← Chapters

လှေကားထစ်တစ်သန်း ။

Vol. 13 Ch. 169

လှေကားထစ်တစ်သန်း ။

Vol. 13 Ch. 169

---------

အဘိုးကြီးဖေးက အဖြူရောင်လှေကားထစ်များအတိုင်းနင်းတက်သွား၍ သူ၏စိတ်အခြေနေက အနည်းငယ်မှုန့်မှိုင်းနေခဲ့သည်။

ဤတောင်ကြီးက သူနှင့် ၊ သူ၏ဆရာဖြစ်သူတို့ကွဲကွာခဲ့ရသော နေရာဖြစ်သည်။ အဘိုးကြီးဖေးက တောင်တက်လှေကားများကို တက်နေရင်းဖြင့် သူ၏ မျက်ဝန်းများအတွင်း၌ အတိတ်အချိန်မှ ပုံရိပ်တစ်ခုခြင်းကိုယ်ပြန်လည့်ကာ မြင်ယောင်လာမိသည်။

သူ၏ ဆရာဂရုစိုက်ပေးခဲ့ပုံ ၊ သူ၏ ဆရာနည်းစနစ်များ သင်ကြားပေးခဲ့ပုံ အစရှိသော အရာများစွာကိုပြန်လည်ကာ မြင်ရောင်လာရင်းဖြင့် ၊ ယောင်္ကျားရင့်မာကြီးဖြစ်သော အဘိုးကြီးဖေးပင် သူ၏ မျက်ဝန်းများအတွင်းမှ မျက်ရည်များစီးကြလာသည်။

အဘိုးကြီးဖေးက တောင်တက်လမ်းမှ လှေကားများကို ပို၍လျှင်မြန်စွာတက်လိုက်ရင်းဖြင့် သူ၏ မျင်ရည်များကို သုတ်ပစ်လိုက်သည်။

ယခင်က သူသည် ။ ဤတောင်ကြီး၏ ထိပ်သို့တက်ကာ သူ၏ ဆရာဖြစ်သူကို ရှာဖွေ့ချင်ခဲ့သော်လည်း ၊ သူ၏ ကျင့်ကြံမှုက အလွန်ပင်နိမ့်ကျနေခဲ့ကာ ၊ တောင်ပေါ်သို့ တက်ရန်မဖြစ်နိုင်ချေ။ ယခုမှု သူက ယခင်က အလွန်ပင်အန္တာရာယ်များသော တောင်ကြီးကို အေးချမ်းစွာဖြင့်တက်နေခဲ့ရကာ မည်သည်အန္တာရာယ်မှမရှိချေ။

ဒီနေရာ မှာဒီလို့တွေဖြစ်လာမှတော့ ~ ဆရာလည်းဘေးကင်းနေမှာပါ ။ အဘိုးကြီးဖေးက တီးတိုးရေရွတ်လိုက်သည်။ ဤအတွေးနှင့်အတူတူ အဘိုးကြီးဖေး၏ ခြေလှမ်းများက လျှင်မြန်လှသည်။ သူတောင်ထိပ်က ဘယ်လို ပုံစံမျိုးရှိမလည်းသိချင်လာခဲ့သည် ။

အဘိုးကြီးဖေး၏ကျင့်ကြံမှုနှင့်က ခြေကျင်လျှောက်လျှင်တောင်မှာ အလွန်ပင်မြန်၏ ။သူက မိနှစ်သုံးဆယ်လောက် အကြာ၌ လှေကားထစ် နှစ်သိန်းအထိ ရောက်ရှိသွားခဲ့သည်။

လှေကားထစ်နှစ်သိန်းနေရာ၌လည်း နန်းဆောင်အချို့ရှိနေ၏ ။ ဤနေရာ၌ စောင့်ကြပ်နေသော စစ်သည်များကိုတွေလိုက်ရသည်။ ၎င်းတို့က ရွှေရောင်နှင့် အစိမ်းရောင်ပါသော ချပ်ဝတ်ကို ဝတ်ဆင်ထား၏ ။

အဘိုးကြီးဖေးက စောင့်ကြပ်နေသော စစ်သည့်များကို သေချာစစ်ဆေးကြည့်ချိန်၌ သူပင်လျှင်ထိတ်လန့်သွားရသည်။ ၎င်းတို့၏ ခွန့်အားက အနိမ့်ဆုံးမှ မြေကမ္ဘာအဆင့်ဖြစ်၍ ၊ သူလိုမျိုးသားရဲဘုရင့်အဆင့်ရှိသူများ ဆယ်ယောက်ခန့်ပင်တွေရသည်။

ထိုအထက်ပင်ပို့၍ ခွန့်အားကြီးသော သူတစ်ယောက်ကိုလည်း သူတွေ့ရ၏ ။ ၎င်းက သားရဲဧကရာဇ်အဆင့်ရှိသူမှန်း အဘိုးကြီးဖေးသိလိုက်ရသည်။

