ရှေးဦးနဂါးအင်ပါယာ (၃)
Vol. 13 Ch. 181
-------
လုံထန်က တောင်ခြေသို့ရောက်ချိန်၌ အဆင့်သင့်ပြုလုပ်ထားသော မီတာတစ်ထောင်ခန့်အမြင့်ရှိသော စင့်မြင့်၏ အထက်သို့တက်သွားလိုက်သည်။ ထိုနေရာ၌ အထက်အောက်ပုံစံ ပုလ္လင်နှစ်ခုက နေရာချထားသည်။
လုံထန်က အထက်ဘက်ကျသောပုလ္လင်တစ်ခု၌ နေရာယူလိုက်ပြီးနောက် သူ၏အောက်ဘက်နားလေးမှ တစ်ခုကိုတော့ အောင်းယွီရန်က နေရာယူကာ ထိုင်လိုက်ကြသည်။ စင်မြင့်၏ အောက်ဘက်၌ ထိုင်ခုံများရှိနေကြသည်။ ၎င်းနေရာက တော်ဝင်အကြီးကဲများ အတွက်နေရာဖြစ်သည်။
လုံထန်နှင့် အောင်းယွီရန်တို့နှစ်ဦးထိုင်ပြီးသည့်နှင့် ကမ္ဘာကိုယ်ပင် တုန်ခါစေမတက်အသံကျယ်ကြီးက ထွက်လာခဲ့သည်။
အရှင်မင်းကြီးကို ~ နှတ်ဆက်ပါတယ် ။ စစ်တပ်များမှ စစ်သည်များ၊ မျိုးနွယ်စုလေးခုမှ နဂါးများက ဒူးထောက်၍ အရိုသေပေးလိုက်ကြသည်။
အခြားအပြင်ဘက်မှလာကြသော သားရဲများမှ လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အရိုသေပေးလိုက်ကြသည်။
သူတို့၏ စိတ်ထဲ၌အနည်းငယ်မကျေနပ်သော်လည်း ၊ ဤလောက၌အရေးကြီးဆုံးအရာက ခွန့် အားပင်ဖြစ်သည်။ ခွန့်အားကြီးသူ၏ စကားက အမိန့် ၊ ဉပဒေဖြစ်နေသော ဤလောကကြီး၌ ခွန့်အားမရှိပါက ဦးခေါင်းကို ငုံနေသင့်သည်။ ခွန့်အားမရှိပဲ မောက်မာ ၊ ထောင့်လွှားနေပါလျှင် ၊ မင်းက ကိုယ်သေခြင်းကိုယ် လက်လျက်ဖိတ်ခေါ်နေသလိုဖြစ်နေမည်ဖြစ်သည်။
မဟုတ်ပါက ~ခွန့်အားကြီးသူများ၏ ၊ ခြေရင်း၌ ပြားပြားဝပ်နေအောင် နင်းချေခံမည်သာဖြစ်သည်။ ဤဉပဒေကို ငယ်ရွယ်သောသူများကအစသိပေသည်။ သူများပြောတဲ့စကားကို နာမထောင်ချင်ဘူးလား ၊ လက်မခံချင်ဘူးလား ။ ရတယ် ~ ဒါဆိုရင် အားလုံးထက်သာလွန်တဲ့ ခွန့်အားကို ရအောင်ကြိုးစားရမည်။ မဟုတ်ပါက မင်းရဲ့ ခေါင်းကိုငုံသာထားရမည်ဖြစ်သည်။
ထိုအတိုင်းပင် ~ မိုးထိတောင်နှင့်မိုင်တစ်သိန်းပတ်လည်မှ အမျိုးမျိုးသော မျိုးနွယ်စုများမှ အချို့သော သားရဲဧကရာဇ်ဘုံအဆင့် ( သို့မဟုတ် ) အရှင်သခင်ဆင့်သားရဲဘုံများရှိသော မျိုးနွယ်စုများမှာ ဤသို့သော်ပုံစံမျိုးကို သူတို့မကြိုက်ကျချေ။ သို့သော်လည်း သူတို့၏ နည်းပါးသော ခွန့်အားကို နားလည်သည့်မှို့ သူတို့၏ ခေါင်းများကို ငုံထားရန်သာတက်နိုင်သည်။
∆∆∆
လုံထန်က အောက်ဘက်မှဒူးထောက်နေသော ၊ သူများအားလုံးကို ငုံကြည့်ကာ ပျော်ရွှင်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
အားလုံးထကြလော့ ။
လုံထန်၏ စကားကြောင့်အားလုံးက ဒူးထောက်နေရာမှ ထရပ်လိုက်ကြသည်။
