← Chapters

ပြီးပြည့်စုံသောအဖြေ

Vol. 1 Ch. 3

ပြီးပြည့်စုံသောအဖြေ

Vol. 1 Ch. 3

ဆုလာဘ်တံတိုင်းသည် စီမံခန့်ခွဲမှုရုံးနှင့် မနီးမဝေးတွင်ရှိပြီး ၎င်းပေါ်တွင် သလင်းကျောက်များကို ချိတ်ဆွဲထားသည်။ တစ်ယောက်ပြီး တစ်ယောက် မဖြေရှင်းနိုင်ခဲ့တဲ့ ပဟေဠိတွေက အဆက်မပြက် လင်းလတ်နေသည်။

အရင်က ကံစမ်းဖို့လာတဲ့ သူတွေလည်း အများကြီးရှိပေသည်။ အဆင့်မြင့်သူတွေနဲ့ မင်းမျိုးမင်းနွယ်တွေကိုတောင် တစ်ခါတလေ အခက်အခဲ ဖြစ်စေနိုင်တဲ့ ကိစ္စပဲဟု ဆိုကြသေးသည်။

သူတို့ ဘာမှမတတ်နိုင်ချေ။ ဒီအတိုင်း ပျော်ရွှင်ဖို့အတွက်သာ ရောက်လာကြတာများ၏။

"လူကြီးမင်း ဒါကရှင့်အတွက် ဖန်းမြို့ရဲ့ အထောက်အထား တံဆိပ်ပြားပါ.... တကယ်လို့ ပဟေဠိကို ဖြေနိုင်ရင် ဆုငွေပမာဏက အလိုအလျောက် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ဒီတံဆိပ်ပြားမှာ အမည်မတပ်ထားပါဘူး လူကြီးမင်း တိုက်ရိုက် အသုံးပြုနိုင်ပါတယ် "

ဆုလာဘ်တံတိုင်းဆီသို့ ရောက်သော် စုန့်ယွဲ့သည် ကျောက်စိမ်းတံဆိပ်တစ်ခု ပေးလာ၏။ ကျောက်စိမ်းတံဆိပ်ပြားက မကြီးပေ။ ၎င်းက ကတ်တစ်ခုလိုသာ။ အပေါ်တွင် အထူးဖွဲ့စည်းပုံ အသွင်အပြင်တစ်ခုကို ရေးဆွဲထားပြီး ကုဒ်အမှတ်အသား တစ်ခုဖြင့် မှတ်သားထားသည်။

အကယ်၍ ပျောက်ဆုံးသွားခဲ့ရင် ကုဒ်အမှတ်အသားကို ပြောလိုက်တာနဲ့ ပြန်လည်ရရှိနိုင်မှာ ဖြစ်သည်။

"တစ်ယောက်ယောက်က ပဟေဠိကို လာဖြေတယ်? !"

"ဒီလူပုံစံက ထူးဆန်းတယ်... သိပ်လူသိခံချင်ပုံ မပေါ်ဘူး"

"ဟုတ်တယ် ငါလည်း မတွေ့ဖူးဘူး... ငါတို့လိုပဲ ဒီကိုလာပြီး ကံစမ်းကြည့်တာဖြစ်မယ်"

"ငါက ကံကောင်းအောင် ကံလာစမ်းရုံတင် မဟုတ်ဘူး ပဟေဠိကို ဖြေရှင်းပေးနိုင်တဲ့ သူနဲ့တွေ့နိုင်တဲ့အခါ သိကျွမ်းခွင့်ရဖို့ ဒီမှာစောင့်နေတာ"

စုန့်ယွဲ့သည် လူငယ်တစ်ဦးနှင့်အတူ လျှောက်လာတာကို မြင်လိုက်ရတော့ ထိုနေရာ၌ လှည့်လည်သွားလာနေသော လူများအားလုံး ရပ်တန့်သွားကာ စူးစူးစိုက်စိုက်များဖြင့် ကြည့်နေကြလေ၏။

ဒီမှာရှိနေတဲ့ လူတွေဟာ တချို့က ကံစမ်းဖို့၊ တချို့ကျတော့လည်း ပဟေဠိကို မဖြေနိုင်တာ သိရက်နဲ့ သန်မာသူ တစ်ယောက်ယောက်နဲ့ သိကျွမ်းဖို့ အခွင့်အရေး စောင့်နေကြသူများ ဖြစ်ကြသည်။

