အခန်း (၉၃၀)
Vol. 67 Ch. 930
ယုကျီ၏ဘေးတွင် ရှိနေသော ချန်ချွီ၏မျက်နှာထားကလည်း အေးစက်သွားသည်။
တစ်ဖက်တွင် စုယွီနွန်က ရှက်ရွံ့နေပုံပေါ်သည်။
ပုံမှန်အတိုင်းဆိုလျှင် သူက ကျန်းရွှမ်ခန်းဆောင်၊ ကျန်းဟွမ်ခန်းဆောင်တို့နှင့် နီးကပ်စွာ မနေပေ။
“အရင်တုန်းကဖြစ်ရပ်ကိုတောင် မဖြေရှင်းရသေးဘူး။ သူက အကြီးအကဲခန်းဆောင်ရဲ့ ဧည့်သည်တစ်ယောက် ဖြစ်လာနိုင်တာလား။ ဒါက သင့်တော်ရဲ့လား”
ရှုံးခယ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး နှာမှုတ်သည်။
ချန်ချွီက စားပွဲခုံကို ရိုက်ချလိုက်သည်။ သူက မတ်တပ်ရပ်လိုက်ပြီး ပြောသည်။
“ရှုံးခယ်၊ ငါတို့ ကျန်းရွှမ်ခန်းဆောင်နဲ့ မင်းတို့ ကျန်းဟွမ်ခန်းဆောင်က ဒီပြိုင်ပွဲမှာ ရှင်းရှင်းလင်းလင်း အဖြေထွက်လာလိမ့်မယ်။ မင်းက အခုအချိန်မှာ ပြဿနာရှာချင်တာလား”
“ဟန်မူယဲ့က ကျန်းရွှမ်ခန်းဆောင်ကပဲ။ မင်းက သူ့ကို ပြဿနာရှာချင်ရင် ငါ့ဆီကို တိုက်ရိုက်လာလို့ရတယ်”
ရှုံးခယ်က တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေပြီး ချန်ချွီကို ကြည့်သည်။
သို့သော် သူက ယခုအချိန်တွင် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူက နှာမှုတ်လိုက်သည်။
“ကောင်းပြီ။ ငါတို့က ပြိုင်ပွဲရလဒ်ကို ကြည့်ကြတာပေါ့”
သူက ဟန်မူယဲ့ကို ထပ်ကြည့်လိုက်ပြီး ရယ်မော၍ လှည့်ထွက်သွားသည်။
သူရောက်လာသောကြောင့် ခန်းဆောင်၏လေထုက အေးစက်သွားသည်။
“အဟမ်း၊ ငါက လုပ်စရာရှိသေးတယ်။ အရင်သွားနှင့်တော့မယ်”
စုယွီနွန်က ခေါင်းခါလိုက်ပြီး ထွက်သွားသည်။
ခန်းဆောင်၏လေထုက တင်းကျပ်လာသည်။
“အစောင့်အကြပ်အကြီးအကဲဖြစ်နေရတာ ဘာကောင်းလို့လဲ။ ဂိုဏ်းမှာ အေးအေးဆေးဆေးနေတာမှ ပိုကောင်းအုံးမယ်”
ယုကျီက ရေရွတ်လိုက်ပြီး သေရည်ခွက်ကို မယူ၍ တစ်ခါတည်း မော့သောက်သည်။
ချန်ချွီကလည်း ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။
“ငါတို့ရဲ့ ကျင့်ကြံခြင်းက ဂိုဏ်းအပေါ်မှာ မှီခိုနေတယ်။ ဂိုဏ်းက ငါတို့ကို လိုအပ်လာတဲ့အချိန်မှာ ငါတို့က ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်မှာလဲ”
ချန်ချွီက ဟန်မူယဲ့၏ တည်ငြိမ်နေသောမျက်နှာထားကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“မင်းက ပြန်လာတဲ့လမ်းမှာ ယွီကျစ်ဒေသရဲ့ အရှုပ်အထွေးတွေကို မြင်ခဲ့တယ်မဟုတ်လား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“ယွီကျစ်ဒေသတင်မကဘူး တခြားဒေသတွေလည်း အဲဒီလို ဖြစ်နေကြတယ်”
