အရူးဧကရာဇ်
Vol. 1 Ch. 1
"ကျိုရန်ဧကရာဇ် မင်းငါ့ကို သစ္စာဖောက်ရဲတယ်? ငါမင်းကို သတ်ပစ်မယ်"
ဒေါသတကြီးဟောက်သံနဲ့အတူ လုရွှမ်သည် ပြင်းထန်စွာ ဖိချခံလိုက်ရပြီး သူ့ခန္ဓာကိုယ်က အပေါ်ကို ခုန်တက်သွားတဲ့အခါ လက်သုံးချောင်းတောင် မမြှောက်နိုင်တော့ဘဲ မြေပေါ်လဲကျသွား၏။
ဒီအခိုက်အတန့်မှာ သူ့တစ်ကိုယ်လုံး နာကျင်နေပြီး အထူးသဖြင့် ရင်ဘတ်က နံရိုးတွေ ကျိုးနေပုံရသည်။ ပူလောင်နေတဲ့ ခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံး လှိုက်တက်လာသည်။
"မြန်မြန်ကြည့် သူနိုးလာပြီ!"
"တုယန်က ကျင်းဝူစာရင်းမှာ ထိပ်တန်းလူ၁၀၀ ထဲက တစ်ယောက်ဖြစ်ပြီး ကျန်းဝူကျောင်းတော်မှာ အဆင့်သတ်မှတ်ခံထားရတဲ့သူ။ သူ့ကို ဒီလောက် ရိုက်နှက်ထားတာတောင် မြန်မြန်နိုးလာနိုင်တယ်? ဒါက သေချာရဲ့လား။ ဒီကောင်လေးက မင်းပြောနေတဲ့ အမှိုက်ရော ဟုတ်ရဲ့လား?"
"နိုးလာတော့ ဘာဖြစ်လဲ သူဘယ်လိုပြိုင်ပွဲကိုမှ ဆက်မလုပ်နိုင်တော့ဘူး!"
"မိန်းမတစ်ယောက်အတွက်နဲ့ မသေချာတဲ့ ပြိုင်ပွဲကို လာပြိုင်နေတယ်.... မင်းသေတာတောင် နည်းသေး!!"
သူ့နားထဲမှာ ဆူဆူညံညံအသံတွေ ကြားနေရသည်။
ဒါဘယ်မှာလဲ။ သူက နတ်ဆိုးဧကရာဇ် ချုံလူကို တိုက်ခိုက်နေရမှာ မဟုတ်ဘူးလား။ ဒီကို ဘယ်လိုရောက်လာတာလဲ။
သူသည် တိမ်ပင်လယ်နယ်မြေရဲ့ နာမည်ကျော်ကြားသော လုရွှမ် ဖြစ်သည်။ ကမ္ဘာပေါ်တွင် အသန်မာဆုံးလို့ သိကြသော ဧကရာဇ်ငါးပါးထဲမှ ဧကရာဇ်တစ်ပါးဖြစ်သည်။
သူက အသန်ဆုံးမဟုတ်ပေမယ့် အားလုံးထဲတွင် အကျော်ကြားဆုံးဖြစ်ပေ၏။ သူ့တွင် ထူးဆန်းသော ကိုယ်ရည်ကိုယ်သွေးနဲ့ အရူးတစ်ယောက်လို စိတ်ထားရှိလို့ လူအများက အရူးဟုခေါ်ကြသည်။
သူ့ဘဝအကြောင်းပြောရင် ဒါဟာ တကယ့်ကို ဒဏ္ဍာရီလိုပါပဲ။ အသက်နှစ်ဆယ်မှာ သူဟာ တိမ်ပင်လယ်နယ်မြေရဲ့ နံပါတ်တစ်ဂိုဏ်းဖြစ်တဲ့ ရွှမ်ချင်းဂိုဏ်းထဲကို ဝင်ရောက်ခဲ့သည်။ သူ့ရဲ့ အရည်အချင်းတွေနဲ့ ပြင်ပဂိုဏ်းမှာ ပေါ်လွင်ဖို့က အလွန်ခက်ခဲခဲ့ပါ၏။
သို့သော်လည်း သူသည် အနှစ်တစ်ရာအတွင်း ပင်မတပည့် ဖြစ်လာရမည်ဟု ကြွေးကြော်ခဲ့သည်။ သာမာန်ကျင့်ကြံသူများသည် အနှစ်တစ်ထောင်အတွင်း အတွင်းတပည့်အဖြစ် လျင်မြန်စွာဖြစ်လာနိုင်သည်။
လူတိုင်းသည် အကောင်းမြင်စိတ် မရှိကြတဲ့အခါ တုန်လှုပ် ချောက်ချားစရာ တစ်ခုဖြစ်လာခဲ့သည်။ အနှစ် 80 သာရှိပြီး အတွင်းတပည့်အဆင့်ကို ကျော်ဖြတ်နိုင်ရုံ သာမကဘဲ ပင်မတပည့်အဖြစ်သို့လည်း တိုးမြှင့်ခံရသည်။
