← Chapters

အောင်းယွီရန်အဆင့်တက်ခြင်း ။

Vol. 13 Ch. 174

အောင်းယွီရန်အဆင့်တက်ခြင်း ။

Vol. 13 Ch. 174

---------

ကမ္ဘာငယ်လေး၏ အတွင်း၌ အားလုံးက ကျင့်ကြံနေကြသည့်မှို့ ယခုကဲ့သို့တိတ်ဆိတ်နေသည့်မှာ ရက်များပင် အတော်ပင်ကြာမြင့်ပြီဖြစ်သည်။ ဤနေနှင့်ဆိုရင် ....

ဆယ်ရက်ပင်လျှင်ရှိ နေပြီဖြစ်သည်။

∆∆∆

ဆယ်မြှောက်နေညပိုင်းတွင် ပင်မကျွန်းပျံနှင့် အနီးဆုံးတွင်ရှိသော ကျွန်းပျံတစ်ခုရှိ ၊ အောင်းယွီရန်၏ ကိုယ်ပိုင်အိမ်တော်အထက်၌ပတ်ဝန်းကျင့်မှ ချီစွမ်းအင်များက စုဝေးလာခဲ့ကာ ကြီးမားသော စွမ်းအင်စီးကြောင်းတစ်ခုက ရေဝဲသဏ္ဍန်ဖြစ်ပေါ်လာခဲ့ကာ အိမ်တော်၏ အတွင်းမှ ထိုင်၍ ကျင့်ကြံနေသော အောင်းယွီရန်၏ ခန္ဓာကိုယ်လေး အတွင်းသို့ အရူးမှုးဝင်ရောက်နေကြသည်။

ချီစွမ်းအင်များ အရှုးမှုးဝင်နေသည့်မှို့ အောင်းယွီရန်၏ အော်ရာကလည်း ယခင်ထက် အဆများစွာပို၍ အားကောင်းလာခဲ့သည်။

အချိန်ကြာသည့်နှင်အမျှ ၊အောင်းယွီရန်က အရှိန်ဝါက ပို၍ ကြောက်မက်ဖွယ်ကောင်းအောင် မြင့်တက်လာခဲ့သည်။

ဝုန်း ~ ။

ကြောက်မက်ဖွယ်ရာစွမ်းအားကြီးတစ်ခုက အောင်းယွီရန်ကို ဗဟိုပြုလျက် အရပ်ရပ်သို့ ပျံနှံသွားခဲ့သည်။

ဤစွမ်းအားကြောင့် ကျင့်ကြံမှုခန်းမ၏ အတွင်း၌လေ့ကျင်နေသော လုံထန်မှလွဲ၍ ၊ အိမ်တော်များ၏ အတွင်း၌ ကျင့်ကြံနေသော အောင်းကျန်းဟန်တို့ပင် ကျင့်ကြံရမှ နိုးထလာကြသည်။

အရှင်မင်းသမီး ~ အဆင့်တက်သွားတာလား ။အောင်းကျန်းဟန်နှင့် အခြားသော အကြီးကဲများက အောင်းယွီရန်ရှိရာ ကျွန်းပျံသို့ကြည့်လိုက်ရင်းရေရွတ်လိုက်သည်။

အောင်းယွီရန်၏ အိမ်တော်ရှိရာ ကျွန်းပျံမှစွမ်းအားများ ပြန်လည့်၍ ငြိမ်သက်သွားချိန်မှ သူတို့လည်း ပြန်လည်၍ ကျင့်ကြံနေတော့သည် ။

∆∆∆

တစ်ဖက်၌ ။

အိမ်တော်၏ ကျင့်ကြံရာနေရာ၌ ရှိနေသော အောင်းယွီရန်တစ်ယောက် သူမ၏ ကိုယ်တွင်းရှိ ချီစွမ်းအင်များ တည်ငြိမ်သွားချိန်၌ သူမ၏ မျက်လုံးများကိုဖွင့်လိုက်သည်။

ထိုအစဉ်~ သူမ၏ မျက်ဝန်းအတွင်းမှ အလင်းတန်းနှစ်ခုထွက်ပေါ်လာခဲ့ကာ လေထုကို ထိုးဖောက်သွားခဲ့သည်။

