← Chapters

တော်ဝင်အကြီးကဲများပြန်လည်ရောက်ရှိလာခြင်း ။

Vol. 13 Ch. 171

တော်ဝင်အကြီးကဲများပြန်လည်ရောက်ရှိလာခြင်း ။

Vol. 13 Ch. 171

-------

လုံထန် က အောင်းယွီရန် ၊အဘိုးကြီးဖေးတို့နှင့် ထိုင်၍ စကားပြောနေချိန်၌ ပြင်ပ၌အဖွဲ့တစ်ခုက ရှေးဦးမြို့တော်သို့ချည်းကပ်ရောက်လာခဲ့သည်။

ရှေးဦးမြို့တော်၏ အရှေ့ဘက်ဂိတ်နှင့် တစ်မိုင်အကွာ၌ လေဟာနယ်က ရုတ်တရက်အက်ကွဲသွားခဲ့ကာ ပုံရိပ်များထွက်ပေါ်လာကျသည်။

၎င်းတို့က တော်ဝင်အကြီးကဲများဖြစ်သော အောင်းကျန်းဟန်နှင့် အခြားသောသူများဖြစ်သည်။ သူတို့က မီးနဂါးမျိုးနွယ်စု၏ ၊ ဟော်ဖု ၊ ဟော်ကူ ၊ ဟော်ပင်းတို့ကို ခေါ်ဆောင်လာခဲ့သေးသည်။

ဟောင်ရိကတော့ မျိုးနွယ်စု၌ သူရှိနေရန်လို့အပ်သေး၍ ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

∆∆∆

အောင်းကျန်းဟန်တို့ အုပ်စု မြို့တော်အတွင်းသို့တိုက်ရိုက်ပျံသန်းသွားခဲ့သည်။ သူတို့သည် မြို့တော်အတွင်း၌တော့ လေဟာနယ် ခုန်ကူးခြင်းကို အသုံးမပြုပဲ ပျံသန်းပြီးတော့သာသွားကြသည်။

သူတို့က မိုးထိတောင်၏ ထိပ်သို့ တိုက်ရိုက်ပျံသန်း၍ သွားခဲ့သည်။ တော်ဝင်ဗိုလ်ချုပ်ငါးယောက်လည်း အောင်းကျန်းဟန်တို့မှန်းသိ၍ တားစီးခြင်းမရှိချေ။

ဟော်ဖု ၊ ဟော်ကူ ၊ ဟော်ပင်းတို့က ၊ သူတို့မြင်နေရသော ဧရာမမြို့ကြီးကိုကြည့်၍ အံဩနေခဲ့ကြ သော်လည်း၊ သူတို့ကိုယ် ပို၍ အံဩစေတာက မိုးထိတောင်သို့ရောက်ချိန်မှဖြစ်သည်။

ဤတောင်ကြီး၏၌ စောင့်ကြပ်နေသူများမှာ နတ်ဘုရားသားရဲဘုံ ပထမအဆင့်ရှိသော စောင့်ကြပ်သူ ငါးယောက် ရှိနေမှန်းကို သူတို့၏ မြင့်မား သောကျင့်ကြံမှုအဆင့်ဖြင့် အလွယ်တစ်ကူသိနိုင်သည်။

အောင်းကျန်းဟန်တို့ကလည်း တော်ဝင်ဗိုလ်ချုပ်ငါးယောက်လုံး နတ်ဘုရားသားရဲဘုံအဆင့်ကို တက်သွား၍ အံဩနေခဲ့ကြသည်။

သူတို့မရှိတဲ့ အချိန်ခနလေးမှာ အတော် လေးကြီးမားသော အပြောင်းလဲများရှိသွားပုံရသည်။ အောင်းကျန်းဟန်တို့ကလည်း တော်ဝင်ဗိုလ်ချုပ်များ အဆင့်တက်သွားသဖြင့် အံဩမိသလို့ တစ်ချိန်ထဲမှာပင်သူတို့၏ မျိုးနွယ်စု အင်အားတိုးပွားလာသဖြင့် ပျော်ရွှင်မိ၏ ။ ဤသည့်ကလည်း သူတို့၏ ဘုရင်ကြီးကြောင့်ပင် ဆိုတာ အောင်းကျန်းဟန်တို့သိ၏။