ဘာကိစ္စနဲ့ပဲ လာပါစေ။ တစ်ယောက်ယောက်က ပဟေဠိကို ဖြေနိုင်လိုက်တာနဲ့ ထိုသူကို အာရုံစိုက်လာကြမှာ ဖြစ်သည်။ လုရွှမ် ထိုလူတွေရဲ့ အမြင်တွေကို လျစ်လျူရှုကာ ကြည်လင်နေသော ရေဘောလုံး တစ်လုံးကို ထိလိုက်သည်။

["တံခါးအဆင့် ရှန်းရွှယ့်ဆေးလုံးကို သန့်စင်နေတဲ့ အချိန်မှာ ကျဲ့လန်ရွက်နဲ့ ရွှယ်ယင်းပန်းက ဆန့်ကျင့်နေကြတာလဲ.....တွဲဖက်ဖို့ခက်သလား" ]

လက်ညှိုးဖြင့် ညွှန်လိုက်သည်နှင့် ပထမမေးခွန်း ထွက်ပေါ်လာသည်။

လူတစ်ယောက်က ထ၍။

"တွဲဖက်ဖို့ ခက်လား? အဲ့ကောင်လေး လတ်လတ်ဆတ်ဆတ် ကျဲ့လန်ရွက်ကိုတော့ မသုံးလောက်ဘူးမလား? ကျဲ့လန်မြက်က သဘာဝအတိုင်း နေရောင်ကို နှစ်သက်ပြီး လတ်ဆတ်သော ကျဲ့လန်မြက်များတွေမှာ နေမီးဓာတ် ရှိတယ်... ရွှယ်ယင်းပန်းက အေးမြတဲ့ နေရာမှာ ပေါက်တာ ပြီးတော့ ယင်ဓာတ်တွေလည်း ပြည့်နှက်နေသေးတယ်။ နှစ်ခုကို ပေါင်းစည်းခိုင်းလိုက်ရင် သေချာပေါက် ဆန့်ကျင့်တော့မှာပေါ့"

ပထမမေးခွန်းကို မြင်တော့ လုရွှမ်က ခေါင်းခါလိုက်သည်။

ဒီလောက် အခြေခံကျတဲ့ မေးခွန်းကို ဖြေဖို့ခက်ခဲတယ်တဲ့လား။ သူ့ကို လာနောက်နေတာလား။

သူရဲ့အဂ္ဂိရတ်ပညာစွမ်းရည်က ဝူယာတန်းရှန့် နဲ့ ချီးကျွယ်ရှန့်ကျွင်း တို့လို အဂ္ဂိရတ်ဆရာတွေလောက် မကောင်းပေမယ့် သူတို့ထက် နိမ့်ကျနေတာတော့ မဟုတ်။ ဒီမေးခွန်းလောက်က သူ့အတွက် ကလေးသာသာပဲ။

အဲဒါကို စဥ်းတောင် မစဥ်းစားတော့ဘဲ လက်ညိုးထိုးပြပြီး အဖြေကို ကျောက်တုံးပေါ်မှာ ရေးလိုက်သည်။

"လတ်ဆတ်တဲ့ ကျဲ့လန်မြက်ကို အမှောင်ထဲမှာ လေနဲ့တစ်လလောက် အခြောက်ခံထားလိုက်... ဆန့်ကျင့်နေတဲ့ စွမ်းအင်တွေ ပျောက်ကွယ်သွားလိမ့်မယ်.... "

ညင်ညင်သာသာပဲ သလင်းဘောလုံးထဲသို့ ထည့်သွင်းလိုက်၏။

တင်းချောင်ကျန်းသည် သူမ၏ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ဆုလာဘ်တံတိုင်း အလယ်ရှိ လုရွှမ်ကို ကြည့်လိုက်သည်။

သူမဖန်းမြို့မှာ ဧည့်ကြိုခေါင်းဆောင် အနေနဲ့ လုပ်ကိုင်လာတာ ၁၀နှစ်ကျော် ကြာသွားပြီ။ စူးရှတဲ့ မျက်လုံးတွေနဲ့ အမျိုးမျိုးသော လူတွေကို တွေ့ဆုံခဲ့ဖူးသည်။

သူမရှေ့ကလူက ခွန်အားလုံးဝမရှိတော့တာ သိသာပါသည်။ အဲဒီကောင်လေးက စုန့်ယွဲ့ကို စိတ်ဝင်စားပြီး တမင်ဟန်ဆောင်ပြနေတာ ထင်ရှားနေတာပဲလေ။

"နင် ဘယ်လိုအဆုံးသတ်မလဲ ဆိုတာ ငါကြည့်ကြည့်မယ်!"