ဟူး ~ အောင်းယွီရန်က သူမ၏ ကိုယ်တွင်းရှိ လေပူများကို မှုတ်ထုတ်လိုက်ရင်းဖြင့် သူမ၏ ကိုယ်တွင်းမှ တိုးပွားလာသော စွမ်းအားများကို ခံစားကြည့်၍ သူမက ပြုံးလိုက်မိသည်။

အဆင့်တက်တာက ဒုတိယအဆင့်သာဖြစ်သော်လည်း ၊သူမ၏ စွမ်းအားများက ယခင်ထက်တစ်ဆ လောက်ထိကို တိုးပွားလာတာကိုယ် သူမ ခံစားမိသည်။

အောင်းယွီရန်က အဆင့်တက်ပြီးနောက် သူမက ရပ်နားခြင်းမရှိပဲ ဆက်လျက်၍ ကျင့်ကြံနေလိုက်သည်။

∆∆∆

တစ်ဖက်တွင် ။

ကျင့်ကြံမှု ခန်းမ၏ အတွင်း၌ အပြင်းထန်လေ့ကျင့်နေသော လုံထန်တစ်ယောက် သူနှင့် အောင်းယွီရန်၏ ဆက်နွယ်မှုမှ တစ်ဆင့် အောင်းယွီရန်၏ ထံမှ တစ်ခုခု ပြောင်းလဲသွားသည့်ကို ခံစားလိုက်ရသည်။

နောက်ဆုံးတော့ ~ သူမ ဒုတိယအဆင့်ကို ရောက်သွားပြီထင်တယ် ။

ငါလည်းပိုကြိုးစားရမယ် ။ လုံထန်က ဒြပ်စင်ငါးခုနဂါးလက်ဝါးကျင့်စဉ်၏ တတိယအဆင့်ကို နဂါးစိမ်းလက်ဝါးကို လေ့ကျင့်နေရင်းမှ ပြောလိုက်သည်။

လုံထန်ကဆက်လက်၍ ကျင့်ကြံခြင်းနည်းစနစ်များကို ဆက်လက်၍ လေ့ကျင့်နေတော့ပြန်သည်။

∆∆∆

အချိန်များက လျှင်မြန်စွာဖြင့်ကုန်ဆုံးသွား၏ ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်း ဆယ်ငါးရက်လောက် ထပ်မံ၍ ကုန်ဆုံးသွားခဲ့သည်။

ဤနေ့မနက်၌ ရှေးဦးမြို့တော်ထံသို့ များပြားသော ဝိညာဉ်စွမ်းအင်သုံး ဧရာမလှေပျံများတစ်စီးပြီး၊ တစ်စီး ရောက်လာကြသည်။

၎င်းတို့က မီးနဂါမျိုးနွယ်စု ၊ မိုးပြာနဂါးမျိုးနွယ်စု ၊ ရေခဲနဂါးမျိုးနွယ်စုမှ ဝိညာဉ်စွမ်းအင်သုံးလှေပျံများဖြစ်ကြသည်။

ဤအဖွဲ့များအသီးသီးရောက်ရှိလာမှုကြောင့် ရှေးဦးမြို့ တော်ကြီးတစ်ခုလုံးရှိ ၊ မိုးပြာနဂါးမျိုးနွယ်စု ပိုင်နက်နေရာ ၊ ရေခဲနဂါးမျိုးနွယ်စု ပိုင်နက်နေရာတို့၌ အလွန်ပင်စီကားနေလျက်ရှိသည်။

အခြားတစ်ဖက်၌တော့ မီးနဂါးမျိုးနွယ်စုများကတော့ သူတို့၏ နေရာများတွင် တော့သူတို့နှင့်ကိုက်ညီသော ပတ်ဝန်းကျင်များကို ယခုမှ ပြုပြင်ကာ အဆောက်ဦးများလည်း ဆောက်လုပ်နေကြသည်။

သူတို့အားလုံးက စွမ်းအားမြင့်သူများဖြင့်သူဖြင့် အချိန်ခနတာသာယူရပြီး လိုအပ်သည့်များကို အကြမ်းဖြင်းအားဖြင့် ပြီးဆုံးသွားကြသည်။ နောက်မှ ဖြေးဖြေးခြင်းဖြင့် လိုအပ်သည့်များကို ပြင်ဆင်သွားနိုင်ကြသည်။

