← Chapters

ပါရမီဆိုတာ

Vol. 008 Ch. 713

ပါရမီဆိုတာ

Vol. 008 Ch. 713

“ဖူရှင်း…” နောက်တစ်ယောက်က သူ၏နာမည်ကို ခေါ်သည်။ သူက နောက်တစ်နေရာကို လှမ်းကြည့် လိုက်သည်တွင် ကြီးမားကြံ့ခိုင်သော လူကြီးတစ်ယောက်က နန်းတော်ထဲမှ ထွက်လာသည်။ သူကား သူ၏ဆရာထောင်ကျန်း ဖြစ်သည်။

“ဆရာ…” ရီဖူရှင်းကလည်း ပြန်ခေါ်လိုက်သည်။

“ထောင်ကျန်း… ဒီကို ပြန်လာခဲ့...” လျူချန်းက မြန်ဆန်စွာပင် တားဆီးရသည်။ အခြေအနေကား ရှုပ်ထွေးသည်ထက် ရှုပ်ထွေးလာသည်။ ထောင်ကျန်းက ရီဖူရှင်းဘက်တွင် ရပ်တည်တော့မည်လား...။ အကယ်၍ သူက နန်းတော်၏ သခင်တစ်ယောက် အနေဖြင့် ရီဖူရှင်းဘက်ကို ပါဝင်သွားပါက နန်းတော်ကား ဟာတစ်ခုထက် မပိုတော့ပေ။

“တော်ဝင်ကျဲနန်းတော်က ပြင်ပလောကကိစ္စတွေ၊ ပုဂ္ဂိုလ်ရေး ခံစားချက်တွေနဲ့ ကင်းတယ်… ကျုပ်က ဒီနေရာမှာ ရပ်နေတာ တိုက်ခိုက်ရေး ရှီနန်းဆောင် သခင်တစ်ယောက်အနေနဲ့ မဟုတ်ဘူး… ရီဖူရှင်းရဲ့ ဆရာတစ်ယောက် အနေနဲ့ပဲ…” ထောင်ကျန်းက ပြန်ပြောသည်။ ရီဖူရှင်းက ကျူးကော့မိသားစုထံသို့ သွားမည့်အရေးတွင် သူက သွားခွင့် ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ရီဖူရှင်းက လက်ထပ်ပွဲကို တားဆီး နိုင်ခဲ့သော်လည်း သူက ယနေ့ဖြစ်ပျက်သမျှ အားလုံးကို မျိုးစေ့ချခဲ့သည်။ ထိုအရာက ထောင်ကျန်း မထင်မှတ်ထားခဲ့သော အချက်လည်း ဖြစ်သည်။

သို့သော်လည်း နန်းတော်က ရှန့်ထိုတစ်ပါး မွေးဖွားရန် ရည်ရွယ်ချက်ဖြင့် ထိုသို့လုပ်နေသည်ကို သိရက်ဖြင့်ပင် သူက ရီဖူရှင်းအား သွားခွင့်ပေးခဲ့သည်။ သူတို့လုပ်နေသော နည်းလမ်းကား မှန်ကန်ခြင်း မရှိသလို ရီဖူရှင်းကလည်း မှားယွင်းစွာ လုပ်ဆောင်ခြင်း မရှိပေ။ ထို့ကြောင့် သူက မှန်ကန်သောဘက်တွင် လာရောက် ရပ်တည်သည်။

လျူချန်း၏အမူအရာက အလွန်အမင်း အရုပ်ဆိုး အကျည်းတန် သွားသည်။ သူတို့နှင့်အတူ ရပ်နေသော ကျိရှမ်းကမ်းပါးမှ ခွန်ယိုမူကား မဲ့ပြုံးတစ်ချက်သာ ပြုံးသည်။ သူက ကျိရှမ်းကမ်းပါးနှင့် မည်သူတို့က ဆန့်ကျင်ရဲသည်ကို ကြည့်မည်။