လုံထန်က သူ၏ ပုလ္လင်ထက်မှ ထိုင်နေရာမှထရပ်လိုက်၏။ ပြီးတဲ့နောက်မှ သူက အောက်ဘက်သို့ကြည့်၍စကားစလိုက်သည်။
အားလုံးပဲ ~ ဒီနေ့မှ ကျုပ်လုံထန်က ဦးဆောင်ပြီးတော့ ၊ လက်သည်းကိုးခုရွှေနဂါးမျိုးနွယ်၊ မိုးပြာနဂါးမျိုးနွယ်စု၊ ရေခဲနဂါးမျိုးနွယ်စု၊ မီးနဂါးမျိုးနွယ်စုတို့ကိုယ် စုစည်းခဲ့တယ် ။
ဒီမျိုးနွယ်စုလေးခုတွေနဲ့ အတူတူ ပေါင်းစည်းပြီးတော့ ၊ ရှေးဦးနဂါးအင်ပါယာကြီးကို ဖွဲ့စည်းခဲ့တယ် ။ ဒီအင်ပါယာအဖွဲ့စည်းက နဂါးမျိုးနွယ်စုများရဲ့ သမိုင်းမှာတစ်ခါမှမပေါ်ပေါက်ဖူးပေမဲ့ ၊ သမိုင်းတလျောက်လုံးမှာပဲ အကြီးကျယ်ဆုံးသော အရာတစ်ခုဖြစ်လာလေ့မယ်လို့ကျုပ်ထင်တယ် ။
ပြီးတော့ ဒီဧကရာဇ်ကလည်း ~ အဲဒီလို့ဖြစ်လာအောင် အကောင်းဆုံးကြိုးစားသွားမှာပါ ။ အဲဒီလို့ ကြိုးစားနေစဉ်မှာလည်း အားလုံးရဲ့ ခွန့်အားတွေလိုအပ်တယ်။
သမိုင်းမှအကြီးကျယ်ဆုံးသော အင်ပါယာကြီးတစ်ခုဖြစ်လာဖို့ အားလုံးရဲ့ ခွန့်အားတွေလိုအပ်တယ် ။ ဒီဧကရာဇ်ကလည်း အင်ပါယာရဲ့ အပေါ်ကို အကျိုးပြုတဲ့ သူတိုင်းကို ကြီးမားတဲ့ ဆုလာဘ်တွေကို ချီးမြင့်မှာပါ ။လုံထန်က ထိုအခြင်းရာများကို ပြောကြားလိုက်ခြင်းနှင့်အတူတူ သူ၏ စကားကို အဆုံးသတ်လိုက်သည်။
အရှင်မင်းကြီး ~ သက်တော်သောင်းချီရှည်ပါစေ။
ရှေးဦးနဂါးအင်ပါယာ ~ အဓွန့်ရှည်တည်တဲ့ပါစေ ။
အရှင်မင်းကြီး ~ သက်တော်သောင်းချီရှည်ပါစေ။
ရှေးဦးနဂါးအင်ပါယာ ~ ကြီးကျယ်ခမ်းနားပါစေ ။
အောက်ဘက်ထံမှ မိုးခြိမ်းသံများကဲ့သို့ ကျယ်လှောင်သော အော်ဟစ်သံများထွက်လာခဲ့ကြသည်။ လုံထန်၏ ပြောသွားသော စကားကို နားထောင်ပြီးနောက် မျိုးနွယ်စုလေးခု၏ နဂါးများနဲ့ စစ်တပ်အတွင်းရှိနဂါးများ က သူတို့၏ တိုက်ပွဲဝင်လို့သော စိတ်ဆန္ဒများကြောင့် သွေးများပင်ဆူပွတ်လာခဲ့သည်။
လုံထန်က ဤမြင်ကွင်းကိုကြည့်ရင်းဖြင့် ၊ ပျော်ရွှင်စွာဖြင့် သူ၏ ခေါင်းကိုညွတ်လိုက်သည်။ သူ၏ မျက်နှာကလည်း တောက်ပနေခဲ့သည်။
သူကအောက်ဘက်ရှိ မိုးခြိမ်းသံလားကျယ်လှောင်အသံများဖြင့် အော်နေသော သူများကို သူ၏ လက်ကို ထောင်ပြ၍ တိတ်ဆိတ်ရန်အချက်ပြလိုက်သည်။
ထိုအချိန်၌ ယခင်က ကျယ်လှောင်စွာထွက်ပေါ်နေသော အသံများမှာ အပ်ကျသံပင် ကြားရမတက်တိတ်ဆိတ်သွားခဲ့သည်။
အခု ရှေးဦးနဂါးအင်ပါယာစတင်တဲ့နေမှာ ဒီဧကရာဇ်က ဒီနေ့ကို ရှေးဦးနဂါးသက္ကရစ်ရဲ့ ပထမဆုံး နေ့ ဟုခေါ်မယ် ။နောက်ပြီးတော့ အားလုံးရဲ့ ရာထူးတွေနဲ့ အကျိုးခံစားခွင့်တွေကို ပြောပေးမယ် ။
ဒီဧကရာဇ်က ရှေးဦးနဂါးအင်ပါယာရဲ့ ဧကရီ ရာထူးကို အောင်းယွီရန်ကို တရားဝင်ခန့်အပ်ကြောင်း ဒီနေရာမှနေ၍ အားလုံးကိုသိစေချင်တယ် ။
