← Chapters

အခန်း (၉၂၆)

Vol. 67 Ch. 926

အခန်း (၉၂၆)

Vol. 67 Ch. 926

သူ့ပတ်ဝန်းကျင်တွင်ရှိသော ဓားအလင်းများသည် ငါးရက်အကြာတွင် ပျောက်ကွယ်သွားကြသည်။

မူလဝိညာဉ်ဓားက စိတ်နယ်ပယ်ထဲသို့ ပြန်ရောက်သွားသည်။ ထိုဓားပေါ်တွင်ရှိသော ဓားအလင်းက အလွန်ခမ်းနားပြီး အဆုံးမရှိဟု ထင်ရသည်။

သူက မျက်လုံးဖွင့်လိုက်သောအခါ မျက်လုံးထဲတွင် ဓားအလင်းများ ဖြတ်ပြေးသွားသည်။

မဟာဓားကျင့်ကြံသူနှစ်ဦး၏ အမွေအနှစ်ကြောင့် သူ၏ ဓားတာအိုအခြေခံအုတ်မြစ်က ပိုမိုခိုင်မာလာသည်။

“ဝီ”

ဓားအလင်းက ပျောက်ကွယ်သွားသည်။ သူ့ရှေ့တွင် မီးပြင်းဖိုနှစ်ခု ပေါ်လာသည်။

တစ်ခုက အထွတ်အထိပ်အဆင့်ရတနာဖြစ်သော အရာအားလုံးကို သန့်စင်နိုင်သည့် အနှစ်သာရသန့်စင်ခြင်းမီးပြင်းဖို ဖြစ်သည်။

နောက်တစ်ခုက ခါးသီးအင်မော်တယ်နယ်မြေတွင် သေဆုံးသွားသော တန်ယွမ်ဂိုဏ်းမှ အင်မော်တယ်သခင်မင်ယွမ်၏ မီးပြင်းဖို ဖြစ်သည်။

ထိုမီးပြင်းဖိုနှစ်ခုသည် တူညီသောအရင်းအမြစ်ကို ပိုင်ဆိုင်ထားကြသည်။

မီးပြင်းဖိုနှစ်ခုက လွင့်မျောပြီး တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေသည့်အလား စွမ်းအားများက သွယ်ယှက်နေကြသည်။

အနှစ်သာရပြောင်းလဲခြင်း မီးပြင်းဖို ....

နတ်ဘုရားလောကတွင် ရှားပါးရတနာတစ်ခုအဖြစ် ယူဆနိုင်သော ထိုမီးပြင်းဖိုသည် လွှမ်းမိုးနိုင်စွမ်းရှိသော နာမည်ကို ပိုင်ဆိုင်ထားသည်။

ထိုမီးပြင်းဖိုက တစ်ပိုင်းတစ်စစီဖြစ်နေသော စွမ်းအားများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပေးနိုင်သည်။

ဟန်မူယဲ့က လက်မြှောက်သည်။ အရောင်ကိုးမျိုးအလင်းသည် မီးပြင်းဖိုထဲတွင် ပြန်လည်စုစည်းလာသည်။

နတ်ဘုရားသားရဲကိုးကောင်၏ သွေးအဆီအနှစ်ကို ပေါင်းစပ်၍ သန့်စင်ထားသည်။ ထိုရတနာသည် နတ်ဘုရားသားရဲတစ်ကောင်၏ သွေးမျိုးဆက်စွမ်းအားကို စိတ်ကူးမယဉ်နိုင်သောအဆင့်အထိ မြှင့်တင်ပေးနိုင်သည်။

သို့သော် သွေးစွမ်းအားအများစုကို မိစ္ဆာဘုရင်ဟွင်ထျန်းက ယူသွားခဲ့သည်။ ယခုအချိန်တွင် အနည်းငယ်သာ ကျန်ရစ်ခဲ့သောကြောင့် အနှစ်သာရပြောင်းလဲခြင်း မီးပြင်းဖိုဖြင့် ပြန်လည်သန့်စင်ရန် လိုအပ်နေသည်။