ပထမပင်မတပည့်သည် ယဇ်ပလ္လင်ကို ဖြိုချ၍ ပြစ်ဒဏ်သုံးချက်ကို ပယ်ချခဲ့ပြီးနောက် နောက်ထပ် ဒဏ္ဍာရီတွေလည်း ပေါ်မလာခဲ့ချေ။
နှစ်ထောင်ပေါင်းများစွာ ချမှတ်ခဲ့သော စည်းမျဉ်းများကို စိန်ခေါ်လိုက်ခြင်းကြောင့် အကြီးအကဲများသည် စည်းမျဉ်းများကို ပြင်ဆင်ရန် တွန်းအားပေးခဲ့သည်။ အကြီးအကဲတစ်ဦးမှာ ဒေါသကြောင့် သေမတတ် ဖြစ်သွားခဲ့သည်။
ရွှမ်ချင်းဂိုဏ်းချုပ်ကို တိုက်ခိုက်ပြီး ရှုံးနိမ့်စေခဲ့သည်။ ရလဒ်ကတော့ သူသည် ဂိုဏ်းချုပ်နေရာမှာ မနေခဲ့ဘဲ ကမ္ဘာ့နံပါတ်တစ်ဂိုဏ်းကို နှစ်ပေါင်းသုံးရာတိုင် ဂိုဏ်းချုပ်မပါဘဲ ထားခဲ့သည်။
မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ပြီး ဂိုဏ်းကြီးငါးဂိုဏ်းသို့ ခိုးဝင်ကာ လျှို့ဝှက်စာအုပ်များကို တိတ်တဆိတ်လေ့လာခဲ့ရာ ဂိုဏ်းကြီးငါးဂိုဏ်းက သတ်ဖြတ်ရန် အမိန့်ထုတ်ခဲ့သော်လည်း နောက်ဆုံးတွင် ဘာမှမရခဲ့ပေ။
အသက်တစ်ထောင် မရောက်မီ ကမ္ဘာပေါ်ရှိ အံ့ဖွယ်ခြောက်ပါးထဲမှ တစ်ပါးအဖြစ် အောင်မြင်ကျော်ကြားလာသည်။ လူတိုင်း သူ့ကိုကြည့်ပြီး ဂိုဏ်းတစ်ခု တည်ထောင်ကာ အောင်မြင်မှုများကို ခံစားပျော်မွေ့မည်ဟု ထင်နေကြသောအခါတွင် သူ ပျောက်ကွယ်သွားပြီး ကြယ်တစ်သောင်းမြစ်ဆီသို့ ထွက်သွားခဲ့သည်။
ဒါတင်မကဘဲ အနှစ်တစ်သောင်းအတွင်း အသက်ရှင်လျက် ပထမဆုံး ထွက်လာတဲ့လူလည်း ဖြစ်လာ၏။ ဒီတစ်ကြိမ်မှာတော့ လူတိုင်းက သူအနားယူတော့မယ်လို့ ခံစားမိပေမယ့် နတ်ဆိုးဧကရာဇ် ချုံလူကို စိန်ခေါ်မယ်လို့ ရုတ်တရက် ကြေညာခဲ့ပြန်သည်။
နတ်ဆိုးဧကရာဇ် ချုံလူသည် ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသော နံပါတ်၁ နတ်ဆိုးဧကရာဇ် ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ချိတ်ပိတ်ခံထားရပြီး တစ်ဖန်ပေါ်ထွက်လာခဲ့သည်။
သူသည် တစ်ယောက်တည်းနဲ့ တိုက်ခိုက်ခဲ့ရာ သူတော်တော်လေး ရူးသွပ်နေကြောင်း လူတိုင်းက ခံစားခဲ့ကြသည်။
သူတို့နှစ်ဦးသည် ထျန်းကျီတောင်ပေါ်တွင် ဆယ်ရက်နှင့် ဆယ်ညကြာ တိုက်ခိုက်ခဲ့ကြသည်။ အင်အားကုန်ခန်းပြီး နတ်ဆိုးဧကရာဇ်ကို ဓားဖြင့် ခေါင်းဖြတ်လိုက်သောအခါတွင် ဓားရှည်တစ်ချောင်းသည် သူ၏ရင်ဘတ်ကိုဖြတ်၍ နှလုံးကို ထိုးဖောက်သွားခဲ့သည်။
၎င်းသည် ဧကရာဇ်ငါးပါးအနက်မှ တစ်ပါး၊ ကျိုရန်ဧကရာဇ် သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်လေသည်။