လုရွှမ်သည် မေးခွန်းတစ်ခု ဖြေတော့မည့်ဟန်ဖြင့် ရေသလင်း ဘောလုံးရှေ့တွင် လေးနက်သော မျက်နှာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် တင်းချောင်ကျန်းက အေးစက်စွာ ရယ်မောလိုက်သည်။

မိန်းကလေးတွေကို ပိုးပန်းချင်ရင် ပြောင်မြောက်တဲ့ သတ္တိတွေချည်းနဲ့ လုပ်လို့မရဘူးလေ။ မေးခွန်းတစ်ခုတောင် တကယ်မဖြေနိုင်ရင် ရှက်စရာ မကောင်းဘူးလား။

"အစ်မတင်း အဲဒီကောင်လေးက မေးခွန်းတွေကို တကယ်ဖြေနိုင်မယ်လို့ ထင်လား?"

ဧည့်ကြိုတစ်ယောက် ရောက်လာ၏။ သူမနာမည်က ကျောက်ကျင့်။ သူမက ဒီနေ့မှသာ ဖန်းမြို့ကို ရောက်လာတာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ချေ။

အလုပ်စစချင်းမှာ မေးခွန်းတွေဖြေဖို့ ဆုလာဘ်တံတိုင်းဆီကို လူတစ်ယောက် ရောက်လာတာကို တွေ့တော့ သူမက စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကြည့်နေသည်။

"ဖြေနိုင်မယ်?? ဟာသပဲ ဒီနေရာက မေးခွန်းတွေကို လူဘယ်နှယောက်တောင် ဖြေဖူးပြီးပြီလဲ မသိဘူး ဖြေလို့လာလွယ်ရင် အစောကတည်းက ဖြေပြီးလောက်ပြီပေါ့ ကျန်တဲ့ဟာတွေက သခင်ဖန်းတောင် မဖြေနိုင်တာ သူလုပ်နိုင်မယ်လို့ ထင်လို့လား?"

တင်းချောင်ကျန်းက အထင်အမြင်သေးမှု အပြည့်ဖြင့်။

မျက်စိရှေ့က ကောင်လေးက ဆင်းကလည်း ဆင်းရဲ၊ ခွန်အားကလည်း မရှိဘူး။ သူမသာဆိုရင် အစောကတည်းက လျစ်လျူရှုလိုက်ပြီ။ စုန့်ယွဲ့ ဘယ်နားကြည့်ပြီး ဒီလိုလူရှုပ်ကို ခေါ်လာဖို့ စိတ်ကူးမိသလဲ မသိ။

"ကျွန်မ အမြင်တော့ ဒီကောင်လေးက သူ့ကိုယ်သူ တော်တော်လေး ယုံကြည်မှုရှိတာပဲ... ကြည့်လိုက်! ! သူ့အဖြေတွေ သလင်းရေဘောလုံးထဲ ဝင်သွားပြီ"

ကျောက်ကျင့်က အနည်းငယ် စိတ်လှုပ်ရှားနေသည်။

"ကိုယ့်ဒုက္ခကိုယ် ရှာနေတာပဲ!!"

တင်းချောင်ကျန်းသည်လည်း အနည်းငယ် အံ့သြသွားပေမယ့် သူမက ထုတ်ဖော်မပြ။

အရှေ့က ကောင်လေးဟာ ဟန်ဆောင်ပန်ဆောင်နဲ့ ပဟေဠိတွေကို ဖြေဆိုနေပြီး ခဏကြာရင် 'ကျွန်တော် မဖြေနိုင်ဘူး 'ဆိုကာ ခုန်ဆင်းသွားမယ်လို့ ထင်ခဲ့သည်။ အဖြေကို ဒီလောက်မြန်မြန်နဲ့ စဥ်းစားမိမယ်လို့ မထင်ထား။

ပြီးတော့ အဖြေကိုတောင် ချရေးလိုက်သေးတယ်။ ကိုယ့်ကိုကိုယ်များ နှိပ်စက်နေတာလား။

"အဖြေမှားသွားတယ် ဆိုလည်း ထားလိုက်ပါတော့... အစ်မတင်းက ဘာလို့အခုလို ပြောတာလဲ?"

