← Chapters

ရှေးဦးနဂါးအင်ပါယာ (၁)

Vol. 13 Ch. 179

ရှေးဦးနဂါးအင်ပါယာ (၁)

Vol. 13 Ch. 179

--------

လုံထန်နှင့်အောင်းယွီရန်တို့က အချိန်အချို့ကြာပြီးတော့ မြို့တော်၏ အတွင်းသို့ရောက်ရှိသွားကြသည်။

သူတို့ပထမဆုံးရောက်ရှိလာသော ပိုင်နက်က ရေခဲနဂါးများ၏ ပိုင်နက်ဖြစ်၏ ။ ဤအတွက်ကြောင့် ၎င်း၏ ပိုက်နက်ဝန်းကျင်တစ်ခုလုံးက အေးစက်သော နှင်းပွင့်လေးများက အမြဲတန်းကျဆင်းနေပြီးတော့ မြေပြင်များကလည်း ရေခဲလွှာများဖြင့် ဖုံးအုပ်ထားကာ အေးစက်သောလေထုက ကောင်းကင်ယံတစ်ခွင်၌ ရစ်သိုင်းလျက်ရှိနေ၏ ။

သို့သော်လည်း ၎င်းတို့၏ အတွင်း၌ ပျော်ရွှင်စွာဖြင့် သွားလာနေသော သားရဲများ အများပြားလည်းရှိသည်။ သူတို့က အသွင်ပြင်ပုံသဏ္ဍန်များ အမျိုးမျိုးပင် ၊ အချို့က ၊ ငှက်များပုံစံ ၊ အချို့ကဝံပုလွေ ၊ အချို့မှာမြွေ ၊ အစုံလင်ပင် ။ အချို့ကတော့ လူသားများအသွင်ယူထားကာ ၊ အချို့ကတော့ လူသားတစ်ပိုင်းသားရဲတစ်ပိုင်းအသွင်ပြင်ယူထားကာ သွားလာနေကြသည်။ ဤအတွက်ကြောင့် ရေခဲနဂါးများ၏ ပိုက်နက်က ပို၍ စီကားနေ၏ ။

၎င်းတို့က ရှေးဦးမြို့တော်နှင့် အနီးမှ ရှိသော မနက်ဖြန်အတွက် ရောက်ရှိလာသော မျိုးနွယ်စုအမျိုးမျိုးမှ သားရဲများဖြစ်ကြသည်။ ၎င်းတို့က ရေခဲစွမ်းအားအသုံးပြုသော သားရဲများဖြစ်သည့်အဖို့ကြောင့်သူတို့က ရေခဲနဂါများပိုင်နက်သို့ ရောက်ရှိလာခြင်းပင် ။

လုံထန်နှင့်အောင်းယွီရန်က လမ်းတစ်လျောက်၌ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားသည့်မှို့ သူတို့ကိုယ်မည်သူမှ မှတ်မိရှင်းမရှိချေ။

သူတို့ ရေခဲနဂါးပိုင်နက်၏ အလယ်မှ မီတာတစ်ရာနီးပါးကျယ်သော လမ်းမကြီးအတိုင်း လျှောက်လာချိန်၌ လမ်းမ၏ဘေး၌ ရောင်းဝယ်လုပ်နေသော ရေခဲစွမ်းအင်ပါသော ဆေးပင်များနှင့် အခြားသော အသုံးဝင်သော ပစ္စည်းများရောင်းချနေသော ဆိုင်များလည်းရှိကြသည်။

၎င်းတို့၏ လည့်ပတ်လှုပ်ရှားနေမှုပုံက လူသားများ၏ မြို့တော်များ အတိုင်းပင် ။

လုံထန်က ၏မြင်ကွင်းကြောင့် အလွန်ပင်ပျော်ရွှင်နေ၏ ။ ဤသည့်က အစပိုင်းသာရှိသေးသည့်၏ နောက်ဆိုရင် ပို၍ ပို၍ တိုးတက်လာပေအုန်းမယ် ဖြစ်သည်။

∆∆∆

ယွီရန် နောက်နေရာတွေကိုကော ဘယ်လို့ရှိလည်းသွားကြည့်ရအောင် ။ လုံထန်က သူ၏ ဘေးမှ သူအတိုင်းပင် မြို့တော်လမ်းမများတလျောက်ကြည့်၍ အံဩနေသော အောင်းယွီရန်ကိုပြောလိုက်သည်။

လုံထန်၏ စကားကြောင့် အောင်းယွီရန်မှ ကမှန်းကတန်းဖြင့် ခေါင်းညိတ်လိုက်သည်။ ယခုအချိန်၌ သူမဖြစ်နေသော အတွေးမှ မယုံကြည့်နိုင်ဖွယ်ဖြစ်နေခြင်းပင် ။

