← Chapters

အခန်း (၁၇၃)

Vol. 13 Ch. 173

အခန်း (၁၇၃)

Vol. 13 Ch. 173

---------

နန်းတော်ခန်းမ၏ အတွင်း၌ ပြန်လည်ကာ တိတ်ဆိတ်သွားခဲ့ပြန်၏ ။ခန်းမ၏ အတွင်း၌ လုံထန်နှင့် အောင်းယွီရန်တို့ နှစ်ဦးထဲသာကျန်ရစ်နေတော့သည်။

ယောင်္ကျား~ မိန်းမလည်း သွားလိုက်အုန်းမယ် ။ ဒုတိယအဆင့်ကို တက်ခါနီးမှို့လို့ ဆက်ပြီးတော့ ကျင့်ကြံရမယ့်။ အောင်းယွီရန်က လုံထန်ကိုကြည့်၍ ပြောလိုက်သည်။

ကောင်းပြီ ~ သွားပါ။

အောင်းယွီရန်လည်း လုံထန်ကို နှတ်ဆက်ပြီးနောက် သူမ၏ အိမ်တော်သို့ ကျင့်ကြံရန်အတွက်ပြန်သွား တော့သည်။

နန်းတော်ခန်းမ၏ အတွင်း၌ လုံထန်တစ်ယောက်သာ ကျန်ရစ်နေတော့သည်။ နောက်ဆက်လုပ်ရမည့်အရာများကို တွေးတောနေခဲ့သည်။ သူဆက်လက်မလေ့ကျင့်ခင်၌ ယခင်ရက် သဘာဝမီးစွမ်းအားအရင်းမြစ်ကို သွား၍ မစစ်ဆေးကြည့်ရသေးသိကို သတိရသွားခဲ့သည်။

အခုမကျင့်ကြံခင်မှာ အောက်ကိုသွားပြီးတော့ သဘာဝမီးစွမ်းအားအရင်းမြစ်ထားတာ သွားပြီး တော့ကြည့်အုန်းမှပါပဲ ။ ဤရက်များအတွင်း၌ သူလေ့ကျင့်ရာ၌ အာရုံစိုက်နေသည့်မှို့ သဘာဝမီးစွမ်းအားအရင်းမြစ် ထားပြီးကထဲကသွား၍ မစစ်ဆေးကြည့်ရသေးချေ။

ထိုအတွေးနှင့်အတူတူ လုံထန်လည်း ခန်းမ၏ အတွင်းမှ ချက်ချင်းပင်ထွက်ခွာသွား၍ အောက်မြေပြင်သို့ဆင်းသွားခဲ့သည်။

∆∆∆

အချိန်နာရီဝတ်ခန့်ကြာပြီးနောက် လုံထန်လည်း သဘာဝမီးစွမ်းအားအရင်းမြစ်ထားရှိသော နေရာသို့ ရောက်ရှိသွားခဲ့သည်။

သူရောက်ရှိချိန်၌ အံအားသင့်စရာ မြင်ကွင်းက သူကိုယ်စောင့်ကြိုနေခဲ့သည်။ ယခုအချိန်၌ သဘာဝမီးစွမ်းအားအရင်းမြစ်ကို ထားရှိခဲ့ပြီးသည့်က ရက်ပေါင်းနှစ်ဆယ်နီးပါးအကြာရှိပြီဖြစ်သည်အတွက်ကြောင့် သဘာဝမီးစွမ်းအားအရင်းမြစ်က ပတ်ဝန်းကျင့်နှင့် အပြည်ဝ ပေါင်းစည်းနေခဲ့ပြီဖြစ်သည်။

ဤအတွက်ကြောင့် ဆယ်မိုင်လုံးက အလွန်ပူပြင်းသော အပူရှိန်များဖုံးအုပ်ထားပြီးတော့ ဆယ်မိုင်၏ အလယ်ဗဟိုမှနေ၍ တရှိန်ရှိန်ဖြာထွက်နေ၏ ။ဝန်းရံထားသော ဧရာမ ကျောက်တောင်ကြီးများသုံး တောင်လုံးကပင် အက်ကွဲနေပြီးတော့ ချော်ရည်များက ရေတံခွန်တစ်ခုကဲ့သို့ စီးကျနေခဲ့သည်။

ထို နေရာများမှတစ်ဆင့် ဆယ်မိုင်လုံး၏ မြေပြင်ကလည်း အက်ကွဲနေကာ မြေပြင်တစ်ခုလုံးကလည်း ပူပြင်းသော အပူရှိန်အောက်၌ နီရဲနေ၏ ။ သေချာကြည့်မည်ဆိုလျှင် မြေပြင်ထက်က အက်ကြောင်းများ၏ အတွင်းထဲ၌ ချော်ရည်များပင် စီးဆင်းနေသည့်ကို မြင်တွေ့နိုင်သည်။

