← Chapters

အခန်း (၉၃၈)

Vol. 67 Ch. 938

အခန်း (၉၃၈)

Vol. 67 Ch. 938

ဖန်းရှစ်ကလည်း အံ့အားသင့်နေသည်။ သူက လက်ထဲတွင်ရှိသော ရွှေလေပြင်းဟိုသားရဲကို ပွတ်သပ်လိုက်ပြီး ပြုံးသည်။

‘မိစ္ဆာသားရဲနဲ့ စာချုပ်ချုပ်လိုက်ရင် ဒီလိုမျိုး တိုးတက်လာနိုင်တာလား’

တပည့်အများစု၏ မျက်လုံးများက တောက်ပသွားသည်။

ချက်ချင်းဆိုသလိုပင် ဒါဇင်ချီနေသော လက်ရွေးစင်တပည့်များက သင့်တော်သည့် မိစ္ဆာသားရဲများကို ရွေးချယ်လိုက်ကြသည်။

သို့သော် ဓားကျင့်ကြံသူများအားလုံးက မိစ္ဆာသားရဲများဖြင့် စာချုပ်ချုပ်ရန် ဆန္ဒမရှိကြပေ။

ဟန်မူယဲ့ကလည်း ဂရုမစိုက်ပေ။ သူက လက်မြှောက်ပြီး ဓားရှည်နှင့် ရတနာအမျိုးမျိုးကို ထုတ်ယူသည်။

“မင်းတို့က ငါနဲ့အတူ သင်္ချိုင်းအင်မော်တယ်မြို့တော်ကိုလိုက်ဖို့ ဆန္ဒရှိတယ်ဆိုမှတော့ မင်းတို့က ငါ့ရဲ့ ညီအစ်ကိုတွေပဲ။ ဒီပစ္စည်းတွေထဲမှာ သင့်တော်တာကို ယူလို့ရတယ်”

ဝိညာဉ်ရတနာနှင့် အင်မော်တယ်ရတနာများ ....

အင်မော်တယ်အလင်းဖြင့် တောက်ပနေသော ဆေးလုံး၊ အဝတ်အစားနှင့် ချပ်ဝတ်များ ....

အကာအကွယ်ဝင်္ကပါပြားများနှင့် ခွန်အားတိုးလာစေနိုင်သော သဘာဝရတနာများလည်း ရှိနေသည်။

ရတနာများက တောက်ပနေပြီး ခန်းဆောင်ကို လင်းထိန်သွားစေသည်။

လက်ရွေးစင်တပည့်များက စိတ်လှုပ်ရှားသွားကြသည်။

သူတို့က ရတနာများကို သိပ်မလိုအပ်ပေ။

သို့သော် ဟန်မူယဲ့ထုတ်ပေးလိုက်သော ရတနာများက အလွန်ကောင်းမွန်ပြီး သူတို့လိုအပ်သော ပစ္စည်းများလည်း ပါဝင်နေသည်။

ထို့အပြင် သူတို့က ယွင်လန်ဓားအင်မော်တယ်နှင့်အတူ သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ သွားရောက်မည်ဖြစ်သောကြောင့် သူ၏ ရတနာပစ္စည်းများကို ယူဆောင်နိုင်သည်။

ကျန်းဟွမ်ခန်းဆောင်၏ ကောင်းကင်ဟိန်းသံဓားအင်မော်တယ် ခူရှုက လေးနက်သောမျက်နှာထားဖြင့် ရှေ့တက်လာပြီး မီးတောက်ဓားတစ်လက်ကို ဆုပ်ကိုင်သည်။

“ဒီဓားက ငါနဲ့ လိုက်ဖက်ညီတယ်။ ယူလိုက်ပြီ”

တခြားလူများကလည်း ယဉ်ကျေးမနေပဲ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ယူလိုက်ကြသည်။

....

