ရှေးဦးနဂါးအင်ပါယာ (၂)
Vol. 13 Ch. 180
-----------
လုံထန်နှင့်အောင်းယွီရန်တို့ နှစ်ဦးလုံးက ရှေးဦးမြို့တော်မှ လျောက်၍ ပတ်ကာကြည့်ရှုပြီးနောက် မိုးထိတောင်သို့ ပြန်သွားကြသည်။
သူတို့နှစ်ဦးက မိုးထိတောင်သို့ရောက်ချိန်၌ ကမ္ဘာငယ်၏ အတွင်းသို့ပြန်မဝင်တော့ပဲ ၊ မိုးထိတောင်၏ ထိပ်၌ရှိသော နန်းတော်ကြီး၌သာ နေ၍ တစ်ညတာကို ကုန်ဆုံးစေလိုက်တော့သည်။
ညက အေးချမ်းစွာဖြင့် ကုန်ဆုံးသွားခဲ့သည်။
∆∆∆
နောက်တစ်နေ့မနက်ခင်း၌ ။
နန်းတော်၏ အခန်းအတွင်း၌ ဧကရာဇ်ကို အလုပ်ကျွေးပြုရန် မျိုးနွယ်စုလေးခုမှ ရွှေးချယ်ထားသော အစေခံမိန်းမလှလေးများ ဆယ်ယောက်ကျော်ရှိနေခဲ့သည်။ ထိုမိန်းမလှလေးများအားလုံးက မျိုးနွယ်စု လေးခု၏ အချောအလှပေးများပင်ဖြစ်သည်။ ထိုမိန်းမလှလေးများက ရုပ်ရည်က အပြစ်ပြောစရာမရှိအောင် ချောမောရုံသာမက ၊သူမတို့၏ ကျင့်ကြံမှုများကလည်း နိမ့်ကျခြင်းမရှိချေ။ သူမတို့အားလုံးက ကောင်းကင်သားရဲဘုံအဆင့်၌ ပင်ရှိကြသည်။
လုံထန်က ရွှေးချယ်ထားသော မိန်းမလှလေးများက ထောင်ချီသော်လည်း ယခုအချိန်၌ သူကိုယ် ကူညီရန် ဆယ်ယောက်ခန့်ကိုသာ ခေါ်ထားခဲ့သည်။
အစေခံမလေးများပြင်ဆင်ထားပေးသော ရွှေနီ ရောင်ဝတ်စုံကို " မထိုးဖောက်နိုင်သော အကာကွယ် ဝတ်ရုံကို " ၏အပေါ်မှ ဝတ်ဆင်လိုက်သည်။ ရွှေနီရောင်ဝတ်စုံ၏ အပေါ်၌ ရုပ်လုံးကြွနေသော ကိုးရောင်ခြယ်ဒြပ်စင်နဂါး၏ ပုံတစ်ခုရှိနေခဲ့သည်။ဤရွှေနီရောင် ဝတ်ရုံကို အရင်ထဲက သူစိတ်ကြိုက်ပြင်ဆင်ခိုင်းထားခြင်းပင်ဖြစ်သည်။
ဝတ်ရုံကို ဝတ်ဆင်ပြီးချိန်၌ လုံထန်က သူ၏ ဦးခေါင်းထက်တွင်လည်း " နဂါးကိုးကောင် သရဖူ " ကိုဆောင်းလိုက်၏ ။ ဤအချိန်၌ လုံထန်၏ ခန္ဓာကိုယ်မှ မြင့်မြတ်သော ဧကရာဇ်၏ တစ်ပါး၏ ၊ ကြီးကျယ်ခမ်းနားမှု အော်ရာက ဖြာထွက်လာခဲ့တော့သည်။
လုံထန်၏ ဘေး၌ ကူညီနေသော အစေခံလေးများပင် သူတို့၏ အရှေ့မှ ဧကရာဇ်၏ မြင့်မြတ်သော အော်ရာကြောင့် ငေးမောကြည့်နေမိကြသည်။
လုံထန်က သူကိုယ်ငေးမောနေသော အစေခံမိန်းမလှလေးများကိုကြည့်ကာပြုံးလိုက်မိသည်။ လုံထန်၏ အပြုံးကြောင့် အစေခံမလေးများလည်း ရှက်သွေးဖြာသွားခဲ့သည်။
ယွီရန်ပြီးပြီးလားဆိုတာ ~ တစ်ချက်သွားကြည့်ပေးပါ ။ လုံထန်က အစေခံမလေးများကိုကြည့်၍ ပြောလိုက်သည်။
ဟုတ်ကဲ့ ~ အရှင်မင်းကြီး ။ အစေခံမလေးတစ်ယောက်က လုံထန်ကို ဦးညွတ်လိုက်ပြီးနောက် အောင်းယွီရန် ပြင်ဆင်နေသော အခန်းသို့ လျှင်မြန်စွာထွက်ခွာသွားတော့သည် ။
∆∆∆
