ယန်မို့ထျန်မျိုးနွယ်၏ ဧကရီ
Vol. 42 Ch. 839
“ဒါက ယန်ချန်းက ငါ့နတ်အဆင့်လက်မှုပညာရှင် သန့်စင်ထားတဲ့ အဆင့်မြင့်နတ်ချပ်ဝတ်တန်ဆာပါ” ယန်ချန်း၏အကြီးအကဲကြီးသည် ငွေရောင် ချပ်ဝတ်တန်ဆာကို ညွှန်ပြကာ ပေထင်းဟွမ်အား တလေးတစားပြောလေသည် “မြို့စားက ဘာလိုမှန်းမသိလို့လေ၊ မြို့စားက ၁၅ နှစ်တောင်မပြည့်သေးဘူး ပေမဲ့ နတ်မီးအဂ္ဂိရတ်ပညာရှင်တဲ့၊ အဆင့်မြင့်ဆေးတွေမလုပ်နိုင်လို့ သန့်စင်ဖို့ နည်းလမ်းရှာနေတယ်လို့ကြားတယ်”
“မြို့စားဟုတ်လား” ထိုစကားလုံးများသည် ဟွမ်ချန်းရှိ ကောင်စီ အဆင့် တက်ခါစ အကြီးအကဲလေးဦး၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ဖြစ်သွားသည်။
ယန်းမြို့အတွင်းအကြီးအကဲ၊ ယန်းမြို့တွင် သူ့အထက်တွင်တစ်ဦးသာ ရှိ တော့ကာ လူသောင်းချီအထက်တွင်နေပြီး နတ်ဘုရားအဆင့်နှင့်ခွန်အားရှိသူ၊ ပင်မတိုက်ကြီးတွင် လှည့်ပတ်သွားလာပြီး အားလုံးက သူ့ကိုလေးစားရသည်။ သို့သော် သူသည် ပေထင်းဟွမ်အား ဤမျှလေးစားနေသည်။ ၎င်းသည် အားလုံး ၏ အမြင်ကို ပြောင်းသွားစေသည်။
နတ်အဆင့်သည် ပင်မတိုက်ကြီး၏ စည်းမျဉ်းကိုကိုယ်စားပြုပြီး ကောင်စီ အကြီးအကဲ ၄ ယောက်သည်လည်း နတ်အဆင့်များဖြစ်ကြသည်။ နတ်အဆင့် သို့ဝင်ပြီးနောက် နတ်အဆင့်သည် အားလုံးကိုပုရွက်ဆိတ်များကဲ့သို့ ဘာကြောင့် ဆက်ဆံသည်ကို နားလည်ကြသည်။ သူတို့ နားမလည်သည်မှာ အကြီးအကဲကြီးသည် ဘာကြောင့် ပေထင်းဟွမ်အား ဤမျှလေးစားနေ သနည်း။
ဟွမ်ချန်းမှလူများ၏ နားမလည်နိုင်သောအမူအရာကိုကြည့်ပြီး အတွင်းမြို့အကြီးအကဲကြီးသည် ရယ်မောလေသည်။ ပေထင်းဟွမ်၏ အင်္ကျီ များကိုညွှန်ပြပြီး ကောင်စီအကြီးအကဲလေးယောက်ကို ရှင်းပြလေသည် “သခင်လေး ၉ က ကျုပ်ရဲ့ယန်ချန်းလေ၊ သူ့ရာထူးက မြို့စားနဲ့အတူတူပဲ တကယ်ပါ အဘိုးကြီးက သခင်ကျို့ကို မလေးစားလို့မရဘူး”
၎င်းသည် ပို၍အံ့အားသင့်ဖွယ်ရာပင်။ နှစ်ပေါင်းများစွာတွင် ယန်းမြို့၏ ပိုင်ရှင်ကို မည်သူမှမသိကြပေ။ ယန်းမြို့၏သခင်သည် နတ်ဘုရားတစ်ပါး ဖြစ်ပြီး သူ၏ဂုဏ်သရေကိုထုတ်ပြဖူးသော်လည်း သူမည်သို့မည်ပုံရှိသည်၊ လူသားလား သားရဲလားဆိုသည်ကို မည်သူမှမသိကြပေ။
