သဘာဝမီးစွမ်းအားအရင်းမြစ်၏ စောင့်ကြပ်သူအကြီးကဲ ။
Vol. 13 Ch. 176
--------
နာရီဝတ်အခန့်အကြာ၌ လုံထန်တို့က သဘာဝမီးစွမ်းအားအရင်းမြစ်ရှိရာ တောင်ကြား၏ကောင်း
ကင်ယံသို့ ရောက်လာခဲ့သည်။ သူတို့က မြေပြင်နှင့်မီတာ တစ်ထောင်အကွာ၌ ရပ်တန့်နေခဲ့သည်။
သူတို့နှစ်ဦး၏ နောက်၌ အကြီးကဲများအလည်း ရပ်နေခဲ့သည်။
အကြီးကဲများကြားမှ ဟော်ဖု၊ ဟော်ကူ ၊ ဟော်ပင်း၊ ဟော်ရိ တို့ကတော့ မြေပြင်ထက်သို့ ကြည့်လိုက်ရင်းဖြင့် သူတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှု ကြောင့်တောက်ပလာခဲ့သည်။ ဤစိတ်လှုပ်ရှားမှုက သူတို့၏ သွေးများကိုပင် ဆူပွတ်လာစေခဲ့သည်။ ဤမြေပြင်ထက်တွင်ရှိနေသော အရာက သူတို့အတွက် အလွန်ပင်အရေးပါသော အရာတစ်ခုဖြသ်ကောင်းကို ခံစားမိသည်။
အကြီးကဲများကြား၌ မြေပြင်ထက်သို့ မနှစ်မြို့ဟန်ဖြင့် ကြည့်နေသော သူကတော့ ကျီထန်ပင်းသာဖြစ်သည်။ သူက ရေခဲစွမ်းအားများကို အသုံးပြုသော ရေခဲနဂါးတစ်ကောင်ဖြစ်သည့်အတွက် ပူပြင်းသော ပတ်ဝန်းကျင်များနှင့် မြင့်မားသောအပှုရှိန်များကို သူမကြိုက်ချေ။
မိုးပြာနဂါးမျိုးနွယ်မှ ၊ လုံချီယု၊ လုံကျားချီ တို့ကတော့ သူတို့၏ မျက်နှာအမှုရာကမပြောင်းလဲချေ။ သူတို့က သဘာဝမီးစွမ်းအားအရင်းမြစ်ရှိရာနေရာသို့ငုံကြည့်လိုက်ပြီးနောက် ဤနေရာက တန်ဖိုးကြီးမှန်းကို သူတို့၏ စိတ်ထဲ၌ ခံစားမိသော်လည်း သူတို့နှင့် မကိုက်ညီသည့်အတွက်ကြောင့် လစ်လျုရှုထားလိုက်သည်။
လက်သည်းကိုးခု ရွှေနဂါးမျိုးနွယ်စုမှ အကြီးကဲများဖြစ်သော အောင်းကျန်းဟန် ၊ အောင်းထန်းရန် ၊ အောင်းရွှီရန် ၊ အောင်းလန် ၊ အောင်းမင်တို့ကတော့ မြေပြင်ထက်သို့ သူတို့က ရတနာ နယ်မြေတစ်ခုကဲ့သို့ကြည့်နေခဲ့သည်။
အကြီးကဲများအားလုံးထဲ၌ ပုံစံအမျိုးမျိုး ရှိ နေကြသော်လည်း အားလုံးထဲ၌ စိတ်အလှုပ်ရှားသော သူများမှာတော့ မီးနဂါးမျိုးနွယ်စုမှ အကြီးကဲများဖြစ်သော ဟော်ဖုတို့သာဖြစ်သည်။
∆∆∆
လုံထန်က သူ၏ နောက်မှ ပုံသဏ္ဍန်အမျိုးမျိုးရှိနေသော အကြီးကဲများကို ကြည့်လိုက်ရင်းဖြင့် သူတို့ ပုံများကြောင့် တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။
ဤသည့်က ကောင်းကင်နဲ့မြေပြင်ကြားက ခြားပါးသော သဘာဝရတနာပင် ၊ သူတို့မအံဩမှသာ ထူးဆန်းနေလေ့မည်ဖြစ်သည်။
လုံထန်က သူတို့ကိုယ်ကြည်ကာ ပြုံးရင်းဖြင့် ရှင်းပြလိုက်သည်။ ဒါက သဘာဝမီးစွမ်းအားအရင်းမြစ်လို့ခေါ်တယ် ။ ဒီဧကရာဇ် ကံကောင်းပြီးတော့ရခဲ့တဲ့အရာတစ်ခုပေါ့ ။ ဒါက ကောင်းကင်နဲ့မြေပြင်ကြားက သဘာဝရတနာတွေထဲက တစ်ခုပဲ ။