တစ်နှစ်အကြာတွင် ကျောက်ချန်ပြန်ရောက်လာသည်။

သူက ကျန်းရွှမ်ခန်းဆောင်သို့ တိုက်ရိုက်သွားပြီး သိုလှောင်အိတ်ငါးခုကို ဟန်မူယဲ့ဆီသို့ ပေးသည်။ ထို့နောက် လှည့်ထွက်သွားပြန်သည်။

“နောက်ထပ်ရတနာတွေ သွားပြီးယူလိုက်အုံးမယ်”

သိုလှောင်အိတ်ငါးခုထဲတွင် အမျိုးမျိုးသော အင်မော်တယ်ရတနာများ ရှိနေသည်။

ထို့အပြင် အားကောင်းသော ဝင်္ကပါပြားများလည်း ပါဝင်နေသည်။

ထိုဝင်္ကပါပြားများကို ပူးပေါင်းလိုက်လျှင် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို ခုခံနိုင်လိမ့်မည်။ အင်မော်တယ်သခင်၏ တိုက်ကွက်တစ်ခုကိုပင် တားဆီးနိုင်သည်။

အလွန်အားကောင်းသော ဒူးလေးများလည်း ရှိနေကြသည်။

“ကောင်းကင်ဖျက်ဆီးဒူးလေးတွေက မြို့စောင့်ရတနာတစ်ခုပဲ”

ဟန်မူယဲ့က မျက်လုံးများတောက်ပသွားပြီး အင်မော်တယ်အလင်းကို ထုတ်ပေးနေသော ပေတစ်ထောင်ရှည်လျားသည့်ဒူးလေးကို ကြည့်သည်။

ထိုဒူးလေးများ သုံးထောင်ရှိနေပြီး မြားတံတစ်သိန်း ပါဝင်သည်။

ဒူးလေးများ၏အမှတ်အသားက မတူညီသောကြောင့် ဂိုဏ်းအသီးသီးမှ ယူဆောင်လာပုံပေါ်သည်။

ထိုဒူးလေးများသည် ဝိညာဉ်ကျောက်တုံး သန်းထောင်ချီ၍ တန်ဖိုးရှိသည်။

‘ကျောက်ချန်က ငါ့ကို ဘယ်နှကြိမ်တောင် ရောင်းစားနေတာလဲ’

သုံးရက်အကြာတွင် အင်မော်တယ်အလင်းများ ပေါ်ထွက်လာသည်။

လက်ရွေးစင်တပည့်များက ပြတ်သားသောမျက်နှာထားဖြင့် ရှိနေကြသည်။

“သင်္ချိုင်းအင်မော်တယ်မြို့တော်ကို စောင့်ကြပ်ဖို့အတွက် ဓားဂိုဏ်းရဲ့တပည့်တွေကို ပို့ဆောင်မယ်”

“မင်းတို့အားလုံး အောင်မြင်မှုရရှိပြီး ရောက်တဲ့နေရာတိုင်းမှာ ပြိုင်ဘက်ကင်းနေပါစေ ....”

ကောင်းကင်ထက်တွင်ရှိသော အင်မော်တယ်အလင်းသည် မျည်းကြောင်းအဖြစ် စုစည်းသွားသည်။

ဓားအလင်းများက တစ်ခုပြီးတစ်ခု တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထဲသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွားကြသည်။

“ယွင်လန်ဓားအင်မော်တယ်၊ မင်းက ငါတို့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်တယ်”

လေထုထဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။

လက်ရွေးစင်တပည့် ၂,၃၅၆နှင့်အတူ ကျွမ်းကျင်သူသုံးရာသည် သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ဝင်ရောက်သွားကြသည်။

“ဘုန်း”

တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါမှ ထွက်လာသောအခါတွင် ရွှေအလင်းနှင့် သွေးအလင်းသည် ဟန်မူယဲ့၏ရှေ့တွင် ပေါက်ကွဲသွားသည်။

အဆုံးမရှိသော နတ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်သည် နတ်ဘုရားလောကနှင့် အင်မော်တယ်ကမ္ဘာကြားတွင် တည်ရှိနေသည်။

ထို့ကြောင့် ဤနေရာတွင် နတ်စွမ်းအားရှိသည်။

“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ဟန်မူယဲ့က လက်ရွေးစင်တပည့် ၂,၄၅၆ကို ဦးဆောင်ပြီး သင်္ချိုင်းအင်မော်တယ်မြို့တော်ကို အားဖြည့်ပေးဖို့ ရောက်လာပါတယ်”

ဟန်မူယဲ့က လက်ထဲတွင် အမိန့်စာကို ကိုင်ထားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ခလွမ်”