သူဟာ နတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက်ပြီး သေလုနီးပါး ဖြစ်ခဲ့ရ၏။ ဒူးထောက်ကျပြီး အသက်မထွက်ခင်မှာ အရှက်တရားမျိုးစုံကို ခံစားခဲ့ရသည်။
နတ်ဆိုးဧကရာဇ်နဲ့ ပြိုင်ခြင်းက လူတိုင်းကို သူအရမ်း ရူးသွားတယ်လို့ ထင်စေသည်။ လက်တွေ့မှာတော့ ညီအစ်ကိုကောင်းအတွက် လက်စားချေပေးဖို့သာ ဖြစ်၏။
ရလဒ်ကတော့။
ဘာကြောင့်လဲ။
ဘာကြောင့်လဲ။
အယုံကြည်ရဆုံးသူငယ်ချင်း။ နှစ်၅၀၀လောက် အချင်းချင်း ဖေးမခဲ့ကြပြီး သူ့အတွက် နက်ရှိုင်းနယ်မြေထဲသို့ နက်နက်နဲနဲဝင်သွားခဲ့တာကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ ဒဏ်ရာများကို ကုစားရန် သုံးလကြာမျှ မစားမသောက်ခဲ့ရချေ။
ထို့နောက်မှသာ ထိုသူအတွက် သက်သာပျောက်ကင်းစေသော ဝိညာဥ်ဆေးပင်ကို ရှာတွေ့ခဲ့သည်..။
သူ့ဘဝက မည်သို့ပင်ရှိစေကာမူ ဝူယိုးပင်လယ်ထဲသို့ ဝင်ချိန်တွင် နတ်သားရဲများဝိုင်းရံမှုကို ခံခဲ့ရကာ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ ၇၂ချက်ပင် ရခဲ့သေးသည်။ နဂါးအရိုးမြက်များကို ရှာဖွေဖို့ ထိုသူအား ချီပင်လယ်ကိုပင် ဖွင့်ရန် ကူညီပေးခဲ့သည်။
ထိုမှသာ မြင့်မြတ်သောအဆင့်သို့တက်လှမ်းခဲ့မည်လေ။
သူသည် ဧကရာဇ်ငါးပါးဘွဲ့အတွက် ယှဉ်ပြိုင်ပြီး ရတနာများရှာဖွေရန် ကမ္ဘာအရပ်ရပ်သို့ ခရီးထွက်ကာ လက်နက်များကို သန့်စင်ပြုပြင်ရန်ပင် သူ့စွမ်းရည်တွေကို မနှမြောခဲ့။ ထိုသူ ကျော်ကြားလာစေရန် တစ်ခုတည်းအတွက်ဖြစ်သည်။
သူသည် ထိုသူအား သူ့အစ်ကိုဆိုတာထက် ဆွေမျိုးလိုပင် ရင်းနှီးခဲ့တာကို ဘာလို့ သူ့ကိုသစ္စာဖောက်တာလဲ။
မုန်းစရာပဲ။
လုရွှမ်သည် သူ့လက်ဖဝါးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူ့မျက်လုံးများတွင် နာကျင်မှုများနှင့် ပြည့်နေ၏။
အမ်း?။ မဟုတ်သေးဘူး။ ဓားရှည်ကြီးက သူ့နှလုံးသားကို ထိုးဖောက်ပြီး ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်တယ်လေ။ သူမသေသေးဘူးလား။ ဘယ်လိုလုပ် နိုးလာတာလဲ။ ဒါကဘယ်မှာလဲ?။
လုရွှမ် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ ကွင်းငယ်တစ်ခုထဲမှာ ဖြစ်ပြီး သူ့ရှေ့တွင် ၁၇နှစ် သို့မဟုတ် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ရပ်နေသည်။
"ဒီအဆင့်နဲ့များ မှောင်ခိုဈေးကွက်ကို စိန်ခေါ်ဖို့ လာရဲတယ်ပေါ့? ဒူးထောက်ပြီး အရှုံးကို ဝန်ခံလိုက်!! ငါ မင်းကို မသတ်ဘူး!"
