← Chapters

အခန်း (၁၇၀)

Vol. 13 Ch. 170

အခန်း (၁၇၀)

Vol. 13 Ch. 170

-------

အဘိုးဖေး ကမ္ဘာငယ်ထဲကို သွားစို့ ။ အရှင်မင်းကြီးက အခုကျင့်ကြံနေတာမှို့ အဘိုးဖေးသာရောက်နေမှန်းသိရင် သူပျော်သွားမှာသေချာတယ် ။ အောင်းယွီရန်က အဘိုးကြီးဖေးကိုပြုံးကာပြောလိုက်၏။

သူကပြောပြီးတဲ့နောက်မှာပဲ အဘိုးကြီးဖေးကိုကမ္ဘာငယ် လေး၏ အတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။

အဘိုးကြီးဖေးလည်း အောင်းယွီရန်နောက်သို့လိုက်ပါသွားပြီးနောက် ကမ္ဘာငယ်လေး၏ အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

ကမ္ဘာငယ်လေး၏ အတွင်း၌ အံဩစရာမြင်ကွင်းများကို မြင်တွေချိန်၌ အဘိုးကြီးဖေးမှာ မင်သက်သွား၍ စကားပင် မပြောနိုင်တော့ချေ။ သူ၏ အရှေ့၌ လွင့်မျောနေသော ကျွန်းပျံကြီးများနှင့် အံအားသင့်ဖွယ် မြင်ကွင်းက မသေမျိုးတို့ဘုံ ၊ ဌာနေအလားပင် ။

အောင်းယွီရန်က အဘိုးကြီးဖေး မင်သက်အံအားသင့်နေသည်ကိုပြုံး၍ ကြည့်နေခဲ့သည်။ အဘိုးကြီးဖေးပြန်လည်ကာ သတိပြန်ဝင်လာမှ သူမက ပင်မကျွန်းပျံ၏ ဉယျာဉ်တော်အတွင်းသို့ ခေါ်ဆောင်သွားလိုက်၏ ။

ဉယျာဉ်တော်အတွင်းနေရာချထားပြီးမှ အောင်းယွီရန်က လုံထန်က အဘိုးကြီးဖေးရောက်လာကြောင်းကို သတင်းပို့လိုက်သည်။

∆∆∆

တစ်ဖက်၌ ။

ကျင့်မှုခန်းမ၏ အတွင်း၌ နဂါးစိမ်းလက်ဝါးကို လေ့ကျင့်နေသော လုံထန်မှ အောင်းယွီရန်၏ ဆက်သွယ်ကို ရရှိလိုက်ချိန်၌ သူ၏ မျက်ဝန်းက အပျော်များဖြင့် တောက်ပသွားခဲ့၏ ။ ဤအတွက်ကြောင့် သူက ကျင့်ကြံနေရာမှ ချက်ချင်းပင် ရပ်တန့်လိုက်၍ ကျင့်ကြံမှု ခန်းမအတွင်းမှ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။

လုံထန်ပြန်ပေါ်လာချိန်၌ နန်းတော်ကြီး၏ အရှေ့ဉယျာဉ်တော်အတွင်းသို့ရောက်နေပြီဖြစ်သည်။

သူက ဉယျာဉ်၏ နားခိုရာနန်းဆောင်ငယ်လေးထဲ၌ အောင်းယွီရန်နှင်အတူတူ သူရင်းနှီးသော ပုံရိပ်တစ်ခု ထိုင်နေသည်ကိုတွေ့လိုက်သည်။ ဤပုံရိပ်က ယခင်တိုင်းပင် ဘာတစ်ခုမှ အပြောင်းလဲမရှိချေ။

လုံထန်လည်း နားခိုရာနန်းဆောင်ငယ်လေးသို့ လျှင်မြန်စွာလျှောက်သွားလိုက်သည်။

နားခိုရာနန်းဆောင်ငယ်လေးတွင်းမှ အောင်းယွီရန်ကော အဘိုးကြီးဖေးပါ သူတို့နားသို့ လုံထန်ရောက်လာသည့်ကို တွေလိုက်ရသည်။

အရှင်မင်းကြီး ~ အဘိုးကြီးဖေးကလည်း လုံထန်ကို ဦးညွတ်နှတ်ဆက်လိုက်သည်။

လုံထန်က အဘိုးကြီးဖေးအရှေ့သို့ရောက်လာကာ ချက်ချင်းပင်တားစီးလိုက်သည်။ ကျွန်တော်တို့ကြားမှ အဲလောက် အလေးထားစရာမလိုပါဘူး ။ လုံထန်က ပြုံးရွှင်စွာဖြင့်ပြောလိုက်သည်။

ဟားဟား ~ အခုအရှင်သားက ~ အင်ပါယာရဲ့ ဧကရာဇ်တစ်ပါးဖြစ်နေပြီလေ။ ဒီအဘိုးကြီးက ဘယ်မှ မလေးမစားလုပ်နေရဲမှလည်း အဘိုးကြီးဖေးက လုံထန်ကို ပြုံးကာပြောလိုက်သည်။