သို့သော် ထိုစွမ်းအားအနည်းငယ်က လုံလောက်သည်။

ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်တွင် မူဝမ်ကို ချီစုစည်းခြင်းဆေးလုံးအား သန့်စင်ရန် သင်ပြပေးခဲ့သောအချိန်တွင် သူက ချီစွမ်းအင်အနည်းငယ်ကိုသာ အသုံးပြုခဲ့သည်။

ယခုအချိန်တွင် အရောင်ကိုးမျိုးအလင်းကို လမ်းပြအနေဖြင့် အသုံးပြုလျှင် လုံလောက်သည်။

သူက လက်မြှောက်ပြီး သွေးမျိုးဆက်စွမ်းအားကို မီးပြင်းဖိုထဲသို့ ထည့်သွင်းလိုက်သည်။

အနှစ်သာရသန့်စင်ခြင်းမီးပြင်းဖိုက အရာအားလုံးကို ချေဖျက်နိုင်သည်။ ထို့ကြောင့် ကျဆင်းလာသော သွေးမျိုးဆက်စွမ်းအားများအားလုံးကို ပေါင်းစပ်ပေးလိုက်သည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် သွေးမျိုးဆက်များအားလုံးကို စုဆောင်းထားခဲ့သည်။ တောင်ပိုင်းကုန်းမြေ၊ အလယ်ပိုင်းကုန်းမြေနှင့် ပျက်စီးခြင်းတောရိုင်းမှ သွေးမျိုးဆက်များကို စုစည်းထားသည်။

သူ၏ ခွေသားရဲနှင့် ပါရှားသွေးမျိုးဆက်ကိုလည်း ထိန်းသိမ်းထားသည်။

ယခုအချိန်တွင် ထိုသွေးမျိုးဆက်များက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ရွှေရောင်သွေးလုံးတစ်လုံး ဖြစ်လာသည်။

သူက လက်မြှောက်ပြီး ထိုသွေးလုံးကို အနှစ်သာရပြောင်းလဲခြင်း မီးပြင်းဖိုထဲသို့ ထည့်လိုက်သည်။ အရောင်ကိုးမျိုးအလင်းက ထိုသွေးလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။

နတ်ဘုရားအလင်းသည် မီးပြင်းဖိုထဲတွင် တုန်ခါနေသည်။

အရောင်ကိုးမျိုးအလင်း၏ အောက်တွင် ရွှေရောင်ဆေးလုံးတစ်လုံး ဖြစ်တည်လာသည်။

အကယ်၍ ထိုဆေးလုံး အောင်မြင်သွားခဲ့လျှင် အဆင့်သတ်မှတ်ရန် ခက်ခဲလိမ့်မည်။

ဟန်မူယဲ့က မီးပြင်းဖိုထဲတွင် လှည့်ပတ်နေသော အလင်းရောင်ကို ကြည့်လိုက်ပြီး လက်မြှောက်၍ မီးပြင်းဖိုနှစ်ခုလုံးကို သိမ်းသည်။

ယခုအချိန်တွင် ဆေးလုံးကို သန့်စင်ရန် လုံလောက်သော သွေးမျိုးဆက်များ မရှိသေးပေ။

ခါးသီးအင်မော်တယ်နယ်မြေမှ နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်ကို ယူလိုက်မည်ဆိုလျှင်ပင် ဆေးလုံးသန့်စင်ရန် မလုံလောက်ပေ။

အကယ်၍ ထိုဆေးလုံးကို လွယ်ကူစွာ သန့်စင်နိုင်လျှင် နတ်ဘုရားလောကမှ အင်မော်တယ်သခင် မင်ယွမ်သည် ပြန်လည်မွေးဖွားလာလိမ့်မည်။ ထိုဆေးလုံးကို သန့်စင်ရန် မလွယ်ကူသောကြောင့် မိစ္ဆာဘုရင်ရှန်းထျန်းကို အသုံးပြုပြီး နတ်ဘုရားသားရဲသွေးမျိုးဆက်များကို စုစည်းရန်သာ တတ်နိုင်ခဲ့သည်။