ချန်ချွီက ဆက်ပြောသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် ဒေသခုနစ်ခုကို ထိန်းချုပ်ထားသည်။ ထိုဒေသများတွင် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူများကို စေလွှတ်ခဲ့သည်။ စုစုပေါင်း ကျွမ်းကျင်သူသုံးဆယ်ကျော်ကို ရှိနေသည်။
ထိုအရေအတွက်သည် တချို့အရေးကြီးနေရာများကို ထည့်တွက်မထားပေ။
ဂိုဏ်းက ကျွမ်းကျင်သူများကို စေလွှတ်လိုက်သော်လည်း နယ်မြေများကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ခဲ့ပေ။
ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူများက နယ်မြေကို စောင့်ကြပ်ခဲ့သော ဂိုဏ်းတပည့်များကဲ့သို့ မဆောင်ရွက်နိုင်ကြပေ။
ဝမ်မင်ဟယ်ရှိနေသောအချိန်တွင် သူက အစွမ်းကုန်အားထုတ်ပြီး ယွီကျစ်ဒေသကို တည်ငြိမ်စေခဲ့သည်။
“အခုအချိန်မှာ တာအိုဂိုဏ်းက ဖရိုဖရဲဖြစ်နေတယ်။ ငါတို့ ဓားဂိုဏ်းက ခွန်အားစုဆောင်းထားဖို့ လိုအပ်တယ်။ အဲဒါကြောင့် ခန်းဆောင်တွေက ဆွေးနွေးပြီး ပြိုင်ပွဲအတိုင်း အဆင့်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်”
ယုကျီက ညင်သာစွာပြောလိုက်ပြီး ဟန်မူယဲ့ကို လေးနက်စွာကြည့်သည်။
ထိုအချက်သည် ရိုးရှင်းသည်။
ယွင်လန်မြို့တွင် ဖြစ်ပွားခဲ့သော ကိစ္စကြောင့် ဓားဂိုဏ်းက တပည့်များကို သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ စေလွှတ်ရန် လိုအပ်နေသည်။
ခန်းဆောင်များသည် တပည့်များ၏ လုပ်ဆောင်ချက်အပေါ်တွင်လိုက်၍ သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ စေလွှတ်ရန် ဆုံးဖြတ်လိမ့်မည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် အမွေအနှစ်အများအပြားကို ပိုင်ဆိုင်ထားသော်လည်း အမှန်တကယ်အားကောင်းသော ခန်ဆောင်များ အနည်းငယ်သာ ရှိသည်။
“အဲဒီတော့ ကျွန်တော်က ကျန်းရွှမ်ခန်းဆောင်ကို ကိုယ်စားပြုပေးရမှာလား”
ဟန်မူယဲ့က သေရည်ခွက်ကိုချလိုက်ပြီး ပြုံးသည်။
ချန်ချွီနှင့် ယုကျီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်ကြသည်။
သူတို့က တခြားအရာများကို ဖုံးကွယ်နေရန် မလိုအပ်ပေ။
ယခုအချိန်တွင် ဟန်မူယဲ့က ပြန်ရောက်လာသည်။ သူက စမ်းသပ်ပွဲကို အပြည့်အဝ မကျော်ဖြတ်ခဲ့ရသောကြောင့် သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ စေလွှတ်ရန် ကျန်းရွှမ်ခန်းဆောင်က ဆုံးဖြတ်ထားသည်။
“အဟမ်း၊ မင်းကို သင်္ချိုင်းအင်မော်တယ်မြို့တော်ဆီ စေလွှတ်လိုက်တာက သိပ်ပြီး အကျိုးအကြောင့်မသင့်ဘူး။ မင်းမှာ တောင်းဆိုစရာရှိရင် ပွင့်ပွင့်လင်းလင်း တောင်းဆိုနိုင်တယ်”
ချန်ချွီက တီးတိုးပြောလိုက်ပြီး အင်မော်တယ်ဟူသော စာလုံးကို ရေးဆွဲပြသည်။
အင်မော်တယ်ရတနာ ....