သမိုင်းမှာတစ်ခါမှ မဖြစ်ပေါ်ဖူးသော် အင်ပါယာကြီးကို သူတို့၏ လက်များ၊ ခြေများဖြင့် တည်ထောင်နေခြင်းပင် ၊ဤသည့်က သူမ၏ အရှေ့မှ မြင်ကွင်းမှ သက်သေပင် ။ သူမဘဝ၌ ဤသို့ကြုံတွေကမည်ဟု တစ်ကြိမ်တစ်ခါပင် တွေးဖူးခြင်းမရှိချေ။

သို့သော်လည်း ဤအရာက သူမ၏ အရှေ့၌ ဖြစ်ပျက်လာခဲ့သည်။ သို့သော်လည်း ဤအရာများအားလုံး၏ အစက သူမ၏ ဘေးမှ အမျိုးသားပင်ဖြစ်သည်။ ဤအတွေးများနှင့်အတူတူ သူမ၏ ဘေးရှိလုံထန်က သူမက လေးစားမှု ၊ ယုံကြည်မှု ၊ ထိုအပြင် ချစ်ရည်ချွှမ်းလဲ့နေသော မျက်လုံးလေးများဖြင့် ကြည့်လိုက်မိသည်။ ဤသည်က သူမ၏ ယောင်္ကျားပင်သာဖြစ်တော့သည်။

∆∆∆

အရှေ့မှ ဦးဆောင်သွားနေသော လုံထန်ရ သူ၏ ဘေးမှ သူ၏ မိန်းမဖြစ်သော၏ အတွေးကိုသိလျှင် ရီမောနေမိဖြစ်သည်။

∆∆∆

လုံထန်က အောင်းယွီရန်ကို ခေါ်ဆောင်၍ ရေခဲနဂါးများပိုင်နက်မှနေ မိုးပြာနဂါး ပိုင်နက်သို့ရောက်ရှိသွားခဲ့သည်။

သို့သော်လည်း သူတို့တွေမြင်နေရသော အရာမှ ရေခဲနဂါးပိုင်နက်တွင် တွေ့ကြုံရသောအရာတိုင်းပင်ဖြစ်သည်။

မိုးပြာနဂါးမျိုးနွယ်စုပိုင်နက်၏ လမ်းမကြီးထက်၌ မိုးကြိုးစွမ်းအင်အသုံးပြုသော သားရဲများမှ အသွင်ပုံသဏ္ဍန်အမျိုးမျိုးဖြင့် သားရဲများ အပြည့်သွားလာနေခဲ့သည်။

သူက လမ်းဘေးရှိဆိုင်များ၏ သူတို့၏ ပါလာသောဆေးပင်များနှင့်ကျင့်ကြံရာ၌ အသုံးဝင်မည်ပစ္စည်းများကို ရောင်းချည်း၊ ဝယ်ချည်း ၊ ပြုလုပ်နေကြသည်။

လုံထန်နှင့် အောင်းယွီရန်တို့က မိုးပြာနဂါးပိုင်နက်၌ အချိန်အချို့နေပြီးနောက် ၊ လက်သည်းကိုးခု ရွှေနဂါးမျိုးနွယ်စု၏ ပိုင်နက်သို့သွားလိုက်ကြသည်။

လက်သည်းကိုးခု ရွှေနဂါးများ၏ ပိုင်နက်ဖြစ်သော ၊ ဤနေရာမှက အခြားနှစ်ခုထက်စာရင်တော့

သားရဲများက သွားလာမှုအနည်းငယ် နည်းပါးသည်။ သို့သော်လည်း လမ်းထက်၌ သွားလာနေသော သားရဲများကတော့ များပြားနေစဲ့ပင် ။

လုံထန်နှင့် အောင်းယွီရန်က လက်သည်းကိုးခုရွှေနဂါးမျိုးနွယ်စု၏ ပိုင်နက်မှထွက်၍ မီးနဂါးများပိုင်နက်စီသို့ ဆက်၍ သွားခဲ့သည်။

(မှတ်ချက် ~ ပိုင်နက်ဆိုတာ စာဖတ်ရလွယ်အောင်ပြောတာပါ။ အခုမြို့တ်ောများအတိုင်းဆိုရင်တော့ မြို့တော်တစ်ခုအတွင်းမှ တည်ရှိနေတာဆိုတော့ ရပ်ကွက်ပါ ။ )