ဓားအလင်းတစ်ခုသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

ဟန်မူယဲ့က ထိုဓားအလင်းနှင့် ရင်းနှီးနေသည်။

ယွင်လန်မြို့၏ အပြင်ဘက်တွင် သူက ထိုဓားအလင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

ဝိညာဉ်ဓားရွှေအင်မော်တယ် ဖြစ်သည်။

ဟန်မူယဲ့က ထိုဓားအလင်းကို ကြည့်လိုက်ပြီး ပြုံးသည်။ သူ၏ ဖဲကြိုးက လေထုထဲတွင် ယိမ်းနွဲ့နေသည်။

“အကြီးအကဲဝိညာဉ်ဓား၊ ကျွန်တော့်ရဲ့ ဓားချက်ကရော ဘယ်လိုလဲ”

ဟန်မူယဲ့က တခြားလူများ၏ရှေ့တွင် အသန်မာဆုံးဓားကွက်နှစ်ခုကို ထုတ်သုံးနိုင်သည်။

ပထမဓားကွက်သည် မရေမတွက်နိုင်သောဓားများကို တားဆီးနိုင်သည်။ ဒုတိယဓားကွက်သည် ဓားဝင်္ကပါဖြင့် ရန်သူများကို လွတ်မြောက်မသွားအောင် ချုပ်နှောင်ထားနိုင်သည်။

သူက ထိုဓားကွက်ကို ဝိညာဉ်ဓားရွှေအင်မော်တယ်၏ နည်းစနစ်နှင့် အကြီးအကဲကျူးမင်၏ အမွေအနှစ်ကို ပေါင်းစပ်ပြီး ဖန်တီးခဲ့သည်။

ထိုဓားကွက်သည် အဆုံးမရှိသောစွမ်းအားကို စုစည်းထားပြီး တခြားဓားကွက်များထက် ပိုမိုသန်မာသည်။

လွန်ခဲ့သောတစ်နှစ်တွင် ဟန်မူယဲ့က ထိုဓားကွက်ကို ထုတ်သုံးခဲ့သည်။

ထိုဓားကွက်က လင်ယွင်ဓားဝင်္ကပါကို ဖွဲ့စည်းထားသော ဓားဂိုဏ်း၏ လက်ရွေးစင်တပည့် ၃၂ယောက်ကို ဖိနှိပ်ခဲ့သည်။

သို့သော် ဂိုဏ်းချုပ်က လှုပ်ရှားလိုက်ပြီး အချိန်နောက်ပြန်ရစ်၍ တိုက်ပွဲကို ရပ်တန့်ခဲ့သည်။

ထိုဓားချက်၏ စွမ်းအားသည် ယခုအချိန်အထိ ဆက်ရှိနေခဲ့သည်။

ဤအခြေအနေအတွက် ဖြစ်သည်။

လွန်ခဲ့သောနှစ်တွင် ဝိညာဉ်ဓားရွှေအင်မော်တယ်က မိုင်ပေါင်းများစွာကို ဖြတ်သန်း၍ ဓားချက်ဖြင့် ခုတ်ချခဲ့သည်။ သို့သော် ဟန်မူယဲ့က ထိုဓားချက်ကို တားဆီးခဲ့သည်။ ယနေ့တွင် ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ရောက်လာသောကြောင့် သူက ထပ်ပြီး တိုက်ခိုက်ကြည့်ချင်သည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် စောင့်နေမည်ဟု ဟန်မူယဲ့ကို ပြောခဲ့သည်။

ယနေ့တွင် ဟန်မူယဲ့ ရောက်လာသည်။

“ဝီ”

အစိမ်းရောင်ဖဲကြိုးက လွင့်မျောလာပြီး သုံးပေရှည်လျားသော ကျောက်စိမ်းဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။

ထိုဓားအလင်းသည် စွမ်းအားမရှိသည့်အလား အလွန်သိမ်မွေ့နေသည်။

ကောင်းကင်ထက်မှ ကျဆင်းလာသော ဓားအလင်းသည် လောကကို ခုတ်ပိုင်းနိုင်ပုံပေါ်သည်။

ကျောက်စိမ်းဓားအလင်းက မြက်ပင်ကဲ့သို့ ယိမ်းနွဲ့နေပြီး ကျဆင်းလာသောဓားအလင်းကို ခုခံသည်။