ဘာ ~ သဘာဝရတနာလား ။ အကြီးကဲများအားလုံးက လုံထန်၏ သဘာဝရတနာဆိုသော စကားကြောင့် လှုပ်လှုပ်ရှားဖြစ်သွားကြသည်။
သူတို့၏ နှတ်ခမ်းများကလည်း ထိတ်လန်မှုဖြင့် တုန်ယင်သွားခဲ့ကာ မယုံကြည်နိုင်သော အာမဍိတ်သံများ ထွက်လာကြသည်။ သူတို့၏ ဘဝသက်တမ်းများမှာအတော်ပင်ရှည်လျားနေပြီဖြစ်သည်။ အကြီးကဲများအားလုံးထဲ၌ သက်တမ်းအကြီးဆုံးဟုဆိုသော အောင်းကျန်းဟန်ပင်လျှင် သဘာဝ ရတနာဆိုသည့်က သူတို့ ရှေးဟောင်းမှတ်တမ်းများ လက်ဆင့်ကမ်းလာသော စကားများထဲ၌သာကြားဖူးသည်။
ဤနေ့၌ သူတို့အရှေ့၌ ကောင်းကင်နှင့်မြေပြင်ကြားက သဘာဝရတနာဆိုတာ ထင်ထင်ရှားရှားကြီး တွေ့မြင်ရလေ့မယ်လို့ မထင်ထားချေ။
ဟုတ်တယ် ~ ဒါက ကောင်းကင်နဲ့မြေပြင်ကြားက ခြားပါးသော သဘာဝရတနာပဲ ၊လုံထန်က သူတို့ကိုပြောလိုက်သည်။ သူတွက်တော့ အကြီးကဲများ ၊ အံအားသင့်ထိတ်လန့်ဟန်ဖြစ်နေသည့်က မထူးဆန်းချေ။ အမှန်မှာတော့ မအံဩမှသာလျှင် ထူးဆန်းနေလေ့မည်ဖြစ်သည်။
သူကကောင်းကင်နဲ့မြေပြင်ကြားက သဘာဝရတနာဆိုပေမဲ့ ၊ အခုမှ ဖွံ့ဖြိုးစဲအရွယ်ပဲရှိသေးတယ် ။အဲတော့ သူက ဆယ်မိုင်ဝန်းကျယ်လောက်ပဲ ကျယ်ဝန်းတယ် ။ ဒါပေမဲ့ သူကိုယ်အထင်မသေးသင့်ဘူး ။
သူရဲ့ပတ်ဝန်းကျင်မှာကျင့်ကြံလိုက်ရင်တော့ ၊ မီးစွမ်းအားကို တိုးတက်စေနိုင်တယ် ။ သူက အခုထက် နည်းနည်းလောက်ပိုပြီး ကြီးထွှားလာရင် မသေမျိုးတွေကိုတောင် စည်းမျဉ်းများ ကိုနားလည်သ ဘောဆင်ခြင်နိုင်အောင် ကူညီနိုင်တယ် ။
လုံထန်၏စကားကို ကြားချိန်၌ အကြီးကဲများမှာ ထိတ်လန့်သွားသော်လည်း ၊ယခင်ကဲ့သို့ အရမ်းတော့မဖြစ်ချေ။ ဒါက ရှားပါသော သဘာဝရတနာဖြစ်သည်။ ဤလုပ်ဆောင်မှုများက တွေးထားနိုင်သော အတောတွင်း၌သာရှိနေသေးသည်။
အခုဒါကအခုချိန်မှာတော့ နတ်ဘုရားသားရဲဘုံနဲ့ သူအောက်တော့ လေ့ကျင့်လိုရတဲ့ ကျင့်ကြံမှုနယ်မြေအဖြစ်အသုံးပြုလို့ရပြီ ။ အဲဒီအတွက်ကြောင့် ဒီနယ်မြေကို စောင့်ကြပ်ဖို့ အကြီးကဲတစ်ယောက် လိုအပ်တယ် ။ အကြီးကဲ ဟော်ဖု ဒီနယ်မြေကို စောင့်ကြပ်တဲ့ သူလုပ်မယ်ဆိုရင်ဘယ်လိုသဘောရလဲ ။လုံထန်က ဟော်ဖုကိုပြုံး၍ ကြည့်ကာမေးလိုက်သည်။
ဒီအကြီးကဲလုပ်လိုပါတယ် ~ ဟော်ဖုက လုံထန် စိတ်ပြောင်းသွားမှာကို ကြောက်ရွံ့သည့်အလား လျှင်မြန်စွာပြောလိုက်သည်။
