ကြောက်စရာဘာမှမရှိဘူး
Vol. 42 Ch. 838
ပေထင်းချင်းသည် လက်ဆန့်ပြီး သူမကို ပြန်ဆွဲမိတော့မလိုပင်။ ကျီမင်၏ လက်သည် ဤအခိုက်တွင် မလှုပ်မယှဥက်ဖြစ်နေသည်ကိုမြင်နေရသည်။ ရွှေရောင်နတ်စွမ်းအားခပ်ဖျော့ဖျော့သည် သူ့လက်ဖဝါးထဲတွင် တောက်ပနေ သည်။
အချိန်တစ်ခဏသာကြာသော်လည်း ပေထင်းဟွမ် ဖမ်းမိလိုက်သည်။
ယန်ယဲ့၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုပွင့်နေသည်။ သူသည် မသိမသာ ခေါင်းခါမိသည်။ ဤကောင်လေးသည် တမင်လုပ်ခြင်းပင်။ သူ ထလိုက်ချိန်တွင် ဤကောင်လေး၏ ရန်စသောအကြည့်ကို မမြင်လိုက်ဘူးဟု မထင်လိုက်လေ နှင့်။ သူ၏ခွန်အားကြောင့်သာမဟုတ်လျှင် ဤကောင်လေးကို မကာကွယ်နိုင် မည်ကို စိုးရိမ်မိသည်။
ယန်ယဲ့၏ ချစ်မြတ်နိုးသည့်မျက်လုံးများသည် ၆ လပိုင်း နေရောင်ထက် ပင် ပို၍တောက်ပသည်။ ကျေနပ်အားရစွာဖြင့် ပေထင်းဟွမ်သည် မေးကို အနည်းငယ်မော့ကာ နှာမှုတ်ပြီး ကျီမင်အား ပြောလေသည် “ပြောရရင် သခင်ရှန့်ကျွင်းက မြို့စားကို သတိပေးလိုက်တာပဲ၊ မြို့စားက ယန်းမြို့ကလူ တွေကို ကျေးဇူးတင်သင့်တယ်၊ သူ့အကူအညီကြောင့်သာမဟုတ်ရင် ကျုပ်တို့ ဇာမဏီမြို့က အရင်အတိုင်းပဲရှိနေဦးမှာ၊ နတ်ဘုရားအဆင့်လေးယောက် ကြောင့်သာမဟုတ်ရင် ယန်ချန်းရဲ့ဘေးမှာ သခင်ရှန့်ကျွင်းတစ်ယောက်ပဲ နတ်ဘုရားရှိတော့မှာ၊ ဒါပေမဲ့ နတ်ဘုရားအဆင့်လေးယောက်က ဇာမဏီမြို့မှာ ရုတ်တရက်ကြီးပေါ်လာတာလေ၊ နတ်ဘုရားအဆင့်လေးယောက်လည်း မိုးပေါ် ကိုပျံသန်းချင်ကြမှာပဲ”
သူမသည် စိုးရိမ်တကြီးပြောလေသည်။ ပေထင်းဟွမ်သည် တခြားသူ၏ ကျော်ကြားမှုကို ခိုးယူမိခြင်းအတွက် မည်သို့ အပြစ်မကင်းစိတ်ဖြစ်မိမည်နည်း။
နတ်ဘုရားအဆင့်၊ ချက်ချင်းဆိုသလိုပင် ဂုဏ်သရေ၊ ပျော်ရွှင်မှုနှင့် နတ်ဘုရားအဆင့်သို့ ဖြတ်နိုင်မှုတို့သည် ပျောက်ကွယ်သွားသည်။ နတ်ဘုရား အဆင့်များသည် ကြယ်ဝိညာဉ်သခင်များကဲ့သို့ သာမန်ဖြစ်သွားသလိုပင်။ ဤအချိန်တွင် ပေထင်းဟွမ်သည် ဝိညာဉ်ဂိုဏ်းသာဖြစ်လိမ့်မည်ဟု ကျီမင် မတွေးပေ။
သို့သော် သူမသည် တစ်ဦဂတည်းသောဝိညာဉ်ဂိုဏ်းဖြစ်ကာ နတ်ဘုရား အဆင့်ကို မျက်နှာဖြတ်ရိုက်ခဲ့သည်။ ထိုနေရာရှိ အားလုံးသည် စိတ်ထဲမှ သက်ပြင်းချကြသည်။ အားလုံးကို ပြစ်မှား၍ရသည်။ သို့သော် ဝမ်းမည်းလှ သောပေထင်းဟွမ်ကို ပြစ်မှား၍မရပေ။
ကျီမင်သည် ဒေါသထွက်လာကာ ရင်ဘတ်တစ်ခုလုံးလေးလံလာသည်။ ကာမယ်ရွတ်သည် အင်ပါယာကျောင်းဝင်ပေါက်တွင် ပေထင်းဟွမ်၏ သတ်ခြင်း ကိုခံလိုက်ရကြောင်းကို သူကြားသိစဉ်က ကာမယ်ရွန်သည် တန်ဖိုးမရှိဟုပင် လှောင်ပြောင်ခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် ပေထင်းဟွမ်၏ စွမ်းအင် ကို အမှန်တကယ် ကြုံတွေ့လိုက်ရခြင်းပင်။ စွမ်းအင်သည် သူမ၏ ခွန်အား တစ်စိတ်တစ်ပိုင်းသာဖြစ်ကာ သူမ၏ပါးစပ်သည် ပြိုင်ဘက်ကင်းသော လက်နက်ပင်ဖြစ်သည်။