“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကနေ ဒီတစ်ကြိမ်ရောက်လာတဲ့လူတွေက သာမန်ပဲထင်တယ်”

အဝေးတစ်နေရာတွင်ရှိသော မြို့ဂိတ်တံခါးတွင် လူတစ်ယောက်က တီးတိုးပြောသည်။

“သူတို့က အားနည်းချင်ယောင်ဆောင်နေတာ နေမှာပေါ့။ နယ်မြေခံတွေကို လွှမ်းမိုးလို့ မဖြစ်ဘူးလေ”

တခြားလူတစ်ယောက်က ခပ်ဟဟရယ်လိုက်ပြီး ထိတွေ့သွားတော့မည့် ဓားအလင်းနှစ်ခုကို ကြည့်သည်။

မြို့ထဲတွင် ကျွမ်းကျင်သူများ ရှိနေကြသည်။ သူတို့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထဲမှ ထွက်လာသော အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ကျင့်ကြံသူများကို အသေခံမည်မဟုတ်ပေ။

လူအများက မြို့လယ်တွင်ရှိနေသော မျှော်စင်ကို လှမ်းကြည့်လိုက်ကြသည်။

ယခုအချိန်တွင် လူငါးယောက်က မျှော်စင်ထက်တွင် ပခုံးချင်းယှဉ်လျက် ရပ်နေကြသည်။

“အင်မော်တယ်သခင်ကျီယု၊ မင်းက မတိုက်ခိုက်တော့ဘူးလား။ အဲဒါက မင်းတို့ဂိုဏ်းရဲ့ တပည့်တွေလေ”

ကျောက်စိမ်းသရဖူကို ဝတ်ဆင်ထားသော ရှည်လျားသည့်မုတ်ဆိတ်နှင့် တာအိုတန်ခိုးရှင်တစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဂရုမစိုက်သောမျက်နှာထားဖြင့် ရယ်လိုက်သည်။

တစ်ဖက်တွင် အသက်လေးဆယ်အရွယ်ခန့် လူသန်ကြီးတစ်ယောက်က လက်သီးဆုပ်လိုက်ပြီး အေးစက်စွာပြောသည်။

“ဝိညာဉ်ဓားက အမြဲတမ်း မောက်မာတယ်။ ဒီတစ်ကြိမ်တော့ သွားပြီပဲ”

တခြားလူများက စကားမပြောကြပေ။ သို့သော် သူတို့က အသက်သုံးဆယ်အရွယ်ခန့်ရှိသော အနက်ရောင်ဓားတစ်လက်အား လွယ်ထားသည့် ဓားကျင့်ကြံသူကို ကြည့်လိုက်ကြသည်။

ထိုလူငါးယောက်သည် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်များဖြစ်သော အင်မော်တယ်သခင်ငါးယောက် ဖြစ်သည်။

တာအိုဂိုဏ်း၏ အင်မော်တယ်သခင် ယွီဟယ် ....

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အင်မော်တယ်သခင် ကျီယု ....

ကောင်းကင်အလင်းဂိုဏ်း၏ အင်မော်တယ်သခင် ဟူယွမ် ....

သွေးစစ်ပွဲဂိုဏ်း၏ အင်မော်တယ်သခင် ထိုက်ဟယ် ....

နောက်ဆုံးလူတစ်ယောက်သည် မိစ္ဆာမျိုးနွယ်၏ ရှားပါးသော အင်မော်တယ်သခင် ထူထျန်း ဖြစ်သည်။

သူတို့က သင်္ချိုင်းအင်မော်တယ်မြို့တော်ကို နှစ်ပေါင်းတစ်သိန်းနီးပါး စောင့်ကြပ်ခဲ့ကြသည်။ သူတို့က ယူဆချက်ကွဲပြားပြီး အနည်းနှင့်အများဆိုသလို ကောက်ကျစ်ကြသော်လည်း နှစ်တစ်သိန်းဆက်ဆံရေးရှိပြီး တစ်ယောက်နှင့်တစ်ယောက် အဆင်ပြေကြသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် အသက်စွန့်၍ ယုံကြည်နိုင်သည်။

