← Chapters

မြို့သခင်ဖန်းလည်း ရူးသွားပြီ

Vol. 1 Ch. 5

မြို့သခင်ဖန်းလည်း ရူးသွားပြီ

Vol. 1 Ch. 5

ဟူး....

လုရွှမ် သက်ပြင်းချလိုက်သည်။

မေးခွန်းတွေ ဖြေနေတာ အများကြီး ရှိသွားပြီ။ မေးခွန်းတစ်ခုစီတိုင်းရဲ့ အဖြေက ပြီးပြည့်စုံပြီး လိမ္မော်ရောင် အလင်းတန်း ၅ခု ချည်းသာ ဖြစ်သည်။

ဒီမေးခွန်းတွေကို ဖြေဆိုရတာက သူ့အတွက်တော့ အင်မတန်မှ ရိုးရှင်းလှသည်။ အရေးကြီးတာက လက်ရှိ ခန္ဓာကိုယ်သာ။ မှောင်ခိုဈေးကွက်ကနေ ထွက်လာတုန်းက စစ်ဆေးဖို့ အချိန်မရခဲ့ပေ။

ခန္ဓာကိုယ်ပေါ်က ဒဏ်ရာက မသေးလှ။ ထို့အပြင် အချိန်အကြာကြီး မတ်တတ်ရပ်ပြီး နောက်တွင် သူသည် အနည်းငယ် အားနည်းလာပြီး ထိန်းမထားနိုင်တော့ဘဲ ဖြစ်လာသည်။

မေးခွန်းတစ်ခုစီတိုင်း အဖြေမှန်ကို ဖြေနိုင်ခဲ့ပြီး ဝိညာဥ်ချီတွေ သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာပေမယ့် ထိုအရာက အရမ်းနည်းလွန်းလို့ အသုံးမဝင်သလောက်ပင် ဖြစ်နေသည်။

"ဒီနေ့တော့ ဒီလောက်ပဲ!....ဟင်.... ဒါက ဘယ်လိုဖြစ်တာလဲ?"

အရင် မဖြေတာကောင်းမည်။ သူ့နောက်မှာ တိမ်မည်းကြီး ထူထပ်နေသလို လူတွေအများကြီးက ရပ်နေကြသည်။ ခန်းမထဲက လူတွေအားလုံးက တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပြီး နောက်ဖက်မှာ ပြည့်ကျပ်စွာ ရပ်နေကြ၏။

"လူကြီးမင်း.... ရှင် မေးခွန်းတွေ အများကြီး ဖြေဆိုနေတာကို ဒီလူတွေက.... စိတ်ဝင်တစား လာကြည့်ကြတာပါ"

စုန့်ယွဲ့ သူမမျက်လုံးတွေထဲက လေးစားမှုကို မဖုံးကွယ်နိုင်ဘဲ သူမရဲ့ မျက်နှာလှလှလေးပေါ်မှာ ပန်းသီးမှည့်လို နီမြန်းနေသည်။

အစက သူမရှေ့က ဒီလူဟာ ဟန်ဆောင်နေတာပဲလို့ ထင်ခဲ့သည်။ သူဖြည့်လိုက်တဲ့ အဖြေတိုင်းက တစ်ခုပြီးတစ်ခု ပြီးပြည့်စုံနေသည်ကို သူမြင်သောအခါ လူတစ်ယောက်လုံး ရူးမတတ် ဖြစ်သွား၏။

အခုအချိန်မှာတော့ ဒီလူဟာ ကြီးမားတဲ့ အင်အားကြီးတစ်ခုရဲ့ ထွက်ပေါ်လာတဲ့ တပည့်ဖြစ်နိုင်ကြောင်း အတည်ပြုလိုက်ပါပြီ။ မဟုတ်ရင် ဒီလောက်ထိ ဗဟုသုတ ကြွယ်ဝနေဖို့ မဖြစ်နိုင်ဘူးလေ။

