← Chapters

ဆုလာဘ်တံတိုင်း

Vol. 1 Ch. 2

ဆုလာဘ်တံတိုင်း

Vol. 1 Ch. 2

မောက်မာနေတဲ့ တုယန်ကို လျစ်လျူရှုပြီး မှောင်ခိုဈေးကွက် ပြိုင်ပွဲမှ ထွက်ခွာလာပြီးနောက် လုရွှမ် မျက်မှောင်ကျုံ့လိုက်သည်။ လက်ရှိခန္ဓာကိုယ်က သူ့အရင်ဘဝက ခန္ဓာကိုယ်နဲ့ယှဥ်ရင် အလွန်ကွာခြားသည်။

အပေါ်ယံမှာ သူက အဆင့်မြင့်ဝူအဆင့် တပည့်တွေထဲက ဖြစ်ပေမယ့် လက်တွေ့မှာတော့ သူက အရမ်းအားနည်းလွန်းသည်။ အသံစွမ်းရည် တစ်ခုကိုသာ ထုတ်သုံးနိုင်၏။

အသံ၅ခုကို ရရှိနိုင်မှ မူလရင်းမြစ်ကို ရှာဖွေပြီး ဝိညာဥ်စွမ်းအင်ကို ခံစားနိုင်မှာ ဖြစ်သည်။ ဒီအခြေအနေ အတိုင်းသာဆိုရင် ၅နှစ်ဆိုတဲ့ အတိုင်းအတာနဲ့တောင် ထိုအဆင့်ကို မရောက်နိုင်မှာ စိုးရသည်။

"ဒီကောင်လေးကတော့....."

မှတ်ဉာဏ်တွေကို ကြည့်ရှုပြီးနောက် မူလပိုင်ရှင်က ဘာလို့ဒီလောက်တောင် ကံဆိုးနေသလဲဆိုတာ လုရွှမ် နားလည်သွားသည်။

ကျင့်ကြံနိုင်ဖို့ အစာအာဟာရကလည်း အရေးကြီးသည်။ ဒီကောင်လေးရဲ့ ရှာထားသမျှ ငွေတွေက ဆူးယာဆိုတဲ့ မိန်းကလေးကိုသာ ပေးပစ်လိုက်သည်။ ကောင်းကောင်းမစား ကောင်းကောင်း မသောက်ဘဲနဲ့တော့ အခြေတည်အဆင့်ကို ကစားနိုင်ရင်တောင် ထူးဆန်းနေဦးမည်။

"တကယ်လို့ ဝင်ငွေမရှိဘူး ဆိုရင်....ဝူအဆင့်တပည့်ဆိုတာ အိပ်မက်ကြီးပဲ ဖြစ်နေတော့မှာ"

ဝူတပည့် ဝူအဆင့်ကျင့်ကြံသူ ဖြစ်လာလို့ ခန္ဓာကိုယ်ကလည်း အရေးကြီးသည်။ အခြေခံက မကောင်းရင် ပြောင်းလဲမှုကလည်း မငြိမ်မသက် ဖြစ်လာလိမ့်မည်။ နောက်ပိုင်းမှာ ကန့်သတ်ချက်တွေ ရှိလာနိုင်သည်။

ပြန်မွေးဖွားလာပြီ ဆိုမှတော့ သေချာပေါက် လက်စားချေရမှာပေါ့။ အရင် စွမ်းရည်တွေကိုတောင် ပြန်မရောက်နိုင်တာ ဘယ်လိုလက်စားချေရမလဲ?။

အဲဒါကြောင့် အခုအရေးကြီးဆုံးက အာဟာရ ပြတ်လပ်နေတဲ့ ဒီမူလခန္ဓာကိုယ်ကို ကျွေးမွေးဖို့ပဲ။ ဒါမှသာ ကျန်းမာကြံ့ခိုင်လာမည်သာ။

"အကောင်းဆုံး နည်းလမ်းက ရှန့်ကျာကျုံးရဲ့ ပိုင်ရွှယ်ဟူကောင်းကင်မြေပုံပဲ... ရာနဲ့ချီတဲ့ ဆေးပင်တွေကို ရှာပြီး ငွေစုရမယ် အခြေတည်အဆင့်အတွက်လည်း ပြင်ဆင်ရမယ်! အရင်ဘဝက အဲဒီမြေပုံကိုကြည့်ခဲ့တဲ့ အချိန်တုန်းက ငါ့ခန္ဓာကိုယ်က အထွတ်အထိပ် အဆင့်ကိုရောက်နေပြီ... ပြန်မွေးဖွားလာပြီဆိုမှတော့ တစ်ချက်လောက် စမ်းကြည့်တာပေါ့"