∆∆∆

တစ်လအကြာတွင်တော့ မီးနဂါးမျိုးနွယ်စုများနှင့် အခြားမျိုးနွယ်စုမှ အားလုံးလည်း ပြောင်းရွေ့ခြင်းပြီးဆုံးသွားကြသည်။

အကြီးကြများက အပြင်ဘက်ရှိ သူတို့၏ မျိုးနွယ်စုများကတော့ သူတို့ကိုယ်တိုင်ကြီးကြပ်ရန်မလိုအပ်တော့ချေ။ မျိုးနွယ်စု၏ အရေးပါသူများဖြင့် လွဲထားခဲ့သည်။

ဟော်ဖု တို့အုပ်စု ၊ လုံချီယုတို့အုပ် ၊ ကျီထန်ပင်းတို့လည်း သူတို့မျိုးနွယ်စုများအားလုံးပြောင်းရွေ့ပြိီးသဖြင့် ကမ္ဘာငယ်၏ အတွင်းသို့ လုံထန် ထံသို့ သတင်းပို့ရန် ဝင်ရောက်သွားကြသည်။

ကမ္ဘာငယ်၏ အတွင်းသို့ ရောက်ချိန်၌ ယခုမှ ပထမဆုံးအကြိမ်ဖြစ်သော ဟော်ရိမှာ မင်သက်အံဩနေခဲ့၏ ။ သူတို့ သက်တမ်းတလျောက်လုံးယခုလိုလှပသော မြင်ကွင်းကို ပထမဆုံးအကြိမ်မြင်တွေဖူးခြင်းပင် ဖြစ်သည်။

သွားကြစို့ ~ နောက်မှ ဆက်ပြီးတော့ အံဩတော့ ဟော်ဖုက ၊ ဟော်ရိကိုကြည့်၍ ပြောလိုက်သည်။

ဟုတ်ကဲ့ ~ ဟော်ရိက ခေါင်းသာညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းစွာ လိုက်ကြည့်မေရင်းဖြင့် ဟော်ဖု ၊ ဟော်ကူ ၊ ဟော်ပင်း၏ နောက်မှ လိုက်ပါသွားခဲ့သည်။

သူတို့က ကမ္ဘာငယ်၏ ဝင်ပေါက်မှ တစ်ဆင့် အချိန်အနည်းငယ်ကြာပျံသန်းပြီးနောက် သူတို့က ပင်မနန်းတော်၏ ဉယျာဉ်တော်အတွင်းသို့ရောက်လာခဲ့ကာ ထိုနေရာ၌ ဆင်းသက်လိုက်၏ ။

သူတို့က လုံထန် ထွက်လာမည်အချိန်ကို ထိုနေရာ၌ သာစောင့်ဆိုင်းနေကြတော့သည်။

∆∆∆

အခြားတစ်ဖက် ။

ပင်မနန်းတော်ခန်းမ၏ အတွင်း၌ရှိသော ကျင့်ကြံမှု ခန်းမအတွင်း၌ လေ့ကျင့်နေသော လုံထန်က သူ၏ ကျင့်ကြံမှုကို ရပ်နားလိုက်သည်။

ယနေ့က မျိုးနွယ်စုများ ပြောင်းရွှေ့လာသော အကြီးကဲများ ပြန်ရောက်လာမည့် နေ့ဖြစ်သည်။ ဤအတွက်ကြောင့် အခြားသော ကိစ္စများကိုကိုင်တွယ်ရန် ရှိသေးသည့်ဖြစ်၏ ။

လုံထန်က ကျင့်ကြံမှုခန်းမထဲမှ သူ၏ အဝတ်စားများကို အောင်းယွီရန် ပြင်ဆင်ပေးသော အသစ်တစ်စုံနှင့် လဲဝတ်လိုက်ပြီးနောက် ကျင့်ကြံမှု ခန်းမ၏ အပြင်သို့ ထွက်ခွာလာခဲ့တော့သည်။

All Chapters