“အနှစ်သာရသန့်စင်ခြင်း မီးပြင်းဖိုနဲ့ အနှစ်သာရပြောင်းလဲခြင်း မီးပြင်းဖို။ တကယ်လို့ ညီမမူက ဒီမီးပြင်းဖိုတွေကို ပိုင်ဆိုင်ထားရင် အာခီမီနဲ့ပတ်သတ်ပြီး ခုန်ပေါက်တိုးတက်လာမှာပဲ”

ဟန်မူယဲ့က ရေရွတ်လိုက်သည်။

သူက ဖူယွီအင်မော်တယ်ကမ္ဘာတွင် ဆယ်နှစ်ကျော်ကြာအောင် နေထိုင်ခဲ့သည်။ လူသားကမ္ဘာ၏ အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်လာရန် နှစ်ပေါင်းနှစ်ဆယ်သာ လိုတော့သည်။

ထိုအချိန်တွင် ဟန်မူယဲ့က လူသားလောကသို့ ပြန်သွားလိမ့်မည်။

ဟန်မူယဲ့က လက်မြှောက်ပြီး အပြင်ဘက်တွင်ရှိသော အလင်းလွှာကို ဖယ်ရှားသည်။

“ဝီ”

ခန်းဆောင်၏အပြင်ဘက်မှ ဓားအလင်းတစ်ခု တိုးဝင်လာသည်။

ကျန်းထျန်းခန်းဆောင်သခင် လီယွင်ကန်း ....

ဓားသည် အလွန်လျင်မြန်ပြီး ဟန်မူယဲ့ဆီသို့ ချက်ချင်းရောက်လာသည်။

ဓား၏ စွမ်းအားသည် လေဟာနယ်သန့်စင်ခြင်းအဆင့်တွင် ရှိနေသည်။

လီယွင်ကန်းက သူပြောခဲ့သည့်အတိုင်း လေဟာနယ်သန့်စင်ခြင်းအဆင့် စွမ်းအားဖြင့် ဟန်မူယဲ့ကို စိန်ခေါ်သည်။

ဟန်မူယဲ့က ဓားအလင်းကို ကြည့်လိုက်ပြီး လက်မမြှောက်ခဲ့ပေ။

မူလဝိညာဉ်ဓားသည် သူ့ရှေ့တွင် ပေါ်လာသည်။

ထို့နောက် သန်းထောင်ချီသော ဓားအလင်းများအဖြစ် ပြောင်းလဲသွားသည်။

လီယွင်ကန်း၏ဓားက ဟန်မူယဲ့နှင့် ပေသုံးဆယ်အကွာသို့ ရောက်လာသောအခါတွင် ဓားအလင်းများ၏ ရစ်ပတ်မှုကို ခံလိုက်ရသည်။

“ဘာလဲ ....”

လီယွင်ကန်းက ခပ်အုပ်အုပ် အော်ဟစ်လိုက်ပြီး လက်မြှောက်၍ ကိုယ့်ကိုယ်ကိုယ် ကာဥွယ်သည်။

မရေမတွက်နိုင်သော ဓားအလင်းများက သူနှင့် သုံးပေအကွာသို့ ရောက်လာကြသည်။

ထောင်ချောက် မိသွားသည်။

လီယွင်ကန်းက မရေမတွက်နိုင်သော ဓားအလင်းများ၏အလယ်တွင် ရှိနေပြီး မလွတ်မြောက်နိုင်တော့ပေ။

ကျူးမင်၏ ဓားဆန္ဒနှင့် ထောင်ချောက်ဓား၏စွမ်းအားကို ပေါင်းစပ်ပြီး ထိုဓားချက်ကို ထုတ်ဖော်ခဲ့သည်။

သို့မဟုတ် ဓားဝင်္ကပါတစ်ခုဟု ပြောနိုင်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ ဓားနည်းစနစ်ကို ပြသနိုင်သည်။

လီယွင်ကန်းက ဓားအလင်းပင်လယ်ထဲတွင် ရုန်းကန်နေပြီး မလွတ်မြောက်နိုင်သောကြောင့် ဟန်မူယဲ့က ပြုံးလိုက်သည်။