“ဖူရှင်း… မင်းက တော်ဝင်ကျဲနန်းတော်ကို ဘာကြောင့် ရောက်လာရတာလဲ…” ထောင်ကျန်းက မေးသည်။

“ကျွန်တော်က အားလုံးကို မှန်မှန်ကန်ကန် ဖြစ်အောင် လာလုပ်တာ…” ရီဖူရှင်းက ဖြေသည်။

“ဘယ်လိုလဲ…” ထောင်ကျန်းက မေးသည်။

“ကျွန်တော်က နဂါးပတ်တောင်မှာ ပိုင်လွေလီနဲ့ အစ်မ၂တို့ လက်ထပ်ပွဲကို ဝင်စွက်ဖက်ပြီး ဖျက်ဆီးခဲ့တယ်… ဒီအတွက်ကြောင့်ပဲ​ ကျွန်တော့်ကို နန်းတော်က ထုတ်ပယ်ခဲ့တယ်… ပိုင်လွေလီကို ရှန့်ထိုဖြစ်စေချင်တာက နန်းတော်ရဲ့ဆန္ဒပဲ… ဒါကြောင့် နန်းတော်လုပ်သမျှက ပိုင်လွေလီကို ကူညီတာ ဖြစ်တဲ့အတွက် ကျွန်တော်က အသိအမှတ်ပြုတယ်…” ရီဖူရှင်းက လျူချန်းကို ကြည့်ကာ ထပ်ပြောသည်… “အစ်ကို၃က အဲဒီရှီတွေကို သတ်ခဲ့တာလား… ကျန်းရှာက သတ်ခဲ့တာလားဆိုတာ …  ယွီပြည်နယ်မှာ ဖြစ်ခဲ့တာကို သက်သေပြဖို့ လွယ်ကူတယ်လို့ အစ်ကို၃က ပြောခဲ့တယ်… နန်းတော်ကလည်း အမှန်တရားကို နက်နက်ရှိုင်းရှိုင်း သိမယ်လို့ ကျုပ်ထင်တယ်… ဒါဆို နန်းတော်က ကျိရှမ်းကမ်းပါးနဲ့ အတူတူ ရပ်တည်ပေးပြီး ဘာလို့ အစ်ကို၃ကို ဖမ်းဆီးချင်ရတာလဲ… တော်ဝင်ကျဲနန်းတော်ရဲ့ ထုတ်ပယ်ခံ တပည့်ဖြစ်တဲ့ကျုပ်ကို ဘာလို့သူတို့ လိုချင်ရတာလဲ…”

“ဒါတွေကို ပြောလို့ ဘာအဓိပ္ပာယ် ရှိဦးမှာလဲ…” လျူချန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

ယခုအခြေအနေကို စကားအားဖြင့် ဖြေရှင်းခြင်းငှာ မတတ်စွမ်း နိုင်တော့ပေ။

“သေချာတာပေါ့…” ရီဖူရှင်းက လျူချန်းကို ကြည့်ကာ ပြောသည်… “ဒုတိယနန်းတော် သခင်ကိုယ်တိုင် ပြောတာကို ကျုပ်ကြားချင်တယ်… ခင်ဗျားတို့ လုပ်နေတာ မှန်သလား…”

“မင်းရဲ့အစ်ကို၃ကလည်း နန်းတော်ကို ရောက်လာတုန်းက တူညီတဲ့စကားကို ပြောခဲ့ကြတယ်… ဒါပေမဲ့ ငါက အပြစ်ရှိသလို မခံစားရဘူး… နန်းတော် တစ်ခုလုံးရောပဲ…” လျူချန်းက ရီဖူရှင်းကို ကြည့်သည်။ သူက ဂူတုံးလျိုနှင့် ရီဖူရှင်းကို လေးစား အထင်ကြီးရသည်။ သို့သော်လည်း ချီးကျူး လေးစားခြင်းနှင့် ဘယ်သူက အမှား ဘယ်သူက အမှန်ဖြစ်သည်ကို ပြောခြင်းမှာ ကွဲပြားခြားနားသော အရာနှစ်ခုဖြစ်သည်။ သူတို့အတွက် ကံတရားက အလွန် ရက်စက် ပြင်းထန်နေခြင်းသာ ဖြစ်၏။