ဟားဟား ~ အဘိုးကနောက်နေတာပဲ ။ ထိုင်ကြစို့ ~ လုံထန်က အဘိုးကြီးဖေးကို ထိုင်ရန် ထိုင်ခုံသို့ ဆွဲခေါ်သွားလိုက်သည်။

အဘိုးဖေး ဒဏ်ရာတွေ သက်သာသွားပြီလား ။ လုံထန်က အနည်းငယ်စိုးရိမ်ကာမေးလိုက်သည်။

အားလုံးအဆင်ပြေသွားပါပြီ ~ အရှင်မင်းကြီး။ ဒီအဘိုးကြီးက ဒေါင်ဒေါင်မြည်နေပါပြီ ။ အဘိုးကြီးဖေးက သူ၏ ခန္ဓာကိုယ်၏ သန်မာမှုများကိုထုတ် ဖော်ပြကာပြောလိုက်လိုက်သည်။

ဗိုလ်ချုပ်လင်းယုနဲ့ အခြားသူတွေကော ~ ဘယ်လိုဖြစ်သွားလည်း ။ လုံထန်က သိချင်ဟန်ဖြင့်မေးလိုက်သည်။ ဤလူများဘာဖြစ်သွားသည့်ကို သူ တွေးနိုင်သော်လည်း အနည်းငယ်သော မျော်လင့်ချက်လေးတော့ ထားနေသေးသည်။

အဘိုးကြီးဖေး၏ မျက်နှာက ချက်ချင်းပင် မှုန့်မှိုင်းသွားခဲ့သည်။ စစ်သူကြီးလင်းယုနဲ့ အခြားသူတွေက ဒီအဘိုးကြီးလောက် ကံမကောင်းကြပါဘူး ။

အဲဒီနေ့က မိဖုရားကျီရှားစေလွတ်လိုက်တဲ့ တပ်ဖွဲ့တွေက ကျုပ်တို့ကို မြို့တော်ကနေထွက်သွားဖို့ပြောတယ် ။ ဒီမြို့တော်ကို သူတို့ရဲ့ လက်အောက်မှ ပဲထားတော့မယ် ပြောတယ် ။

အတာနဲ့ ကျုပ်ကလည်း သူတို့ရဲ့ တောင်းဆိုချက်ကို လက်မခံပဲ ၊ ဤနယ်မြေက မင်းသားခြောက်ကို အရှင်မင်းကြီးရဲ့ အမိန့်နဲ့ပေးထားတာလို့ပြောကာ သူတို့ကို လက်မခံပဲ သူတို့ကို ထွက်သွားဖို့ ပြောလိုက်ပါတယ် ။

သူတို့ကအဲဒီအချိန်မှာ မိုးပြာနဂါးအင်ပါယာက မိဖုရားကြီးရဲ့ လက်အောက်မှာလို့ပြောပြီး အရှင်မင်းကြီးရဲ့ အမိန့်က အရေးမပါတော့ဘူးဆိုကာ ရုတ်တရက်တိုက်ခိုက်ခဲ့ပါတယ် ။

ဒီအဘိုးကြီးတို့လည်း အစွမ်းကုန်ကြိုးစားပြီးခုခံခဲ့ပေမဲ့ ၊ အခြာဖက်က ဦးဆောင်လာသူက သားရဲဘုရင်ဘုံအဆင့် ဆယ်ယောက်ကျော်ကို ဦးဆောင်လာတဲ့ သားရဲအင်ပါယာဘုံအဆင့်ရှိသူတစ်ယောက်ဖြစ်နေတာပါပဲ ။

အဲဒီမှာကျုပ်တို့တွေ တစ်ဖက်သတ်နင်းခြေခြင်းကို ခံလိုက်ရပြီး ၊ ဒီအဘိုးကြီးကလည်း အာဏာ ဖီဆန်တယ်ဆိုပြီး တော့အဖမ်းခံလိုက်ရပြီး မိုးကြိုးတစ်ရာ အပြစ်ပေး အကျဉ်းထောင်ကို ရောက်သွားရတာပါပဲ ။

ဒီအဘိုးကြီးသိတာတော့ အဲတာပါပဲ ။ ကျန်တာတော့ မသိတော့ပါဘူး ။ အဘိုးကြီးဖေးက မှုန်မှိုင်းနေသော မျက်နှာထားဖြင့်ပြောလိုက်သည်။

လုံထန်လည်း ~ သူ၏ လက်သီးများကို ဆုပ်ထားခဲ့ကာ လက်ဖဝါးဆီသို့ လက်သည်းများကပင် စိုက်ဝင်နေခဲ့သည်။ ဗိုလ်ချုပ်လေးယုတို့နှင့် အခြားသူများမှ သူနှင့်အကြာကြီး နေခဲ့ခြင်းမဟုတ်သော်လည်း ဤလူများက ၊ အဘိုးကြီးဖေးပြီးပါလျှင် ဒုတိယရင်းနှီးသူများဟု မှတ်ယူနိုင်သည်။