သွားကြစို့ ~ အရှင်မင်းကြီးကို တွေ့ရအောင် ။ အောင်းကျန်းဟန်က မိုးထိတောင်သို့၏ ထိပ်သို့ရောက်ချိန်၌ သူ၏ နောက်မှရှိ သူများကို ပြောလိုက်သည်။

သူ၏ စကားဆုံးချိန်၌ သူက ကမ္ဘာငယ်လေး၏ အတွင်းသို့ ဝင်ရောက်သွားတော့သည်။ အခြားသူများလည်း သူနောက်မှလျှင်မြန်စွာဖြင့် လိုက်ပါသွားကြသည်။

ဟော်ဖု ၊ ဟော်ကူ ၊ ဟော်ပင်းတို့က အံအားသင့်နေသောမျက်နှာများဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရင်းဖြင့် ကမ္ဘာငယ်ထဲသို့ လိုက်ပါဝင်ရောက်သွားခဲ့သည်။

ကမ္ဘာငယ်၏ အတွင်းရောက်ချိန်၌ ပြင်ပထက်ပို၍ ရှော့ရစေသော မြင်ကွင်းကို တွေ့လိုက်ရသည်။

ဒါက ~ ဒါက ။ သူတို့မှာဆက်၍ပင် စကားမပြောနိုင်ချေ။ မီးနဂါးမျိုးနွယ်စု၏ အသက်ကြီးဆုံးဖြစ်သော ဘိုးဘေးဖြစ်သော ဟော်ဖုသည်လည်းပင် သူ၏ ထိတ်လန့်အံဩမှုကို မထိန်းချုပ်နိုင်ချေ။ သူ၏ ငယ်ဘဝ၌ နေရာအနှံသွား၍ နေရာဒေသအမျိုးမျိုးကို မြင်ဖူးသည်။ ၎င်းတို့ကပင် ဤကမ္ဘာငယ်၏ အတွင်း၌ နှိုင်းယုဉ်မရနိုင်ချေ။

အောင်းကျန်းဟန်တို့ အုပ်စုက ၊ ဟော်ဖုတို့ ဖြစ်ပျက်နေသည့်ကို ပျော်ရွှင်စွာဖြင့်ကြည့်နေခဲ့သည်။ သူတို့တုန်းကလည်း ဤအတိုင်းပင်ဖြစ်သည်။ ၎င်းတို့ကိုယ်ကြည့်ရတာက သူတို့ကိုယ်သူတို့ပြန်၍ ကြည့်နေရသလိုပင် ။

ကဲ့ကဲ့ ~ အရှင်မင်းကြီးစီကိုယ်သွားစို့ ။ အောင်းကျန်းဟန်က ဟော်ဖုတို့ကိုယ်ပြောလိုက်၏ ။

ဟော်ဖုတို့လည်း ဤအချိန်မှ သတိပြန်ဝင်လာခဲ့သည်။ သူက အနည်းငယ်ရှက်ရွံနေဟန်ဖြင့် သူ၏ ဘေးသို့ကြည့်လိုက်သည်။

လုံချီယု၊ ကျီထန်ပင်းတို့က ဟော်ဖုကိုပြုံးစိပြုံးစိဖြင့် ကြည်ပြီးနောက် အောင်းကျန်းဟန်နောက်သို့လိုက်ပါသွားခဲ့သည်။

သေစမ်း ~ ဒီခွေးကောင်နှစ်ကောင်အရှေ့မှာမှ ၊ သိက္ခာကျလိုက်တာ ၊ ဟော်ဖုလည်းမျက်နှာကြီးမဲပုတ်လျက်တီးတိုးရေရွတ်လိုက်ရင်းဖြင့် ပြောလိုက်သည်။

သူတို့က နဂါးထိန်းချုပ်ရေးစာအုပ်၌ လက်မှတ်ထိုးပြီးချိန်၌ သူတို့အကြားမှာရှိသော ၊ရန်ငြိုးများ ၊ အမုန်းတီးမှုများ ၊ အာဂတ တရားများ ၊ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူတို့ကြားရှိ ယခင်ထဲရှိခဲ့ သောယုဉ်ပြိုင်မှုများတော့ ကျန်ရှိနေသေးသည်။