လုံထန်လည်း အဝေးမှကြည့်နေရင်းမှ သဘာဝမီးစွမ်းအားအရင်းမြစ်အုပ်စိုးထား သော ဆယ်မိုင်အတွင်းသို့ ဝင်လိုက်၏ ။ထိုအချိန်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ မီးစွမ်းအားများကစိတ်လှုပ်ရှားဟန်ဖြင့် ရုန်းကြွလာသည့်ကို ခံစားမိသည်။

ဒါက သဘာဝမီးစွမ်းအားအရင်းမြစ်ရဲ့ စွမ်းအားလား ။ လုံထန်က သူ၏ ခန္ဓာကိုယ်အတွင်းမှ အသက်ရှုလိုက်တိုင်းမှာ တိုးပွားလာသော မီးစွမ်းအားများကို ခံစားကြည့်ရင်းဖြင့် တီးတိုးရေရွတ်လိုက်သည်။ သဘာဝ ရတနာဆိုတဲ့ အတိုင်းတစ်ကယ်ကို မယုံကြည်နိုင်ဖွယ်ရာ အံအားသင့်စရာပါပဲ ။

လုံထန်က အပြင်ဘက်အစပ်မှနေ၍ ဖြေးဖြေးခြင်းဖြင့် အတွင်းပိုင်းသို့ လျှောက်သွားလိုက်သည်။ အစပိုင်းမှာက အပူရှိန်က ပုံသေသာဖြစ်သော်လည်း အတွင်းပိုင်းရောက်လေ ပို၍ ပူပြင်းလာလေဖြစ်သည်။

လုံထန် တစ်ယောက် ငါးမိုင်လောက်ရောက်ချိန်၌ ရပ်လိုက်သည်။ သူရှေဆက်တိုးဖို့ရန်အတွက်ဆိုရင် သူ၏ ချီစွမ်းအကာကွယ်ကို အသုံးပြုမှရမည်ဖြစ်သည်။ မဟုတ်ပါက သူ၏ သန်မာသော ရုပ်ခန္ဓာကပင် ပြင်းထန်သော အပူရှိန်ကြောင့် အနည်းငယ်နာကျင်လာသလို့ခံစားမိသည်။

သို့သော်လည်း သူက စစ်ဆေးကြည့်ရန်သာဖြစ်ပြီး လေ့ကျင့်ရန်အတွက်မဟုတ်သည့်အတွက်ရှေ့ဆက် မသွားတော့ပဲ ရပ်တန့်လိုက်ပြီး အပြင်သို့ပြန်ထွက်လာလိုက်တော့သည်။

အပြင်သို့ရောက်ချိန်၌ လုံထန်က ကောင်းကင်ရန်သို့ ပျံတက်လိုက်ရင်းဖြင့် အောက်ဘက်မှ သဘာဝမီးစွမ်းအားအရင်းမြစ်နယ်မြေကို ငုံကြည့်လိုက်သည်။ အခြားသူတွေကို ဒီမှာလာလေ့ကျင့်ဖို့ ပြောအုန်းမှပါပဲ ။ ဤမျှ ကောင်းမွန်သော ကျင့်ကြံခြင်းနေမြေရှိနေမှတော့ လာရောက်မကျင့်ကြံပါက ဘယ်လောက်ထိ ဆုံးရှုံးလိုက်ရမည်နည်း ။

လုံထန်က ချက်ချင်းပင်လျှင် ပင်မကျွန်းပျံသို့ပျံတက်သွားခဲ့သည်။ ဤနေရာ၌ လေ့ကျင့်ရန်အတွက် သူ၏ စိတ်ထဲ၌ အစီစဉ်ဆွဲထားပြီးသွားပြီဖြစ်သည်။

∆∆∆

အချိန်အနည်းငယ်ကြာပြီးနောက် လုံထန် ပင်မကျွန်းပျံသို့ပြန်ရောက်လာခဲ့သည်။ သူကရောက်သည့်နှင့် နန်းတော်ခန်းမသို့ သွား၍ နောက်ရက်များ၌ လေ့ကျင့်ရန်သာ ပြင်ဆင်လိုက်တော့သည်။

∆∆∆

တစ်ဖက်၌ ။

အကြီးကဲများက ဖြစ်သော ၊ ဟော်ဖူ ၊ ဟော်ကူ ၊ ဟော်ပင်းတို့က သူတို့နှင့် ကိုက်ညီသော နည်းစနစ် ၊ လက်နက် ၊ ဆေးဝါးများကို ရွှေးချယ်လိုက်ကြသည်။

အောင်းကျန်းဟန်နှင့်အခြားသော အကြီးကဲများကလည်း ဆေးဝါးအချို့ကို သူတို့အတွက် ရွှေးချယ်လိုက်ကြသည်။

အားလုံးပြီးဆုံးချိန်၌ အောင်းကျန်းဟန်က ဟော်ဖု ၊ ဟော်ကူ ၊ ဟော်ပင်းတို့ကို သူတို့၏ အိမ်တော်များကို ရွှေးချယ်ရန် ခေါ်သွားလိုက်၏ ။