ဟန်မူယဲ့က အင်မော်တယ်ရတနာတစ်ခုကို ရနိုင်သည်။
ထိုဆုလာဘ်သည် ဆွဲဆောင်နိုင်သည်။
“ထားလိုက်ပါ”
ဟန်မူယဲ့က ခေါင်းခါပြီး မတ်တပ်ရပ်၍ ခန်းဆောင်၏အပြင်ဘက်ကို ကြည့်သည်။
“သင်္ချိုင်းအင်မော်တယ်မြို့တော်ကို ထောက်ပံ့ပေးရမယ့်ပြစ်ဒဏ်က ကျွန်တော့်ကြောင့် ဖြစ်လာတာပဲ။ ကျွန်တော်က သင်္ချိုင်းအင်မော်တယ်မြို့တော်ကိုသွားဖို့ စီစဉ်ပြီးပြီ။ ကျန်းရွှမ်ခန်းဆောင်ရဲ့ကိုယ်စား သွားလိုက်ပါ့မယ်”
ဟန်မူယဲ့က စကားပြောလိုက်ပြီး ချန်ချွီနှင့် ယုကျီကို ခေါင်းညိတ်ပြသည်။
“ကျွန်တော်က ပြန်လည်မွေးဖွားလာတဲ့ အကြီးအကဲဝမ်မင်ဟယ်ကို သွားရှာလိုက်ပါအုံးမယ်”
ထိုသို့ဖြင့် သူက လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။
ခန်းဆောင်ထဲတွင် ချန်ချွီက မျက်မှောင်ကြုတ်နေပြီး ယုကျီကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။
ယုကျီ၏ မျက်နှာထားက လေးနက်နေသည်။
“ဒီကိစ္စက သူ့ကြောင့်ဖြစ်ခဲ့တာလို့ ပြောသွားတာလား”
ယုကျီက တီးတိုးမေးသည်။
ချန်ချွီက ခေါင်းညိတ်သည်။
“ယွင်လန်မြို့သခင် ယွင်လန်ဓားအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့တော်ရဲ့ အစီအစဉ်ကို ဖျက်ဆီးခဲ့တယ် ....”
ယွင်လန်ဓားအင်မော်တယ် ....
ယုကျီက မျက်လုံးပြူးသွားပြီး ခန်းဆောင်၏အပြင်ဘက်သို့ လှည့်ကြည့်သည်။
“အဲဒီတော့ သူက .... ပြိုင်ဘက်ကင်းဟန်လား”
“ယွင်လန်ဓားအင်မော်တယ်၊ ပြိုင်ဘက်ကင်းဟန်၊ ဟန်မူယဲ့ ....”
ချန်ချွီ၏မျက်နှာက ဖြည်းဖြည်းချင်း နီရဲလာသည်။
သူက ရှေ့တွင်ရှိသော သေရည်အိုးကို ဆုပ်ကိုင်ပြီး မော့ချလိုက်သည်။
“ဟားဟား၊ ကောင်းလိုက်တာ”
တစ်ဖက်တွင် ယုကျီက ကျယ်လောင်စွာရယ်သည်။
သူတို့ ကူညီခဲ့သော လက်ရွေးစင်တပည့်က ဤအခြေအနေအထိ မြင့်တက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ယွင်လန်ဓားအင်မော်တယ်သည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ခါးသီးအင်မော်တယ်နယ်မြေ၏ အစီအစဉ်တွင် ဝင်ပါခဲ့သည်။ သူက တခြားဂိုဏ်းများ၏ ရည်ရွယ်ချက်ကို ဖျက်ဆီးခဲ့သောကြောင့် ဓားဂိုဏ်းက အပြစ်တင်ခံလိုက်သည်။
ထိုလူမျိုးက သူတို့၏ရှေ့တွင် ကြီးပြင်းလာခဲ့သည်။
အလွန်ကောင်းသည်။
ဟန်မူယဲ့က ယွင်လုမြို့မှ ထွက်လာပြီး သက်တောင့်သက်သာရှိစွာ လမ်းလျှောက်နေသည်။
ရှေ့တွင် လယ်ကွင်းများနှင့် ရွာလေးတစ်ရွာ ရှိနေသည်။ ကျင့်ကြံသူများက လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြသည်။
ဟန်မူယဲ့ လယ်ကွင်းများကို ဖြတ်ကျော်လာပြီး ကွင်းပြင်တွင် သစ်သားဓားများဖြင့် လေ့ကျင့်နေသော အသက် ၁၂နှစ်၊ ၁၃နှစ်အရွယ် ကလေးများဆီသို့ ရောက်လာခဲ့သည်။
သူတို့၏ဘေးတွင် အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က သံမဏိဓားကို ကိုင်ထားပြီး အော်ဟစ်နေသည်။
“ချန်ကျီ၊ မင်းက အရမ်းနှေးတယ်”
