မြေပုံ။
Vol. 13 Ch. 172
--------
လုံထန်က သူ၏ အောက်ဘက်မှအကြီးကဲများကို ကြည့်လိုက်သည်။ သူက သူတို့တွေးနေသည့်ကို မနှောက်ယုက်ချေ။ ၎င်းတို့ဘာတွေးနေသည့်များကို သူလည်းသိ၏ ။ အဲဒီအတွက်ကြောင့်သာ သူက အကြံပေးသလို့နဲ့ ပြောလိုက်ခြင်းပင် ။ မဟုတ်ပါက သူ၏ ဧကရာဇ်၏ အာဏာကို အပြည့်ဝအသုံးပြုပါက မည်သူက သူကိုယ်လွန်ဆန်နိုင်မည်နည်း ။
သို့လည်း သူက ဤကိစ္စ၌တော့ သူ၏ တစ်ချက်လွတ် အမိန့်ကို အသုံးမပြုချင်ချေ။ သူတို့ကိုယ်အကြံပြုခဲ့ရုံသာ ဖြစ်သည်။ သူတို့မပြောင်းရွှေ့ခဲ့ဘူးဆိုရင်တောင်မှာ အင်ပါယာ၏ ခွန့်အားကတော့ ဒုံရင်းက ဒုံရင်းပင် ၊ ကျဆင်းသွားခြင်းမရှိချေ။ ဤအခြင်းရာများအပြင် သူတို့ယခုနေတွင် ရှေးဦးမြို့တော်၌ အခြေမချရသေးသော်လည်း ၊ ထိုအဖြစ်ပျက်ကြီးဖြစ်လာပါက သူတို့ခွဲပြီးနေပါက တွန်းလန်နိုင်မည်မဟုတ် ။ အဲဒီအချိန်ကြလည်း သူတို့အားလုံး ရှေးဦးမြို့တော််သို့ ပြောင်းရွှေ့နေရမည်ပင် ။ ဤအတွက်ကြောင့် ပြောင်းရွှေ့ခြင်းက စောသည့်နှင့် ၊နောက်ကျသည်ကလွဲလို့ ဘာမှ မထူးခြားပေ ။
∆∆∆
နန်းတော်ခန်းမ၏ အတွင်းက တိတ်ဆိတ်နေ၏ ။ ကိုယ်ရဲ့ နှလုံးခုန်သံများကိုပင် ပြန်ကြားရသည့်သိအထိပင် ။
ဘေးနားမှထိုင်နေကြသော အောင်းကျန်းဟန်တို့ ၊ အောင်းထန်းရန်တို့လည်း မနှောက်ယုက်ကြချေ။
အချိန်မိနှစ်သုံးဆယ်အကြာထိ ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေခဲ့သည်။ အဲဒီအချိန်မှာ အားလုံးက ခေါင်းများပြန်ထောင်လာခဲ့ကာ လုံထန်ကိုကြည့်လိုက်သည်။
ဟော်ဖု ၊လုံချီယု ၊ ကျီထန်ပင်းတို့လည်း အချိန်အတော်ကြာစဉ်းစားပြီးနောက် သူတို့က လုံထန်ကိုကြည့်၍ ပြန်ပြောလိုက်သည်။
အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း ~ မျိုးနွယ်စုတွေကို ရှေးဦးမြို့တော်ကို ပြောင်းရွှေ့လိုက်ပေါ့မယ် ။ ဟော်ဖု ၊ ကျီထန်ပင်း ၊ လုံချီယုတို့က ပြောလိုက်သည်။ သူတို့လည်း ပြောင်းရွှေ့ခြင်းက ၊ စောသည့်နှင့် နောက်ကျသည်ကလွဲ၍ ဘာမှ မကွာခြားမှန်းသိ၏ ။ ဖြစ်နိုင်ရင်တော့ ဘိုးဘေးများစဉ်ဆက်နေထိုင်ခဲသော နယ်မြေများကို မစွန့်ခွာချင်ချေ။ သို့သော်လည်း ဤသည့်က သူတို့၏ ရှင်သန်ရေးအတွက်ပင်ဖြစ်သည်။