ထွန်းလင်းတဲ့ အရောင်နဲ့ မေးခွန်းပေါင်း များစွာကိုလည်း ပြည့်ပြည့်စုံစုံ ဖြေသွားနိုင်သေးတယ်။ ဒီလိုထက်မြတ်တဲ့ လူကို သူမ ကြိုခဲ့မိတာကို တွေးကြည့်မိပြီး နည်းနည်းတော့ စိတ်လှုပ်ရှားနေတုန်းပဲ။

"ကျွန်တော်အခု ဆုငွေ ဘယ်လောက်ရနိုင်မလဲ ဆိုတာ တစ်ချက် စစ်ကြည့်ပေးပါ"

လုရွှမ်သည် ကျောက်စိမ်းတံဆိပ် အမှတ်အသားကို လွှဲပြောင်းပေးနေရင်း သက်ပြင်းချလိုက်သည်။

ကံကောင်းထောက်မစွာနဲ့ သူသည် ယခင်က အသွင်အပြင်ကို ပြောင်းလဲခဲ့လို့သာ မဟုတ်ပါက အေးချမ်းသော ဘဝတစ်ခုကို ရရှိလိမ့်မည် မဟုတ်ပေ။

"ကောင်းပါပြီ!"

တစ်ဖက်က သူ့နောက်မှာ လူတွေအများကြီး တွေ့နေရတာတောင် တိတ်ဆိတ်နေနိုင်သေးသည်။ စုန့်ယွဲ့စိတ်ထဲတွင် သူသည် ခွန်အားကြီးသော တပည့်တစ်ယောက် ဖြစ်ကြောင်း ပို၍ပို၍ သေချာလာခဲ့သည်။

အလျင်စလို ခေါင်းငုံ့ကာ ကျောက်စိမ်းတံဆိပ်ကို ငုံ့ကြည့်ကာ ခပ်မြန်မြန် ပြောလိုက်သည်။

"လူကြီးမင်း... ရှင့်ရဲ့ ဆုကြေးငွေက စုစုပေါင်းရွှေစ ၅သိန်း၂သောင်း၃ထောင်၇ရာပါ"

"၅သိန်း၂သောင်း?"

လုရွှမ် အံ့သြသွားသည်။

ရိုးရှင်းတဲ့ မေးခွန်းလေးတွေ ဖြေလိုက်တာနဲ့ ဒီလောက်ရွှေစတွေ အများကြီးကို ရလိုက်တယ်ပေါ့?။

ဤခန္ဓာကိုယ်ပိုင်ရှင်ဟောင်းသည် မှောင်ခိုဈေးကွက်တွင် သေဆုံးသွားလုနီးပါးဖြစ်ပြီး ကစားပွဲတွင် အနိုင်ရပါက ရွှေစဒါဇင်ပေါင်းများစွာသာ ရရှိနိုင်ကြောင်း သိရမည်ဖြစ်သည်။

စုန့်ယွဲ့က လုရွှမ်နည်းတယ်လို့ ခံစားရတယ်လို့ ထင်တဲ့အတွက် သူမ အမြန်ရှင်းပြလိုက်သည်။

"ဒါတွေက ကျွန်မတို့ အပြင်ဖက်မှာ ချပြထားတဲ့ မေးခွန်းတွေပါ....အထဲမှာ ပိုမြင့်တာတွေ ရှိ.... "

"မလိုတော့ဘူး! ကျွန်တော် လိုချင်တာ ဒီလောက်ပဲ! ကျန်တဲ့မေးခွန်းကို ဖန်ရှစ်ထဲမှာပဲ ထားလိုက်ပါ ပိုက်ဆံတွေကို အခုထုတ်ပြီး ပေးလိုက်ရင် ရပြီ"

သူဒီကိုလာပြီး မေးခွန်းတွေ ဖြေဆိုတယ်ဆိုတာ ဆေးပင်တွေကို ဝယ်ဖို့အတွက်ပဲ။ အခုသူ့မှာ ပိုက်ဆံရှိပြီဆိုတော့ ထွက်သွားသင့်ပြီ။

"ကောင်းပါပြီ"

