← Chapters

အခန်း (၁၇၅)

Vol. 13 Ch. 175

အခန်း (၁၇၅)

Vol. 13 Ch. 175

------

နန်းတော်ခန်းမ၏ အတွင်းသို့ ရောက်ချိန်၌ လုံထန်က တော်ဝင်အကြီးကဲများအားလုံး နှင့် အောင်းယွီရန်ကိုယ်ပါ နန်းတော်ခန်းမ၏ အတွင်းသို့လာရန် ဆင့်ခေါ်လိုက်သည်။

လုံထန်က အဖြူရောင်ပုလ္လင်၏ အထက်၌ ထိုင်လိုက်ရင်းဖြင့် ရောက်လာမည့်သူများကို စောင့်နေလိုက်တော့သည်။

∆∆∆

အချိန်အနည်းငယ်ကြာပြီးနောက် အနီးတွင်ရှိနေသော ဟော်ဖု တို့အုပ်စုနှင့်၊ လုံချီယု တို့အုပ်စု၊ ကျီထန်ပင်းတို့ ရောက်လာကြသည်။

အရှင်မင်းကြီးကို နှတ်ဆက်ပါတယ် ။ သူတို့က ခန်းမ၏ အတွင်းသို့ရောက်လာသည့်နှင့် ချက်ချင်းပင်လျှင် လုံထန်ကို အရိုသေပေးနှတ်ဆက်လိုက်သည်။

အင်း ~ သက်သောင့်သက်သာနေကြပါ အကြီးကဲတို့ လုံထန်က ပြုံး၍ ပြန်ပြောလိုက်သည်။ သူက အောက်တွင်ရှိနေသော ဟော်ဖုတို့၏ အဖွဲ့တွင်းရပ်နေသော မျက်နှာစိမ်းတစ်ယောက်ကို ကြည့်နေလိုက်ရင်းဖြင့်မေးလိုက်သည်။

သူက ဘယ်သူများလဲ ~။

ပြန်ဖြေပါတယ် ~ အရှင်မင်းကြီး ။ သူကတော့ လက်ရှိ မီးနဂါးမျိုးနွယ်စုရဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပါတယ် ။ သူက ဟော်ရိလို့ခေါ်ပါတယ် ။ အရင်တစ်ခေါက်က သူက မျိုးနွယ်စုက ကိစ္စတွေကို ဖြေရှင်းနေတာကြောင့် မလိုက်ပါလာခဲ့တာပါ ။ အရှင်မင်းကြီး ~ ဟော်ဖုက လုံထန်ကို ချက်ချင်းပင် ရှင်းပြလိုက်သည်။

လုံထန်က ဟော်ရိကိုယ်ကြည့်လိုက်သည်။ ယခင်တုန်းကဆိုရင် သူမိုးပြာနဂါးအင်ပါယာ၌ နေထိုင်စဉ်က မီးနဂါးမျိုးနွယ်စု၏ လက်ရှိအုပ်ချုပ်သူ ဟော်ရိ၏ အကြောင်းများကို သူတို့လို့ နောက်မျိုးဆက်သစ်လေးများပင်လျှင်ကြားဖူးသည်။

ဟော်ရိက သူ၏ဖခင်ဖြစ်သူနှင့်မျိုးဆက်တူသော်လည်း ၊ ၎င်းက နတ်ဘုရားသားရဲဘုံသို့အရင်ရောက်ခဲ့ကာ သူ၏ ဖခင်ဖြစ်သူက တော့ ယခုအချိန်ထိ နတ်ဘုရားသားရဲဘုံသို့ မရောက်သေးချေ။

ဤသည့်ကိုကြည့်ပါက ဟော်ရိက သူတို့မျိုးဆက်များအကြား၌ မည်မျှ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်ခဲ့သည်ကို တွေ့မြင်နိုင်သည်။

∆∆∆

ထိုအချိန်၌ ။

နန်းတော်ခန်းမ၏ အတွင်းသို့ပုံရိပ်များတစ်ခုပြီးတစ်ခု ဝင်ရောက်လာကြသည်။ အောင်းယွီရန်၊ အောင်းကျန်းဟန် ၊ အောင်းထန်းရန်တို့ဖြစ်သည်။