ရှန့်ကျာကျုံးဆိုတာ အရင်ဘဝက သူအလည်အပတ်အနေနဲ့ သွားရောက်ခဲ့ဖူးတဲ့ ဂိုဏ်း၆ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်သည်။ ပိုင်ရွှယ်ဟူကောင်းကင်မြေပုံမှာ လက်ရှိအခြေအနေအတွက် သင့်လျော်သော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ချို့ယွင်းမှုကို ဖြည့်ဆည်းရန် နည်းလမ်းတစ်ခုဖြစ်သည်။

"ဒါပေမဲ့.. ပိုင်ရွှယ်ဟူကောင်းကင်မြေပုံမှာ အနည်းဆုံး ရွှေစထောင်ပေါင်းများစွာ တန်ကြေးရှိတဲ့ ဆေးဖက်ဝင်အပင်တွေ အမျိုးပေါင်း တစ်ရာကျော် လိုအပ်တယ်..."

အိတ်ကပ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ငွေစအနည်းငယ်သာ ရှိနေတာကို တွေ့လိုက်ရတော့ လုရွှမ် ကူကယ်ရာမဲ့ ဖြစ်သွားသည်။ ငွေစတစ်ရာကို ရွှေပြားတစ်ပြားနှင့် လဲလှယ်ခဲ့လိုက်သည်။

ဒီမူလခန္ဓာကိုယ် ပိုင်ရှင်က အလွန်ဆင်းရဲလွန်းလှသည်။ သူ့မှာ ငွေစအနည်းငယ်သာ ရှိကာ ထိုအရာက သစ်ရွက်တစ်ရွက်ကိုတောင် ဝယ်လို့မလောက်ချေ။

ဟုတ်တော့လည်း ဟုတ်ပါသည်။ ပိုက်ဆံသာရှိရင် မှောင်ခိုဈေးကွက်အထိ လာပြီး ချစ်ရသူအတွက် မွေးနေ့လက်ဆောင်တောင် ဝယ်ပေးစရာမလိုအပ်။

"ပိုက်ဆံအမြန်ရှာဖို့ နည်းလမ်းတစ်ခု ရှာရတော့မယ်...ဖန်းမြို့ကို သွားလို့မရဘူးလား အဲဒီမှာ ပဟေဠိတွေ ဖြေရှင်းပြီး ဆုကြေးယူလို့ရတယ်... စွမ်းအင်လည်း ထုတ်သုံးစရာ မလိုဘူး"

ခဏကြာတော့ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို သူရရှိသွားသည်။

ဖန်းမြို့သည် ကုန်စည်ကူးသန်းရာ နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် ဆေးပင်၊ မှော်ဆေးလုံး၊ လက်နက်နှင့် အဝတ်အထည်များကို ပေါများစွာ တွေ့နိုင်၏။

ဒါတင်မကပါ။ တချို့လူတွေ ပဟေဠိ ဖြေရှင်းနေတဲ့ 'ဆုလာဘ်တံတိုင်း' ဟူသော အရာကိုလည်း တွေ့နိုင်သေးသည်။ ပဟေဠိကို ဖြေရှင်းနိုင်တဲ့ ဘယ်သူမဆို ဆုလာဘ်တွေ ရယူနိုင်မှာ ဖြစ်သည်။

ဒဏ်ရာက မသက်သာသေးသလို သူ့ရဲ့ ကြံ့ခိုင်မှုကလည်း သိပ်မကောင်းပေ။ ဒါက ငွေမြန်မြန်ရှာဖို့ တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်လေသည်။

သူသည် သူ့ယခင်ဘဝတွင် လောကထဲမှာ အကောင်းဆုံးဟု မယူဆနိုင်သော်လည်း၊ အဓိကအားဖြင့် ဂိုဏ်းခြောက်ခုရဲ့ စာကြည့်တိုက်အားလုံးဟာ သူ့ထံမှဖွင့်ဖတ် ရှာဖွေခြင်းကို ခံခဲ့သည်သာ။

တချို့လူတွေ ခက်တယ်လို့ထင်တဲ့ မေးခွန်းတွေဟာ သူ့အနေနဲ့ဆို ကိတ်မုန့်တစ်ဖဲ့စာသာ ရှိသည်။ ဒီလိုနေရာ သေးသေးလေးမှာဆိုရင် ပြောစရာကို မလိုချေ။

နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့ နောက်မှာ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦကြီးတစ်ခု သူ့မျက်စိရှေ့မှာ ပေါ်လာ၏။ ဆိုင်းဘုတ်ပေါ်တွင် "ကျန်းဝူ ဖန်းမြို့" ဟူသည့် ပြောင်မြောက်သော အက္ခရာလေးလုံးကို ရေးထားသည်။

ထွန်းလင်းတောက်ပပြီး အရှိန်အဟုန်က လူတွေကို ဆွဲဆောင်နိုင်သည်။ ကျန်းဝူ ဖန်းမြို့သည် ကျန်းဝူအင်ပါယာ၌ အကြီးမားဆုံး ရောင်းဝယ်ဖောက်ကားရာ နေရာကြီး ဖြစ်၏။

ဝင်သွားလိုက်သည်နှင့် ရောင်းဝယ်နေသော အသံမျိုးစုံကို နားပေါက်ကွဲမတတ် ကြားရမှာပဲ ဖြစ်သည်။ လူစည်ကားနေပုံက ဟင်းသီးဟင်းရွက် ဈေးတန်းနှင့်ပင် တူနေသေးသည်။

အရင်ဘဝက တစ်ခုခုဝယ်ချင်တယ်လို့ ပြောလိုက်ရုံနဲ့ မရေမတွက်နိုင်တဲ့လူတွေက သူ့ဆီကို အပြေးအလွှား လာပို့ပေးကြသည်။ အခုတော့ ဒီလိုနေရာကို ရောက်လာတာတောင် သူ့မှာပိုက်ဆံမရှိချေ။

"လုံခြုံဖို့အတွက် ဒီပုံစံကို ပြောင်းလဲရမယ်..."

ဆုလာဘ်နံရံမှာပဲ ပဟေဠိတွေကို ချန်ထားခဲဖို့က အလွန်ခက်ခဲပါသည်။ ပဟေဠိကို ဖြေရှင်းပြီးတာနဲ့ မလွှဲမရှောင်သာ အာရုံစိုက်မှုတွေ ဖြစ်ပေါ်လာနိုင်သည်။ ဒီလို အသွင်အပြင် သွားရင်တော့ ပြဿနာတွေ ဖြစ်လာလိမ့်မည်။

အရင်ဘဝတုန်းက ဒုက္ခကိုမကြောက်ဘဲ ဒီထက်ပိုများလာပါလို့တောင် မျှော်လင့်ခဲ့ပါသေးသည်။အခုတော့ မလုံလောက်သေးချေ။ ခွန်အားလည်းနည်းပြီး ဒုက္ခတွေများလွန်းတော့ လေ့ကျင့်ချိန်ကို နှောင့်နှေးစေလိမ့်မည်။

သူ့မှာအရင်လို မောက်မာဖို့ ခွန်အားမရှိတော့ရင် အရူးဧကရာဇ် မဟုတ်တော့ဘဲ ငတုံးဧကရာဇ်သာ ဖြစ်သွားလိမ့်မည်။

ဖန်းမြို့ထဲ လျှောက်ကြည့်ပြီးနောက် ငွေစအနည်းငယ်ကို အကုန်အကျခံ၍ ပစ္စည်းအလုံအလောက်ဝယ်ပြီးနောက် ချောင်ပိတ်ထောင့်တစ်ခုသို့ လျှောက်သွားလိုက်သည်။

ထွက်လာသောအခါတွင် အဝါရောင် ပိန်လှီသော မျက်နှာဖြင့် အသက်နှစ်ဆယ်ကျော် အခြားမျက်နှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အလှပြင်ပစ္စည်းတွေရဲ့ ကောင်းမှုကြောင့်လို့ ဆိုရမည်။

အရင်ဘဝက သူ့က ဒုတိယလို့ ပြောလိုက်ရင် ဘယ်သူကမှ ပထမဆိုတဲ့ နေရာကို မပြောရဲတော့ဘူး။ အခုလို လိမ္မာပါးနပ်တဲ့ ဖုံးကွယ်နည်းတစ်ခုကြောင့် သူသည် အဓိကဂိုဏ်းကြီးငါးခုသို့ ခိုးဝင်သွားရင်တောင် သူ့ကို အတိအကျမသိနိုင်ပေ။