အမြဲတမ်း ကြင်နာတတ်တဲ့ အစ်မတင်းက ဒီလိုပြောတတ်တာကို မြင်လိုက်ရတော့ ကျောက်ကျင့်လည်း မတတ်နိုင်တော့ဘဲ ထုတ်မေးလိုက်သည်။

"နင်က ဝင်လာတာ မကြာသေးတော့ နားမလည်သေးဘူး ငါပြောပြမယ်"

တင်းချောင်ကျန်းက ရှင်းပြလေ၏။

"ဆုလာဘ်တံတိုင်းပေါ်က ရေသလင်းကျောက် ဘောလုံးတွေကို နိုင်ငံတော်ရဲ့ ဆရာသခင်က ပြုလုပ်ခဲ့တာ... အဖြေမှန်မမှန်ကို အလိုအလျောက် စစ်ဆေးပေးတဲ့ အထူးဖွဲ့စည်းမှု အစီအရင် တစ်ခုရှိတယ်။ အဖြေမှားသွားရင် အနီရောင် အလင်းတွေ ထုတ်လွှတ်ပြီး တိုက်ခိုက်လာလိမ့်မယ်! လူကို မသေစေနိုင်ပေမယ့် သင်ခန်းစာ ကောင်းကောင်းတော့ ပေးလိမ့်မယ် အဖြေမှန်ကို မသိဘဲနဲ့ ပေါက်ကရတွေ ဝင်ရှုပ်ဖို့ နားလည်သွားအောင်!"

"အဖြေမှားရင် တိုက်ခိုက်ခံရမယ်?"

ကျောက်ကျင့်သည် သူမရှေ့ရှိ အန္တရာယ်ရှိပုံ မပေါ်သော သလင်းကျောက်တစ်လုံးသည် ဤစွမ်းရည်ရှိမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမမျက်လုံးတွေ ဝိုင်းစက်သွားသည်။

"ဟုတ်တယ် အဲဒီအစီအရင်ကို လုပ်ထားတာက လူမိုက်တချို့ကို ပညာပြဖို့ပဲ ... အဖြေမသိဘဲ လာဖြေတာက လာရှုပ်တာပဲ!"

"အဖြေမှားရင် တိုက်ခိုက်ခံရမယ်...တကယ်လို့ အဖြေမှန်သွားရင်ရော?"

"ငါ့မျက်စိနဲ့ ခဏခဏ မြင်ဖူးတယ်...အဖြေ မှန်သွားတာနဲ့ လိမ္မော်ရောင် တောက်တောက် ပေါ်လာလိမ့်မယ်... ဝိညာဥ်ချီတွေက ဖြေဆိုသူရဲ့ ခန္ဓာကိုယ်ထဲ စီးဝင်သွားလိမ့်မယ် အဲဒါ သူတို့အတွက် ဆုလာဘ်ပဲ။ ဝိညာဥ်ချီက မများဘူးဆိုပေမယ့် ရတာနဲ့တင် ဂုဏ်ယူစရာပဲ"

"ပြီးတော့.. အဖြေမှန်ကိုလည်း အဆင့် သတ်မှတ်ထားသေးတယ် အဲဒါတွေက ပုံမှန်အဆင့် အရည်အချင်းပြည့်မှီ အဆင့်၊ ကောင်းမွန်အဆင့်နဲ့ အကောင်းဆုံးအဆင့်။ ပုံမှန်အဆင့်က လိမ္မော်ရောင်အလင်း အရည်အချင်း ပြည့်မှီအဆင့်က အလင်းတန်းနှစ်ခု... နောက်ပြီးတော့ အကောင်းဆုံးအဆင့်က လိမ္မော်ရောင် အလင်း၄ခု...ငါဖန်းမြို့မှာနေတာ နှစ်တော်တော်ကြာပြီ လိမ္မော်ရောင်အလင်း သုံးခုကိုတောင် တစ်ခါပဲ မြင်ဖူးတယ်။ သခင်ဖန်း မပြောနဲ့ တခြားသူတွေလည်း အဲဒီအလင်းတန်းကို မမေ့နိုင်ဘူး.... "

တင်းချောင်ကျန်းက ကြည်ညိုမှုများဖြင့် ပြောလိုက်သည်။ အလင်းတန်းသုံးခုကို တွေ့ခဲ့ရတာက သူမဘဝမှာ အပျော်ရွှင်မိဆုံး အခိုက်အတန့်ပဲ။

ဝုန်း!