အရှင်မင်းကြီးကို နှတ်ဆက်ပါတယ် ။

သူတို့က ရောက်လာသည့်နှင့် လုံထန်ကို အရိုသေပေးကာနှတ်ဆက်လိုက်ကြသည်။

အင်း ~ ထိုင်ပါ။ လုံထန်က သူ၏ အကြီးကဲများကို ထိုင်ရန်အချက်ပြလိုက်သည်။

လုံထန်၏ အမိန့်ရသည့်နှင့် အောင်းယွီရန်က လုံထန်၏ ဘေးသို့လာ၍ ထိုင်လိုက်ပြီး ၊ အကြီးကဲများကလည်း သူတို့၏ နေရာများ၌ ထိုင်လိုက်ကြသည်။

∆∆∆

လုံထန်က အကြီးကဲများထိုင်ပြီးသည့်နှင့် သူက စကားစလိုက်သည်။ အကြီးကဲတို့ မျိုးနွယ်စုတွေကို နေရာချထားပြီးသွားပြီလား ။ လုံထန်က ဟော်ဖု ၊ တို့ကိုယ်ကြည့်၍မေးလိုက်သည်။

အားလုံးပြီးဆုံးသွားပါပြီ ~ အရှင်မင်းကြီး ။ ဟော်ဖုက ချက်ချင်းပင်ပြန်လည်ဖြေကြားလိုက်သည်။

ကောင်းတယ် ~ ဒါဆိုရင် ~ အခုကမျိုးနွယ်စုတွေလည်း အားလုံးရောက်လာပြီဆိုတော့ ၊ ကျုပ်တို့ ရှေးဦးနဂါး အင်ပါယာမင်းဆက်ကို စတင်၍ အကောင်ထည်ဖော်သင့်ပြီ။

ဒီဧကရာဇ်က အကြီးကဲတို့အားလုံးကို အချိန်ခုနှစ်ရက်ပေးမယ် ။ ခုနှစ်ရက်အတွင်းမှာ အားလုံး လိုအပ်တာတွေပြင်ဆင်ထားပါ။ အားလုံးပြင်ဆင်ပြီးရင် ကျုပ်တို့ရဲ့ ရှေးဦးနဂါးအင်ပါယာကြီးကို တစ်လောကလုံးရဲ့ အရှေ့မှ ကြေညာမယ် ။ လုံထန်က အကြီးကဲများအားလုံးကိုကြည့်၍ ပြောလိုက်သည်။

ဤကိစ္စနဲ့ပတ်သက်ပြီး တော့အကြီးတို့ဘာများ အကြံပြုချင်သေးလည်း ~ လုံထန်ကအကြီးကဲများကို ဝှေ့ဝဲကြည်လိုက်ရင်းဖြင့်မေးလိုက်သည်။

အရှင်မင်းကြီးရဲ့ ~ အမိန့်တိုင်းလုပ်ဆောင်ပေါ့မယ် ။ အကြီးကဲများအားလုံးက ထိုင်ရာမှထ၍ ရပ်လိုကကာပြောလိုက်သည်။

ကောင်းပြီ~ ဒါဆိုရင် ဒီအတိုင်းပဲ လုပ်ကြတာပေါ့ ။ အခုနောက်တစ်ခုက၊ အကြီးကဲဟော်ဖု ၊ ဟော်ကူ၊ ဟော်ပင်း၊ ဟော်ရိတို့ကို တော်ဝင်အကြီးကဲများအဖြစ် ရာထူးပေးအပ်လိုက်တယ် ။ အရင်ရက်တုန်းက သူက ဟော်ဖုတိုကိုယ် တရားဝင် ရာထူးမခန့်အပ်ရသေးချေ။ ဤအတွက်ကြောင့် ယခုမှ ရာထူးပေးအပ်လိုက်ခြင်းပင် ။