သူတို့၏ ဘိုးဘေးများမှလည်း ၊ သူတို့အား ဤဆုံးဖြတ်ကို မှန်ကန်ကြောင်းထောက်ခံမည်ဟု သူတို့ယုံကြည်ကျသည်။
ကောင်းတယ် ~ ဒီကိစ္စအတွက် ခင်ဗျားတို့ကိုယ် အချိန်တစ်လပေးမယ် ။ အားလုံးပြီးတဲ့နေ့မှာ ရှေးဉီးနဂါးအင်ပါယာမင်းဆက်ကို သက်ရှိအားလုံးရဲ့အရှေ့မှာကြေညာမယ်။ လုံထန်ပြောလိုက်သည်။
အရှင်မင်းကြီးရဲ့ ~ အမိန့်ကို နာခံပေါ့မယ် ။ အကြီးကဲများအားလုံးက ထိုင်ရာမှ ထကာ ဦးညွတ်လိုက်ရင်းဖြင့် ပြောလိုက်သည်။
လုံထန်က ၎င်းတို့ကိုယ်ကြည့်ကာ ခေါင်းညိတ်ကာ ခေါင်းညိတ်လိုက်သည်။ ကောင်းပြီ ~ ဒါဆိုရင် အခုက အရေးကြီးတဲ့ ကိစ္စကိုသွားကြမယ် ။ လုံထန်က လေးနက်သွားကာပြောလိုက်သည်။
သူက သူ၏ သို့လှောင်လက်စွပ်အတွင်းမှ မြေပုံတစ်ခုကိုယ်ထုတ်လိုက်သည်။ ၎င်းက သေချာကြည်မည်ဆိုပါက ရွှေခြင်္သေ့များ ပေးထားခဲ့သော ရတနာမြေပုံဆိုသောအရာပင် ။
လုံထန်က ကံကြမ္မာဧကရာဇ်ပြောခဲ့သော မသေမျိုးနှင့် မိစ္ဆာတိုက်ပွဲကွင်းပြင်နေရာများကို သွားရန်အတွက်ရှာဖွေ့ကြည့်ခဲ့သည်။ ၎င်းတို့အထဲမှာ ညွှန်ပြထားသော နေရာတစ်ခုမှ သူတွေ့ဖူးသောနေရာတစ်ခုဖြစ်နေခဲ့သည်။
အဲတာက ဟွိုက်ကျန်းသူကိုယ်ပေးခဲ့သော် ရတနာမြေပုံဖြစ်သည်။ ၎င်းမြေပုံက မသေမျိုးနှင့် မိစ္ဆာတိုက်ပွဲကွင်းပြင်ကို ဖော်ပြထားခြင်းဖြစ်သည်။ အဲဒီအချိန်က သူပင်လျှင်အမှန်အံဩခဲ့ရသည်။ ရွှေခြင်္သေ့များ ဤမြေပုံကို ဘယ်လို့ရလည်း ၊သူမေးကြည်ချင်သော်လည်း သူ၏ အမေးကို ဖြေနိုင်သော တစ်ယောက်ပင်မရှိတော့တာတော့ ၊ စိတ်မကောင်းစရာပင် ။
လုံထန်က ၎င်းမြေပုံကိုယ် အကြီးကဲများရှိရာ လေထုထဲ၌ ပျံဝဲစေလိုက်သည်။
ဒီမြေပုံထဲမှာက မသေမျိုးတွေနဲ့ မိစ္ဆာတွေတိုက်ပွဲဖြစ်ခဲ့တဲ့နေရာတစ်ခုကိုညွှန်ပြထားတယ် ။ အဲဒီမှာ အခွင့်ရေးတွေနဲ့ ပြည့်နက်နေမှာသေချာတယ် ။ ကံကောင်းရင် ခင်ဗျားတို့ မသေမျိုးအဆင့်ကိုတောင် တိုက်ရိုက်ချိုးဖြတ် ရောက်သွားစေလေ့မယ် ။
