နောက်ကွယ်မှာ လျို့ဝှက်ချက်များရှိနေမလား ။
Vol. 13 Ch. 177
--------
လုံထန်နှင့် အောင်းယွီရန်က ကျင့်ကြံမှုများပြုလုပ်နိုင်သော ကျွန်းပျံသို့ရောက်ချိန်၌ သူတို့က တိုက်ခိုက်ရေး မျော်စင်ရှိရာသို့ တိုက်ရိုက်ပင်သွားလိုက်သည်။
သူတို့နှစ်ဦးက တိုက်ခိုက်ရေးမျော်စင်ရှိရာသို့ ရောက်ချိန်၌ လုံထန်က မျော်စင်ကြီးကိုယ်မျော်ကြည့်ရင်းဖြင့် ပြောလိုက်သည်။
ယွီရန် ~ ကိုယ်တော့လိုက်မဝင်တော့ဘူး ။ သူက ဤရက်များအတွင်း၌ နည်းစနစ်များသာ လေ့ကျင့်ခဲ့ပြီး ၊ ကျင့်ကြံမှုပြုလုပ်ချိန်က နည်းပါး၏ ။ ထိုအပြင် ကျင့်ကြံမှုပြုလုပ်ချိန်က အဆင့်ငယ်တစ်ခုသာ တိုးတက်ခဲ့သည်။
ဤအတွက်ကြောင့် သူတွင်စမ်းသက်စရာများများစားစားမရှိသေးသဖြင့် တိုက်ခိုက်ရေးမျော်စင်ကို တိုက်ခိုက်ရန် စိတ်မရှိသေးချေ။ သားရဲဧကရာဇ်ဘုံသို့ရောက်ချိန်မှသာ နောက်တစ်ကြိမ် စိန်ခေါ်ရန် စဉ်းစားထားခဲ့သည်။
ဒါဆိုလည်း ~ မိန်းမသွားလိုက်အုန်းမယ့်။ အောင်းယွီရန်က လုံထန်ကိုပြောပြီးသည့်နှင့် တိုက်ခိုက်ရေးမျော်စင်ထဲသို့ဝင်ရောက်သွားတော့သည်။
အောင်းယွီရန် တိုက်ခိုက်ရေးမျော်စင်၏ အတွင်းထဲသို့ဝင်ရောက်ချိန်၌ မျော်စင်၏ ပထမဆုံးအထပ်မှ အလင်းရောင်လေးတစ်ခု လင်းလတ်လာခဲ့သည်။ ဤအလင်းလေးက အောင်းယွီရန်ကို ကိုယ်စားပြုမှန်းလုံထန်သိ၏ ။
လုံထန်လည်း ၎င်းအလင်းရောင်လေးကို အာရုံစိုက်နေ၏ ။ အောင်းယွီရန် မည်သည့်အဆင့်သို့ရောက်နိုင်မလည်းကို သူလည်း သိချင်နေခဲ့သည်။
သူဝင်ရောက်ချိန်တုန်းက မျော်စင်၏ ပထမအထပ်၌ ကြုံခဲ့ရသည့်က သူနှင့်အဆင့်တူပင်ဖြစ်သည်။
အောင်းယွီရန်လည်း သူအတိုင်းသာကြုံတွေ့ရပါက သူမလည်း နတ်ဘုရားသားရဲဘုံ ပထမအဆင့်ရှိသော သူနှင့် တွေကြုံရမှာဖြစ်သည်။ ဤသို့ဆိုရင်သူမ၏ တိုက်ခိုက်မှုက ပို၍ပင် ခက်ခဲမည်ဟန်ရှိသည်။
လုံထန်စဉ်းစားနေစဉ်၌ပင် အလင်းလေးက လှုပ်ရှားသွားကာ ဒုတိယအထပ်သို့ရောက်သွားခဲ့သည်။
ဟမ့် ~ မြန်လိုက်တာ။ လုံထန်က အလင်းတန်းလေးကို ကြည့်ရင်းဖြင့် ရေရွတ်လိုက်သည်။ အမှန်ပင် သူတွေးနေသောကြောင့်သာ ကြာသည့်ဟုထင်ရသော်လည်း ၊ တကယ်တမ်းမှာတော့ တစ်မိနှစ်လောက်သာ ကြာ၏ ။