သူကိုယ်ပို၍ ထိတ်လန့်စေတာက ၊ အမှောင်ထဲမှ သူကိုယ်စူးစမ်းနေသော အကြည့်စူးစူးဖြင့်သည်။ ဤအကြည့်၏ အောက်၌ အဘိုးကြီးဖေးတစ်ယောက် သူတစ်ကိုယ်လုံးကိုယ် ထိုးဖောက်ကြည့်ခံနေရသည့်အလား ခံစားနေရသည်။ သူ၏ တစ်ကိုယ်လုံးဘာမှ ဖုံးကွယ်မရနိုင်သော ခံစားချက်မျိုးပင် ။ သို့သော်လည်း ၎င်းအကြည်ကက သူကိုယ်စူစမ်းယုံသာဖြစ်ပြီး ရန်ပြု့လိုခြင်းမရှိချေ။

အဘိုးကြီးဖေးလည်း သူအတွက်အန္တာရာယ်မရှိသိမှို့ဆက်လက်၍ တက်သွားခဲ့၏ ။ စောင့်ကြပ်နေသော စစ်သည်များကလည်း သူကိုယ် တားစီးခြင်းအလျဉ်းမရှိချေ။

ဤအတွက်ကြောင့်အဘိုးကြီးဖေးကလည်း ဆက်လျက်၍ လျှင်မြန်စွာတက်သွား၏ ။ နောက်ထပ်မိနှစ်သုံးဆယ်အကြာ၌ လှေကားထစ်လေးသိန်းသို့ရောက်ချိန်၌ နောက်ထပ်စောင့်ကြပ်နေသော စစ်သည်များကို တွေလိုက်ရသည်။

အဘိုးကြီးဖေးက အာရုံမထားတော့ပဲ တောင်ထိပ်သို့သာ တက်သွားတော့သည်။ နောက်ထပ်တစ်နာရီခွဲကြာချိန်၌ အဘိုးကြီးဖေးမှာ တောင်ထိပ်သို့ရောက်သွားခဲ့တော့သည်။

သူတို့ထိပ်သို့ရောက်ချိန်၌ ရွှေရောင်နှင့် အနီရောင်ပါသော ချပ်ဝတ်များကို ဝတ်ဆင်ထားသော စစ်သည်များက စောင့်ကြပ်နေသည်ကို တွေလိုက်ရသည်။

အဘိုးကြီးဖေးက တောင်ထိပ်သို့ရောက်ချိန်၌ သေချာပတ်၍ ကြည့်ရှုလိုက်သော်လည်း သိပ်သည်းသော ချီစွမ်းအင်များနှင့် တိမ်များက ရစ်သိုင်းလျက်ရှိနေသည်ကလွဲ၍ အခြားသော ထူးခြားမှုမရှိချေ။

ထူးခြားတာဆိုလို့ သူတက်လာသော လှေကားထစ်တစ်သန်းနှင့် ၊ လှေကားထစ်နှစ်သိန်းတိုင်း၌ စောင့်ကြပ်နေသော စွမ်းအားကြီးသူများပင် ။

တောင်ထပ်သို့ရောက်သော်လည်း အဘိုးကြီးဖေးမှ ဘာဆက်လုပ်ရမည်မသိ ယောင်တောင်တောင်ဖြစ်နေခဲ့သည်။ သူ၏ ကျင့်ကြံမှုက နိမ့်ကျသေးသည့်မှို့ ကမ္ဘာငယ်၏ ဝင်ပေါက်ကိုလည်း အာရုံမခံနိုင်ချေ။

အဘိုးကြီးဖေး ဘာလုပ်ရမှန်းမသိဖြစ်နေချိန်၌ သူ၏ အရှေ့ရှိလေဟာနယ်က အက်ကွဲသွားကာ ပုံရိပ်တစ်ခုထွက်လာခဲ့သည်။

၎င်းက ရွှေရောင်နှင့် အနီရောင်ပါသော ချပ်ဝတ်ကို ဝတ်ဆင်ထားသော အမျိုးသားပင် ၊ ၎င်းက အသက်သုံးဆယ်အရွယ်ခန့်ရှိသာ ရှိမည်ဟုထင်ရသော အမျိုးသားဖြစ်၏၊၊ သူ၏ ဉပတိ ရုပ်ရည်ကလည်း တည်ကြည်ကာ လေးနက်ပြီး ၊ ရဲရင်ပြက်သားပုံရ၏ ။ ဤအမျိုးသား၏ ချပ်ဝတ်ကာ သူ၏ စစ်သည်များထက် ပို၍ အရောင်ကတောက်ပကာ သူ၏ ချပ်ဝတ်အပေါ်၌ လက်သည်းကိုခုရွှေနဂါးတစ်ကောင်၏ ပုံရိပ်ကို ထွင်းထုထားသည်။