လုံထန်၏စကားကို ကြားချိန်၌ တော်ဝင်အကြီးကဲ များ၏မျက်နှာများက တောက်ပသွားခဲ့သည်။ ဤသည့်က မသေမျိုးအဆင့်ဖြစ်သည်။ မည်သူက မရောက်ချင်သူရှိမှာမည်နည်း ။
လုံထန်က အကြီးကဲများ၏ ဝန်းလဲ့တောက်ပနေသော အကြည့်များကိုယ်ကြည့်၍ ရီမောလိုက်ရင်းဖြင့် ဆက်ပြောလိုက်သည်။
အခွင့်ရေးဆိုတာ အန္တာရာယ်နဲ့ ဒွန်တွဲနေတယ်ဆိုသလို့ပဲ အဲဒီမှာ ခင်ဗျားတို့ကိုယ် ကောင်းကင်ဘုံကို ခြေတစ်လှမ်းနဲ့ရောက်စေသလို့ ၊ ခင်ဗျားတို့ကိုယ် ငရဲကိုလည်း ခြေတစ်လှမ်းနဲ့ ရောက်သွားစေနိုင်တယ် ။ လုံထန်က အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
ခင်ဗျားတို့သွားချင်သေးလား ။ လုံထန်က အကြီးကဲတွေကိုယ် ကြည့်ကာ မေးလိုက်သည်။
လုံထန်၏ စကားဆုံးချိန်၌ အကြီးကဲအောင်းကျန်းဟန်က ချက်ချင်းပင် ထရပ်လာခဲ့သည်။ အရှင်မင်းကြီး ~ ကျင့်ကြံခြင်း လမ်းကြောင်းက ရှည်လျားပြီးတော့ အလွန်ပဲ အန္တာရာယ်များပါတယ် ။ ဒါပေမဲ့ ကျုပ်တို့က အဲဒီလို့ ၊ အလွန်အန္တာရာယ်များမှန်းသိတာတောင် ၊ ကြီးမားတဲ့ စွမ်းအား ၊ အာဏာ နဲ့ ထာဝရအသက်ကို လိုချင်နေတုန်းပါပဲ။ အဲဒီ အန္တာရာယ်များနဲ့ ပြည့်နက် နေတဲ့လမ်းကြောင်းကို ဆက်လက်လျှောက်လမ်းနေစဲပါပဲ ။
အဲဒီအတွက်ကြောင့် ဒီအကြီးကဲက ကြိုးစားကြည့်ချင်ပါတယ် အရှင်မင်းကြီး ~ အောင်းကျန်းဟန်က လေးနက်စွာပြောလိုက်သည်။
ကျုပ်လည်း သွားကြည့်ချင်ပါတယ် ~ ဟော်ဖုကလည်း ထရပ်ကာပြောလိုက်သည်။ တစ်ယောက် တစ်ယောက်နဲ့ နောက်ဆုံး၌ တော်ဝင်အကြီးကဲများအားလုံးက ဝင်ရောက်ဖို့ဆန္ဒ ရှိနေကြသည်။
ကောင်းတယ် ~ ဒါဆိုရင် ခင်ဗျားတို့ မသွားခင်မှာ အနည်းဆုံးတော့ နတ်ဘုရားသားရဲဘုံ အဠမအဆင့်ကိုရောက်အောင် ကျင့်ကြံမှရမယ် ။ မဟုတ်ရင် ၊ မသေမျိုးနဲ့ မိစ္ဆာတွေရဲ့ တိုက်ပွဲကွင်းပြင်ထဲရောက်ရင် မသေမျိုးတွေနဲ့ မိစ္ဆာတွေရဲ့ အကြွင်းကျန်စွမ်းအားတွေရဲ့ ဖိအားကြောင့် ခင်ဗျားတို့ရင် သန်မာတဲ့ ရုပ်ခန္ဓာကိုယ်တွေတောင် ပေါက်ကွဲသွားပြီး တော့သေရလေ့မယ် ၊ ချွင်းချက်မရှိဘူး သေခြင်းတရားကိုသာယှဉ်ဆိုင်ရလေ့မယ် ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ကျုပ်က ခင်ဗျားတို့ကိုယ် အရင်းမြစ်တွေထောက်ပံပေးပေါ့မယ် ။ နတ်ဘုရားသားရဲဘုံ ဆဠမအဆင့်ကိုမရောက်မခြင်းပေါ့ ~ လုံထန်က ပြောလိုက်သည်။