သိပ်မကြာခင်မှပင် အလင်းရောင်လေးက တတိယအထပ်ရောက်သွားပြန်သည်။ တတိယထပ်သို့ရောက်ချိန်၌ မိနှစ်နှစ်ဆယ်နည်းပါးအထိကြာမြင်ပြီးမှသာ စတုတ္ထအထပ်သို့ရောက်သွား၏ ။ စတုတ္ထမထပ်သို့ရောက်ချိန်၌ အောင်းယွီရန်တစ်ယောက် မိနှစ်လေးဆယ်နီးပါးလောက်ကြာမြင့်ချိန်မှ ပဉ္စမထပ်သို့ရောက်သွားခဲ့သည်။
သို့သော်လည်း ပဉ္စမအထပ်သို့ အလင်းရောင်လေးရောက်လာချိန်၌ ခနတာလေးသာကြာပြီးနောက် အောင်းယွီရန်တစ်ယောက် ပဉ္စမအထပ်မှနေ၍ ပြန်၍ ထွက်လာခဲ့သည်။
သူမ၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ခါနေကာ ၊ မျက်နှာလေးကလည်း စွမ်းအင်ကုန်ဆုံးမှုကြောင့် ဖြူလျော့နေခဲ့သည်။ လုံထန်က အောင်းယွီရန်ဆီသို့လျှောက်သွားလိုက်ပြီးနောက် ချီပြန်လည်ဖြည့်တင်းခြင်းဆေးတစ်လုံး ထုတ်ပေးလိုက်သည်။
သူမက လုံထန်ပေးသော ချီပြန်လည်ဖြည့်တင်းခြင်းဆေးကို သောက်လိုက်ပြီးတော့ ချက်ချင်းပင် သူမ၏ ကုန်ဆုံးသွားသော စွမ်းအင်များကို ဖြည့်တင်းနေလိုက်သည်။
လုံထန်လည်း အောင်းယွီရန်စွမ်းအင်များပြန်လည့်၍ ဖြည်တင်းနေစဉ်၌ ဘေးတွင်နေရပ်နေရင်းဖြင့် တိုက်ခိုက်ရေးမျော်စင်ကိုကြည့်လိုက်သည်။
ယခင်ကံကြမ္မာဧကရာဇ်က အထပ်တစ်ရာမြှောက်၌ သူ၏ ရတနာတစ်ခု ချန်ထားခဲ့၏ ။ သို့သော်လည်း ယခုပုံစံအတိုင်းဆိုရင် ၉၉ ထပ်သို့ ရောက်ရှိရန်က မည်သို့မှမဖြစ်နိုင်ချေ။
တိုက်ခိုက်ရေးမျော််စင်တွင် အဆင့်မြင့်ကျင့်ကြံသူများအတွက်ပင် ပို၍ ဆိုးဝါးလေပင်ဖြစ်သည်။
အဆင့်နိမ့်ကျင့်ကြံသူများအတွက်တော့ အနည်းငယ်တော်ကာကြသည်။ ဉပမာ ~ မြေကမ္ဘာသားရဲအဆင့်ဆိုရင် သူတို့နှင့် မြေကမ္ဘာသားရဲအဆင့်တူများသာ တိုက်ခိုက်နိုင်၏ ။ ဤအတွက်ကြောင့် အထပ်မြင့်များစီသို့ရောက်နိုင်ချေများသည်။