“အပြစ်ကင်းတယ်…” ရီဖူရှင်းက ပြုံးသည်… “အပြစ်ကင်းတယ်လို့ ပြောတာ အရမ်းကောင်းတယ်… ခင်ဗျားလုပ်ရပ်တွေက အမှန်တရားတွေလို့ ခံယူထားတာက ပိုင်​လွေလီရဲ့ ရှန့်ထိုဖြစ်ဖို့ အလားအလာကြောင့် မဟုတ်ဘူးလား… ဒီလိုဆိုမှတော့ ကျုပ်က နောက်ဆုံး တောင်းဆိုမှုတစ်ခု လုပ်ချင်တယ်… ဒါတောင်မှ ခင်ဗျားက အပြစ်ကင်းတယ်လို့ ခံစားနေရရင် ကျုပ်က ခင်ဗျားဆီမှာ လက်နက်ချအညံ့ခံပြီး ခင်ဗျားတို့ လုပ်သမျှကို လက်ခံမယ်…”

“အဲဒါ ဘာလဲ…” လျူချန်းက ရီဖူရှင်းကို မေးသည်။

“တော်ဝင်ကျဲနန်းတော်ရဲ့ ထုတ်ပယ်ခံတပည့် ရီဖူရှင်းက ပိုင်လွေလီကို လာရောက် စိန်ခေါ်တယ်…” ရီဖူရှင်းက တစ်လုံးချင်း ပြောသည်။ ထိုနေရာမှ လူများအားလုံး အေးခဲသွားကြသည်။ ကောင်းကင်မြေရိုင်း ထပ်သီးအဆင့်မှ လူများပင်လျှင် ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။

ရီဖူရှင်းက တစ်စုံတစ်ခုကို သက်သေပြလိုသည် ဆိုသည်မှာ ဤတောင်းဆိုမှုလား...။ နိုဘယ်အဆင့်ဖြင့် ပိုင်လွေလီကို စိန်ခေါ်ခြင်းလား...။ သူက ဘယ်လိုလုပ်မှာလဲ...။ ပိုင်​လွေလီကား သူ့မျိုးဆက်တွင် ပြိုင်ဘက်ကင်းသူဖြစ်ကာ အဆင့်မြင့်ရှီ ဖြစ်သည်။

သည်တောင်းဆိုမှုက အဓိပ္ပာယ်ကင်းမဲ့ လွန်းလှသည်။

ရီဖူရှင်း၏ပါရမီကို လေးစားချီးကျူးရသော ပုဂ္ဂိုလ်ကြီးများပင် ရီဖူရှင်းက စဉ်းစားဆင်ခြင်မဲ့စွာ ပြောဆိုသည်ဟု တွေးထင်ကြသည်။

တိမ်ဖြူမြို့စားပိုင်ဂူက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ သူ၏သားကို စိန်ခေါ်မည်လား...။ ဘယ်လိုဟာသမျိုးလဲ...။

ထောင်ကျန်းက ရီဖူရှင်းကို နားမလည်စွာ ကြည့်သည်။

“ဒါက ရယ်စရာတစ်ခုပဲ… ဟုတ်တယ်မလား…” ထျန်ရှင်းက အေးစက်စွာ ပြောသည်… “ရီဖူရှင်း… ဒါက အဓိပ္ပာယ်ရော ရှိလို့လား…”

ပိုင်လွေလီကို စိန်ခေါ်ခြင်းလား။ လျူချန်းက ရီဖူရှင်းကို ကြည့်ကာ ဘာမှ မပြောပေ။ သည်တောင်းဆိုမှုက အမှန်ပင် အဓိပ္ပာယ် ကင်းမဲ့လွန်းလှသည်။

