← Chapters

ရှေးဦးနဂါးအင်ပါယာ (၄)

Vol. 13 Ch. 182

ရှေးဦးနဂါးအင်ပါယာ (၄)

Vol. 13 Ch. 182

----------

လုံထန်က တော်ဝင်အကြီးကဲများကိုယ် ရာထူးခန့်အပ်ထားပြီးနောက် ၊ တော်ဝင်ဗိုလ်ချုပ်များကိုလည်း ပြန်လည်၍ခန့်အပ်ခဲ့သည်။

ယခင်ကဲ့သို့မဟုတ်ပဲ ~ မျိုးနွယ်စု၏ ထိပ်တန်းဗိုလ်ချုပ်များကို မျိုးနွယ်စုလေးခု၏ ၊ ထိပ်တန်းစစ်တပ်တစ်ခုအဖြစ်သို့ ပေါင်းစည်းလိုက်သည်။

လက်သည်းကိုးခု ရွှေနဂါးမျိုးနွယ်စု၏ ၊ ထိပ်တန်းတော်ဝင်ဗိုလ်ချုပ် ငါးယောက်ကိုလည်း ယခင်ကဲ့သို့ တပ်ဖွဲ့တစ်ခုစီမဟုတ်ပဲ ၊ လက်သည်းကိုးခုရွှေနဂါးစစ်တပ်ဟုသော ခေါင်းစဉ်အောက်၌ တစ်ခုထဲဖြင့် ပေါင်းစည်းလိုက်သည်။

အခြား မိုးပြာနဂါးမျိုးနွယ်စု၏ ထိပ်တန်းဗိုလ်ချုပ်လေးယောက် ဦးဆောင်သော စစ်တပ်လေးခုကို ကပ်ဘေးမိုးကြိုးစစ်တပ်ဟုသော် ခေါင်းစဉ်အောက်၌ တစ်ခုထဲဖြင့်ပေါင်းစည်းလိုက်သည်။

မီးနဂါးမျိုးနွယ်စု၏ ထိပ်တန်းဗိုလ်ချုပ်လေးယောက်ကိုလေး ၊ မီးလျံစစ်တပ်ဟုသော ခေါင်းစဉ်အောက်၌ တစ်စုထဲဖြင့်ပေါင်းစည်းလိုက်သည်။

ရေခဲနဂါးမျိုးနွယ်စု၏ ထိပ်တန်းဗိုလ်ချုပ် သုံးယောက် ဦးဆောင်သော စစ်တပ်သုံးခုကိုလည်း ရေခဲဝိညာဉ် စစ်တပ်ဟုသော ခေါင်းစဉ် အောက်၌ ပေါင်းစည်းလိုက်သည်။

ယခုကဲ့သို့ပေါင်းစည်းလိုက်ခြင်းက ယခင်ကဲ့သို့ အမိန့်ပေးသည့်အခါ ခွဲပေးနေစရာမလို့တော့ချေ။ ဤသို့ပြောင်းလိုက်ခြင်းက ပို၍ အဆင်ပြေမည်ဖြစ်သည့်ဟု သူတွေးမိ၍ ဖြစ်သည်။

လုံထန်က အရေးပါသော ရာထူးများကိုပြန်လည့်၍ ပြောကြားပြီးနောက် ၊ သူ၏ ပုလ္လင်သို့ပြန်သွား၍ ထိုင်လိုက်တော့သည်။

လုံထန်က သူ၏ ပုလ္လင်၏အထက်၌ ထိုင်ပြီးသည့်နှင့် အဘိုးကြီးဖေးက စင်မြင်၏ အထက်သို့တက်လာခဲ့သည်။

ကျန်ရစ်နေသောအကြောင်းရာများကို ကြေညာရန် အဘိုးကြီးဖေးက သူကိုယ်တိုင်လုပ်ချင်သည်ဟု ပြောကြားသဖြင့် လုံထန်က လုပ်ခွင့်ပေးထားခြင်းပင်ဖြစ်သည်။

∆∆∆

အခု အရှင်မင်းကြီးရဲ့ ~ ရာထူးအကြောင်း များကို ပြောကြား ကျေညာပြီးတော့ ၊ အခြားဆုလာဘ်များအကြောင်းကိုဆက်လက်ပြီးတော့ ကျုပ်ကပဲ ဆက်လျက်ပြီးတော့ ပြောကြားပေးပေါ့မယ် ။