“ဒီကလေးက စိတ်ဝင်စားဖို့ကောင်းတယ်”

အင်မော်တယ်သခင် ကျီယုက ညင်သာစွ ရေရွတ်လိုက်ပြီး ဟန်မူယဲ့၏ ဓားအလင်းကို ကြည့်သည်။

‘သူက တကယ်ပဲ မလှုပ်ရှားတော့ဘူးလား’

တခြားလူများက အံ့အားသင့်သွားကြသည်။

အင်မော်တယ်သခင်ယွီဟယ်က အင်မော်တယ်သခင်ကျီယုကို လှောင်ပြောင်ခဲ့သော်လည်း အမှန်တကယ် ပြောနေခြင်း မဟုတ်ပေ။

အင်မော်တယ်သခင်ကျီယုက မောက်မာသော်လည်း အရေးကြီးသောအချိန်တွင် ဝင်မပါပဲ နေမည်မဟုတ်ပေ။

“ဝိညာဉ်ဓားက ညှာတာမှုမရှိဘူး။ သူတို့ကို ကယ်သင့်တယ်”

ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားသော အင်မော်တယ်သခင် ထူထျန်းက တီးတိုးပြောသည်။

သို့သော် အင်မော်တယ်သခင်ကျီယုက အမှန်တကယ် မလှုပ်ရှားခဲ့ပေ။

‘အမ်’

လူတစ်ယောက်၏ မျက်လုံးများက တောက်ပသွားသည်။

ရှေ့တွင် ဓားအလင်းနှစ်ခုသည် ထိတွေ့သွားခဲ့သည်။

“ဘုန်း”

သို့သော် လူတိုင်းမျှော်လင့်ထားသည့်အတိုင်း ဝိညာဉ်ဓားရွှေအင်မော်တယ်၏ ဓားအလင်းသည် ဟန်မူယဲ့၏ ဓားအလင်းကို မဖျက်ဆီးနိုင်ခဲ့ပေ။

ဓားအလင်းနှစ်ခုက သွယ်ယှက်နေသည်။ ကျောက်စိမ်းရောင်ဓားအလင်းနှင့် ရွှေရောင်ဓားအလင်းသည် အချင်းချင်း ထိုးနှက်နေသည်။

‘တားဆီးလိုက်တာလား’

အမှန်တကယ်ပင် တားဆီးခံလိုက်ရသည်။

မရေမတွက်နိုင်သော လူများက မျက်လုံးပြူးသွားကြသည်။

သင်္ချိုင်းအင်မော်တယ်မြို့တွင် ရှိနေသော လူတိုင်းက ဝိညာဉ်ဓားရွှေအင်မော်တယ်ကို သိကြသည်။

သူက အမြဲတမ်း တစ်ချက်တည်းသတ်ဖြတ်နိုင်ရန် ရည်ရွယ်ပြီး တိုက်ခိုက်သည်။

သူက မြို့စောင့်ဝင်္ကပါ၏စွမ်းအားကို အသုံးပြုမထားလျှင်ပင် ထိုဓားချက်သည် ရွှေအင်မော်တယ်တစ်ဦး၏ ဓားချက် ဖြစ်သည်။

“ကောင်းလိုက်တဲ့ ဓားနည်းစနစ်ပဲ”

လေထုထဲတွင် အသံတစ်သံ ပေါ်ထွက်လာသည်။

သတ္တုများ ထိတွေ့နေသောအသံသည် ပဲ့တင်ထပ်သွားသည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်၏အသံ ဖြစ်သည်။

သူက တခြားတစ်ယောက်၏ ဓားနည်းစနစ်ကို အမှန်တကယ်ပင် ချီးကျူးခဲ့သည်။

သင်္ချိုင်းအင်မော်တယ်မြို့တွင် ထိုသို့ မဖြစ်ဖူးပေ။

အင်မော်တယ်သခင် ကျီယုကပင် ဝိညာဉ်ဓားရွှေအင်မော်တယ်၏ ချီးကျူးစကားကို မရခဲ့ပေ။

‘အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ဘယ်လိုလူမျိုးကို လွှတ်လိုက်တာလဲ’

အင်မော်တယ်သခင်ကျီယု၏ မျက်လုံးများက တောက်ပသွားသည်။

All Chapters