“ခင်ဗျားတို့အားလုံးက ရယ်စရာလို့ မြင်လား…” ရီဖူရှင်းက ထိုနေရာမှလူများ အားလုံးကို ညွှန်းဆိုကာ ပြောသည်… “တကယ်လို့ ကျုပ်က ကျန်းရှာကို သတ်နိုင်ရင် ဘာလို့ ပိုင်လွေလီကို စိန်ခေါ်လို့ မရရမှာလဲ…”

ကျန်းရှာကား ပိုင်လွေလီနှင့် တန်ခိုးအဆင့်တူ ဖြစ်သည်။

မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။

ကျန်းရှာကို သူသတ်ခြင်း ဖြစ်သည်ဟု ရီဖူရှင်းက ပြောလိုက်သည်လား။

“ကျန်းရှာကို သတ်တာက မင်းလို့ ပြောလိုက်တာလား...” လျူချန်းက ရီဖူရှင်းကို မေးသည်။

“အမှန်ပဲ…” ရီဖူရှင်းက ပြောသည်… “အစ်ကို၃က ကျုပ်ကို ကယ်တင်ချင်တယ်… ဒီအတွက် ကျွန်တော် သတိလစ်အောင် လုပ်ပြီးတော့ မြေရိုင်းပြည်နယ်က ထွက်သွား စေချင်ခဲ့တယ်… ပြီးတော့ သူက နန်းတော်ကို တစ်ယောက်တည်း လာခဲ့တယ်… တကယ်က ကျန်းရှာကို ကျွန်​တော် သတ်ခဲ့တာ… ”

“ဒီလိုကိုး…” ကျူးကော့ချန်းဖန်နှင့် ကျူးကော့မင်းယွီတို့ အားလုံးက ဖြစ်ပျက်ခဲ့သည်များအား နားလည် သွားကြသည်။

ထိပ်သီး တန်ခိုးရှင်များအားလုံး ထိတ်လန့် သွားကြသည်။ ရီဖူရှင်းက လိမ်ညာနေဟန် မတူပေ။ သို့သော် ထိုကိစ္စက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

“လေလုံးကတော့ တော်တော်ကြီးတယ်…” ခွန်ယိုက အေးစက်စွာ ပြောသည်။ ကျန်းရှာကား ကျိရှမ်းကမ်းပါး၏ သားတော်တစ်ပါးဖြစ်ကာ နိုဘယ်တစ်ယောက်သာ ဖြစ်သော ရီဖူရှင်းက သူ့အား မည်သို့ သတ်ဖြတ်နိုင်မည်နည်း။ ထိုစကားက ကျိရှမ်းကမ်းပါးကို စော်ကားသည်နှင့် မခြားပေ။

ရီဖူရှင်းက ခွန်ယိုကို စူးစူးရဲရဲ ကြည့်သည်။ ထို့နောက် သူက စိတ်စွမ်းအားကို ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်စေ၏။ လေထဲတွင် မမြင်ရသော လေမုန်တိုင်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။

“လေ…” ရီဖူရှင်းက စကားလုံး တစ်လုံးကို ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ် လေလှိုင်း နဂါးတစ်ကောင်အလား ကခုန်သွား၏။

“လောကဓာတ်…” လူအများအပြား၏ပါးစပ်များ ဟသွားသည်။

“မီး…” နောက်စကားလုံး တစ်လုံးတွင် မီးသဘာဝ လောကဓာတ်နှင့်အတူ လေထုက ပူပြင်း ခြောက်သွေ့သွားသည်။

“ဘာ…” အားလုံးက ကျောချမ်း သွားကြသည်။

“မိုးကြိုး…” နောက်စကားလုံး တစ်လုံးနှင့်အတူ ကမ္ဘာလောကကြီးထံသို့ လျှပ်စီးတန်းများ ဆင်းသက် လာကြသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်က လေထဲကို တဖြည်းဖြည်း မြောက်တက်လာသည်။ ကြယ်တာရာများ လင်းလက်လာကာ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွား၏။