အေးစက်စွာ ကြည့်လိုက်တော့ လူငယ်လေးက ဟန်ဆောင်နေပုံပဲ။ အသေကိုက်သတ်နိုင်တဲ့ ခွေးကလေး တစ်ကောင်လိုလေ။
"မှောင်ခိုဈေးကွက်လား? စိန်ခေါ်မှု?"
လုရွှမ်က မျက်မှောင်ကြုတ်၍ သူ့စိတ်ထဲတွင် 'ဘုန်း' ဟု အသံထွက်ကာ မှတ်ဉာဏ်တစ်ခု ထွက်ပေါ်လာသည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာဖြင့် အချိန်အတော်ကြာခါမှ။
"ငါ... ပြန်လည်မွေးဖွားခဲ့တာလား?"
သူ့ခန္ဓာကိုယ်ပိုင်ရှင်ကို ကျန်းဝူကျောင်းတော်ရဲ့ သာမန်အဆင့် သာမန်ကျောင်းသားလေး ဖြစ်ပြီး လုရွှမ်လို့လည်း ခေါ်သည်။ မှောင်ခိုဈေးကွက် ပြိုင်ဆိုင်မှုတွင် ပါဝင်လာသည်မှာ တခြားသူတွေ ပြောသည့်အတိုင်း အမျိုးသမီးတစ်ဦးအတွက်ကြောင့် ဖြစ်သည်။
သူမနာမည်က ဆူးယာ၊ သူနဲ့ အတန်းတူပြီး နယ်မြေတစ်ခုတည်းက အတူတူ ရောက်လာကြသူ ဖြစ်သည်။ မူလပိုင်ရှင် ငယ်ငယ်ကတည်းက ချစ်ကျွမ်းဝင်နေတဲ့ ငယ်ချစ်ဦးလေး။
ဆူးယာ၏မိသားစုသည် ဆင်းရဲနွမ်းပါးပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ ကျောင်းတော်ထဲ ဝင်လာသူဖြစ်၏။
လုရွှမ်သည် ဝင်ငွေမရှိသော မိဘမဲ့ကလေး တစ်ဦးလည်း ဖြစ်သည် ။တစ်ခါတစ်ရံ ငွေတစ်ပြားတစ်ချပ်ရဖို့ တောထဲ စွန့်စားကာ နေ့ရောညပါ အနားမယူဘဲ ကြိုးစားခဲ့ရသည်။ ဆုကြေးရဖို့ အရှက်ခွဲလည်း ခံရပြန်သည်။
ဆူးယာရဲ့ မွေးနေ့ မကြာမီ ကျရောက်တော့မည် ဖြစ်သောကြောင့် မှောင်ခိုဈေးကွက်မှာ သူမ နှစ်သက်သော လက်ဆောင်ဝယ်ပေးဖို့ ပိုက်ဆံ အနည်းငယ် စုဆောင်းချင်မိသည်။
"မိန်းမတစ်ယောက် အတွက်နဲ့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
လုရွှမ်း မူလပိုင်ရှင်အား ရည်ညွှန်းပြောဆိုရင်း ဖြည်းညှင်းစွာ ခေါင်းခါလိုက်သည်။
ဒီကိုယ်ခန္ဓာ၏ မူလပိုင်ရှင်က တုံးတာလား မိုက်မဲတာပဲလား မသိ။ ကျန်းဝူကျောင်းတော်ရဲ့ လူငယ်များသည် အသက်ငယ်ကြပေမယ့် အဆင့်မြင့် တပည့်များ ဖြစ်လာဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော် ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်ခြင်းမရှိဘဲ စွမ်းအင်များက အကန့်အသတ်များ ရှိနေသည်။
မှောင်ခိုဈေးကွက်ထဲ ကမူးရှူးထိုးဝင်လာတာက သေကြောင်းရှာတာ မဟုတ်လို့ ဘာလဲ။
"မင်းမှောင်ခိုဈေးကွက်ကို မလာခဲ့ရင် ငါလည်း ပြန်မမွေးဖွားလာမှာ မဟုတ်ဘူး"
မူလပိုင်ရှင်သည် မျက်စိရှေ့ရှိ တုယန်ဆီမှာ သေလုနီးပါး ရိုက်နှက်ခြင်းကို ခံထားရသည်။ ထိုအရာက လုရွှမ် ပြန်လည်မွေးဖွားလာဖို့ နည်းလမ်းတစ်ခု ဖြစ်သွားစေခဲ့ခြင်းပင်။
"ငါမွေးဖွားလာပြီ ဆိုမှတော့ ငါ့ကို ဒုက္ခပေးခဲ့တဲ့သူကို ရှာပြီး လက်စားချေရမှာပေါ့!"