တစ်ဖက်၌ မြင့်များသော ကျင့်ကြံသူများက သန်မာသောလည်း အတော်လေးသန်မာသောသူများသာလျှင်အဆင့် တစ်ဆင့်ကျော်၍ တိုက်ခိုက်နိုင်သည်။ အောင်းယွီရန်ကဲ့သို့ လက်သည်းကိုးခုရွှေနဂါးမျိုးနွယ်စု၏ သန်မာမှုနဲ့ပင် ၊သူမက အဆင့်သုံးဆင့်ကျော်၍ တိုက်ခိုက်နိုင်သည်။ ဒါပေမဲ့လည်း ရွှေနဂါးတိုင်းတော့သူမလို့ သန်မာမည်တော့မဟုတ်ချေ။ဤသို့သန်မာရခြင်းကလည်း သူမက ထူးခြားမှုများနှင့်ပိုမှို့သန်စင်သော သွေးမျိုးဆက်ကြောင့်ပင်ဖြစ်သည်။
ထိုကဲ့သို့သန်မာသူများပင် ထိပ်ဆုံးသို့ရောက်ရန်မလွယ်ပေ ။ သူကဲ့သို့ ကိုးရောင်ခြယ်ဒြပ်စင်နဂါး၏ သွေးမျိုးဆက်ပိုင်ဆိုင်သောသူပင်လျှင် အဆင့်လေးဆင့် ၊ငါးဆင့်လောက်ကိုကျော်တိုက်ခိုက်နိုင်၏။ ဤကဲ့သို့ သူ၏ သန့်စင်သော သွေးမျိုးဆက် ၊ သန်မာသော ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော သူပင်လျှင် တိုက်ခိုက်ရေးမျော်စင်၏ စစ်ဆေးမှုများက သူကိုအနည်းငယ် မျော်လင့်ချက်မဲ့မှုကို ခံစားမိသည်။
ဤတိုက်ခိုက်ရေးမျော်၏ ပထမဆုံးပထမအထပ်က ကိုယ်ရဲ့ကျင့်ကြံမှုဘုံအဆင့်၏ ပထမအဆင့်ဖြင့်စတင်၏ ။ အထပ်တစ်ထပ်မြင့်မားလာတိုင်းပို၍ ကျင့်မှုကလည်း မြင့်မားလာမည်ဖြစ်သည်။ဤသို့ဖြစ်သောကြောင့် သန်မာလေ ထိပ်ဆုံးရောက်ရန် ခက်ခဲလေပင် ။
လုံထန်က မျော်စင်ကို သေချာကြည့်ရင်းဖြင့် ၎င်းတွင် မသိနိုင်သော ၊ ဖုံးကွယ်ထားသော လျို့ဝှက်ချက်များရှိနေမလားဟု တွေးမိလာခဲ့သည်။
သို့မဟုတ်နေပါက ~ ဤမျော်စင်ကို ထိပ်ဆုံးထိရောက်ရန်က မဖြစ်နိုင်သလောက်ပင် ။ သို့သော်လည်း တစ်ဖက်မှ တွေးကြည့်ရင် သူက ပို၍ သန်မာအောင်လုပ်ကာ ထိပ်ဆုံးသို့တက်ပြီးတော့ ကံကြမ္မာဧကရာဇ်၏ ထားရှိခဲ့သော အရာကို စူးစမ်းကြည့်ချင်လိုစိတ်ကြောင့် ၊ ထိုအရာများက သူကိုယ်ပို၍ စိတ်လှုပ်ရှားလာမိစေသည်။
ဘာတွေ တွေးပြီးတော့ ~ ပြုံးနေတာလည်း အောင်းယွီရန်က သူမ၏ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြည်လည့်ကာ ဖြည့်တင်းပြီးသော ကြောင့် ထရပ်လိုက်ရင်းဖြင့် မျော်စင်သို့ကြည့်၍ ပြုံးနေသော လုံထန်ကိုယ် ကြည့်၍ မေးလိုက်သည်။
ဒီမျော်စင်ရဲ့ ထိပ်ဆုံးကိုယ်တက်ဖို့ပါ ။ လုံထန်က အောင်းယွီရန်ကို သူ၏ အတွေးကို ပြောလိုက်သည်။