ကျွန်တော် မိဖုရားကျီရှားကို အားလုံးအတွက် လက်စားခြေပေးမှာပါ ။ လုံထန်က အဘိုးကြီးဖေးကိုကြည့်ကာ ပြောလိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း၌လည်း သတ်ဖြတ်ချင်စိတ်များဖြာထွက် နေတာကို ထိန်းချုပ်ထားခြင်းမရှိ ချေ။

ဒီအဘိုးကြီးယုံကြည့်ပါတယ် ။ အဘိုးကြီးဖေးက ပြုံးကာ ပြောလိုက်သည်။

ကဲ့ပါ ~ အခုတော့အဲတာတွေ ခနတာမေ့ထားလိုက်ရအောင် ။ အဘိုးဖေးလည်း ရောက်လာပြီဆိုတော့ ၊ ရတနာဆောင်နှင့် ကျမ်းစာဆောင်ကိုသွားပြီးတော့ အဘိုးနှင့် ကိုက်ညီတဲ့ လက်နက်နဲ့ နည်းစနစ်ကို သွားရွှေးချယ်လိုက်ပါ ။

အဘိုးရဲ့ ခွန့်အားကိုလည်း တက်နိုင်သလောက်တိုးမြင့်မှ ရမယ် ။ အချိန်ရရင်လည်း ရှေးဟောင်းမှတ်တမ်းဆောင်က ရှေးဟောင်းမှတ်တမ်းတွေကို လေ့လာကြည့်ပါ ။ အခုက မိဖုရားကျီရှားထက်ဆိုးတဲ့ပြသာနာကြီး ရှိနေသေးတယ်။

လုံထန်က ရှေးဟောင်းပျက်သုဉ်ခြင်းခောတ်အကြောင်း အနည်းငယ်အကျဉ်းရှုံပြီး တော့ ရှင်းပြလိုက်သည်။ ဤကိစ္စက ပို၍အရေးကြီးသည့်ဖြစ်ကာ နောက်လည်း သိလာရမှာမှို့ ကြိုတင်အသိပေးထားလည်း မမှားချေ။ မဟုတ်ပါက နီးကပ်လာချိန်မှ အသိပေးလိုက်ရင် သူတို့၏ စိတ်ကို ပြင်ဆင်နိုင်ကျမည်မဟုတ်ချေ။

အဘိုးကြီးဖေးမှာလည်း လုံထန်၏ ရှင်းပြချက်ကို ကြားပြီးချိန်၌ သူက ထိတ်လန့်တုန်လှုပ်နေခဲ့ကာ ဤအချိန်တိုအတွင်း၌ သူ၏ စိတ်ခံစားချက်များမှ ပရမ်းပတာဖြစ်နေခဲ့သည်။ သူ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ချေ။

သူ၏ စိတ်ခံစားချက်များတည်ငြိမ်ရန် အချိန်တော်တော်ယူခဲ့ရသည်။ လုံထန်လည်း ဤမြင်ကွင်းကို ကြည့်၍ ဘာမှ မပြောပဲ စောင့်ကြည့်နေခဲ့သည်။ ဤသည့်က ကိုယ်တိုင်သာကို ဖြတ်ကျော်ရမှာဖြစ်သည်။

ဆယ်မိနှစ်နည်းပါးကြားချိန်၌ အဘိုးကြီးဖေး၏ မျက်ဝန်းများက တုန်လှုပ်ရှားမှုများမရှိတော့ပဲတည်ငြိမ်သွားခဲ့သည်။ သူ၏ မျက်ဝန်းများအတွင်းပိုင်းမှ စိတ်ပိုင်းဖြတ်မှုများရှိနေ၏ ။

နောက်အတွင်မှာ ဒီအဘိုးကြီးလည်း အရှင်မင်းကြီးကို ဘေးချင်းယှဉ်ပြီး ကူညီနိုင်အောင် အကောင်းဆုံးကြိုးစားပေါ့မယ် ။ အဘိုးကြီးဖေးက စိတ်ဆုံးဖြတ်ထားသော ပုံစံဖြင့်ပြောလိုက်သည်။

ကောင်းတယ် ~ အဘိုးလိုအပ်တဲ့ အရင်းမြစ်တွေရှိရင် ကျွန်တော်ကိုပြောပါ ။ အဘိုးရဲ့ ကျင့်ကြံခြင်းကိုပိုအာရုံစိုက်သာထားပါ။ လုံထန်က ပြောလိုက်သည်။

အဘိုးကြီးဖေးကလည်း လုံထန်ကိုပြုံးပြလိုက်သည်။ ဤမင်းသားငယ်လေးက ကြီးပြင်းလာခဲ့ပေမဲ့ သူအပေါ်ကို ရင်းနှီးခင်တွယ်မှုက နဂိုအတိုင်းပင် ရှိနေသေးသည်။

All Chapters