သူက ထိုနည်းစနစ်ကို ပွင့်လင်းစွာ အသုံးချနိုင်သည်။

ထိုနည်းစနစ်ဖြင့် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသို့ သွားပြီး ဓားနည်းစနစ်များကို လေ့လာနိုင်သည်။

“ဘုန်း”

လီယွင်ကန်းက ဓားအလင်းကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်တွင်ရှိသော ဓားအလင်းများကို ဖျက်ဆီးပစ်လိုက်သည်။

ဓားအလင်းများအားလုံးသည် ဟန်မူယဲ့ဆီသို့ ပြန်ရောက်သွားပြီး မူလဝိညာဉ်ဓားအဖြစ် စုစည်းလိုက်သည်။

သူက လက်မြှောက်ပြီး ဝှေ့ယမ်းသည်။ မူလဝိညာဉ်ဓားက ပျောက်ကွယ်သွားသည်။

“ခန်းဆောင်သခင်ရဲ့ခွန်အားက အထင်ကြီးစရာပဲ။ ကျွန်တော့်ကို အနိုင်ရသွားပါပြီ”

ဟန်မူယဲ့က လက်ခုပ်တီးလိုက်ပြီး ပြောသည်။

လီယွင်ကန်း၏မျက်နှာက နီရဲသွားသည်။

ပုံရိပ်ယောင်ကမ္ဘာတစ်ခုသည် သူ့ခေါင်းပေါ်တွင် ရှိနေသည်။

ကမ္ဘာငယ် ....

သူက အနိုင်ရသွားခဲ့သည်။

သို့သော် ကမ္ဘာငယ်၏စွမ်းအားကို အသုံးပြုပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်သော စွမ်းအားကို ထုတ်သုံးခဲ့သည်။

‘ငါနိုင်သွားတယ်လို့ သတ်မှတ်ရမှာလား’

“အကြီးအကဲကျူးမင်ရဲ့ အမွေအနှစ်က တကယ်ထူးခြားတာပဲ”

လီယွင်ကန်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူက ဟန်မူယဲ့၏ ဆံပင်ကို စည်းနှောင်ထားသော ဖဲကြိုးကို သတိထားမိသည်။

“ကောင်းပြီ။ နောက်ရက်တွေကျ ငါပြန်လာခဲ့မယ်”

ထိုသို့ဖြင့် သူက ခန်းဆောင်ထဲမှ ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး အပြင်ဘက်သို့ ထွက်သွားတော့မည့်အချိန်တွင် လီယွင်ကန်းက ပြန်ရောက်လာသည်။

“ငါက အရေးကြီးကိစ္စကို မေ့တော့မလို့”

သူ့မျက်နှာထားက လေးနက်နေပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“ခါးသီးအင်မော်တယ်နယ်မြေရဲ့ အရှုပ်အထွေးတွေက ယွင်လန်တာအိုဂိုဏ်းကို သက်ရောက်နေတယ်”

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

ခါးသီးအင်မော်တယ်နယ်မြေသည် ယွင်လန်ဂိုဏ်းနှင့် သိပ်မဆိုင်ပေ။ သို့သော် ယွင်လန်ဂိုဏ်းက နတ်ဘုရားလောကမှ အင်မော်တယ်သခင်မင်ယွမ်၏ အစီအစဉ်တွင် ပါဝင်ခဲ့သည်။

“မိစ္ဆာဘုရင်ရှန်းထျန်းကြောင့်လား”

ဟန်မူယဲ့က မေးသည်။

“ဟုတ်တယ်။ ယွင်လန်တာအိုဂိုဏ်းက ပြိုကွဲသွားတော့မယ်လို့ ထင်ရတယ်။ ဂိုဏ်းထဲမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်”