“ကြယ်တာရာ လောကဓာတ်…” ရီဖူရှင်းက ဆက်ပြောသည်။ ရီဖူရှင်းအား ကြည့်နေသော လူများ၏အသည်းစိုင်များ ပြုတ်ထွက်တော့မည်ဟု ခံစားနေကြရသည်။

ပထမတန်းစား နိုဘယ်တစ်ယောက်က လူအများအား လောကဓာတ်များကို ဖော်ထုတ်ပြသနေသည်။ ထို့အပြင် ထိုလောကဓာတ်များ အားလုံးက ရင့်သန်နေပြီးသော ဓာတ်များဖြစ်ကြသည်။

“လေဟာနယ်.. အေးခဲစမ်း…” ရီဖူရှင်းက ထပ်ပြောလိုက်သည်။ အားလုံးသော ထိပ်သီးတန်ခိုးရှင်များ အားလုံးက သူတို့ထံကို ရိုက်ခတ်လာသော အာကာသ သဘာဝလောကဓာတ်ကို ခံစားမိကြကာ အံ့အားသင့်ဖွယ် ကောင်းအောင် သူတို့၏ခန္ဓာကိုယ်က တောင့်တင်း သွားကြသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်တစ်ခုလုံး အေးခဲသွားသည်ဟု ထင်မှတ်ရသည်။

ထိုအရာကား အာကာသသဘာဝ လောကဓာတ်ဖြစ်သည်။

“ဒါ…” သူတို့၏ စိတ်နှလုံးများက စိတ်လှုပ်ရှား လွန်းသောကြောင့် တဝုန်းဝုန်း တုန်ခါနေကြသည်။ ကောင်းကင်မြေရိုင်း ထိပ်သီးပုဂ္ဂိုလ်များ အားလုံးက သူတို့၏ ဂျူနီယာတစ်ယောက် စွမ်းအင်ထုတ်ပြသည်ကို ငေးကြည့်နေကြသည်။ ရီဖူရှင်းက ဓာတ်စွမ်းအား မျိုးစုံ၏ လောကဓာတ်များကိုသာ ထုတ်လွှတ်ခဲ့သည် မဟုတ်ဘဲ ထိုလောကဓာတ်များ အားလုံးကလည်း ရင့်သန်ပြီးသော ဓာတ်များ ဖြစ်ကြသည်။ ထို့အပြင် ရီဖူရှင်းက အလွန် အဆင့်အတန်း မြင့်မားသော အာကာသဓာတ်ကိုပင် နားလည် ဆင်ခြင်ထား နိုင်ခဲ့သည်။

“ကျိရှမ်းကမ်းပါးရဲ့ နံပါတ်တစ် ရှီတန်ခိုးရှင်… ဟုတ်လား…” ရီဖူရှင်းက ခွန်ယိုဘက်ကို လှည့်ကာ ပြောသည်… “ခင်ဗျားက ပါရမီဆိုတာ ဘာလဲ နားလည်လား...”

ပြည်နယ်ကိုးခု၏ ရှီအဆင့်တွင် နံပါတ်ကိုးချိတ်သော ခွန်ယိုကား ကျိရှမ်းကမ်းပါးတွင် နံပါတ်တစ် ရှီတန်ခိုးရှင်ဖြစ်သည်။ သူ့ဘဝတွင် မရေမတွက်နိုင်သော ပါရမီရှင်များကို မြင်တွေ့ဖူးသော်လည်း ယခု ဆုတ်ယုတ် ပျက်စီးနေသော မြေရိုင်းပြည်နယ်တွင် နိုဘယ်တစ်ယောက်က သူ့အား လက်ညှိုးထိုးလျက် ပါရမီဆိုတာ ဘာလဲ မေးနေသည်။ သို့သော်လည်း သူဘာမှ ပြန်မပြောနိုင်။

