ပတ္တမြားကမ္ဘာ
Vol. 42 Ch. 840
နန်လင်းသည် လက်မြှောက်ကာ ပေထင်းဟွမ်၏ဦးခေါင်းကို ပွတ်သပ်ပေး ကာ သက်ပြင်းချလိုက်သည် “ပတ္တမြားကမ္ဘာက အရင်နတ်မိစ္ဆာနတ်ဘုရား၊ ဝိညာဉ်နတ်ဘုရားနဲ့ ကမ္ဘာမြေကြီးမိခင်တို့ ဖန်တီးခဲ့တဲ့လောကပဲ၊ အဲဒါက အစ တုန်းကတော့ တိုက်ကြီးပေါ်မှာရှိခဲ့တယ်၊ အဲဒီမှာလူသားတွေနဲ့ သားရဲတွေက ကျင့်ကြံဖို့အတွက် ဝိညာဉ်နဲ့အမှောင်စွမ်းအင်တွေကို ရွေးချယ်လို့ရတယ်၊ နောက်တော့ အငြင်းပွားစရာတချို့ကြောင့် ဖန်တီးတဲ့နတ်ဘုရားသုံးပါးက သေဖို့ပဲရွေးချယ်ခဲ့တယ်၊ ဒီကမ္ဘာမှာ ဝိညာဉ်ကျင့်ကြံသူနဲ့ နတ်မိစ္ဆာကျင့်ကြံသူ နည်းနည်းပဲကျန်ခဲ့တယ်၊ အစကအေးချမ်းခဲ့တဲ့ ဒီကမ္ဘာပေါ်မှာ အငြင်းပွားစရာ တွေမြင့်တက်ခဲ့တယ်၊ စီရင်ချက်ဗိမာန်က ဝိညာဉ်နတ်ဘုရားကို ကိုယ်စားပြုပြီး ကမ္ဘာပေါ်က နတ်မိစ္ဆာကျင့်ကြံသူတွေကို ရှင်းထုတ်ခဲ့တယ်၊ နတ်မိစ္ဆာကျင့်ကြံ သူတွေကလည်း ယန်မို့ထျန်မျိုးနွယ်ကို သုတ်သင်ခဲ့တယ်၊ စီရင်ချက်ဗိမာန်က နတ်မိစ္ဆာဧကရာဇ်ရဲ့ဇနီးကို သတ်ဖို့စီစဉ်ခဲ့တယ်လို့ပြောတယ်၊ ဧကရာဇ်က နောက်ဆုံးစစ်ပွဲကိုကြေညာခဲ့ပြီး အဲဒါကပဲ ကမ္ဘာတစ်ခုလုံးရဲ့လေဟာနယ်ကို စုတ်ပြဲစေခဲ့တယ်၊ ပတ္တမြားကမ္ဘာလည်း သုံးပိုင်းကွဲသွားတယ်၊ ပင်မတိုက်ကြီး က လေဟာနယ်ရဲ့အနိမ့်ဆုံးအပိုင်းဖြစ်ပြီး အဲနောက်မှာ မတ္တလာမြေရှိတယ်၊ အဲဒီစစ်ပွဲက အမြင့်ဆုံးလေဟာနယ်မှာ ၃၃ ရက်ကြာအောင်ဖြစ်ခဲ့တာ”
ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် အနည်းငယ် မတည်မငြိမ်ဖြစ်လာသည်။ သူမသည် မျက်စိရှေ့မှလေဟာနယ်ကို အနည်းငယ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက် သည်။ သူမသာ မျက်နှာဖုံးဝတ်မထားလျှင် ထိုအချိန်၌ နန်လင်းသည် သူမ၏ ဖြူဖျော့သောမျက်နှာကိုကြည့်ပြီး စိတ်ပူသွားမည်ဖြစ်၏။ သူသည် ထိုအချိန် တွင် ပေထင်းဟွမ်၏ ခံစားချက်ကို သတိမထားမိဘဲ ဆက်ပြောလေသည် “နောက်တော့ သူ့ဇနီးရဲ့ ဝိညာဉ်ကိုရှာပြီးစုဖို့အတွက် နတ်မိစ္ဆာခန္ဓာကိုယ်ကို ဖြိုခွဲပြီး လေဟာနယ်အများအပြားမှာ ပြန်မွေးဖွားလာခဲ့တယ်တဲ့၊ ယန်မို့ထျန် မျိုးနွယ်ကလည်း ပြိုကွဲပြီးတော့ နှစ်ဖွဲ့ကွဲသွားတယ်၊ တစ်ခုကို အဲတုန်းက နတ်မိစ္ဆာဧကရာဇ်ရဲ့ ဘယ်တမန်တော်က ထိန်းချုပ်ပြီးတော့ နတ်မိစ္ဆာဧကရာဇ် ပြန်အလာကိုစောင့်နေတယ်၊ တခြားအဖွဲ့ကတော့ ညာတမန်တော် လက်အောက်ကို အညံ့ခံသွားပြီး အမှောင်နတ်မိစ္ဆာခန်းမကိုထည်ထောင်ပြီး အင်အားစုအသစ်တစ်ခု ဖွဲ့စည်းခဲ့တယ်”