၎င်းကတော့ ငရဲမီးဗိုလ်ချုပ် လုချီသာဖြစ်သည်။

အရှင်မင်းကြီးကို တွေဖို့လာတာလား ။ လုချီက အဘိုးကြီးဖေးကို ပြုံးကာမေးလိုက်သည်။

ဟုတ်ပါတယ် ~ အဘိုးကြီးဖေးလည်း သူ၏ အရှေ့မှ သူက သူထက်များစွာစွမ်းအားကြီးမှန်းသိ၍ အနည်းငယ်ရိုသေစွာဖြင့် ပြန်၍ ပြောလိုက်သည်။

ဒါဆိုရင် ခနစောင့်ပါအုန်း ~ အရှင်မင်းသမီးကို သတင်းပို့ပေးထားပေါ့မယ် ။ လုချီက ပြောပြောဆိုဆိုဖြင့် အောင်းယွီရန်ထံသို့ အဘိုးကြီးဖေးရောက်လာကြောင်းကို သတင်းပို့လိုက်သည်။

ကမ္ဘာငယ်၏ အတွင်းမှ လေ့ကျင်နေသော အောင်းယွီရန်မှ သူ၏ ဆက်သွယ်ရေးသတ္တုပြားထံ ငရဲမီးဗိုလ်ချုပ် လုချီ၏ ဆက်သွယ်မှုကို ရ၍ ချက်ချင်းပင် သူမက ကျင့်ကြံရာမှ ရပ်တန့်လိုက်ကာ ၊ သူမ၏ အခန်းမှ ပျောက်ကွယ်သွားကာ ကမ္ဘာလေး၏ ထွက်ပေါက်ထံသို့ ရောက်ရှိသွားကာ မိုးထိတောင်၏ ထိပ်၌ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

အောင်းယွီရန် ထွက်ပေါ်လာချိန်၌ ငရဲမီးဗိုလ်ချုပ်လုချီနှင့် သူ၏ စစ်သည်များမှ ချက်ချင်းပင် အောင်းယွီရန်ကို အရိုသေပေးလိုက်သည်။

အဘိုးကြီးဖေးကလည်း အောင်းယွီရန်ကိုကြည့်၍ အရိုသေပေးလိုက်သည်။ မည်သူမှန်သူသေချာမသိသော်လည်း သူ၏ အရှေ့မှ ထိုစွမ်းအားကြီးသောသူပင် သူမကို အရိုသေပေးရ၍ သူမ ထူးခြားသူဖြစ်ရမည်ဟု တွေးထား၍ ဖြစ်သည်။

သို့သော်လည်း အဘိုးကြီးဖေး အရိုပေးရန်ပြင်နေချိန်၌ အောင်းယွီရန်က အဘိုးကြီးဖေးကို အရိုသေမပေးရန် ကူညီလိုက်သည်။

ဤလူအိုကြီးက သူမ၏ ယောင်္ကျားအတွက် အရေးကြီးသူတစ် ယောက်ဖြစ်မှန်းသူမသိ၏ ။ ဤအတွက်ကြောင့် ထိုသို့သော လူမျိုးထံမှ သူမအရိုသေပေးခြင်းကို မခံယူချင်ချေ။

အဘိုးဖေး ~ လာပါ~ အဲလို အရိုသေပေးနေစရာမလို့ပါဘူး ။ အောင်းယွီရန်ကလည်း လုံထန် ခေါ်သကဲ့သို့ ခေါ်ကာ ပြောလိုက်သည်။

အဘိုးကြီးဖေးလည်း သူ၏ အရှေ့မှ မိန်းမလှလေးကို ကြည့်၍ နားမလည်နိုင်ဖြစ်နေခဲ့သည်။ သူတို့တစ်ခါမှ မတွေ့ဖူးပဲ ထိုမိန်းခလေးက သူကိုယ်အဘယ်ကြောင့် ဤမျှထိ ရင်းရင်းနှီးနှီး စကားပြောနေရနည်း ။ ဤအတွေးကို သူအဖြေမသိချေ။

အောင်းယွီရန်က အဘိုးကြီးဖေးဟ အတွေးများနေပုံကို ကြည့်ကာ ရီမောလိုက်သည်။ ကျွန်မက အရှင်မင်းကြီးလုံထန်ရဲ့ မိန်းမပါ ။ အောင်းယွီရန်က သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

ထိုအခါမှသာလျှင် အဘိုးကြီးဖေးက သူကိုယ် ဤမိန်းခလေးမည်မျှ ရင်းနှီးစွာဖြင့် စကားပြောနေရခြင်း အကြောင်းကို နားလည်သွားတော့သည်။

All Chapters