လီယွင်ကန်းက လျင်မြန်စွာပြောသည်။

သေချာစဉ်းစားကြည့်လိုက်လျှင် ထိုဖြစ်ရပ်က ရိုးရှင်းသည်။ ယွင်လန်တာအိုဂိုဏ်းက အင်မော်တယ်ကမ္ဘာတွင် အမှီအခိုကင်းမဲ့စွာ ဆက်လက်ရပ်တည်မည်။ သို့မဟုတ် နတ်ဘုရားလောကသို့ ပြောင်းသွားမည်။ ထိုဖြစ်ရပ်နှင့်ပတ်သတ်၍ ငြင်းခုန်မှုများ ဖြစ်နေကြသည်။

အစပိုင်းတွင် ထိုထင်မြင်ချက်နှစ်ခုက မတိုးသာမဆုတ်သာအခြေအနေတွင် ရှိနေသည်။

သို့သော် ယခုအချိန်တွင် ကွဲပြားသွားသည်။

သူတို့က နတ်ဘုရားလောကမှ အင်မော်တယ်သခင်တစ်ပါး၏ အကြွင်းအကျန်ဝိညာဉ်ကို ကူညီပေးထားသောကြောင့် နတ်ဘုရားလောက၏အကြောင်းကို ပိုသိလာသည်။

ထို့အပြင် အကြွင်းအကျန်ဝိညာဉ်က ကတိတချို့ပေးပြီး ဂိုဏ်း၏ ကျွမ်းကျင်သူများကို ဆွဲဆောင်ခဲ့သည်။

“အခု တခြားဂိုဏ်းတွေက သတိထားဖို့ လိုနေပြီ”

လီယွင်ကန်းက စိုးရိမ်နေပုံပေါ်သည်။

အကယ်၍ တာအိုဂိုဏ်းက နတ်ဘုရားလောကနှင့် ပူးပေါင်းလိုက်လျှင် နောက်ဆက်တွဲဖြစ်ရပ်များက အလွန်ဆိုးဝါးနေလိမ့်မည်။

သို့မဟုတ် တာအိုဂိုဏ်း ပြိုကွဲသွားသောကြောင့် ဓားဂိုဏ်းနှင့် တခြားဂိုဏ်းများက အကျိုးအမြတ်ရနိုင်သည်။

“ပြီးတော့”

လီယွင်ကန်းက တုံ့ဆိုင်းနေပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ဒီတစ်ကြိမ်မှာ မင်းက မီးပြင်းဖိုထဲမှာရှိနေတဲ့ သွေးအဆီအနှစ်ကို ဖျက်ဆီးပစ်လိုက်တာကြောင့် သွေးစစ်ပွဲဂိုဏ်းနဲ့ တာအိုဂိုဏ်းက ဒေါသထွက်သွားတယ်”

ဟန်မူယဲ့က အမွေအနှစ်ခန်းဆောင်ထဲတွင် အရောင်ကိုးမျိုးသွေးအဆီအနှစ်ဆေးလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ထို့ကြောင့် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ရုပ်သေးရုပ်ကို ထောက်ပံ့မပေးနိုင်တော့ပေ။

ထိုသို့ဖြင့် ဓားဂိုဏ်းက အပြစ်တင်ခံလိုက်ရသည်။

သို့သော် ဓားဂိုဏ်း၏နောက်ကွယ်တွင် သံမဏိချပ်ဝတ်ဂိုဏ်းနှင့် ကောင်းကင်အလင်းဂိုဏ်းတို့ ရှိနေသောကြောင့် တခြားဂိုဏ်းများနှင့် ဟန်ချက်ထိန်းထားနိုင်ခဲ့သည်။

သို့သော် ဓားဂိုဏ်းက တန်ဖိုးတစ်ခုကို ပေးဆပ်ရမည်။

“အဲဒီတော့ ဒီတစ်ကြိမ်မှာ သင်္ချိုင်းအင်မော်တယ်မြို့တော်ကို ကျွန်တော်တို့ဓားဂိုဏ်းကပဲ ထောက်ပံ့ပေးရမှာပေါ့”

ဟန်မူယဲ့၏မျက်နှာက အေးစက်နေသည်။

သူက ဓားဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် ဟန်ဆောင်ထားသောကြောင့် စိတ်ထဲတွင် ရှက်ရွံ့မှုကို အမြဲခံစားနေရသည်။