စုန့်ယွဲ့ လှည့်ထွက်သွားသည်။ ခဏအကြာတွင် သူမသည် ဆေးပင်ဆိုင်ရာ ပစ္စည်းများကို အိတ်ကြီးတစ်ထုပ် ယူလာကာ လုရွှမ်အား ပေးအပ်လိုက်သည်။

"ဒီဆေးဖက်ဝင် အပင်တွေက ရွှေစပေါင်း ၁၇၀,၀၀၀ တန်ပါတယ် ဒါက ကျွန်မတို့ဖန်းရှစ်ရဲ့ အမြင့်မြတ်ဆုံးရွှေကတ်ပါ... ကျန်တဲ့ ငွေတွေကိုတော့ ထည့်ထားပြီးသားပါ နောက်ပိုင်း ကျွန်မတို့ ဖန်းရှစ်ကိုလာပြီး ဘယ်ပစ္စည်းကိုမဆို ဝယ်ယူရင် လူကြီးမင်း 20% လျှော့စျေးကို ခံစားနိုင်မှာ ဖြစ်ပါတယ်"

"အင်း!"

ဆေးပစ္စည်းများနှင့် ရွှေကတ်ကို လက်ခံရရှိပြီးနောက် လုရွှမ်က ဆက်မပြောတော့ဘဲ စုန့်ယွဲ့ခေါ်ဆောင်ရာ အနောက်တံခါးမှ တိတ်တဆိတ် ထွက်ခွာလာခဲ့လေသည်။

နည်းလမ်းမရှိဘူး။ နောက်ဖက်မှာ စုပုံနေတဲ့သူတွေ အများကြီးရှိတော့ သူသွားချင်ရင်တောင် ထွက်သွားလို့မရဘူး။

ဖန်းရှစ်က ထွက်ခွာလာသော အခါတွင် သူသည် တစ်စုံတစ်ခုကို ဖျက်ကနဲ မြင်လိုက်ရကာ ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် လမ်းလျှောက်သွားခဲ့သည်။

အစိမ်းရောင် ကျောက်စိမ်း လက်ကောက်တစ်ကွင်းသာ ဖြစ်ပြီး ဘာရတနာမှ မဟုတ်ချေ။ မိန်းကလေးတွေ ကြိုက်တတ်တဲ့ အလှဆင် ပစ္စည်းတစ်ခုသာ။

ဆူးယာ အရင်ကတည်းက ကြိုက်ခဲ့တဲ့ အရာဖြစ်ပြီး ဝယ်ဖို့တော့ မတတ်နိုင်ခဲ့။ မူလပိုင်ရှင်က ချစ်ရသူ မိန်းကလေးရဲ့ မွေးနေ့မှာ သူမဆီက အပြုံးတစ်ပွင့်ကို မြင်ရနိုင်ဖို့ မှောင်ခိုဈေးကွက်အထိ အသက်စွန့်ပြီး လာခဲ့သည်။

သူ့ရဲ့ဆန္ဒ ဖြစ်နေမှတော့ ၎င်းရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ သူက မူလခန္ဓာကိုယ်ရဲ့ ဆန္ဒကို ပြီးမြောက်အောင် ကူညီဖို့က ကြီးကြီးမားမား ကိစ္စတော့မဟုတ်။

ဒါက သူကိုယ်တိုင် ဝယ်ချင်တဲ့ ပစ္စည်းတော့ မဟုတ်ချေ။ ဖန်းရှစ်မှာ အကောင်းဆုံးလို့ ဆိုလို့ရတဲ့ ကျောက်စိမ်းကပင် ရွှေစ၁သောင်းလောက် တန်သည်။

မကူးပြောင်းလာခင်က ဒီလိုအရာဆိုတာ သူ့အိပ်မက်ထဲမှာတောင် ထည့်မမက်ရဲခဲ့။ သို့သော် အခုတော့ သူ့ရဲ့ အဆင့်မြင့် ရွှေကဒ်ထဲမှာ ရွှေစ၃သောင်းမက ရှိနေပြီဆိုတော့ ဂရုစိုက်မနေတော့ချေ။

.......