ဘာတွေဖြစ်နေတာလဲ သိလိုက်ရတော့ လုရွှမ်ရဲ့ နှလုံးသားက ရူးသွပ်သွားပြီး လေးလေးနက်နက် တွေးလိုက်မိတာကတော့ အတိတ်ဘဝတုန်းက သူ့ကိုထိခိုက်စေခဲ့တဲ့ လူတွေကို သူဒီဘဝမှာ ပြန်မွေးဖွားလာခြင်းအတွက် နောင်တရပြီး ကြောက်ရွံ့သွားစေရမည်သာ။
သူ့အကြောင်းတွေးမိရင် အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေရမယ်။ သူ့နာမည်ကို ကြားရင် အကြီးအကျယ် တုန်လှုပ်လာစေရမယ်။ သူ့ကိုမြင်ရင် သေတာထက် ပိုဆိုးလာစေရမယ်။
"ဘာလဲ? ဒူးမထောက်ဘူးပေါ့?"
သူ့ရှေ့ကလူက သူ့စကားတွေကို လျစ်လျူရှုပြီး လေးလေးနက်နက် အတွေးဝင်နေတာတွေ့တော့ တုယန်က သူ့မျက်နှာပေါ်မှာ ရက်စက်တဲ့အမူအရာနဲ့ ပြုံးပြီး
"ကောင်းပြီ၊ မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်တာပဲ မင်းနဲ့ကောင်းကောင်း ကစားပေးတာပေါ့.... ကိုယ့်ကိုကိုယ် သေကြောင်းကြံတယ်ဆိုတဲ့ အဓိပ္ပာယ်ကို မင်းသိသွားစေရမယ်!!"
လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲတွင် ပြောင်းလဲသွားကာ ပြတ်သားသော အသံသုံးခုကို ထွက်ပေါ်စေခဲ့သည်။
"ပြတ်သားတဲ့ အသံစွမ်းရည်လား?"
"ခန္ဓာကိုယ်ကို အသံငါးခုအဆင့်အထိ လေ့ကျင့်ထားရင် စစ်သည်အဆင့်အဖြစ် ရာထူးတိုးသွားနိုင်တယ်.... သူက အသံသုံးမျိုးကို ကျင့်ကြံပြီးပြီကိုး သူထိပ်ဆုံး ကျင့်ဝူစာရင်းရဲ့ အယောက် 100ဝင်နိုင်တယ်ဆိုတာ အံ့သြစရာမရှိပါဘူးတကယ် ကြောက်စရာ ကောင်းတာပဲ"
"ဒီကလေးက အရိုက်ခံရတော့မယ့်ပုံပဲ... အသံသုံးကွင်း ဝူအဆင့်တပည့်လေ... ထူထဲတဲ့ သစ်သားပြားတောင် လက်ဖဝါးတစ်ဖက်တည်းနဲ့ ကွဲအက်သွားအောင် ရိုက်ပစ်လို့ရတယ်!"
ပရိသတ်အားလုံး အံ့သြသွားကြသည်။
အသံကွင်းကျင့်စဥ်သည် စစ်သည်အဆင့်သို့ တက်လှမ်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး အဆင့်မြင့် တပည့်များကြားတွင် ထိပ်တန်းဟု ယူဆနိုင်ပါသည်။
အဆင့်နိမ့် ၊ အလတ် နှင့် အမြင့် ဟူ၍ အဆင့်သုံးဆင့် ရှိသည်။ ဒီအဆင့်တွေကို ချိုးဖျက်နိုင်မှသာ ဝူအဆင့်တပည့်အဖြစ် ရောက်ရှိနိုင်လိမ့်မည်။
"ဝူအဆင့်တပည့်?"