ယခုအခါ သခင်လေး ၉ သည် ထိုယန်းမြို့စားနှင့် ရာထူးတူနေသည်မှာ အလွန်ပင်ကြောက်စရာကောင်းသည်။ ပေထင်းချင်းသည် မြေးဖြစ်သူကို နားမလည်တော့သလိုခံစားရကာ မေးခွန်းထုတ်သည့်မျက်လုံးများနှင့် ကြည့်လေသည်။ သို့သော် ပေထင်းဟွမ်သည် သူ၏နဖူးကိုပင့်ပေးပြီး နတ်မိစ္ဆာ ခန်းမမှပို့လိုက်သည့် နတ်အဆင့်ခွဲဆေးကို ဆရာနန်လင်းအားပေးလိုက်သည် “ဆရာ ဇာမဏီမြို့မှာ ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်ရောက်တဲ့ အကြီးအကဲ ဘယ်နယောက်ရှိလဲ သူတို့ကို ဝေပေးလိုက်ပါဦး”
“ဟုတ်ပြီ” ပေထင်းဟွမ်သည် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ သွားရန် စိတ်လောနေသည်ကို ဆရာနန်လင်းသည်လည်း သိသည်။ သူသည် ပေထင်းဟွမ်ကို ဦးဆောင်ထွက်လာကာ လျှောက်ရင်းနှင့်ပြောလေသည် “နတ် မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို ဝင်တဲ့လူတိုင်းက အချိန်တစ်ခုတည်းကို ခံစားမိလိမ့် မယ်၊ စစ်ဝိညာဉ်စိတ်ဓာတ်၊ အဲအချိန်အတွင်းမှာ ဆရာက ရှေးကမ္ဘာထဲက တိုက်ပွဲတွေကို တွေ့ဖူးတယ်၊ ပြီးတော့ ရှေးခေတ်သန်မာတဲ့လူတွေထဲမှာ နှစ်ယောက်က ဓားပျော့သုံးတာကိုတွေ့ခဲ့တယ်၊ တစ်ယောက်က ကမ္ဘာမြေကြီး မိခင်၊ ဖန်ဆင်းရေးနတ်ဘုရားပဲ၊ နောက်တစ်ယောက်က ဖန်ဆင်းရးနတ်ဘုရား နဲ့ယှဉ်နိုင်တဲ့ မှင်တက်လောက်တဲ့အသွင်အပြင်နဲ့ လွန်ခဲ့တဲ့နှစ်တစ်သောင်းက သေသွားခဲ့တဲ့ ယန်မို့ထျန်မျိုးနွယ်ရဲ့ ဧကရီပဲ၊ သူတို့တိုက်ပွဲကိုကည့်ရင် မင်း အတွက် အသုံးဝင်မှုကြီးရှိလာမှာပါ”
သူတို့နှစ်ယောက်နောက်သို့လိုက်လာသည့် ယန်ယဲ့ ခြေလှမ်းများ ရပ်တန့် သွားသည်ကို ပေထင်းဟွမ်မသိလိုက်ပေ။ ယန်ယဲ့သည် သူမကို တစ်ခါက အမျိုးသမီးတစ်ဦး မှတ်တမ်းတင်ထားသည့် လက်ရေးမူကိုပေးခဲ့သည်ကို မှတ်မိ သည်။ သူမသည် ထိုအမျိုးသမီး၏ စကားလုံးများကို ဝိညာဉ်အတွင်းထဲမှ ရင်းနှီး သလိုရှိကာ သူမသည် သူ၏ဇနီးသည်ဖြစ်သည်ကို ယန်ယဲ့ပြောခဲ့ဖူးသည်ကို လည်းမှတ်မိသည်။ ဝိညာဉ်သာ အမတဖြစ်ပါက သူမသည် အတိတ်က မည်သူ နည်း။
“ဆရာ ကျွန်တော့်အတွက် လုပ်ပေးတာတွေအတွက်ကျေးဇူးတင်ပါတယ် ဆရာသာမပြောရင် ကျွန်တော် ဝင်သွားပြီး စစ်ပွဲကို ငေးကြည့်နေမိဦးမှာ၊ ကျွန်တော် မတူတဲ့လက်နက်သုံးပြီး တစ်ခုခုရအောင်လုပ်ခဲ့ပါမယ်” ပေထင်းဟွမ်သည် စိတ်ရင်းနှင့် ကျေးဇူးတင်မိသည်။ သူမ စိတ်ထဲတွင် သံသယ ရှိနေသေးသဖြင့် မေးလိုက်သည် “ဆရာ ပတ္တမြားကမ္ဘာအကြောင်း လူတွေပြော တာကြားဖူးတယ်၊ ပတ္တမြားကမ္ဘာရဲ့ ဖွဲ့စည်းပုံကိုပြောပြပေးလို့ရမလား”