∆∆∆

အောင်းကျန်းဟန်က ပင်မကျွန်းပျံထံသို့ ပျံသန်းသွားခဲ့သည်။

ဉယျာဉ်ထဲ၌ စကားပြောဆိုနေသော လုံထန်တို့လည်း သူတို့ထံသို့ ဦးတည်လာနေသော ရင်းနှီးသော အငွေ့သတ်များကို ခံစားမိ၍ လာနေရာလမ်းကြောင်းဘက်သို့ လည့်ကြည့်လိုက်သည်။

တော်ဝင်အကြီးကဲတွေ ပြန်လာနေပြီ။ အောင်းယွီရန်က လုံထန်ကိုကြည့်ကာပြောလိုက်သည်။

အင်း ~ သွားကြစို့ နန်းတော်ခန်းမထဲကိုယ် ။ လုံထန် ပြောလိုက်ရင်းဖြင့် ထရပ်လိုက်သည်။

အဘိုးဖေးလည်း လိုက်ခဲ့ပေါ့ ။ လုံထန် အဘိုးကြီးဖေးဘက်သို့ကြည့်၍ ပြောလိုက်သည်။

ဒီအဘိုးကြီး ~ နာခံပေါ့မယ် ။

လုံထန် က အောင်းယွီရန် နှင့် အဘိုးကြီးဖေးကိုယ် ခေါ်ဆောင်၍ နန်းတော်ခန်းမအတွင်းသို့ဝင်ရောက်သွားခဲ့သည်။

လုံထန်က နန်းတော်ခန်းမ၏ ထိပ်ဆုံးရှိ အဖြူရောင်ပုလ္လင်ထက်၌ ထိုင်ချလိုက်သည်။ သူ၏ ဘေး၌ အောင်းယွီရန်က နေရာယူလိုက်၏။

အဘိုးကြီးဖေးကတော့ လုံထန်၏ ဘေး၌ မက်တပ်ရပ်နေခဲ့သည်။

∆∆∆

အချိန်ခနကြာပြီးနောက် အားကောင်းသော အငွေ့သက်များထုတ်လွတ်ထားသော ပုံရိပ်များတစ်ခုပြီးတစ်ခုရောက်လာခဲ့သည်။

အရှင်မင်းကြီးကို ~ နှတ်ဆက်ပါတယ် ။ ဒီအကြီးကဲတွေက အရှင်မင်းကြီးရဲ့ အမိန့်ကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါတယ် ။ အောင်းကျန်းဟန်က ပြောလိုက်သည်။

လုပ်တာကောင်းတယ် ~ အကြီးကဲတို့ ၊ ထိုင်ကြပါ ။ လုံထန် ပြုံး၍ပြောလိုက်သည်။

အောင်းကျန်းဟန် ၊ အောင်းထန်းရန် ၊ အောင်းရွှီရန် ၊ အောင်းမင် ၊ အောင်းလန်တို့နှင့် လုံချီယု ၊ ကျီထန်းပင်တို့လည်း သူတို့၏ နေရာများ၌ ဝင်ကာထိုင်လိုက်သည်။

ထိုအချိန်မှ ဟော်ဖု ၊ဟော်ကူ ၊ ဟော်ပင်းတို့က အရှေ့သို့တိုးလာ၍ လုံထန်ကို နှတ်ဆက်လိုက်ကြသည်။ သူတို့က လုံထန်ကိုလည်း အကဲခက်နေခဲ့သည်။ သူတို့ ခစားရသော ဧကရာဇ်မှ ဤမျှငယ်ရွယ်မည်ဟု မထင်ထားချေ။ သို့သော်လည်း သူတို့မလေးမစားမလုပ်ရဲချေ။ နဂါးထိန်းချုပ်ရေးစာအုပ်၌ လက်မှတ်ထိုးပြီးချိန်က စလို့ လုံထန်၏ အပေါ်၌ အကြွင်းမဲ့သစ္စာရှိသူများဖြစ်သွားကြပြီဖြစ်သည်။