အဆင်သင့်ပြင်ပြီးတာနဲ့ လူအုပ်ကြားထဲ တိုးဝင်လာပြီး စီမံခန့်ခွဲရေးဌာနကို ရောက်ဖို့ နာရီဝက်နီးပါး လမ်းလျှောက်လိုက်ရသည်။ ဖန်းမြို့တွင် ပစ္စည်းအမျိုးမျိုးကို တိုက်ရိုက်မေးမြန်းနိုင်ပြီး ဝယ်ယူနိုင်ရန် စုစည်းထားသော စီမံခန့်ခွဲရေး ဌာနတစ်ခုရှိသည်။

ခက်ခဲသော ပဟေဠိရဲ့ ဆုလာဘ်များကိုလည်း ဤနေရာတွင် ရရှိနိုင်ပါသည်။ ယခင်ဒဏ်ရာက မပျောက်သေးတော့ လူစုလူဝေးကြောင့် လုရွှမ်ခမျာ ဖျော့တော့ပြီး အသက်ရှုမဝဖြစ်ရတော့သည်။

......

စုန့်ယွဲ့သည် ဖန်းမြို့ စီမံခန့်ခွဲရေးဌာန၏ ရှေ့စားပွဲမှ ဧည့်ကြိုလေး ဖြစ်သည်။ သူမတွင် အရည်အချင်း သိပ်မရှိပေ။ အသက်၁၇နှစ်တွင် အဆင့်နိမ့်တပည့် ဖြစ်လာခဲ့သည်။

သူမရဲ့ ဖြစ်တည်မှု အကန့်အသတ်ကို ကိုယ်တိုင် နားလည်တာကြောင့် ဆက်ကျင့်ကြံဖို့ စိတ်ကူးမရှိတော့ချေ။ အဆက်အသွယ်တွေ အများကြီး ရလာပြီးမှ ဤနေရာတွင် အလုပ်ရလာခြင်း ဖြစ်သည်။

အနည်းဆုံးတော့ ဒီနေရာမှာ သူမအတွက် ဝင်ငွေကောင်းသည်လေ။ ရောင်းချလို့ ရသမျှ ပစ္စည်းတွေအတွက် သူမတို့က အပိုဝင်ငွေရသည်။ ရောင်းချရတဲ့ ပစ္စည်းတွေများလေ သူမအတွက် အကျိုးအမြတ်များလေပဲ။

တစ်နှစ်ကြာပြီးနောက် သူမရဲ့ ဝင်ငွေဟာ တခြားသူတွေလို တန်းတူဖြစ်လာသည်။ ငါးဆ သို့မဟုတ် ခြောက်ဆထက် ပိုရတတ်သည်။ ထို့ကြောင့် သူမလက်ရှိအလုပ်ကို အလွန်ကျေနပ်မှု ရှိသလို ဒီအလုပ်ကိုလည်း အလွန်လေးစားသည်။

အရင်ဖောက်သည်တွေနဲ့ ဆက်ဆံပြီးတာနဲ့ လုရွှမ် လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။ သူ့ရဲ့ ဟောဟဲဆိုက်ပြီး ရှုပ်ပွနေပုံကိုမြင်တော့ လူတိုင်းသူ့အပေါ် အထင်အမြင်သေးမှုတွေနဲ့ ပြည့်နှက်သွားသည်။

ဒီအတိုင်း လမ်းလျှောက်နေရတာပဲကို ဘယ်လောက်တောင် အသုံးမကျလိုက်သလဲ။

နောက်တစ်ခါ ထပ်ကြည့်လိုက်တော့ တွေ့လိုက်ရတာက ထိုကောင်လေးရဲ့ ခန္ဓာကိုယ်မှာ ချီအတက်အကျမရှိချေ။ သူ့အဝတ်အစားတွေက ဟောင်းနွမ်းနေပြီး သူက ဆင်းရဲတဲ့ တစ္ဆေတစ်ကောင်လိုပဲ။

ဒီနေရာမှာ အလုပ်လုပ်ကြတဲ့ လူတွေဟာ သူတို့ဧည့်သည်ကို ပိုက်ဆံချမ်းသာတဲ့ လူဖြစ်ဖို့ပဲ မျှော်လင့်ထားကြသည်။ ဒါမှ များများဝယ်ဖို့ ဆွဲဆောင်နိုင်မှာလေ။

လာဘ်လာဘများ ပိုမိုရရှိရန် သူတို့ရှေ့တွင် ရှိနေသော ဤသူကို လက်ခံပြီး နေ့တစ်ဝက်လောက် ဖြုန်းရမည်ကို စိုးရိမ်ကြသည်။ အချိန်သာကုန်ပြီး အဆုံးတွင် ဘာမျှ မရနိုင်ဘူးလေ။

"အဲဒီလူကို ငါမကြိုဘူး....ကြိုချင်ရင် နင်သွား!"