သူက အမှန်ပင် ဤသို့သော ပါရမီကို မမြင်ဖူးပေ။

ပထမတန်းစား နိုဘယ်ဖြင့် ဤမျှ ပြည့်စုံ အားကောင်းသော လောကဓာတ်များအား နားလည်နိုင်ခြင်းက မည်သည့်ပါရမီရှင်မျှ စွမ်းဆောင် နိုင်လိမ့်မည် မဟုတ်ပေ။ ပြည့်စုံ အားကောင်းသော လောကဓာတ်အား ပထမတန်းစား နိုဘယ်အဖြစ်ဖြင့် နားလည် ဆင်ခြင်နိုင်ခြင်းကား ချင်ကျောင်းကဲ့သို့သော ရှန့်ထိုဖြစ်ရန် အလားအလာ ရှိသူများသာ ပြုလုပ်နိုင်သည်။ သို့သော် ရှီတန်ခိုးရှင်များပင် နားလည်နိုင်စွမ်း မရှိသော အာကာသဓာတ်အား နားလည်နိုင်ခြင်းကား မျက်လုံးဖြင့် သူကိုယ်တိုင် မမြင်ရလျှင် ယုံနိုင်ဖွယ်ရာပင် မရှိပေ။

ယနေ့ သူက မြေရိုင်းပြည်နယ်၏ ပါရမီရှင်တစ်ယောက်ကို​ တွေ့ခဲ့ရသည်။ စိတ်မကောင်းစရာပင်...။ ဂူတုံးလျိုနှင့် တူညီစွာပင် အကယ်၍ သူက ရီဖူရှင်းအား ဆောလျင်စွာ တွေ့ခဲ့ပါက ကျိရှမ်းကမ်းပါးကို ခေါ်သွားကာ ကောင်းကောင်း လေ့ကျင့်ပေးမည် ဖြစ်သည်။ သို့သော်လည်း ယခု သူတို့အားလုံးက ဆန့်ကျင်ဘက် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရှန့်ထိုခေါင်းဆောင်က သူတို့အား အသက်ရှင်လျက် ဖမ်းဆီးစေခြင်းက မည်သို့သော အဓိပ္ပာယ်နည်း။ ဖြစ်လာနိုင်ဖွယ် အန္တရာယ်ကို ကာကွယ်ရန် သူတို့အား ဦးစွာ သတ်ဖြတ် ဖျက်ဆီး လိုက်ရမည်လား...။

ရီဖူရှင်းကား သူ့ရှေ့တွင် လွန်စွာ မောက်မာ ရိုင်းစိုင်းသည်။ သိသာစွာပင် ရီဖူရှင်းက သူ့အား လွန်စွာ မုန်းတီးနေပေသည်။ နှစ်ဖက်အကြား ဆက်ဆံရေးက ညှိနှိုင်းခြင်း အဆင့်ထက် ကျော်သွားပြီ ဖြစ်သည်။ ရီဖူရှင်းကလည်း ခွန်ယိုရှေ့တွင် လေးစား ရိုသေခြင်း ကင်းမဲ့သည်။ နဂါးပတ်တောင်နှင့် ထိုက်ဟန်တောင်ကို ဖျက်ဆီးရန် ကြံစည်နေသည့် ခွန်ယိုရှေ့တွင် သူက ကောင်းကောင်းမွန်မွန် ပြန်ပြောနေစရာ အကြောင်းမရှိပေ။ ခွန်ယိုက သူ့အား မည်သည့်နည်းနှင့်မျှ အလွတ်ပေးမည် မဟုတ်ပေ။