အရှင်မင်းကြီးကို ~ နှတ်ဆက်ပါတယ် ။ ကျုပ်က ဟော်ဖုပါ ၊ မီးနဂါးမျိုးနွယ်စုရဲ့ ဘိုးဘေးပဲဖြစ်ပါတယ်။ ဒီတစ်ယောက်က ဟော်ကူ ၊ သူကတော့ ဟော်ပင်းပါ ။ ဟော်ဖုက ရိုသေလေးစားစွာဖြင့် ပြောလိုက်ရင်းဖြင့် သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်၏ ။

ဟားဟား ~ ကောင်းတယ် ။ အကြီးကဲ တို့ရောက်လာတော့ ဒီဧကရာဇ်ရဲ့ အင်ပါယာမှာ ခွန့်အားကြီးသူတွေ ထပ်မံပြီးတော့ တိုးပွားလာပြီ ပေါ့ ။ လုံထန်က သူ၏ အရှေ့မှ သုံးယောက်လုံးက သန်မာသူများဖြစ်ကြ၍ ပျော်ရွှင်စွာပြောလိုက်သည်။

ထိုင်ကြပါ ~ လုံထန်က သူ၏ အောက်ဘက်မှ ထိုင်ခုံများကို ညွှန်ပြလိုက်ရင်းဖြင့် ပြောလိုက်သည်။

ကျေးဇူးတင်ပါတယ် ~ အရှင်မင်းကြီး ။

ဟော်ဖုတို့ကလည်း အောင်းကျန်းဟန်တို့နှင့် မျက်နှာခြင်းဆိုင်ခုံများ၌ ဝင်ထိုင်လိုက်သည်။

လုံထန်က ဟော်ဖုတို့ ထိုင်ပြီးနောက် သူ၏ စကားကို စလိုက်၏ ။ အကြီးကဲတို့အားလုံးလည်း အနာဂတ်မှာဖြစ်လာနိုင်သော ပြသာနာကို သိပြီးပြီလို့ထင်ပါတယ် ။ သူကပြောလိုက်ရင်းဖြင့် ဟော်ဖု ၊ ဟော်ကူ ၊ ဟော်ပင်းတို့ကို ကြည့်လိုက်သည်။

ဟော်ဖုတို့လည်း လုံထန်၏ စကားကြောင့် လေးနက်သွားသည်။သူတို့လည်း အောင်းကျန်းဟန်တို့ပြောပြထားသော ကြောင့် ဤအဖြစ်ပျက်ကြီးကို သိထားပြီးသွားပြီဖြစ်သည်။

အခုချိန်မှာတော့ အဲဒီအရာကြီးကမဖြစ်သေးပေမဲ့ ၊ နောက်အချိန်မှာဖြစ်လာမှတော့မလွဲဧကန်ပဲ ။ အဲဒီတော့ ခင်ဗျားတို့တွေက ၊ မျိုးနွယ်စုတွေကို ရှေးဦးမြို့တော်မှာအခြေချပြီးတော့ ၊ လက်အောက်ခံတွေနဲ့ ခင်ဗျားတို့ပိုင်နက်တွေကို တစ်ဆင့်ခံအုပ်ချုပ်တာ ကောင်းလေ့မယ်လို့ ဒီဧကရာဇ်ထင်တယ် ။ လုံထန်က လေးနက်စွာဖြင့်ပြောလိုက်သည်။

ကျီထန်ပင်း ၊ လုံချီယု ၊ ဟော်ဖုတို့လည်း လုံထန်၏ စကားကြောင့် အတွေးနက်သွားခဲ့သည်။ သူတို့ မျိုးနွယ်စုများကို ရှေးဦးမြို့တော်မှာ အခြေချလိုက်ပါက သူတို့၏ ပေါင်းစည်းမှုခွန့်အားက ၊ တစ်ကွဲတစ်ပြားစီနေတာထက်တော့ပို၍ သာလွန်မည်ဖြစ်သည်။

ဒါပေမဲ့လည်း တစ်ဖက်မှတွေးလိုက်ရင်လည်း သူတို့အနေနဲ့ တန်းမဆုံးဖြတ်နိုင်ပဲ စဉ်းစားကြည့်နေရသေးသည်။ သူတို့မျိုးနွယ်စု၏ နေရာများက ဘိုးဘေးစဉ်ဆက်နေထိုင်လာသော နေရာများဖြစ်ကြ၍ ဖြစ်သည်။

All Chapters