စကားပြီးဆုံးသောအခါတွင် ခန်းမအလယ်ရှိ ရေသလင်းကျောက်လုံးသည် ရုတ်တရက် ရွေ့သွားပြီး ကြီးကျယ်ခမ်းနားသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

"သလင်းလုံးက အဖြေမှန်လား မမှန်ဘူးလား ဆိုတာကို အလိုလို အဆုံးအဖြတ်ပေးတယ်။ ဒီကောင်လေးတော့ ကံမကောင်းတော့ဘူး ထင်တယ်... "

တုန်ယင်နေသော တင်းချောင်ကျန်းသည် စကားဆက်ရန်ပင် ရပ်တန့်သွားကာ ရုတ်တရက် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး သူ့စိတ်တွေ ထိတ်လန့်စွာဖြင့် နေရာတွင်ပင် အေးခဲသွားသည်။

ခန်းမအလယ်ရှိ ကြည်လင်သော ရေဘောလုံးသည် ရုတ်တရက် အလင်းတန်းများ ထုတ်လွှတ်လာသည်။ သို့သော် အရောင်က အနီရောင် မဟုတ်ဘဲ လိမ္မော်ရောင် ဖြစ်နေ၏။

"ဘယ်လိုလုပ် လိမ္မော်ရောင် ဖြစ်နေတာလဲ? ဧကန္တ သူအဖြေမှန်သွားတာလား? ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သခင်ဖန်းတောင် မဖြေနိုင်တဲ့ မေးခွန်းကို သူ့လိုဆင်းရဲသားက ဘယ်လိုလုပ် အဖြေမှန်သွားတာလဲ? ငါမယုံဘူး.... "

တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် တင်းချောင်ကျန်းသည် သူမ၏ မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။ မြင်နေရတဲ့ မြင်ကွင်းကိုတောင် မယုံရဲဘူး ဖြစ်နေသည်။

"အစ်မတင်း.....သူက အဖြေမှန်သွားရုံတင် မကဘူး.... ပုံမှန်အဆင့်တောင် မဟုတ်ဘူး.... "

ကျောက်ကျင့် တံတွေး မျိုချလိုက်ပြီး ကမန်းကတန်းပြောလိုက်သည်။

သူမ၏ အသံနှင့်အတူ သူမ၏ မျက်လုံးရှေ့တွင်ရှိသော လိမ္မော်ရောင်ဘောလုံးမှ ပထမဆုံးလိမ္မော်ရောင်အလင်းတန်းသည် ပျောက်ကွယ်မသွားသေးဘဲ နောက်တစ်ခုက ထပ်ထွက်လာခဲ့သည်။

လိမ္မော်ရောင် မီးလုံးနှစ်လုံးသည် တစ်ခုနှင့်တစ်ခု သွယ်ယှက်နေပြီး လေးဖက်လေးရံ တောက်ပနေသည်။

ဝုန်း!

လူတိုင်း မယုံနိုင်စွာ အံ့သြနေကြစဥ် ရေသလင်းကျောက်က တဖန်လှုပ်ခါလာပြီး အလင်းများသည် မျက်လုံးထဲမှာ မရေမတွက်နိုင်တဲ့ ပြိုးပြိုးပြက်ပြက်ပြက်ပြက် ကြယ်တွေ ပေါ်လာသလိုပါပဲ တောက်ပနေသည်။

အလင်းတန်း ၃ခု။

လေးခု။

ငါးခု။

လိမ္မောရောင် အလင်းတန်း၅ခုဟာ အရပ်မျက်နှာ လေးခုစလုံးသို့ ထွန်းလင်းတောက်ပလျက်။

"ဒါက...ပြီး..ပြည့်စုံတဲ့.....ပြီးပြည့်စုံတဲ့အဖြေပဲ"

တင်းချောင်ကျန်းရဲ့ ပါးစပ်ကို ပိတ်ဖို့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ အခုတော့ သူမ တုန်တုန်ယင်ယင်နဲ့ စကားမပြောနိုင်တော့ပါ။

All Chapters