လုံထန်က အောင်းယွီရန်ကိုပြုံးကာကြည့်လိုက်သည်။
အောင်းယွီရန်ကလည်း လုံထန်၏ အရှေ့သို့ရောက်လာကာ လုံထန်ကို ဦးညွတ်၍ ပြောလိုက်သည်။
ကျေးဇူးတင်ပါတယ် ~ အရှင်မင်းကြီး ။ အောင်းယွီရန်၏ ခန္ဓာကိုယ်လေးမှလည်း စိတ်လှုပ်ရှားမှုကြောင့်အနည်းငယ်တုန်ခါနေ၏ ။ သူမက စိတ်လှုပ်ရှားနေမှုများကို အတက်နိုင်ဆုံးထိန်းချုပ်လျက် လှပစွာပြုံး၍ လုံထန်ကိုပြောလိုက်သည်။
လုံထန်လည်း အောင်းယွီရန်ကို ကူညီပေးလိုက်ရင်းဖြင့် ပြုံးလိုက်သည်။ ဤသည့်က သူမကို သူပေးထားသော ကတိပင်ဖြစ်သည်။သူမသည့်ယခုအချိန်မှ စ၍ ရှေးဦးနဂါးအင်ပါယာ၌ သူပြီးလျှင် သူမက တရားဝင် အာဏာ ၊ အရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီဖြစ်သည်။ ယခုကထဲက သူမကို အာဏာပေးထားသော သူမက ထိုအချိန်၌ တရားဝင်မဟုတ်သေးချေ။
သွားပါ ~ ဧကရီက ထိုင်လိုက်ပါအုန်း ။ ဒီက ဧကရာဇ်က နောက်ထပ်အကြောင်းရာတွေကို ပြောကြားလိုက်အုန်းမယ် ။ လုံထန်က အောင်းယွီရန်ကို ပြုံးကာပြောလိုက်သည်။
နောက်တစ်ခုကတော့ ၊ အောင်းကျန်းဟန် ၊ အောင်းထန်းရန် ၊ အောင်းရွှီရန် ၊ အောင်းလန် ၊ အောင်းမင် ၊ လုံချီယု၊ လုံကျားချီ ၊ ကျီထန်ပင်း ၊ ဟော်ဖု ၊ ဟော်ကူ ၊ ဟော်ပင်း ၊ ဟော်ရိတို့ကို တော်ဝင်အကြီးကဲရာထူးကိုယ် အပ်နှင်းလိုက်တယ် ။ လုံထန်က အကြီးကဲများကို ကြည့်၍ ပြောလိုက်သည်။ ယခင်က သူပြောထားသော်လည်း ၊ တရားဝင်မဖြစ်သေးချေ။ ယခုမှ တရားဝင်ဖြစ်ခြင်းပင် ။။
ကျေးဇူးတင်ပါတယ် ~ အရှင်မင်းကြီး။ အရှင်မင်းကြီးကတွက် ~ ရှေးဉီးနဂါးအင်ပါယာအတွက် အသက်ပင် သေဆုံးသည်ထိတိုင်အောင်ကြိုးစားသွားပါမယ်လို့ ကတိပြုပါတယ် ။
အကြီးကဲများက လုံထန်ကိုအရိုသေပေးကာ ပြောလိုက်သည်။
လုံထန်က အကြီးကဲများ၏ စကားကိုနားထောင်ပြီးနောက် သဘောကြစွာဖြင့် ခေါင်းညိတ်လိုက်သည်။
မှတ်ချက် ~~~ ရှေးဉီးနဂါးအင်ပါယာရဲ့ အနိမ့်အမြင့်ရာထူးအကြောင်းလေး ရှင်းပြချင်လို့ပါ ။ လက်ရှိအတွက်ပေါ့ ။ လက်ရှိမှာ အင်ပါယာတစ်ခုလုံးရဲ့ အာဏာကို ဆုပ်ကိုင်ထားတာက လုံထန်ပါ ။ သူရဲ့ နောက်မှတော့ အောင်းယွီရန်ပါ ။ သူတို့နှစ်ဦးပြီးသွားရင်တော့ တော်ဝင်အကြီးကဲတွေပဲဖြစ်ပါတယ် ။ တော်ဝင်အကြီးကဲတွေပြီးသွားရင် တော်ဝင်ဗိုလ်ချုပ်များဖြစ်ပါတယ် ။ ဒါပေမဲ့ ငရဲမီးဗိုလ်ချုပ် လုချီတို့လို့မျိုး နတ်ဘုရားသားရဲဘုံအဆင့်ကို ရောက်နေတဲ့ ဗိုလ်ချုပ်တွေကြတော့ တော်ဝင်အကြီးကဲတွေနဲ့ အကျိုးခံစားခွင့် ၊ အဆင့်တန်း ရာထူးနဲ့ အားလုံးနဲ တူညီပါတယ် ။