"ငါဟိုဖက်မှာ ဧည့်သည်တွေ ရှိသေးတယ်... စုန့်ယွဲ့ နင်ပဲလုပ်လိုက်တော့...."

တခြားဧည့်ကြို အများအပြားသည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရပြီး ချက်ချင်း ဘေးသို့ ပုန်းရှောင်သွားကြသည်။

ဟာသပဲ။ ဆင်းရဲတဲ့ သရဲတစ္ဆေလိုလူနဲ့ ဘယ်သူက အချိန်ဖြုန်းချင်မှာလဲ။

သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသွင်အပြင်ကို မြင်လိုက်ရတော့ စုန့်ယွဲ့သည် သူမခေါင်းကို ကူကယ်ရာမဲ့ ခါယမ်းလိုက်သည်။ သူမမှာ ဆန္ဒမရှိပေမယ့် စည်းမျဉ်းကတော့ ရှိသေးသည်လေ။ သူမက ထရပ်လိုက်ပြီး စိတ်မပါစွာ ပြုံးပြလိုက်သည်။

"လူကြီးမင်း... ဘာများလိုအပ်ပါလဲ?"

ဒီဧည့်ကြိုရဲ့ အမူအရာကိုမြင်တော့ လုရွှမ် အေးစက်စွာ လေမှုတ်လိုက်သည်။ ဘယ်နေရာပဲ ဖြစ်နေပါစေ ခွန်အားမရှိရင် မထီမဲ့မြင်ပြုခြင်းကို ခံရမှာပဲ။ ဒါက ပြုပြင်လို့မရတဲ့ ကိစ္စတစ်ခုပဲ။

အဲဒီသဘောထားတွေနဲ့ ပတ်သက်ပြီး လုရွှမ် စိတ်ထဲမထားနေချေ။

"မင်းတို့ရဲ့ ဆုလာဘ်တံတိုင်းက ဘယ်မှာလဲ??"

"ဆုလာဘ်တံတိုင်း??"

စုန့်ယွဲ့ခဏလောက် ထိတ်လန့်သွားပြီး မျက်လုံးတွေ ပြူးကျယ်သွားသည်။

"ရှင် ပဟေဠိတွေကို သွားဖြေမလို့လား??"

"အင်း"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

"အာ....." စုန့်ယွဲ့ မင်သက်သွား၏။

ဆုလာဘ်တံတိုင်းပေါ်က ပဟေဠိတွေကို ကျန်းဝူမြို့တော်က အားကောင်းတဲ့ လူတွေတောင် မဖြေရှင်းနိုင်ကြဘူး။ ဒီလူက ခေါင်းမော့ရင်ကော့ပြီးတောင် မေးရဲတယ်ဆိုတော့ သေချာပေါက် ယုံကြည်ချက်တွေ ရှိနေတာပဲ။

ဒီလိုလူက ဘယ်လိုလုပ် သာမန်လူ ဖြစ်နိုင်မှာလဲ။

အဲဒီလိုတွေးမိပြီး ချက်ချင်း အသက်ရှူရပ်သွားတော့သည်။ ဒါကို သူမတစ်ယောက်တည်း တွေးမိတာမဟုတ်။ တခြားသူတွေကို နှိမ့်ချတတ်တဲ့ ဧည့်ကြိုတွေ အားလုံးကလည်း နီမြန်းတဲ့ အသားအရေတွေနဲ့ နောင်တတွေ ရနေကြသည်။

ဒီလူက ပဟေဠိတွေ ဖြေရှင်းဖို့ လာခဲ့တယ် ဆိုတာသာ အစောကတည်းက သိခဲ့ရင် သူတို့အစောကတည်းက ပြေးလာကြမှာပေါ့။ ဘာလို့ ဒီလိုအခွင့်ကောင်းကို စုန့်ယွဲ့ကို ပေးလိုက်ရမှာလဲ။

"ဟင်း.... ဆုလာဘ်တံတိုင်းကို သွားတာနဲ့ ပဟေဠိကို တကယ်ဖြေရှင်းနိုင်မယ်လို့ မဆိုလိုဘူးနော်?"

"လူတွေအများကြီး ဒါကို မဖြေရှင်းနိုင်ဘူး...ဒီလိုကောင်မျိုး ဖြေရှင်းနိုင်မယ်လို့ မယုံဘူး။ သွားကြည့်ရအောင်.... ဒီကောင်ရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွာချကြတာပေါ့"

All Chapters