မီးတောက်ည၏ခြိမ်းခြောက်မှု
Vol. 42 Ch. 837
ပေထင်းဟွမ်၏ အကြည့်သည် ချွန်ထက်သည့်မြားအလားပင်။ ယန်ယဲ့ သည် ထိုအရာကို ရထားလုံးတွင်းမှ ရှင်းလင်းစွာ ခံစားမိသဖြင့် ပြုံးပြီး ခေါင်းခါ မိသည်။ သူသည် သူမဆီမှ မည်သည့်သရုပ်မှန်ကိုမှ မဖုံးကွယ်ချင်ပေ။ သူမ မေးလျှင် သူ အရာအားလုံးကိုပြောပြနိုင်သည်။ သို့သော် သူမသည် သူနှင့် ပတ်သက်ပြီး ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့သလိုပင်။
ရထားလုံးရပ်သွားပြီး ကျောက်စိမ်းနှင့်တူသော လက်တစ်ဖက်ထွက်လာ သည်။ လက်ချောင်းများသည် ကြက်သွန်မြိတ်ကဲ့သို့ ဖြူနေပြီး ပုလဲနှင့် ကျောက်စိမ်းကဲ့သို့ တောက်ပနေသည်။ မိန်းကလေးများပင် ထိုလက်ချောင်း များကို မြင်လျှင် အားကျပြီးမုန်းနိုင်သည်။ သူ့လက်နှင့် ရထားလုံး၏ ကန့်လန့်ကာကိုမ,တင်လိုက်သည်နှင့် ခရမ်းရောင်ဝတ်ရုံပေါ်လာသည်။ ရွှေချည် နှင့် ထိုးထားသည့် ပွင့်ဖတ်ကိုးချပ်ပန်းသည် နေရောင်အောက်တွင် ရွှေရောင် တောက်ပနေရာ လူအများကို တည့်တည့်ကြည့်ရန် ကြောက်သွားစေသည်။
ခွန်အားနိမ့်သောဝိညာဉ်သခင်များသည် ဤအချိန်တွင် ခေါင်းများငုံ့ကာ သခင်၏ဝတ်ရုံကို မကြည့်ရဲလောက်အောင်ဖြစ်စေသည်။
ပေထင်းဟွမ်သည် မျက်လုံးကိုမှေးကြည့်ကာ ကျိန်ဆဲမိသည်။ ဒီလူကြီးက ဒီလိုမျိုး ကလူသလိုမျိုးလုပ်တာ ဘယ်တော့မှရပ်မှာလဲ။ ထိုရောင်ဝါသည် သန်မာလွန်းသည်။ သူမ၏အရင်ဘဝတွင် အရေးကြီးသည့်လူများစွာတွေ့ဖူးခဲ့ ရာ ဤလူကဲ့သို့လူမျိုးမရှိခဲ့ပေ။
ပုလ္လင်ပေါ်တွင်ထိုင်လျှင် သူသည် ဧကရာဇ်တစ်ပါးနှင့်မတူပေ။ သို့သော် ယန်ယဲ့သည် အမတကမ္ဘာမှ နတ်ဘုရားနှင့်တသည်။
ဤလူသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ပေါ်ထွက်လာရာ သူ့ကို လျစ်လျူရှုရန် ခက်ခဲသည်။
သူ၏မျက်လုံးရှေ့တွင် တောင်နှင့်မြစ်များပန်းချီကဲ့သို့ မျက်နှာတစ်ခု ပေါ် လာသည်။ နေရောင်အောက်တွင် ခရမ်းရင့်ရောင်သည် အနည်းငယ်ဖျော့တော့ သွားကာ သူ၏မျက်ခုံးနှင့်မျက်လုံးများကို ကွေးတွန့်သွားစေကာ ခရမ်းရောင် မျက်လုံးထဲမှ တောက်ပမှုသည် ဖော်မပြနိုင်လောက်အောင်ပင်။
“သခင်ကျီမင်က ကိုယ်တိုင်လာတယ်လို့ကြားတော့ ဒီသခင်ကြီးကလည်း ထိုင်နေလို့မရတော့ဘူးလေ၊ စီရင်ချက်ဗိမာန်က ဇာမဏီမြို့ကသခင်ကြီးကို ဆူးငြောင့်ခလုတ်လိုမျိုး သဘောထားတယ်လို့ကြားတော့ ကျုပ်အမြန်လာခဲ့ရ တာပဲ၊ ပင်မတိုက်ကြီးမှာ မြို့ကိုသွေးနဲ့စတေးရတယ်လို့ ပြောကြတယ်လေ၊ ဒီ သခင်ကြီးက အနှစ် ၂၀ ကျော်နေလာခဲ့ပြီ နတ်ဘုရားအဆင့်ရဲ့ သွေးကဘယ်လို မျိုးလဲဆိုတာ မမြင်ဖူးသေးဘူး၊ သခင်ကျီမင်က ဒီနေ့ ဒီသခင်ကြီးရဲ့ ဆန္ဒသေး သေးလေးကို ဖြည့်ပေးတော့မယ့်ပုံပဲ”