ဓားဂိုဏ်းသည် ဖြောင့်မတ်ပြီး ဓားဂိုဏ်း၏ အကြီးအကဲများက လှည့်ကွက်များမသုံးပဲ ကိုယ်ကျင့်တရားကောင်းကြသည်။

သို့သော် ဤတစ်ကြိမ်တွင် တာအိုဂိုဏ်းနှင့် သွေးစစ်ပွဲဂိုဏ်းက သူ့ကိုအကြောင်းပြပြီး ဓားဂိုဏ်းကို ပြဿနာရှာနေသည်။

အကယ်၍ သူက အရောင်ကိုးမျိုးအလင်းကို မဖျက်ဆီးခဲ့လျှင် မိစ္ဆာဘုရင်ရှန်းထျန်း၏ အစီအစဉ်က အောင်မြင်သွားလိမ့်မည်။

“သင်္ချိုင်းအင်မော်တယ်မြို့တော်မှာ မရေမတွက်နိုင်တဲ့ ဖူယွီကမ္ဘာကကျင့်ကြံသူတွေ သေဆုံးသွားကြတယ်”

လီယွင်ကန်းက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဝိညာဉ်ဖျက်ဆီးခြင်းတောင်ကြားက အန္တရာယ်ပိုနည်းတယ်”

ဟန်မူယဲ့က တာအိုဂိုဏ်းကို ရန်စခဲ့သောကြောင့် အန္တရာယ်နယ်မြေတစ်ခုကို စောင့်ရှောက်ရန် အပြစ်ပေးခံရသည်။

သံမဏိချပ်ဝတ်ဂိုဏ်းက ဝိညာဉ်ဖျက်ဆီးခြင်းတောင်ကြားကို စောင့်ကြပ်ထားပြီး များသောအားဖြင့် တခြားလူများကို ဝင်ခွင့်မပြုပေ။

သို့သော် ဟန်မူယဲ့က ထိုနေရာသို့ ရောက်သွားလျှင် အားကောင်းသော ခွေသားရဲသွေးမျိုးဆက်ကို မှီခိုပြီး ဆယ်နှစ်ကြာအောင် နေနိုင်လိမ့်မည်။

သို့သော် သင်္ချိုင်းအင်မော်တယ်မြို့တော်က မရိုးရှင်းပေ။

“မင်းက ဝိညာဉ်ဓားရွှေအင်မော်တယ်နဲ့ ဓားချက်ဖလှယ်ဖူးတယ်။ တကယ်လို့ အဲဒီကို သွားမယ်ဆိုရင် သူနဲ့ တိုက်ခိုက်နေရလိမ့်မယ်”

သတ်ဖြတ်လိုစိတ်များသည် လီယွင်ကန်း၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

ဓားကျင့်ကြံသူများသည် အကြံအစည်များကို အလွန်မုန်းသည်။

သူတို့က တွက်ချက်မှုများ လုပ်နေမည့်အစား ဓားထုတ်၍ ပွင့်လင်းစွာတိုက်ခိုက်ပြီး ဖြေရှင်းလိမ့်မည်။

“အဲဒါဆိုရင်လည်း သင်္ချိုင်းအင်မော်တယ်မြို့တော်ကိုပဲ သွားတာပေါ့”

ဟန်မူယဲ့က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

“ဘယ်တော့သွားမှာလဲ”

သူက အန္တရာယ်နယ်မြေတစ်ခုတွင် ဆယ်နှစ်ကြာအောင် နေထိုင်ရန် ရွှေအင်မော်တယ်ရှုမင်နှင့် သဘောတူခဲ့သည်။ သဘောတူထားသောအချိန်က ရောက်မလာသေးသော်လည်း သူက ခါးသီးအင်မော်တယ်နယ်မြေ၏ အရှုပ်အထွေးများကို ဖြေရှင်းပြီးခဲ့သည်။

သူက ယွင်လန်မြို့ကို စီမံနေရန်လည်း မလိုအပ်ပေ။

မြို့ထဲတွင် ကျွမ်းကျင်သူများ ရှိနေကြသည်။

All Chapters