်ထွက်နေသလို နတ်မိစ္ဆာခန်းမသည်လည်း ညအရှင်အိမ်တော်နှင့် ပတ်သက်ခြင်းမရှိပေ။ ညအရှင်အိမ်တော်၏ ညအရှင်၏ခွန်အားကိုလည်း ယခုချိန်ထိ ပင်မတိုက်ကြီးတွင် မည်သူကမှမသိကြပေ။

ထိုအချိန်တွင် သူတို့အားလုံးသည် လူတစ်ယောက်တည်းအတွက် လာကြ သည်။

ပေထင်းဟွမ်အား အရိုးထဲထိမုန်းတီးနေသော စီရင်ချက်ဗိမာန်၏ သခင် ရှန့်ကျွင်းကျီမင်သည် လက်ရှိအချိန်တွင် ဤလူငယ်ကို ထိုးဖောက်မမြင်နိုင်ပေ။ သူမရဲ့သရုပ်မှန်ကဘာလဲ။ ပြည်မကြီးက အင်အားကြီးတွေက ဒီလောက် အာရုံ စိုက်အောင်လုပ်နိုင်တာ ဘယ်လိုအစွမ်းအစတွေများရှိနေလို့လဲ။

သူမ၏အဆင့်အတန်းသည် အမြင့်ဆုံးသားရဲထိန်းပါဟု ပြောလျှင် ယန်းမြို့တွင် ထိန်းကျောင်းပြီးသား သားရဲများလိုအပ်ခြင်းမရှိသလို ညအရှင် အိမ်တော်တွင်လည်း သားရဲထိန်းရှိသည်။

“သခင်ကျီမင်က ကျုပ်တို့ထက်စောနေလိမ့်မယ်လို့ထင်မထားဘူး၊ ကြည့်ရတာ အဘိုးကြီး အစောကြီးထတာထင်တယ် ဒါပေမဲ့ နောက်ကျတုန်းပဲ”

မိုးပေါ်တွင် ပန်းသုံးပွင့် ထိုးထားသည့် အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထား သော အဘိုးကြီးတစ်ယောက် ပျံလာသည်။ သူပေါ်လာသည်နှင့် ပေထင်းဟွမ် အား လေးစားသည့်အကြည့်များနှင့် ဦးညွှတ်လေသည်။ ကျီမင်၏ရှေ့တွင် ဖြတ်လျှောက်သွားပြီး ကောင်စီအကြီးအကဲ ၄ ယောက်အားပြုံးပြီးပြောလေ၏ “ဟွမ်ချန်းမြို့တည်ထောင်တဲ့သတင်းက တရားဝင်မကြေညာရသေးပေမဲ့ သခင် ကျီမင်က သိနေတ့ပုံပဲ၊ ကိုယ်တိုင်တောင် လာဂုဏ်ပြုတာ ဒီအဘိုးကြီးတောင် အံ့ဩသွားတယ်”

ဂုဏ်ပြုတယ်ဟုတ်လား။ ဘာကိုဂုဏ်ပြုတာလဲ။ ကျီမင်သည် ဒေါသနှင့် ပေါက်ကွဲတော့မလိုဖြစ်ကာ သူ၏ အနည်းငယ်ဖြူဖျော့နေသောမျက်နှာသည် တောင်ပေါ်ထက်ပင် စိမ်းမြနေကာ အေးစက်စွာနှာမှုတ်လေသည် “ယန်းမြို့က အတွင်းအကြီးအကဲကြီးကိုယ်တိုင်ရောက်လာလိမ့်မယ်လို့ထင်မထားဘူး၊ ဒီ လူကြီးလည်း အံ့ဩရပါတယ်၊ ယန်းမြို့မှာ သခင်ပေထင်းဟွမ်ရဲ့ သရုပ်မှန်က ဘာလဲမသိဘူး၊ အကြီးအကဲကြီးက ရှင်းပြပေးပါဦး”

အကြီးအကဲကြီးသည် ခေါင်းလှည့်ပြီး ပေထင်းဟွမ်အားကြည့်လေသည်။ သူ၏လွှမ်းမိုးနိုင်သောမျက်လုံးများသည် သည်တစ်ခေါက်တွင် နူးညံ့နေပြီး သဲ့သဲ့ပြုံးလေသည် “သခင်ရှန့်ကျွင်းက မေးခွန်းကောင်းသွားတာပဲ၊ နောက် နှစ်လခွဲနေရင် ယန်းမြို့မှာ အစည်းအဝေးပွဲကြီးရှိလိမ့်မယ်၊ အဲဒီအစည်းအဝေး မှာ မြို့စားကိုယ်တိုင်ပဲ ယန်းမြို့မှာ သခင်ပေထင်းဟွမ်ရဲ့ သရုပ်မှန်ကို ကြေညာ ပေးပါလိမ့်မယ်၊ သိချင်တယ်ဆိုရင်တော့ အဲဒီကို ကိုယ်တိုင်သွားလိုက်ပါ”

ဘာ...

အကြီးအကဲကြီး၏ စကားဆုံးသည်နှင့် ပေထင်းဟွမ်ပင် ထိတ်လန့်သွား လေသည်။ သူမက ဘယ်လိုလုပ် ဒီလိုကိစ္စကြီးကို မသိရတာလဲ။ သူမ ပထမဆုံး စဉ်းစားမိသူမျာ ယန်ယဲ့ဖြစ်သည်။ ဒီလူကြီးပဲဖြစ်ရမယ်၊ သူမ နောက်ကွယ်မှာ ဒီလူကြီးဘာတွေလုပ်နေတာလဲ။

စူးရှသောမျက်လုံးများသည် ချည်းကပ်လာသောရထားလုံးဆီသို့ရောက် သွားကြသည်။ သိုသိုသိပ်သိပ်နှင့် ခမ်းနားသောအနက်ရောင်ရထားလုံးကို ငွေရောင်ဦးချိုမြင်းတစ်ကောင်မှဆွဲလာပြီး တဖြည်းဖြည်းနှင့် ပေထင်းဟွမ်ရှိ သည့်နေရာသို့ ချည်းကပ်လာသည်။ ရထားလုံးနောက်တွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူလေးယောက်သည် တစ်လှမ်းအကွာမှ ထပ်ကြပ်မကွာ ရောက်လာသည်။ သို့သော် သူသည် ရထားလုံးကို မဖြတ်ရဲပေ။

ပေထင်းဟွမ်သည် ရင်းနှီးနေသော ထိုလူလေးယောက်ကိုကြည့်လိုက်၏။ သူတို့ကို တော်ဝင်လေလံပွဲတွင် တွေ့ရသည်မှာ အားမထုတ်ခဲ့ရဟုပင် ဆိုနိုင် သည်။ သူတို့သည် သူတို့၏နတ်မိစ္ဆာဘုရင်ကို အစားထိုးကာ ပေထင်းဟွမ် ရောင်းခဲ့သည့် နတ်သားရဲအတွင်းအမြုတေကိုယူပြီး နောက်ဆုံးတွင် အလှည့်အပြောင်းလုပ်ကာ သူမဆီသို့ ပြန်ပေးခဲ့သည်။

သူတို့လေးယောက်သည် ခန္ဓာကိုယ်ကို ဝတ်ရုံဖြင့် တင်းကြပ်စွာ အုပ်ထား သော်လည်း သန်မာသောရောင်ဝါသည် လူအများကိုအထင်မသေးရဲအောင် ဖြစ် စေသည်။

All Chapters