ကျေးဇူးအများကြီး တင်ပါတယ် ~ အရှင်မင်းကြီး ။ ဒီအကြီးကဲတွေက ရှေးဦးနဂါးအင်ပါယာကြီးအတွက် အကောင်းဆုံးကြိုးစားပေးဆပ်မှာပါ ။ ဟော်ဖု ၊ ဟော်ကူ ၊ ဟော်ပင်း ၊ ဟော်ရိတို့က ထရပ်လိုက်၍ လုံထန်ကို ကျေးဇူးတင်စကားပြောလိုက်ရင်းဖြင့် ပြောလိုက်ကြသည်။

အကြီးကဲများကို ~ ရာထူများခန့်အပ်ပြီးတဲ့နောက်မှာတော့ လုံထန်နှင့် သူ၏ အကြီးကဲများက နောက်ဆက်လုပ်ဆောင်မည် ၊ အကြောင်းရာအချို့ကို ထိုင်၍ ဆွေးနွေးနေခဲ့ကြသည်။ အချိန်တစ်နာရီလောက် အကြာမှ အဆုံးသတ်သွားခဲ့သည်။

ကောင်းပြီ ~ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ ။ အခု ဒီဧကရာဇ်နောက်ကို လိုက်ခဲ့ကြပါ ။ ခင်ဗျားတို့ကို ကျင့်ကြံခြင်းပြုလုပ်လို့ရမည်နေရာတစ်ခုကို ခေါ်သွားမယ် ။

လုံထန်က အကြီးကဲများ အားလုံးရောက်ရှိနေသည့်မှို့ တစ်ခါထဲဖြင့် သဘာဝမီးစွမ်းအားအရင်းမြစ်ထားရှိရာနေရာကို အကြီးကဲများကို အသိပေးရန် တွေးထားခဲ့သည်။ ထိုအပြင် ၎င်းနေရာကို စောင့်ကြပ်ရန် အကြီးကဲတစ်ယောက်ထားရှိရန် တွေးထားခဲ့သည်။

မည်သူကိုယ်ထားရှိရမလည်းတော့ သူမဆုံးဖြတ်ရသေးချေ။

∆∆∆

လုံထန်က သူ၏ ပုလ္လင်ထက်မှ ထိုင်နေရာမှထ လိုက်၏ ။ သူက ဘေးရှိ အောင်းယွီရန်ကို လက်ဆန့်ပေးလိုက်သည်။ အောင်းယွီရန်ကလည်း ပြုံး၍ လုံထန်၏ လက်ကို ဆွဲ၍ ထလိုက်သည်။

သွားကြစို့ ~ လုံထန်နှင့် အောင်းယွီရန်က ရှေ့ဆုံးမှနေ၍ ထွက်ခွာသွားကြသည်။

သူတို့၏ နောက်မှ လိုက်နေသော အကြီးကဲများက လုံထန်မည်ကဲ့သို့မျိုးကျင့်ကြံခြင်းနေရာကို ပြသမှလည်းဆိုတာ သူတို့မသိချေ။ သူတိုကို အောင်းကျန်းဟန်တို့ကို ကြည့်၍ သိလားဟု မေးဟန်ဖြင့်ကြည်လိုက်ကြသည်။

သို့သော်လည်း သူတို့ခန့်မှန်းထားသိအဖြေမရပဲ၊ အောင်းကျန်းဟန်တို့ကလည်း မသိသဖြင့် ခေါင်းသာ ခါရမ်းလိုက်ကြသည်။ သူတို့လည်း လုံထန်မည်သို့သော ကျင့်ကြံခြင်းနေရာကို ပြချင်တာလဲ မသေရှာချေ။

∆∆∆

ရှေဆုံး၌ လုံထန်နှင့် အောင်းယွီရန်က သူတို့၏ နောက်ရှိအကြီးကဲများ ပဟေဠိဖြစ်နေတာကို ဂရုမစိုက်ချေ။

သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦးပျော်ရွှင်စွာဖြင့် စကားပြောဆိုရင်းဖြင့် ကျွန်းပျံမှ အောက်သို့ပျံဆင်းသွားခဲ့သည်။ အောက်သို့ပျံသန်းဆင်းနေရင်းဖြင့် လုံထန်က သူအတွေးရခက်နေသည့်ကို အောင်းယွီရန်ကို မေးလိုက်သည်။

ယွီရန် သဘာဝမီးစွမ်းအားအရင်းမြစ်ထားတဲ့နေရာကို အကြီးကဲတစ်ယောက် စောင့်ရှောက်ဖို့လိုတယ် ။ အဲတာ ဘယ်အကြီးကဲကို အဲဒီနေရာမှ စောင့်ရှောက်ဖို့ခန့်အပ်ရင်ကောင်းမလဲ ။

အောင်းယွီရန်လည်း လုံထန်၏ အမေးကြောင့် အနည်းငယ်အံအားသင့်သွားခဲ့သည်။ ပြီးတဲ့နောက်မှတော့သူမက ခနတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ မီးစွမ်းအားအရင်းမြစ်နေရာမှ စောင့်ရှောက်ဖို့ အတွက်ကတော့ အကြီးကဲ ဟော်ဖုက အသင့်တော်ဆုံးလို့ မိန်းမထင်တယ် ။

သူတို့က မီးစွမ်းရဲ့သဘာဝနဲ့ မွေးဖွားလာတာမှို့ သူတို့က အသင့်တော်ဆုံးပဲ ။ ဤအတွေးကို လုံထန်လည်း တွေးမိသည်။ သူကအဲဒီလို့ အမိန့်ပေးလိုက်ပါက ယခင်ထဲက သူထံ၌ တာဝန်ထမ်းဆောင်နေသော အကြီးကဲ အောင်းကျန်းဟန်တို့အပေါ် အနည်းငယ်မသင့်တော်သလိုဖြစ်မှာဆိုး၍ သူက အောင်းယွီရန်ကို မေးလိုက်ခြင်းပင် ဖြစ်သည်။

အောင်းယွီရန်ကလည်း လုံထန်ကိုကြည့်၍ သူ၏ အတွေးကိုသိသည့်အလား သူမကပြုံးလိုက်သည်။

မိန်းမတို့မျိုးနွယ်စုက မီးစွမ်းအားကိုယ် ပိုင်ဆိုင်ထားပြီးတော့ သူတို့ရဲ့ အစွမ်းကလည်း ၊ မီးနဂါးမျိုးနွယ်စုအောက် မလျော့ပါဘူး ။ ဒါပေမဲ့ ဒြပ်စင်ငါးမျိုးကို ပိုင်ဆိုင်ထားတော့ တစ်မျိုးထဲကို အာရုံစိုက် လေ့လာလို့မရဘူးလေ ။

အဲဒီတော့ မီစွမ်းအားတစ်မျိုးထဲကို အသုံးပြုတဲ့ မိးနဂါးမျိုးနွယ်စုက ဒီနေရာမှာပိုပြီးသင့်ဝောာ်ပါတယ် ။ အဲတာကို အကြီးကဲတွေလည်းနားလည်ပါတယ်။ ယောင်္ကျားစိတ်ပူနေစရာမလို့ပါဘူး ။ အောင်းယွီရန်က ပြုံးကာ ပြောလိုက်သည်။

ကောင်းပါပြီ ~ ဒါဆိုတော့လည်း ~ မိန်းမပြောသလို့ပဲ အကြီးကဲဟော်ဖုကိုပဲ တာဝန်ပေးလိုက်ပါမယ်။ လုံထန်က ရီမောရင်းဖြင့်ပြောလိုက်သည်။

သူတို့နှစ်ဦးကစကားပြောနေရင်းဖြင့် လျှင်မြန်စွာဖြင့် မြေပြင်ထက်သို့ ဆင်းသက်သွားခဲ့သည်။ အကြီးကဲများ အုပ်စုက လည်း သိလိုစွာဖြင့် လုံထန်တို့နောက်မှ လျှင်မြန်စွာဖြင့် လိုက်ပါသွားခဲ့သည်။

All Chapters