“ဝမ်တဟယ်၊ မင်းက လက်မှာ အားထည့်မထားဘူးလား”
လူအိုကြီး၏အသံက အားကောင်းသည်။ ကလေးများက ထိတ်လန့်နေပြီး ဓားကို လွှဲခုတ်နေကြသည်။
ဟန်မူယဲ့က အပြင်ဘက်တွင်ရပ်ပြီး ဓားဂိုဏ်း၏ အခြေခံဓားနည်းစနစ်အား သင်ပြနေသော လူအိုကြီးကို ကြည့်သည်။
နာရီဝက်အကြာတွင် လူအိုကြီးက လက်ကို ဝှေ့ယမ်းလိုက်သည်။ ကလေးများက ကစားရန် ပြေးထွက်သွားကြသည်။
“သူတို့ထဲက ဘယ်သူ့ကို စိတ်ဝင်စားနေတာလဲ”
လူအိုကြီးက ဟန်မူယဲ့ကို သတိထားမိသည်။ သူက ဟန်မူယဲ့ဆီသို့ လျှောက်လာပြီး မေးလိုက်သည်။
ဟန်မူယဲ့က ရင်ဘတ်တွင် ကျန်းရွှမ်ခန်းဆောင်၏ တံဆိပ်ပြားကို တပ်ဆင်ထားသည်။
“ဝမ်ကျီကျန်း”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
“ဟားဟား၊ အမြင်ကောင်းသားပဲ”
လူအိုကြီးက ကျေနပ်စွာရယ်သည်။ သူက ဓားကိုသိမ်းလိုက်ပြီး ဂုဏ်ယူသောမျက်နှာထားဖြင့် ပြောသည်။
“အဲဒီကလေးတွေထဲမှာ ဝမ်ကျီကျန်းကပဲ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်လိမ့်မယ်”
“သူက ဓားနဲ့ပတ်သတ်ပြီး လိုက်ဖက်ညီတယ်”
လူအိုကြီးက အတိတ်ကိုသတိရနေသောပုံစံဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“မင်းက သူ့ကို ခေါ်သွားလို့ရတယ်။ ဒါပေမဲ့ သူက သဘောတူဖို့ လိုတယ်”
လူအိုကြီးက လေးနက်သောမျက်နှာထားဖြင့် ဓားရှည်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။
“ငါ့ကို သူတို့ရှေ့မှာ အနိုင်ယူပါ”
ပြေးထွက်သွားသော ကလေးများက သူတို့နှစ်ယောက်ကို သတိထားမိပြီး ဖြည်းဖြည်းချင်း ပြန်လည်စုစည်းလာကြသည်။
“ကြည့်လိုက်။ သူက ဓားဂိုဏ်းရဲ့ တရားဝင်တပည့်တစ်ယောက်ပဲ”
လူအိုကြီးက ကျယ်လောင်စွာပြောသည်။
ကလေးများက အားကျနေသောမျက်နှာထားဖြင့် ဟန်မူယဲ့၏ ရင်ဘတ်တွင်ရှိသော တံဆိပ်ပြားကို ကြည့်လိုက်ကြသည်။
“ဒီနေ့မှာ သူက တပည့်တစ်ယောက်ကို ခေါ်သွားချင်တယ်။ သူက ငါ့ကို အနိုင်ယူနိုင်ရင် လွတ်လွတ်လပ်လပ် ခေါ်သွားလို့ရတယ်လို့ သဘောတူခဲ့တယ်”
လူအိုကြီးက ပြောလိုက်ပြန်သည်။
‘တပည့်တစ်ယောက် ရွေးမှာလား’
‘ဓားဂိုဏ်းရဲ့ တရားဝင်တပည့်တစ်ယောက်က တပည့်တစ်ယောက် လိုချင်တာလား’
ကလေးများက စိတ်အားထက်သန်လာကြသည်။
ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများကလည်း ထိုစကားကို ကြားလိုက်ရပြီး အားကျနေကြသည်။
ဤနေရာတွင်ရှိနေသော လူတိုင်းက ဓားဂိုဏ်း၏ အပြင်စည်းတပည့်များ ဖြစ်ကြသည်။ သူတို့က အတွင်းစည်းတပည့်ဖြစ်ရန် အရည်အချင်းမရှိကြပေ။
ထိုကလေးများက အရွယ်ရောက်လာသောအခါတွင် ဓားဂိုဏ်း၏ စစ်ဆေးမှုကို ခံယူလိမ့်မည်။ သို့သော် သူတို့ အောင်မြင်နိုင်ရန် မသေချာပေ။
ဓားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာရန်အတွက် ကံကောင်းခြင်းကိုလည်း လိုအပ်သည်။
ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“ခလွမ် ....”