စင့်မြင်၏ အထက်မှနေ၍ အဘိုးကြီးဖေးက ပြုံးကာ အောက်ဘက်မှ သူများကိုပြောလိုက်သည်။

အရှင်မင်းကြီးရဲ့ ~ အမိန့်အရ ။

အင်ပါယာကို အကျိုးပြုသူတွေကို ၊ ကြီးမားတဲ့ ဆုလာဘ်တွေချီးမြင့်မှာပါ ။ အဲဒီဆုလာဘ်တွေက ၊ နည်းစနစ် ၊ ဆေးဝါး ၊ လက်နက် မင်းတို့လိုအပ်တာကို တောင်းဆိုနိုင်တယ် ။

ပြီးတော့ အင်ပါယာကိုယ်အကျိုးပြုထားတဲ့သူတိုင်းက ၊ သားရဲ ဧကရာဇ်ဘုံအဆင့်ကိုရောက်သူတိုင်းက ကမ္ဘာငယ်အထဲမှာတရားဝင်နေထိုင်ခွင့်ရှိတယ် ။

အင်ပါယာကိုအကျိုးပြုပြီးတော့ နတ်ဘုရားသားရဲဘုံကို ရောက်တဲ့သူတိုင်းက ကမ္ဘာငယ်လေးထဲက ကျွန်းပျံပေါ်မှာ ကိုယ်ပိုင်အိမ်တော်ရွှေးချယ်ခွင့်ရှိတယ် ။ ပြီးတော့ ကြယ်ကိုးပွင့်နည်းစနစ်တစ်ခု ၊ ကောင်းကင်အဆင့်လက်နက်ကိုလည်း ချီးမြင့်မှာဖြစ်တယ် ။

အဘိုးကြီးဖေး၏ စကားက အောက်ဘက်ရှိ အားလုံးကို နှုကလီးယားလက်နက်ကြီး ပေါက်ကွဲစေသကဲ့သို့ အားလုံး၏ စိတ်များကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။

၎င်းတို့က မျိုးနွယ်စုလေးခုမှ နဂါးများ ၊ စစ်တပ်မှ စစ်သည်များသာမက ၊ အခြားသောသားရဲမျိုးနွယ်များကိုပင် စိတ်လှုပ်ရှားလာမိစေသည်။

∆∆∆

ကောင်းကင်အဆင့်လက်နက် ဤသည့်က ဘာလည်း သူတို့ စိတ်ကူးအိပ်မက်များထဲမှာပင် တောင်းတရသော လက်နက်ဖြစ်သည်။ ဒီအင်ပါယာက ယခုလို့ဆုလာဘ်အဖြစ်ချီးမြင့်မှတော့ သူတို့မအံဩသည့်မှာအဘယ်နည်း ။

သူတို့လည်း ရှေးဉီးနဂါးအင်ပါယာ၏ သစ္စာခံများဖြစ်လာချင်ပြီးတော့ အင်ပါယာကပေးအပ်သော ဆုလာဘ်များကို လိုချင်ကြသည်။

အချို့သောသားရဲမျိုးနွယ်စုများက သူတို့၏ အဖော်များကို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်အချက်ပြလိုက်ကြသည်။ သူတို့က ၊ဤကိစ္စပြီးဆုံးသည်နှင့် ရှေးဦးနဂါးအင်ပါယာနှင့် ဘယ်လိုမျိုးဆက်နွယ်ရန် ကြိုးစားရမလည်း စတင်၍ စဉ်းနေကြတော့သည်။

∆∆∆

အဘိုးကြီးဖေးက သူ၏ စကားကြောင့်လှုပ်လှုပ်ရှားရှားဖြစ်နေသော အောက်ဘက်မှ အုပ်စုကြီးကိုပြုံးကာကြည်လိုက်သည်။

ထိုအခြေနေကြောင့်သူက သူ၏ စကားကို ဆက်လိုက်သည်။ အရှင်မင်းကြီး၏ သဘောထားကြီးမားမှုကြောင့် ~ နဂါးမျိုးနွယ်စုများသာမကပဲ ~ အခြားမျိုးနွယ်စုများကိုလည်း အခွင့်ရေးပေးဖို့ ဆုံးဖြတ်ခဲ့တယ် ။