လုရွှမ်သည် သူ့မှတ်ဉာဏ်များမှ နိုးထလာပြီးနောက် ခေါင်းယမ်းလိုက်သည်။ ဤအဆင့်သည် သူနှင့် အရမ်းဝေးကွာနေပြီ ဖြစ်ပြီး မှတ်ဉာဏ်တွေကလည်း အနည်းငယ် မှုန်ဝါးနေ၏။
သူသည်ယခင်ဘဝတွင် တိမ်ပင်လယ်နယ်မြေ၌ အထွတ်အထိပ်ဆုံးသော ကောင်းကင်ဘုံအဆင့် တန်ခိုးကြီးသူဖြစ်ခဲ့သည်။ ဒီအဆင့်တွေနဲ့ လူဆိုတာ သူ့လက်ထဲမှာ ပုရွက်ဆိတ်လေးတွေလို လွင့်ပါးသေဆုံးသွားနိုင်သည်။
ယခုမူကား ပြန်လည်မွေးဖွားလာလေပြီ။ အရင်ကလို စွမ်းရည်မျိုးတွေ သူ့မှာမရှိတော့ပေ။ မပြောမဖြစ်သာ ပြောရရင် ဒါကဟာဟတစ်ခုလိုတောင် ဖြစ်သွားသည်။
"လဲသေလိုက်တော့!!"
ပတ်ဝန်းကျင်မှ ချီးမွမ်းသံများကို ခံစားရပြီးနောက် တုယန်သည် သူ့ရှေ့ကလူဆီသို့ လက်ကိုမြှောက်ကာ ရိုက်ချလိုက်သည်။ ဒီလှုပ်ရှားမှုရဲ့ စွမ်းအားကို ကြည့်ခြင်းအားဖြင့် တကယ်သာ အရိုက်ခံလိုက်ရရင် မသေရင်တောင် အသားကင်ဖြစ်သွားနိုင်၏။
“ထွက်သွားစမ်း!”
သူခုနကမှ နိုးလာတာကို တိုက်ခိုက်ခံနေရပြီ။ လုရွှမ်သည် တိုက်ခိုက်မှုကို ရှောင်ဖို့ နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး မျက်လုံးတွေကို ဖွင့်လိုက်စဥ် ပြင်းထန်သော အလင်းတန်းများ ထွက်လာသည်။
"မင်း!"
တုယန်သည် တစ်ချက် လွဲချော်သွားပြီးနောက် ဆက်လက် တိုက်ခိုက်တော့သည်။ ဤအကြည့်ကို မြင်လိုက်ရသည်နှင့် ကျားဆီက ချိန်ရွယ်ခံထားရသော ယုန်ဖြူတစ်ကောင်ကဲ့သို့ သူ့ဘာသာ တုန်လှုပ်သွားသည်။
အားပြင်းသော အသက်ရှုသံ၏ ဖိအားအောက်တွင် သူ၏ လက်ဖဝါးများသည်လည်း လေထဲတွင် ရပ်တန့်သွား၏။ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် ခြေသလုံးတွေပင် တုန်လာသည်။
လုရွှမ်က ဘာပဲပြောပြော သူတစ်ချိန်က ကမ္ဘာ့ထိပ်မှာ ရပ်တည်ခဲ့ဖူးသည်လေ။ သူ့ရဲ့ ကျင့်ကြံမှုအခြေခံက ပြန်လည်မွေးဖွားပြီးနောက် အားနည်းနေပေမယ့် သူ့နှလုံးသားနဲ့ သူ့ကိုယ်ပိုင်အသိဥာဏ်က ဝူအဆင့်တောင် မရှိသေးတဲ့ လူသေးသေးလေးတစ်ယောက်နဲ့ ယှဥ်ကြည့်လို့ရသည်။
"သေစမ်း!"
သူ့မျက်လုံးထဲမှာတော့ ဒီကလေးက သူ့လက်ဖဝါးနဲ့ထိပြီး သတိလစ်သွားနိုင်တဲ့ အမှိုက်တစ်စမျှသာ ဖြစ်သလို အေးစက်တဲ့ အကြည့်တစ်ချက်ကြောင့် ကြောက်လန့်တကြားနဲ့ နောက်ပြန်ဆုတ်သွားသူလည်း ဖြစ်နေသေးသည်။
ဒီအတိုင်းသာဆို အနာဂတ်မှာ လူတွေကို ဘယ်လိုမျက်နှာပြမလဲ။ ဂုဏ်သိက္ခာကို ဘယ်မှာထားတော့မလဲ။
လုရွှမ် လှည့်ထွက်လာခဲ့သည်။
"မင်းမသွားနဲ့!"