မြို့သခင်ဖန်း၏ တိတ်ဆိတ်သော အခန်းထဲတွင်။

အဘိုးအိုတစ်ယောက်သည် တင်ပျဉ်ခွေထိုင်လျက် လက်ညှိုးကို အနည်းငယ် မြှောက်လိုက်တဲ့အခါ ဆေးပင်တစ်ပင် လွင့်ပျံလာပြီး မနီးမဝေးက အဂ္ဂိရတ်မီးဖိုထဲကို တိမ်မျှင်များကဲ့သို့ ဆက်တိုက်စီးဆင်းသွားသည်။

ဆေးပင်များ ပိုများလာသည်နှင့်အမျှ ငြိမ်သက်နေသော အဂ္ဂိရတ်မီးဖိုသည် မရပ်မနား လှုပ်ခါစပြုလာသည်။

"ရပ်စမ်း!"

အဘိုးအိုက မတ်တပ်ထရပ်ပြီး သူ့လက်ဖဝါးကို ဆုပ်ကိုင်လျက် စွမ်းအားတစ်ခု ဖြန့်ချလိုက်သည်။ သို့ရာတွင် သူ့ရဲ့စွမ်းအားနှင့် အတူ တုန်ခါမှုသည် အားမပျော့သွားရုံ သာမကဘဲ ပို၍ပင် လှုပ်ခါလာသည်။

"သွားပြီ....."

အဘိုးအိုရဲ့ မျက်နှာအရောင်လည်း ပြောင်းလဲသွားပြီး သူ့စွမ်းအင်တွေဖြင့် ဖိနှိပ်ဖို့ ကြိုးစားနေသည့်အချိန် တိတ်ဆိတ်နေသည့် အခန်းအပြင်မှ တံခါးခေါက်သံ ထွက်ပေါ်လာ၏။

ဝုန်း!

အနှောင့်အယှက် တစ်ခုကြောင့် ဆေးမီးဖို ပေါက်ကွဲသွားကာ မီးခိုများ ထွက်လာတော့သည်။ သူ့တစ်ကိုယ်လုံး မီးခိုးတွေကြောင့် မည်းမှောင်နေပြီး ဆံပင်တွေကလည်း မိုးကြိုးပစ်ခံရသလိုဖြင့် မတ်တတ်ရပ်နေ၏။

အိုက်ယား!

အခန်းတံခါး ပွင့်လာပြီး လူတစ်ဦး ဝင်လာသည်။ ၎င်းက အဘိုးအို၏ အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်စွာ ပြေးချလာ၏။

"သခင်ဖန်း....."

"ငါ့ကျစ်ယွမ်တင်လေး... ငါ့ရဲ့ဆေးပင်လေး.....မုန့်လင်...ဒီနေ့နေ့လယ်မှာ ဘာမှလုပ်စရာမရှိရင် လိုက်မရှာပါနဲ့လို့ ငါပြောခဲ့တယ်မဟုတ်လား? မင်းနားရွက် ခွေးစားသွားတာလား? ကျစ်ယွမ်တင် ငါ့ကိုနှစ်တွေ အများကြီး အဖော်ပြုပေးခဲ့တာ ဘယ်လောက်တန်ဖိုးရှိပြီး ဘယ်လောက်တန်လဲ မင်းသိလား? ကျစ်ယွမ်တင်က ငါ့အသက်ပဲ... ကံကောင်းလို့ မီးဖိုက အက်မသွားဘူး မဟုတ်ရင်တော့ မင်းအသက်တစ်ရာကို ပြန်ပေးလို့ လဲနိုင်မှာ မဟုတ်ဘူး.... "

သူ့ရှေ့က တံခါးကို တွန်းဖွင့်တဲ့လူကို ကြည့်လိုက်ကာ အဘိုးအိုရဲ့ မျက်လုံးတွေက နီရဲနေပြီး ချက်ခြင်းပဲ သူ့ကို ထစားတော့မလိုပင်။