“လျူချန်း … မင်းလုပ်ရမလား … ငါလုပ်ရမလား…” ခွန်ယိုက အေးစက်စွာ ပြောသည်။

လျူချန်း၏ရင်ဘက်က တင်းကျပ်သွားသည်။ ထိုအခိုက်တွင် သူကား အလွန်အမင်း စိတ်လွန်ဆွဲနေသည်။ သူက ရီဖူရှင်းကို ကိုယ်တိုင် ထုတ်ပယ်ခဲ့၏။ ယခု တော်ဝင်ကျဲနန်းတော် ပြင်ဘက်တွင် ရီဖူရှင်းက မြေရိုင်းပြည်နယ် တစ်ခုလုံးအား ကိုယ်စားပြုနိုင်သော ပါရမီကို ထုတ်ပြခဲ့၏။ ပထမတန်းစား နိုဘယ်တစ်ယောက်ဖြစ်သော သူက များစွာသော လောကဓာတ်များအား သိနားလည်ခဲ့သလို အာကာသဓာတ်ကိုလည်း နားလည်ခဲ့သည်။ သူက မရေမတွက်နိုင်သော ရှီတန်ခိုးရှင်များ မစွမ်းသောသော အရာကို လုပ်ဆောင်ခဲ့သည်။

သူက ပိုင်လွေလီထက် ထူးချွန်သည်ကို သက်သေပြလိုခဲ့သည်။ အမှန်တကယ်အားဖြင့် သူလုပ်ပြခဲ့ပြီး ဖြစ်သည်။ ပိုင်လွေလီကလည်း ပထမတန်းစား နိုဘယ်အဖြစ်ဖြင့် ရင့်သန်သော လောကဓာတ်အား နားလည်ခဲ့သော်လည်း ရီဖူရှင်း၏ အာကာသဓာတ် တစ်ခုတည်းက ပိုင်လွေလီအား ထုတ်ခဲ့သမျှအား မြောင်းထဲ လွှင့်ပစ်နိုင်ရလောက်အောင် အဆင့်အတန်း မြင့်မားပေသည်။

သူတို့ မှားယွင်းခဲ့သလား...။

ဂူတုံးလျိုက သူ့အား မေးခွန်းထုတ်ခဲ့သည်။ ရီဖူရှင်းက သူ့အား မေးခွန်းထုတ်ခဲ့၏။ ယခု သူ၏စိတ်ထဲတွင် သံသယ ဝင်လာပြီဖြစ်သည်။

“လျူချန်း… မြေရိုင်းပြည်နယ်က အတော်ဆုံး လူငယ်နှစ်ယောက်ရဲ့ တိုက်ပွဲကို ငါမြင်ချင်တယ်… ရီဖူရှင်းက ပိုင်လွေလီကို စိန်ခေါ်ချင်တယ် ဆိုမှ​တော့ သူ့ဆန္ဒကို လိုက်လျောသင့်တယ်…” ဟောင်မိသားစုခေါင်းဆောင် ဟောင်စီက ပြောသည်။ ရီဖူရှင်းက ပြိုင်ဘက်ကင်း ပါရမီကို ထုတ်ဖော်ခဲ့သည့်တိုင် သူက ပိုင်လွေလီကို အနိုင်ရမလား ဟူသော မေးခွန်းက မရေရာပဲ ရှိနေသေးသည်။ သို့သော်လည်း သူက ကျန်းရှာကို သတ်ခဲ့သည်ဟု ပြောမှတော့ ရီဖူရှင်းတွင် ဖြစ်နိုင်ဖွယ် စွမ်းရည်ရှိသည်ဟုလည်း ပြော၍ရပေသည်။

“လျူချန်း… တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ် တစ်ခုလုံးကို ကိုယ်စားပြုတဲ့ ရှန့်ထိုတစ်ပါး မွေးဖွားချင်ခဲ့တယ်… အခု မင်းရှေ့မှာ ရှန့်ထိုဖြစ်နိုင်တဲ့ တစ်ယောက်ကို မင်းမြင်နေရပြီ… နန်းတော်က သူတို့ရဲ့အယူဝါဒကို လိုက်နာသလား ကျုပ်သိချင်တယ်…” ယူစီက အေးစက်စွာ ပြောသည်။ ရီဖူရှင်း၏ပါရမီကို ယခုအချိန်အထိ မေးခွန်းထုတ်စရာ လိုပါသေးသလော...။ ချင်ကျောင်းနှင့် ပိုင်လွေလီကို ရှန့်ထိုဖြစ်မည့်သူများဟု သတ်မှတ်လျှင် ရီဖူရှင်းကကော...။

***

All Chapters