“ကျီမင် ဒီမှာနေပြီး သောက်ချင်တယ်ဆိုရင် အဘိုးကြီးကမငြင်းပါဘူး၊ ဒီနေ့က ဇာမဏီမြို့မှာ နေ့ကြီးနေ့မြတ်ဖြစ်နေတယ်၊ တခြားဧည့်သည်တွေ လည်း ရှိသေးတယ်၊ ခင်ဗျားကို နှုတ်ဆက်နေဖို့ အချိန်မရှိဘူး” ပေထင်းချင်သည် ပြောပြီးနောက် တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာကိုချွတ်ကာ မြေပေါ်သို့ ဆင်းသက်ကာ တခြားအင်အားစုသုံးခုမှလာကြသည့် ဧည့်သည်များကို တခမ်းတနားကြိုဆိုလေသည်။
အစမှအဆုံးထိ နတ်မိစ္ဆာခန်းမမှလူများသည် ပေထင်းဟွမ် ခြေလှမ်း အတိုင်းလိုက်ကြသည်။ ဂုဏ်ပြုလက်ဆောင်များ ပေးချိန်တွင် ယန်ချန်းသည် နတ်အဆင့်တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာတစ်စုံထုတ်ပေးပြီး အမှောင် နတ်မိစ္ဆာခန်းမမှလူများသည် နတ်အဆင့်ခွဲဆေး ၁၀ လုံးပေးသည်။
ပေထင်းဟွမ်သည် ပြုံးကာ နတ်အဆင့်ခွဲဆေးကိုယူပြီး ယန်ယဲ့အား အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ ဟင်း သူမ မသိဘူးမထင်နဲ့။ ဒီလူကြီးက ဒီလို မျိုးနဲ့ သူကအမှောင်နတ်မိစ္ဆာခန်းမက နတ်မိစ္ဆာသခင်ကြီးပါဆိုတာကို ပြချင်နေ တာ။
နတ်မိစ္ဆာဘုရင်၊ နတ်ဆိုးဧကရာဇ်၊ ထင်ရှားလှသော သရုပ်မှန်နှစ်ခု၊ သူမ မသိနိုင်ဟု သူထင်နေသလား။
ယန်ယဲ့မှစပြီး၊ နတ်မိစ္ဆာဘုရင်၊ ယဲ့ချီ၊ နတ်မိစ္ဆာသခင်ကြီးအထိ သူ မည်မျှ ပင် သရုပ်မှန်ပြောင်းစေကာမူ သူမတွင် သဲလွန်စရှိသည်။
ထိုအကြောင်းကိုတွေးမိချိန်တွင် ယန်ယဲ့သည် ခေါင်းကိုအနည်းငယ်ငုံ့ ထားကာ နှုတ်ခမ်းထောင့်အနည်းငယ် ကွေးတက်လေသည်။ ဖော်ပြရန်ခက်ခဲ သော်လည်း ဤအချိန်တွင် သူအလွန်ပျော်ရွှင်နေသည်။
ယန်ယဲ့သည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို သန့်စင်ပြီးည့်ပုံပင်။ သူမ နတ်အဆင့်ခွဲဆေး ဆက်ပြီးသန့်စင်မည်ကိုစိုးသဖြင့် သူသည် သူမကို ကူညီပြီး နတ်အဆင့်ခွဲဆေး ၁၀ လုံးကို သန့်စင်ပေးလိုက်ခြင်းပင်။ သူ၏ ကြင်နာမှုကို ခံစားမိပြီး ပေထင်းဟွမ်သည် ဤလူ၏ တာဝန်ယူတတ်မှုအတွက် တစ်ဝက် ခွင့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့နှစ်ယောက်ကြားမှ ပရောပရည်လုပ်ခြင်းသည် ရင့်ကျက်ပြီးသာ လူအုပ်ကို မဖုံးကွယ်နိုင်ပေ။ ထိုအချိန်တွင် အားလုံးသက်ပြင်းချမိကြသည်။ လှပသောယောက်ျားများပင်။ ဤကဲ့သို့ဆက်ဆံရေးသည် မျိုးဆက်ပွားနိုင်မည် ဟု သူတို့ထင်နေကြတုန်းပင်။ သားသမီးမွေးဖွားရသည်မှာ အကောင်းဆုံးပင်။