ဘယ်လို့လည်း ~ တိုက်ခိုက်ရေးမျော်စင်မှာ တိုက်ခိုက်ရတဲ့ ခံစားချက်က ။ လုံထန်က အောင်းယွီရန်ကို ကြည့်၍ မေးလိုက်သည်။
ဒီတိုက်ခိုက်ရေးမျော်စင်က တစ်ကယ်ကိုယ် ကျင့်ကြံခြင်းအတွက် ကောင်းမွန်တဲ့အရာတစ်ခုပဲ ။ လိုအပ်နေတဲ့ တိုက်ခိုက်ရေးအတွေ့ကြံကိုလည်း ရစေတယ် ။ ကိုယ်ရဲ့ အားနည်းချက်တွေကိုယ်လည်း နားလည်ဆင်ခြင်နိုင်တယ် ။ အောင်းယွီရန်က လုံထန်၏ အမေးကိုပြန်ဖြေလိုက်သည်။
တိုက်ခိုက်ရေးမျော်စင်၏ အတွင်းထဲ၌ သူမအစွမ်းကုန်တိုက်ခိုက်ခဲ့ကာ သူမ၏ နည်းစနစ်များကို စမ်းသပ်ခဲ့၏ ။ သူမ နတ်ဘုရားသားရဲဘုံသို့ ရောက်ချိန်က စလို့ သေချာမတိုက်ခိုက်ရသေးချေ။ ယခုမှ တိုက်ခိုက်ချိန်၌ သူမ၏ အားနည်းချက်များ ကို တွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။ တစ်ချိန်ထဲမှာပဲ သူမ၏ အားနည်းချက်များကိုလည်း ရှာတွေ့ခဲ့သည်။ ဤအတွက်ကြောင့် သူမက သူမ၏ အားနည်းချက်များကိုယ်ပြင်ဆင်ကာ ပို၍ သန်မာလာအောင်ပြုလုပ်နိုင်၏ ။ ဤအတွက်ကြောင့် တိုက်ခိုက်ရေးမျော်စင်က အဖိုးတန်ရတနာတစ်ခုလိုပင် ဟုသူမခံစားမိသည်။
လုံထန်လည်း အောင်းယွီရန်၏ အပြောကို ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ တိုက်ခိုက်ရေးမျော်စင်က ထိုကဲ့သို့ အရာမျိုးကို ပေးစွမ်းနိုင်မှန်းသူလည်းသိ၏ ။ ဤအတွက်ကြောင့်ပင် အောင်းယွီရန်ကို ဒီကိုယ်ခေါ်လာခြင်းပင်ဖြစ်သည်။
ဒါပေမဲ့ ထိပ်ဆုံးကိုရောက်အောင် တက်ချင်ရင်တော့ ယောင်္ကျားပိုကြိုးစားမှရလေ့မယ် ။ လုံထန်က စောစော က လုံထန်ပြောလိုက်သော အကြောင်းရာကို ပြန်၍ ပြောလိုက်သည်။ ပထမအဆင့်၌ ပင် ဤမျှခက်ခဲပါက ထိပ်ဆုံးက မည်မျှခက်ခဲမည်နည်း ။ ပြောရန်ပင် လိုမည်မဟုတ်ချေ။
ဒါပေါ့ ~ ကိုယ်ပိုပြီးတော့ကြိုးစားမှာပါ ။ လုံထန်က အောင်းယွီရန်ကို ကြည့်ကာ ကတိပေးလိုက်သည်။
မိန်းမ ~ ယောင်္ကျားကိုယ်ယုံတယ် ။ ယောင်္ကျား တစ်နေ့မှာတော့ လုပ်နိုင်မယ်ဆိုတာကို ပေါ့ ။ အောင်းယွီရန်က ပြုံးကာပြောလိုက်သည်။ သူမ၏ အပြုံးက လုံထန်ကိုပင် သူမ၏ အပြုံး၌ နှစ်မျောသွားစေခဲ့သည်။