ဟားဟား ~ ကောင်းပြီ ။ ဒါဆိုရင် ဒီနေရာကို အကြီးကဲစောင့်ရှောက်မှု အောက်မှာထားလိုက်ပြီ ။ နောက်ပိုင်း မျိုးဆက်သစ်လေးတွေဒီမှာ လာပြီးကျင့်ကြံရင် သူတို့ ခံနိုင်ရည်ရှိတဲ့ နေရာထက်ကို မကျော်လွန်စေဖို့သတိပေးဖို့မမေ့ပါနဲ့ ၊ မဟုတ်ရင်သူတို့လှောင်ကျွမ်းသွားရလေ့မယ် ။ လုံထန်က ဟော်ဖုကိုကြည့်ကာ ပြောလိုက်၏ ။
လုံထန်က အင်ပါယာ၏ ကိစ္စတွေပြီးချိန်၌ သူက အင်ပါယာမှရှိသော သားရဲသခင်အဆင့်ကနေစလို့ အဆင့်မြင့်ကျင့်ကြံသူများဖြစ်လာသည့်အထိ လေ့ကျင့်ပေးမည် ၊ ကျောင်းတော်တစ်ခုကို အင်ပါယာ၌ တည်ထောင်ရန် စဉ်းထားခဲ့သည်။ ဤသည့်မှသာလျှင် ပါရမီပါသော မျိုးဆက်သစ်များကို ရွှေးထုတ်နိုင်မည်ဖြစ်သည်။ထိုအတွက်ကြောင့် ဟော်ဖုကို သတိပေးလိုက်ခြင်းပင် ။
ဒီအကြီးကဲက ~ အရှင်မင်းကြီးရဲ့ စကားကို တသွေ့မတိမ်းလိုက်နာပေါ့မယ် ။ ဟော်ဖုက လုံထန်ကို အရိုသေပေးကာ ပြန်ပြောလိုက်သည်။
ဒီနေ့တော့ ~ ဒီလောက်ပါပဲ ၊ အကြီးတို့ လုပ်စရာရှိတာတွေကို သွားပြီးတော့ ဆောင်ရွက်နိုင်ပါပြီ ။ လုံထန်က အကြီးကဲအားလုံးကိုကြည့်ကာ ပြောလိုက်သည်။ ဤနေ့၌ သူဖြစ်ချင်သာအရာများကို အနည်းကျဉ်းတော့ ပြောပြထားပြီဖြစ်သည်။ ကျန်သည့်အရာများကို တော့နောက်မှ ဆက်လက်ဆွေးရမည်ဖြစ်သည်။
အကြီးကဲများအားလုံးက ~ လုံထန်နှင့် အောင်းယွီရန်ကို အရိုသေပေးပြီးနောက် ထွက်ခွာသွားကြတော့သည်။
သူတို့က နောက်ခုနှစ်ရက်တွင် ပြုလုပ်မည်အရေးကြီးအခမ်းနားအတွက်ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ရအုန်းမည်ဖြစ်သည်။
∆∆∆
အကြီးကဲများ ထွက်သွားသည့်နှင့် ကောင်းကင်ယံ၌ အောင်းယွီရန်နှင့် သူ နှစ်ဦးသာကျန်တော့သည်။
ယွီရန် နောက်ခုနှစ်ရက်နေရင် မင်းက ရှေးဦးနဂါးအင်ပါယာကြီးရဲ့ ဧကရီ ( သို့မဟုတ် ) မိဖုရှားကြီး တစ်ဦးဖြစ်လာတော့ မပြင်ဆင်ထားတော့ဘူးလား ။
လုံထန်က အောင်းယွီရန်ကိုကြည့်၍ စနောက်ဟန်ဖြင့် မေးလိုက်သည်။
အောင်းယွီရန်က လုံထန်၏ စကားကြောင့်သူမက ပြုံးလိုက်ကာ ၊ လုံထန်ကို မျက်စောင်းလေးထိုးကာ ကြည့်လိုက်သည်။
ဟားဟား ~ သွားကြစို့ ~ ယွီရန် မင်းလည်း အဆင့်တက်သွားပြီဆို့တော့ တိုက်ခိုက်ရေးမျော်စင်မှာသွားပြီးတော့ စမ်းသပ်ကြည့်သင့်တယ် ။ လုံထန်က အောင်းယွီရန်၏ အကြည့်ကြောင့် ရီမောက စကားလမ်းကြောင်းပြောင်းလဲ၍ ပြောလိုက်သည်။
သွားကြရအောင် ~ တိုးလာတဲ့ ခွန့်အားများကို သူမလည်း စမ်းသပ်ကြည့်ချင်သူမှို့ လုံထန်၏ အကြံပေးစကားကို လက်ခံလိုက်သည်။
သူတို့နှစ်ဦးက ထိုနေရာမှနေ၍ တိုက်ခိုက်ရေးမျော်စင်ရှိရာ ကျွန်းပျံသို့ ချက်ချင်းပင် ပျံသန်းထွက်ခွာသွားတော့သည်။