ဟော်ဖု တို့ကလည်း အိမ်တော်များကို အောင်းကျန်းဟန်နှင့် အခြားသောအကြီးကဲများတို့နှင့် တူညီသော ကျွန်းပျံတစ်ခုထဲ၌ သာရွှေးချယ်လိုက်သည်။

အိမ်တော်များက မီတာသောင်းချီအကျယ်ပြန့်ရှိသောနေရာပေါ်၌ ခမ်းနားစွာတည်ဆောက်ထားကြခြင်းပင်ဖြစ်သည်။ ဉယျာဉ် ၊ ရေကန် ၊ လေ့ကျင့်ရေးနေရာ ၊ အမျိုးစုံပါ၏ ။ ကျွန်းပျံတစ်ခုပေါ်၌လည်း ဤသို့ခမ်းနားသော် အိမ်တော်ပေါင်းတစ်ရာခန့်ရှိသည်။

ဟော်ဖုတို့က သူတို့၏ ကိုယ်ပိုင်အိမ်တော်များ ရွှေးချယ်ပြီးချိန်၌ သူတို့က ကျန်သော အကြီးကဲများကို နှတ်ဆက်လိုက်၏။ ပြီးတဲ့နောက်မှာတော့ လုံချီယု၊ ကျီထန်ပင်းတို့နှင့်အတူတူ ကမ္ဘာငယ်လေး၏အတွင်းမှ ထွက်ခွာသွားတော့သည်။

သူတို့က လုံထန်ပေးထားသော အမိန့်အတိုင်း သူတို့၏ မျိုးနွယ်စုများကို တစ်လအတွင်း ရှေးဦးမြို့တော် ပြောင်းရွှေ့ရန်အတွက် သူတို့မျိုးနွယ်စုများသို့ ပြန်သွားကြခြင်းပင်ဖြစ်သည်။

∆∆∆

တစ်ဖက်၌ ။

အောင်းကျန်းဟန်တို့က သူတို့ လုပ်စရာများကို အဆုံးသတ်ပြီးချိန်၌ သူတို့၏ ကိုယ်ပိုင်အိမ်တော်များ၌ သူတို့ယူ ဆောင်လာသော ဆေးများကိုအသုံးပြုကာ ကျင့်ကြံရန်ပြင်လိုက်တော့သည်။

ဤအတွက်ကြောင့် ကမ္ဘာငယ်လေး၏ အတွင်း၌ တဖန်ပြန်လည်ကာ တိတ်ဆိတ်သွားကြပြန်ကာ ၊ အပြင်ဘက်၌သာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။

∆∆∆

ဟော်ကူ ၊ လုံချီယု ၊ ကျီထန်ပင်းတို့က သူတို့၏ မျိုးနွယ်စုများသို့ပြန်ရောက်ချိန်၌ သူတို့၏ သစ္စာရှိ လက်အောက်ခံများကို ဆင့်ခေါ်လိုက်ကြသည်။

မီးနဂါးမျိုးနွယ်စု၏ ၊ သစ္စာရှိ နောက်လိုက်မျိုးနွယ်စုက၊ နဂါးနီ မျိုးနွယ်စုဖြစ်သည်။ နဂါးနီများကလည်း မီးစွမ်းအားကို အသုံးပြုနိုင်သော မျိုးနွယ်စုဖြစ်သည်။ သူတို့က မီးနဂါးမျိုးထက်သာ အားနည်းပြီး အခြားသော သားရဲများထက်တော့သန်မနေသေးသည်။

ရေခဲနဂါးများက သူတို့၏ နောက်လိုက် ၊ ဆီးနှင်းနဂါးများ ကို သူတို့၏ ပိုင်နက်များကို ကိုင်တွယ်ရန် လက်လွဲခဲ့၏။

တစ်ဖက် မိုးပြာနဂါးများကလည်း သူတို့၏ လက်အောက်ငယ်သားများဖြစ်သော ၊ ခရမ်းရောင် လျှပ်စီးနဂါးများကို သူတို့၏ ပိုင်နက်များကို ကိုယ်တွယ်ရန်ထားခဲ့ကြသည်။

မှတ်ချက် ။ ။အခုပြောတဲ့လက်အောက်ခံ မျိုးနွယ်စုသုံးခုက ၊ မီးနဂါးမျိုးနွယ်စု ၊ မိုးပြာနဂါးမျိုးနွယ်စု၊ ရေခဲနဂါးမျိုးနွယ်စုတွေ၊ သူတို့ရဲ့ လက်အောင်ခံမျိုးနွယ်စုတွေထဲက ရွှေးချယ်ထားတာတွေပါ ။ အခြားလက်အောက်ခံမျိုးနွယ်စုတွေလည်း ရှိပါသေးတယ် ။ နောက်ပိုင်းမှ ပါလာရင် ရှုပ်ကုန်မှာဆိုးလို့ရှင်းပြထားတာပါ ။

All Chapters