သူတို့နှစ်ဦးက မီးနဂါးများ၏ ပိုင်နက်သို့ရောက်ချိန်၌ လည်း ယခင်နေရာများအတိုင်းပင် ကြုံတွေရပြန်သည်။

မီးနဂါးမျိုးနွယ်စု၏ ပိုင်နက်အတွင်းလမ်းမကြီးထက်၌ မီးစွမ်းအားသုံးသော သားရဲအများပြားရှိနေကြသည်။

သူတို့က အခြားသောနေရာများကဲ့သို့ပင် ၊ သူတို့ထံမှ မလိုအပ်သော ဆေးပင်များမှ ၊ ကျင့်ကြံရာ၌ အထောက်ကူပြုပစ္စည်းများကို ရောင်းချကာ သူတို့နှင့် ကိုက်ညီ၍ ၊ လိုအပ်သော ပစ္စည်းများကိုယ် ပြန်လည်၍ ဝယ်ယူနေကြသည်။

မြို့တော်ကတော့ သူရဲ့ ပုံသေလမ်းကြောင်းပေါ်ရောက်နေပြီပဲ ၊ ဒီအခြေနေကို ဆက်ထိန်းထားပြီး တိုးတက်အောင် လုပ်ဆောင်ဖို့ပဲလိုတော့တယ် ။ လုံထန်က ပျော်ရွှင်စွာဖြင့် သူ၏ ဘေးရှိအောင်းယွီရန်ကိုပြောလိုက်သည်။

ဟုတ်တယ် ~ အခုအခြေနေက အရင်တုန်းကနဲ့စာရင် မဖြစ်စဖူး ၊ မကြုံစဖူးအခြေနေပဲ ။ ယောင်္ကျားရဲ့ စီမံမှုတွေက တကယ်ကို ထိရောက်တယ် ။

အောင်းယွီရန်က လုံထန်ကိုကြည့်၍ ချီုးကျူးပြောဆိုလိုက်သည်။

ဟားဟား ~ ဒါတွေအားလုံးက အားလုံးရဲ့ ကျေးဇူးကြောင့်ပါပဲ ၊ ကိုယ်တစ်ယောက်ထဲနဲ့ဆို ဘယ်လိုမှမဖြစ်နိုင်ပါဘူး ။ လုံထန်က ရီမောရင်းဖြင့် ပြန်ပြောလိုက်သည်။

အားလုံးရဲ့ လုပ်အားပါဝင်ပေမဲ့ ၊ ယောင်္ကျားရဲ့ အစီစဉ်တွေကြောင့်ပါ ။မဟုတ်ရင် ဒီလိုအတွေးမျိုး ဘယ်သူမှ တွေးမိမှာမဟုတ်ဘူး။ ပြီးတော့ ဒီလိုအတွေးမျိုးရှိရင်တောင်မှ တစ်ဦးနဲ့တစ်ဉီး သင့်မြတ်အောင် ဘယ်သူမှ မလုပ်နိုင်ဘူး ။ အောင်းယွီရန်က လုံထန်ကို ထပ်မံ၍ ပြောလိုက်သည်။

သူမ၏ အတွေး၌တော့ ယခင်က ရန်သူများဖြစ်နေသော သူများပင်လျှင် တစ်ဦးနှင့်တစ်ဦး လုံထန်၏ လက်အောက် ရောက်ချိန်၌ ပြန်လည့်၍ သင်မြတ်သွားကြသည်။ ဤသည့်က အခြားသူများ လုပ်နိုင်သော အရာမဟုတ်ချေ။ လုံထန်တစ်ယောက်သာ လုပ်နိုင်သော အရာဖြစ်သည်။

ဟားဟား ~ မင်းရဲ့ ယောင်္ကျားက တော့ ဒီစကားတွေ့နဲ့ အခုလိုသာဆက်ပြီးပြောနေရင် မြှောက်နေတော့မှာပဲ ။ လုံထန်က ကျယ်လှောင်စွာရီမော၍ ပြောလိုက်သည်။

ဟီဟီ ~ အောင်းယွီရန်လည်း လုံထန်၏ စကားကြောင့် သူမလည်း ရီမောလိုက်သည်။

သွားကြမယ် ~ ဒီနေ့တော့ပြန်ကြတာပေါ့။ လုံထန်က ရီမောနေရင်းဖြင့် ပြောလိုက်သည်။

အွန်း ~ သွားကြတာပေါ့ ။

သူတို့နှစ်ဦးက မီးနဂါးမျိုးနွယ်စု၏လမ်းမများထက်မှ မည်သူမှမသိပဲ ၊ မိုးထိတောင်၏ ထိပ်သို့ ပျံသန်းသွားတော့သည်။

All Chapters