အသံခပ်တိုးတိုးသည် ငရဲမှတက်လာသည့် တစ္ဆေတစ်ကောင်လို အေးစက်စွာနှင့် ကောင်းကင်နှင့်မြေကြီးအကြားတွင် စီးဆင်းနေသည်။ ကျီမင် သည် နတ်ဘုရားတစ်ပါးဖြစ်သော်လည်း ဤအခိုက်အတန့်တွင် ချွေးအေးများ ကျလာသည်။ သူ့မျက်နှာသည် ငယ်ရွယ်ပုံပေါက်သော်လည်း ဤအခိုက်အတန့် တွင် အရေတွန့်သည်ကို မထိန်းချုပ်နိုင်ပေ။
အားလုံးနီးပါး နှုတ်ဆိတ်သွားသည်။ ညအရှင်သခင်သည် ကျီမင်ကိုပြော နေခြင်းဖြစ်သည်ကို သိကြသော်လည်း ကြက်သီးမထသူမရှိပေ။ နတ်ဘုရား အဆင့်၊ ညအရှင်သခင်၏မျက်လုံးထဲတွင် ၎င်းသည် ပုရွက်ဆိတ်တစ်ကောင် လောက်ပင်မရှိပေ။
ပေထင်းဟွမ်သည် ပေထင်းဟွမ်အား တိတ်တိတ်လေးခိုးကြည့်လိုက်၏။ သူမကို နတ်မိစ္ဆာဟုပြောကြသော်လည်း ယန်ယဲ့ကသာ နတ်မိစ္ဆာအစစ်ဖြစ်နေ သည်မဟုတ်ပါလား။ သူသည် စကားတစ်လုံးတည်းနှင့်တင် လူများကို သေသည်အထိ ခြိမ်းခြောက်နိုင်သည်။ သူမတွင် ထိုအရည်အချင်းမရှိသေးဟု ပေထင်းဟွမ်ထင်မိသည်။
“ညအရှင်သခင်က နောက်နေပြန်ပါပြီ” ကျီမင်သည် သူ့အသံသူပြန်ရှာရန် အချိန်အတော်ယူရသည်။ ထိုအချိန်တွင် ချွေးအေးများသည် တစ်ကိုယ်လုံးတွင် တစ်လွှာပြီးတစ်လွှာစီးကျလာသည်။ နတန်ဘုရားအဆင့်သားရဲချပ်ဝတ် တန်ဆာနှင့် ဖုံးအုပ်ထားခြင်းကြောင့်သာမဟုတ်လျှင် သူသည် ဟာသတစ်ခု သဖွယ်ဖြစ်နိုင်သည် “စီရင်ချက်ဗိမာန်က သခင်ကြီးပေထင်းဟွမ်နဲ့ ရန်ငြိုးရှိ ပေမဲ့ သူတို့က ဒီနေ့လာမှာမဟုတ်ပါဘူး၊ ကျုပ်ကသာ ဇာမဏီမြို့မှ နတ်ဘုရား လေးပါးရှိတယ်လို့ကားလို့ ကြည့်ဖို့လာခဲ့တာ၊ ဒီမှာ ညအရှင်သခင်နဲ့ အကြီးအကဲကြီးတို့ကို တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”
၎င်းသည် ပေါ့တန်သော ဆင်ခြေတစ်မျိုးပင်။ ပေထင်းဟွမ်၏ သရုပ်မှန် သာ ယန်ချန်းနှင့်မယှဉ်နိုင်လျှင် ယန်းမြို့မှ အကြီးအကဲကြီးသည် ထိုစကားကို ကြားပြီးနောက် ဟွမ်ချန်းစွမ်းအားကိုဆန့်ကျင်မည်ဖြစ်သည်။
ပေထင်းဟွမ်သည် နှာမှုတ်ကာ ရှေ့တိုးပြီး အကြီးအကဲလေးယောက်ရှေ့ တွင်ရပ်လိုက်သည်။ သူမသည် နတ်ဘုရားအဆင့်ပညာရှင်များနှင့် အကြီးဆုံး ရန်သူရှေ့တွင် ရပ်လိုက်ခြင်းပင်။ အားလုံးသည် ပေထင်းဟွမ်အတွက် ချွေးများ စီးကျလာသည်။ ဒီလူငယ်က ထောင်လွှားလွန်းတာမဟုတ်ဘူးလား။