လူအိုကြီးက ဓားထုတ်လိုက်ပြီး လေဝဲအဖြစ်ပြောင်း၍ ဟန်မူယဲ့ကို ခုတ်ချသည်။
ဓားက လျင်မြန်ပြီး ဟန်မူယဲ့ကို ရှောင်တိမ်းရန် အခွင့်အရေးမပေးပဲ ကျဆင်းလာသည်။
“ခလွမ်”
ဟန်မူယဲ့က ဓားအလင်းတစ်ခုကို ထုတ်ဖော်ပြီး ထိုဓားချက်ကို တားဆီးလိုက်သည်။
လူအိုကြီးက ဓားကို ပြန်မသိမ်းပဲ အရှိန်အဟုန်ကို အသုံးချ၍ ဆက်လက်တိုက်ခိုက်သည်။
ဟန်မူယဲ့၏ဓားက ပေါ့ပါးစွာ လှုပ်ရှားသွားသည်။ ဓားနှစ်လက်က ဆက်တိုက်ထိတွေ့နေသည်။
ဓားများ၏ ထိတွေ့သံက စည်းချက်ကျစွာ ပေါ်ထွက်လာသည်။
လူအိုကြီးက ဆက်တိုက် ရှေ့တိုးလာသည်။ သို့သော် ဟန်မူယဲ့၏ သုံးပေပတ်ဝန်းကျင်ကို မထိုးဖောက်နိုင်ခဲ့ပေ။
“ခလွမ် ....”
ဓားမြည်သံနှင့်အတူ လူအိုကြီးက နောက်ဆုတ်လိုက်ရသည်။ သူက ဓားကိုင်ထားပြီး ဟန်မူယဲ့ကို ကြည့်သည်။
“မင်းက ဓားဂိုဏ်းရဲ့ တပည့်အစစ်ပဲ။ မင်းရဲ့ ဓားနည်းစနစ်က တကယ်သိမ်မွေ့တယ်။ ငါက မယှဉ်နိုင်ဘူး”
လူအိုကြီးက ဓားရှည်ကို ထပ်မြှောက်လိုက်သည်။
“ကျေးဇူးပြုပြီး ငါ့ကို တစ်ကြိမ်တိုက်ခိုက်ပါ။ ဓားဂိုဏ်းက တပည့်တစ်ယောက်ရဲ့ စွမ်းရည်ကို မြင်ချင်တယ်”
ဤတိုက်ပွဲတွင် ဟန်မူယဲ့က ခုခံမှုကိုသာ ပြုလုပ်ခဲ့သည်။
ယခုအချိန်တွင် သူက ခေါင်းညိတ်လိုက်သည်။ သူ့ဓားက လေဝဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူအိုကြီး၏ရှေ့သို့ ဖျတ်ခနဲ ရောက်လာသည်။
လူအိုကြီးက ဓားမြှောက်ပြီး တားဆီးရန် ကြိုးစားလိုက်သည်။ သို့သော် မတားနိုင်ခဲ့ပေ။ ဟန်မူယဲ့၏ ဓားက သူ၏ အင်္ကျီကော်လံပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားပြီး ဓားအိမ်ထဲသို့ ပြန်ရောက်သွားသည်။
“အနိုင်ပေးတဲ့အတွက် ကျေးဇူးပါပဲ”
ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။ ထို့နောက် ဘေးတွင်ရှိသော ကလေးတစ်ယောက်ကို ကြည့်သည်။
“သူ့ကို ခေါ်သွားချင်တယ်”
ကလေးက ဟန်မူယဲ့ကို စိုးရိမ်စွာ ကြည့်သည်။ ထို့နောက် လူအိုကြီးကို ကြည့်သည်။ နောက်ဆုံးတွင် မီးခိုးရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူကို ကြည့်သည်။
“ကျီကျန်း၊ ဆရာကို မြန်မြန်အရိုအသေပေးလိုက်”
မီးခိုးရောင်ဝတ်စုံနှင့် ကျင့်ကြံသူက လျင်မြန်စွာ ပြောသည်။
ကလေးက တုံ့ဆိုင်းနေသည်။ သူက ဒူးထောက်တော့မည့်အချိန်တွင် ဟန်မူယဲ့က တားဆီးလိုက်သည်။
“ငါက တခြားကိစ္စတွေ လုပ်စရာရှိသေးတယ်။ ယွင်လုမြို့မှာ အချိန်တစ်ခုအထိ ရှိမှာမဟုတ်ဘူး။ သူ့ကို မြို့ထဲခေါ်သွားပြီး တပည့်တစ်ယောက်ဆီမှာ အပ်ခဲ့လိုက်မယ်”
ဟန်မူယဲ့က လက်မြှောက်ပြီး မီးခိုးရောင်ဝတ်စုံနှင့် ကျင့်ကြံသူကို သိုလှောင်အိတ်တစ်ခု ပေးလိုက်သည်။