လုံထန်က သူ၏ အခန်းအတွင်း၌ပင် ထွက်ခွာသွားသော အစေခံလေး၏ အပြန်စကားကို စောင့်မျော်နေရင်းဖြင့် ထိုင်၍ စောင့်နေခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ~ ထွက်ခွာသွားသော အစေခံမလေးပြန်၍ ရောက်လာခဲ့သည်။
အရှင်မင်းကြီး ~ ဧကရီက ပြင်ဆင်ပြီးပါပြီ။ အရှင် ~ သွားချင်ရင် အခုသွားလို့ရပြီလို့ပြောလိုက်ပါတယ် ။ အစေခံမလေးကို လုံထန်၏ အရှေ့၌ ဦးညွတ်၍ ရိုသေစွာဖြင့် ပြန်ပြောလိုက်သည် ။
အင်း ~ ဒါဆိုလည်း သွားကြတာပေါ့ ။ လုံထန်က သူထိုင်ရာမှ ထ၍ ရပ်လိုက်ရင်းဖြင့် ပြောလိုက်သည်။
သူက သူ၏ အခန်းအတွင်းမှ ထွက်၍ အောင်းယွီရန်ရှိရာအခန်းသို့ သွားလိုက်တော့သည်။ လမ်းအကွေ့ပေါင်းလေးခုကျော်ကို ဖြတ်ကျော်ပြီးနောက်တွင်တော့ လုံထန်က အောင်းယွီရန် ရှိနေသော အခန်းသို့ရောက်သွားခဲ့သည်။
အခန်းရှေ့သို့ရောက်ချိန်၌ လုံထန်က တံခါးကို ဆွဲ၍ဖွင့်ကာ အထဲသို့ကြည့်လိုက်သည်။ အခန်း၏ အတွင်း၌ ဆွဲမက်ဖွယ်ရာ ပုံရိပ်လေးတစ်ခုကလည်းသူကိုယ် ငေးကြည့်နေသည့်ကို တွေလိုက်ရ၏။
၎င်းကတော့အောင်းယွီရန်သာဖြစ်သည်။
သူမက ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏ ။ ထိုတ်ရုံ၏ အပေါ်၌ လက်သည်းကိုးခုနဂါးတစ်ကောင်၏ ရုပ်လုံးကြွပုံတစ်ခုကို ရေထိုးထားကာ ၊ အလွန်ပင် အသက်ဝင်လှသည်။
ရွှေရောင်ဝတ်စုံကို ကျောက်စိမ်းရောင် အသားရည်များအထက်၌ ဝတ်ဆင်ထားခြင်းက သူမ၏ အလှပကို ပို၍ တိုးပွားလာစေ၏ ။ အပုံရိပ်ကြောင့် လုံထန်ပင် လျှင် အောင်းယွီရန်ကို မြင်ချိန်၌ အကြည့်ပင် မလွဲနိုင်တော့ချေ။
အဟမ်း ~ အားလုံးပြီးသွားပြီလား ၊ လုံထန်က အနည်းငယ်ရှက်ရွံဟန်ဖြင့်မေးလိုက်သည်။
ခနလေးဆိုပြီးပါပြီ ~ အောင်းယွီရန်က လုံထန်၏ ဖြစ်ပျက်သွားသော ပုံစံက်ု ရီမောလိုက်ရင်းဖြင့်ပြောလိုက်သည်။
ပြီးတဲ့နောက်မှာတော့သူမကို ကူညီပေးနေသော အစေခံမလေးတစ်ယောက် ရွှေရောင်သရဖူတစ်ခုကို သူမ၏ ခေါင်းထက်၌ သေသပ်စွာဖြင့် ဆောင်းပေးခိုင်းလိုက်သည်။
ရွှေရောင်သရဖူ ဆောင်းပြီးချိန်၌ အောင်းယွီရန်၏ ပုံရိပ်မှာ ပုံ၍ မြင့်မြတ်ကာ တော်ဝင်ဆန်လှသော အော်ရာမှ ပို၍ အားကောင်းလာခဲ့သည်။ သူမ၏ ပုံစံက ယခု၌ မလွမ်းမိုးနိုင်သော ဧကရီတစ်ပါး၏ ပုံရိပ်အတိုင်းပင်ဖြစ်သည်။
သွားကြတာပေါ့ ~ လုံထန်က အောင်းယွီရန်ကို အချိန်အတော်ကြာသည့်အထိ ငေးမောကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
အင်းသွားကြတာပေါ့ ~ ။
လုံထန်နှင့် အောင်းယွီရန်က ဘေးခြင်းယှဉ်၍ ထွက်ခွာသွားခဲ့တော့သည်။ သူမတို့၏ နောက်၌ လည်း လှပေသော အမျိုးသမီး အစေခံ အယောက်နှစ်ဆယ်က ရိုသေစွာဖြင့်လိုက်ပါသွားခဲ့တော့သည်။