“ဘယ်သူကမှ စီရင်ချက်ဗိမာန်ကို မပြန်ကြဘူးမလား” အကြောင်းအရင်း တချို့ကြောင့် ပေထင်းဟွမ်သည် ထိုအချက်ကို စိတ်ပူသွားသည်။ ဖြစ်နိုင်သည် မှာ သူမသည် သစ္စာဖောက်သူများကို အရိုးထဲမှမုန်းတီးသည့် လူမျိုးဖြစ်နိုင် သည်။ တခြားတစ်ယောက်၏ဇာတ်လမ်းဖြစ်သော်လည်း ကြားလိုက်ရသည်နှင့် ရင်နာမိသည်။
“မဟုတ်ဘူး” နန်လင်း၏ နူးညံ့သောအသံသည် လေးစားမှုများနှင့် ပြည့် နေကာ သူ၏အညိုရောင်မျက်လုံးများသည် ရေဗွက်အိုင်ကဲ့သို့ဖြစ်နေကာ သူ့ ဘဝတွင် ဂုဏ်အယူရဆုံးကျောင်းသားကို နူးညံ့စွာကြည့်လေသည် “နတ်မိစ္ဆာ ဧကရာဇ်က လေ့ကျင့်ပေးခဲ့တဲ့လူလို့မပြောရဘူး ဘယ်တမန်တော်နဲ့ ညတမန် တော်တို့က အငြင်းပွးစရာတွေရှိသလို ယန်မို့ထျန်မျိုးနွယ်ကလည်း နှစ်ခြမ်းကွဲ သွားပေမဲ့ ဘယ်သူကမှ စီရင်ချက်ဗိမာန်ကို မခိုလှုံခဲ့ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ သူတို့တွေက နေရာတိုင်းမှာရန်သူတွေရှိနေကြတယ်”
“ကောင်းတယ်” ပေထင်းဟွမ်သည် အဝေးသို့ကြည့်ပြီး နန်လင်းအား မေးလိုက်သည် “ဆရာ ကျွန်တော့်မိဘတွေကိုသိလား၊ သူတို့တွေက တခြား လေဟာနယ်မှာရှိတယ်လို့သိရတယ်၊ သူတို့သတင်းကိုကြားမိသေးလား”
ဤနယ်မြေမှ ထိပ်တန်းလူများသည် သာမန်လူများနှင့် ကွဲပြားကြောင်း ကို ပေထင်းဟွမ် ရှင်းလင်းစွာမြင်နိုင်သည်။ နန်လင်းပြောခဲ့သည့် တိုက်ဇစ်မြစ် အပါအဝင် ကမ္ဘာ့နယ်မြေများသည် ကြားစစ်ပွဲများကြောင့်ကွဲခဲ့သော်လည်း တိုက်၏အောက်ခြေတွင်နေသူများသည် မသိကြပေ။
အနည်းဆုံးတော့ သူမသည် ဤကမ္ဘာသို့ရောက်သည်မှာ နှစ်ဝက်ရှိပြီဖြစ် သည်။ သူမ နန်လင်းဆီမှ ကြားခဲ့ရသည့်အကြောင်းအပြင် ယန်ယဲ့လည်း သူမ အား တစ်ခွန်းပြောဖူးသည်။ မည်သူကမှ ဤအကြောင်းများကို မပြောပြကြပေ။
“သူတို့လား” နန်လင်း၏ အညိုရောင်မျက်လုံးများကို လူငယ်၏ပုံရိပ်ဖြင့် ထင်ဟပ်သွားလေသည်။ သူသည် သူမ၏အထီးကျန်မှုကြောင့် စိတ်မကောင်း ဖြစ်ကာ သူ၏အသံသည် လှိုင်းဂယက်ကဲ့သို့ နူးညံ့နေသည် “ဆရာမှန်းတာမှန် ရင်တော့ တခြားကမ္ဘာကိုသွားဖို့ လမ်းကတစ်လမ်းပဲရှိတယ်၊ အစကတော့ နှစ် ၁၀၀ တိုင်းမှာ ပွင့်တယ်၊ ဒါပေမဲ့ အဲတုန်းက ညွှန်နွံချောက်ထဲမှာ တော်တော် ဝရုန်းသုန်းကားဖြစ်ခဲ့တယ်၊ မင်းအမေရဲ့လက်ထဲကရတနာကြောင့် လူတွေကို နောက်ကလိုက်ခဲ့တယ်လို့ ပြောကြတယ်၊ ဆရာမှန်းသလိုဆိုရင် အဘိုးကြီးတွေ က မင်းအမေရဲ့လက်ထဲက ရတနာကြောင့် ဒီကိုရောက်လာတာဖြစ်မယ်၊ မင်း အမေကလည်း အဲဒီရတနာကိုသုံးပြီး ညွှန်နွံချောက်ထဲက ရွှေ့ပြောင်းအစီအရင် ကို လှုံ့ဆော်ပြီးတော့ထွက်ပြေးသွားခဲ့တာပဲ”