လုံထန်က မြေပုံကိုယ် အောင်းကျန်းဟန်ထံသို့လွဲပေးလိုက်သည်။ ဒါကို အကြီးကဲပဲ သိမ်းထားလိုက်ပါ ။ ပြီးတော့ ၊ အကြီးကဲဟော်ဖု ၊ ဟော်ပင်း ၊ ဟော်ကူ တို့ကိုယ် ကျမ်းစာဆောင်နဲ့ ရတနာဆောင်မှာ သူတို့နဲ့ ကိုက်ညီတာတွေရွှေးချယ်ခိုင်းလိုက်ပါ ။
ပြီးတော့ ~ ခင်ဗျားတို့လည်း ဆေးဝါးအချို့ သွားရွှေးချယ်လိုက်ပါ ။ လုံထန်က အခြားအကြီးများကိုယ်ကြည့်၍ ပြောလိုက်သည်။ မသေမျိုးနှင့် မိစ္ဆာတို့တိုက်ပွဲ ကွင်းပြင်မသွားခင် သူတွင်ရှိသမျှကို ၊ ၎င်းတို့အတွက် ထောက်ပံပေးရမည်ဖြစ်သည်။
ဤနေရာက အန္တာရာယ်များပေမဲ့ အခွင့်လမ်းကြီးဖြစ်သည်။ သူ၏ ကျင့်ကြံမှုကြောင့်သာ မဟုတ်ပါက လုံထန်သူကိုယ်တိုင်ဦးဆောင်ကာ ဝင်ရောက်မည်ဖြစ်သည်။
သွားကြတော့ ~ အကြီးကဲအောင်းကျန်းဟန် ၊ အကြီးကဲ ဟော်ဖုတို့ကိုယ် သူတို့ ရတနာနဲ့ နည်းစနစ်တွေ ရွှေးချယ်ပြီးရင် သူတို့ရဲ့ အိမ်တော်ကိုပါ ရွှေးချယ်ခိုင်းလိုက်ပါ ။
နားလည်ပါပြီ ~ အရှင်မင်းကြီး။
တော်ဝင်အကြီးကဲများက လုံထန်နှင့် အောင်းယွီရန်ကို နှတ်ဆက် အသီးသိီးထွက်ခွာသွားတော့သည်။
အကြီးကဲများထွက်သွားသော နောကျောကိုကြည့်၍ အောင်းယွီရန်က လုံထန်ကိုယ်ကြည့်လာခဲ့သည်။
ယောင်္ကျား ~ အခုချိန် မသေမျိုးနဲ့ မိစ္ဆာတွေရဲ့ တိုက်ပွဲကွင်းပြင်ကို လွတ်တာက မစောဘူးလား ။ အောင်းယွီရန်က စိတ်ပူစွာဖြင့် မေးလိုက်သည်။ သူမလည်း သူမ၏ အချိန်တော်တော်များများကို ရှေးဟောင်းမှတ်တမ်းဆောင်၌ ကုန်ဆုံးလေ့ရှိ၏ ။ ဤအတွက်ကြောင့် မသေမျိုးနှင့် မိစ္ဆာတိုက်ပွဲကွင်းပြင်က ဘယ်လို့နေရာလည်း ဆိုတာ သိ၏ ။ ဤနေရာက အလွန်ပင် အန္တာရာယ်များ၏ ။ သို့ သော်လည်း အခွင့်လမ်းများကတော့ တွေးမတက်အောင်များ၏ ။