သူတို့နှစ်ဦး၏ ပုံရိပ်က နန်းတော်ကြီးအတွင်းမှ ထွက်ခွာလိုက်ချိန်၌ နန်းတော်၏ အပြင်ဘက်၌ အသင့်စောင့်ဆိုင်းနေသော အကြီးကဲများအားလုံးက လုံထန်နှင့် အောင်းယွီရန်ကို နှတ်ဆက်လိုက်သည်။
အရှင်မင်းကြီးနှင့် ~ ဧကရီကိုယ်နှတ်ဆက်ပါတယ် ။
အရမ်းကြီးယျဉ်ကျေးမနေပါနဲ့ ~ လုံထန်ကသူ၏ အရှေ့ရှိ အကြီးကဲများကို ပြုံးကာပြောလိုက်သည်။ အားလုံးအဆင့်သင့်ဖြစ်ပြီလား ။
အားလုံးအဆင့်သင့်ဖြစ်နေပါပြီ အရှင်မင်းကြီး ။ အောင်းကျန်းဟန်က လုံထန်၏ ဘေးမှနေ၍ ပြောလိုက်သည်။
ဒါဆိုလည်းသွားကြတာပေါ့ ~ လုံထန်က ခေါင်းညိတ်လိုက်ရင်းဖြင့် ပြောလိုက်သည်။ ပြီးတဲ့နောက်မှတော့ သူနှင့် အောင်းယွီရန်က ဘေးခြင်းယှဉ်လျက် လှေကားထစ်များစီမှ အောက်သို့ဆင်းသက်သွား၏ ။
သူတို့နှစ်ယောက်၏ နောက်၌ တော်ဝင်အကြီးကဲများပါပြီးတော့၊ တော်ဝင်အကြီးကဲများ၏ နောက်၌ အစေခံများပါရှိသည်။
ဤလူတန်းရှည်ကြီးက တောင်အောက်သို့လှေကားထစ်များအတိုင်း ဆင်းသက်သွားတော့သည်။
∆∆∆
အချိန်အချို့ကြာပြီးနောက် လုံထန်တို့က တောင်၏ အောက်ခြေသို့ရောက်လာကြသည်။
တောင်ခြေနှင့် မြို့တော်ကြားရှိ ဆယ်မိုင်အကျယ်ရှိသော မြေကွက်လပ်ကြီးထဲ၌ သားရဲများအားလုံးပြည်နက်နေခဲ့ကြသည်။
မျိုးနွယ်စုလေးခု၏ စစ်တပ်များကလည်း သူတို့၏ ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး သူတို့၏ တပ်များနှင့်အတူတူ စီရီစွာဖြင့် ရပ်နေကြသည်။
ဤမြင်ကွင်းက အလွန်ပင်မင်သက်အံဩဖွယ်ရာပင်ဖြစ်သည်။ ဤအတွက်ကြောင့်လုံထန်ပင် အံဩသွားရသည်။ မျိုးနွယ်စုလေးစု၏ စစ်တပ်စုစုပေါင်အရည်တွက်မှာ ငါးသိန်းနီးပါးရှိသည်။
ထိုအထဲမှ ၊ လက်သည်းကိုးရွှေနဂါးမျိုးနွယ်စုမှ ထိပ်တန်း ဗိုလ်ချုပ်ငါးဦးဆောင်သော စစ်တပ်ငါးခု ၊ မီးနဂါးမျိုးနွယ်စုမှ ထိပ်တန်း ဗိုလ်ချုပ်သုံးယောက်ဦးဆောင်သော စစ်တပ်လေးခု ၊ ရေခဲနဂါမျိုးနွယ်စုမှ ထိပ်တန်းဗိုလ်ချုပ် သုံးယောက်ဦးဆောင်သော စစ်တပ်သုံးခု ၊ မိုးပြာနဂါးမျိုးနွယ်စု၏ ထိပ်တန်းဗိုလ်ချုပ်လေးဦး ဦးဆောင်သော စစ်တပ်လေးခုတို့မပါသေးချေ။
၎င်းတို့ထိပ်တန်းဗိုလ်ချုပ်များဦးဆောင်သော စစ်တပ် တစ်ခုခြင်းစီက အရည်တွင်အားဖြင့်နည်းပါးသော်လည်း ၎င်းတို့၏ တိုက်ခိုက်ရေး အင်အားမှတော့ အလွန်ပင်များပြားသည်။
ဤစစ်တပ်များကတစ်နေရာ ၊ မျိုးနွယ်စုလေးခုမှ နဂါးများကတစ်နေရာ ၊ အပြင်ဘက်မှ လာသော သားရဲများကတစ်နေရာ ၊ ဆယ်မိုင်ကျယ်သော မြေကွက်လပ်ကြီး၌ နေရာသုံးခုယူထားပြီး စီရီစွာဖြင့် ရပ်တန့်နေကြသည်။
ဤမြင်ကွင်းက အလွန်ပင် အံဩမင်သက်ဖွယ်ရာပင် ကောင်းလှသည်။