တုယန်သည် အသံတစ်သံနှင့် အော်ဟစ်လိုက်သော်ငြား လူငယ်လေးက ယခုပင် ပြိုင်ပွဲစင်မြင့်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သူသိလိုက်ရသည်။
"ငါမင်းကိုသတ်မယ်!"
တုယန် လေထဲသို့ ခုန်တက်လာပြီး သူ့လက်ဖဝါးတွေ မတိုက်ခိုက်ရခင်မှာ တစ်ဖက်လူက သူ့ကို အမူအရာမရှိဘဲ ကြည့်နေတာကို တွေ့လိုက်ရသည်။
"ပြိုင်ပွဲမှာ တစ်ယောက်ယောက်က ကွင်းထဲကနေ ထွက်သွားရင် ပွဲပြီးပြီ...တစ်ဖက်က လှုပ်ရှားခွင့် မရှိဘူး မင်းက မှောင်ခိုဈေးကွက်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ဖို့ ကြိုးစားနေတာလား။"
"မင်း..."
တုယန်လက်သည် လေထဲတွင် ရပ်တန့်နေပြီး အသက်ရှူသံတွေလည်း မြန်လာသည်။
မှန်သည်။ မှောင်ခိုဈေးကွက်ရဲ့ ပြိုင်ပွဲမှာ တစ်ဖက်က ကွင်းထဲက ထွက်သွားရင် တစ်ဖက်က ဘယ်လောက်ပဲ အားကောင်းနေပါစေ စည်းမျဥ်းကိုဖောက်ပြီး ဆက်တိုက်လို့ မရ။ မဟုတ်ရင် မှောင်ခိုဈေးကွက်က အပြစ်ပေးလိမ့်မည်။
သူ့အင်အားက အားနည်းနေလို့ စည်းကမ်းကို မချိုးဖောက်ရဲသေးဘူး။
တုယန် - "ရလဒ်က မထွက်သေးဘူး၊ စင်ပေါ်တက်ပြီး ငါနဲ့ ဆက်ပြိုင်!!!"
တုယန် လက်သီးဆုပ်လျက် လုရွှမ်ကို စိုက်ကြည့်နေ၏။
"ပြိုင်ရမယ်?"
လုရွှမ် ခေါင်းခါလိုက်ပြီး
"မင်းနဲ့ မထိုက်တန်ဘူး!"
ပြောပြီးတာနဲ့ သူက တစ်ဖက်လူကို လျစ်လျူရှုပြီး လှည့်ထွက်လာခဲ့သည်။
သူစကားပြောပုံက အနည်းငယ် မာနကြီးပြီး အလွန်မောက်မာပုံရသည်။ သို့သော် အရင်ဘဝက ခန္ဓာကိုယ်နဲ့သာဆိုရင် အဆင့်မြင့် တပည့်တစ်ဦး မပြောနှင့် ကျန်းဝူကျောင်းတော်က ကျောင်းအုပ်၊ ကျန်းဝူတိုင်းပြည်ရဲ့ ဘုရင်ပင်လျှင် သူနဲ့တိုက်ဖို့ အရည်အချင်းမပြည့်မှီကြ။
တုယန်က အဲဒီကိစ္စတွေကို သဘာဝကျကျ မသိပါ။ သူက မှောင်ခိုဈေးကွက်ရဲ့ စည်းကမ်းကို ဖောက်ဖျက်ဖို့ မဝံ့ရဲတော့ဘဲ စိတ်ထဲတွင်သာ ဒေါသမီးတွေ တောက်လောင်နေရတော့သည်။
"အရမ်းကောင်းတယ် အရမ်းကောင်းတယ်....လုရွှမ် ဟုတ်တယ်မလား? ငါမင်းကို မှတ်ထားလိုက်ပြီ ဒီနေ့မပြိုင်လည်း ရတယ်...နောက်ဆယ်ရက် အငယ်တန်းပြိုင်ပွဲမှာ ငါနဲ့လုံးဝ မတွေ့စေနဲ့...မဟုတ်ရင်တော့ မင်းဘဝကို သေတာထက်ဆိုးအောင် လုပ်ပစ်မယ်!"