မစောဘူး ~ လုံထန်က ခေါင်းခါလိုက်သည်။ ဖြစ်နိုင်ရင် ကိုယ်လည်း သူတို့ကိုယ်မလွတ်ချင်ပါဘူး ။ သူတို့ မသေမျိုးအဆင့်ကိုယ် ကိုယ်တိုင်ရုန်းကန်ပြီးမတက်ပဲ ဒီမှာပဲအဆင့်တက်ခဲ့ရင် အချိန်အကြာကြီးယူရလေ့မယ် ။ ပြီးတော့ အခုချိန်မှာက အမှောင်ထဲက သစ္စာဖောက်များလည်း ရှိနေသေးတယ် ။
အရင်တုန်းကတောင် သူတို့က နယ်ခြားစည်းကို ချိုးဖြတ်နိုင်တယ်ဆိုမှတော့ ဘယ်သူက သူတို့ နောက်တစ်ကြိမ်မ ချိုးဖောက်နိုင်ဘူးလို့ အာမ ၊ မခံနိုင်ဘူး ။ အဲဒီအတွက်ကြောင့်ကိုယ်တို့ရဲ့ ရတဲ့ အချိန်လေးမှာ လောဖို့လို၏။ တက်နိုင်သမျှလည်းပြင်ဆင်ထားရန်လို့သည် ။ လုံထန်က အောင်းယွီရန်ကိုသူ အတွေးကိုပြန်ပြောပြလိုက်သည်။
သူလည်း ဖြစ်နိုင်ရင် တော်ဝင်အကြီးကဲများကို နတ်ဘုရားသားရဲဘုံ ဒဿမအဆင့်ရဲ့ အထွတ်ထိပ်များသို့ရောက်မှ စေလွတ်စေချင်သည်။ သို့သော်လည်း အချိန်က သူတို့ကိုယ်စောင့်မည်မဟုတ်ချေ။ကောင်းမွန်သောအရာတစ်ခုက သူတွင်ရှားပါးတန်ဖိုးကြီး ရတနာများ၊ အများပြားရှိ သောပင် ကြောင့် ဤအရာများက အကြီးကဲ အောင်းကျန်းဟန်နှင့် အောင်းထန်ရန် ၊ ဟော်ဖုတို့ကတော့ ဒဿမအဆင့်သို့ ရောက်ရှိနိုင်သည်။ ဤအတွေးက သူကိုယ်အနည်းငယ် စိတ်အေးစေသည်။
∆∆∆
လုံထန်က ကံကြမ္မာဧကရာဇ်ပြောခဲ့သလို့ နှစ်တစ်သန်းအချိန်ရသည့်ဟုပြောသော အကြောင်းရာကို သူအပြည်ဝ မယုံချေ။ အဘယ်ကြောင့်ဆို သစ္စာဖောက်များက အမှောင်ထဲမှ လှုပ်ရှားပြီး သူတို့က အလင်းထဲမှ ဖြစ်နေ၍ ၎င်းတို့၏ လှုပ်ရှားမှုများကို အတိကျခန့်မှန်းထားပါက လွဲမှားသွားနိုင်သည်။
အဲလို့တွေသာဖြစ်လာပါက ~ အားလုံးနောက်ကျသွားနိုင်သည်။ လုံထန်လည်း ထိုသို့မဖြစ်ချင်ချေ။ သူက ခေါင်းသာခါရမ်းရင်းဖြင့် သက်ပြင်းချလိုက်သည်။
အဘိုးဖေးလည်း နည်းစနစ်နဲ့ လက်နက်တစ်ခုသွားပြီးတော့ ရွှေးချယ်လိုက်အုန်းလေ ။ လုံထန်က သူ၏ ဘေး၌ ရပ်နေသော အဘိုးကြီးဖေးကို ပြောလိုက်သည်။
ကောင်းပါပြီ ~ အရှင်မင်းကြီး ~ ခွင့်ပြုပါအုန်း ။ အဘိုးကြီးဖေးက လုံထန်ကို အရိုပေးပြီးနောက် ထွက်ခွာသွားတော့သည်။