အခြားမျိုးနွယ်စုက မိတ်ဆွေတို့က ရှေးဦးနဂါးအင်ပါယာရဲ့ အရိပ်အောက်မှာ ခိုလုံချင်ပြီးတော့ ၊အင်ပါရဲ့လက်အောက်ခံဖြစ်လာခဲ့ရင်တော့၊ အင်ပါယာရဲ့အပေါ်သူတို့ရဲ့ အကျိုးပြုမှုကိုကြည့်ပြီးတော့ ဆုလာဘ်များကို ချီးမြင့်ပေးအပ်သွားမှာပါ ။

အဲဒီတော့ ကျုပ်တို့အင်ပါယာရဲလက်အောက်မှာ အလုပ်လုပ်ချင်တဲ့ မျိုးနွယ်စုက မိတ်ဆွေတွေရှိရင် ခနနေရင် ၊ ကျုပ်နဲ့လာပြီးတော့ဆွေးနွေးလို့ရပါတယ် ။

∆∆∆

ဤစကားကြောင့် အခြားသောမျိုးနွယ်စုများမှ သားရဲများ၏ မျက်လုံးများက တောက်ပသွားကြသည်။ သူတို့က အခုလေးတင် ရှေးဦးနဂါးအင်ပါယာနှင့်ဆက်နွယ်ရန် နီးလမ်းများစဉ်းစားနေခြင်းပင်ဖြစ်သည်။ အခုတော့ ရေကန်အသင့် ၊ကြာအသင့်ပင် ။

အချို့ သောသားရဲမျိုးနွယ်စုများက သူတို့က အခြားသူများ၏ လက်အောက်၌ နေထိုင်ချင်စိတ်မရှိပါသော်ငြားလည်း ၊ တစ်ဖက်မှတွေးကြည့်ရင်သူတို့သာ အင်ပါယာရဲ့ ဆုလာဘ်တွေကို လက်ခံရယူနိုင်ပါက ၊ သူတို့၏ မျိုးနွယ်စုများလည်း ပို၍ အင်အားတောင့်တင်းလာမည်ဖြစ်သည်။

ဤအတွက်ကြောင့် သူတို့၏ ဦးခေါင်းများကို ညွတ်ထားရလည်း ၊ အကျိုးမြတ်ရသဖြင့် အဆင်ပြေလေသည်။

ဤအကျိုးမြတ်များက သူတို့ကိုယ်သန်မာစေပြီးတော့ ၊ နောက်အကြိမ်အခြားသူများအရှေ့၌ သူတြိုသာ သန်မာနေလျှင်ခေါင်းငုံထားစရာမလို့တော့ချေ။

∆∆∆

အဘိုးကြီးက အောက်ဘက်မှအခြားသော မျိုးနွာ်စုမှသားရဲများ၏ မျက်နှာက စိတ်လှုပ်ရှားကြောင့်တောက်ပနေချိန်၌ သူက စကားထပ်ပြောလိုက်သည်။

အရှင်မင်းကြီးက ~ အကျိုးပြုသူများကို ဆုလာဘ်များကို ချီးမြင့်သလို့ ၊ တစ်ဖက်မှာလည်း အင်ပါယာအပေါ်ကို ရည်ရွယ်ချက်ရှိရှိ အပြစ်ကျုးလွန်တာ ၊ သစ္စာဖောက်တာတို့ကိုယ်တော့ ကျူးလွန်သူအပါဝင် မျိုးနွယ်စုတစ်ခုလုံးက သတ်ဖြတ်ခြင်းခံရမယ် ။

အုန်း ~ ။

အဘိုးကြီးဖေး၏ ဤစကားက သားရဲများကို နှုကလီးယားဗုန်းနောက်တစ်ကြိမ် ပေါက်သကဲ့သို့ဖြစ်သွားစေပြန်သည်။

အချို့သောသားရဲများမှာ ယခင်ကသူတို့က အင်ပါယာကို ဆုလာဘ်များရယူရန်သာ အကျိုးပြုပေးပြီးနောက်အချိန်၌ အကျိုးမြတ်များရယူပြီးလျှင် ၊ အင်ပါယာကို ကျောခိုင်းရန် တွေးထားကြသည်။

ယခုအဘိုးကြီးဖေး၏ စကားများက သူတို့၏ ကျောများပင် အေးစက်မှုကြောင့် စိမ့်တက်သွားသကဲ့သို့ခံစားလိုက်ရသည်။

ယခုအချိန်၌ မကောင်းသော အတွေးရှိသော သားရဲမျိုးနွယ်စုများမှာ သူတို့၏ အတွေးများကိုပြန်လည်၍ သုံးသပ်ရပေတော့မည်။

All Chapters