"ငါ သူ့ကို တံခါးတွန်းဖွင့် ခိုင်းလိုက်တာ.... ငါ့ကို သတ်မလို့လား? ကိုယ့်မှာ အဂ္ဂိရတ် ကျွမ်းကျင်မှု မရှိရင် တခြားသူတွေကို အပြစ်တင်မနေနဲ့ မုန့်လင် တံခါးမခေါက်ရင်တောင် မင်းအဂ္ဂိရတ်အိုးက မကြာခင် ဒယ်အိုးဖြစ်တော့မှာ... "

သက်ကြီးပိုင်း လူတစ်ယောက်က မုန့်လင်နောက်မှ လျှောက်ဝင်လာသည်။ သူ့ရှေ့မှာ တစ်ကိုယ်လုံး မည်းတူးနေတဲ့ သခင်ဖန်းကို လျစ်လျူရှူပြီး ထိုင်ချလိုက်သည်။

"အတင့်ရဲလိုက်တာ! လောင်ဇီက ကျန်းဝူအင်ပါယာမှာ နံပါတ်တစ် အဂ္ဂိရတ်ပညာရှင်ပဲ တကယ်လို့ မင်းတို့ဖောက်မဝင်ခဲ့ရင် မီးဖိုက ဘယ်လိုလုပ် ပေါက်ကွဲနိုင်မှာလဲ?"

တစ်ဖက်လူက သူ့အဂ္ဂိရတ်ပညာကို ဝေဖန်လာတာတွေ့တော့ သခင်ဖန်း၏ မျက်နှာသည် ပို၍ပင် ရုပ်ဆိုးလာကာ ကျယ်လောင်စွာ အော်ပစ်လိုက်သည်။

သို့သော်လည်း အော်ပြီးတာနဲ့ ခဏကြာတော့ သူ အံ့အားသင့်သွားသည်။

"မဟုတ်သေးဘူးလေ အဘိုးကြီးလော်... ဒီအချိန်ဆို မင်းကျန်းဝူကျောင်းတော်မှာ ညခင်း လက်ဖက်ရည်သောက်နေရမှာ မဟုတ်ဘူးလား? ဒီကိုပြေးလာပြီး ဘာလုပ်တာလဲ?"

သူပြောလိုက်တဲ့ အဘိုးကြီးလော် ဆိုသည်မှာ ကျန်းဝူကျောင်းတော်၏ ကျောင်းအုပ်ကြီးပင် ဖြစ်ချေသည်။

လော်ယန့်ချင်းနှင့် စကားပြောနေသူ ဤအဂ္ဂိရတ် ဒယ်အိုးဆရာသည် ကျန်းဝူအင်ပါယာတွင် နံပါတ်တစ် အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး ကျန်းဝူ ဖန်းမြို့ပိုင်ရှင် ယွမ်ဟုန် ဖြစ်သည်။

စကားပြောပုံတွေကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် အလွန်ရင်းနှီးပြီး ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ကို တွေ့မြင်နိုင်၏။

"ညနေခင်း လက်ဖက်ရည်ကို ဘေးဖယ်ထားစမ်းပါ... ငါဘာဖြစ်နေလဲ မင်းမသိတာလည်း မဟုတ်ဘဲနဲ့ အပိုတွေမပြောနဲ့... ငါ့ကို အဲဲဒီလူကြီးမင်းရဲ့ အချက်အလက်တွေကို ပေး! ငါသူ့ကိုသွားတွေ့ပြီး အကြီးအကဲအဖြစ် ဂါဝရပြုရမယ် နောက်မှမင်းဘာသာ မီးဖိုထဲမှာ ဆေးဖော်ချင်တာပဲ ဖြစ်ဖြစ် ကြော်ချင်တာပဲဖြစ်ဖြစ် လုပ်ချင်တာလုပ်!"

ကျောင်းအုပ်ကြီးလော်က အပိုမပြောချင်လို့ လက်ဝေ့ယမ်းကာ ပြောလိုက်သည်။

"အချက်အလက်? အကြီးအကဲ? ဘာကြီးလဲ?"

သခင်ဖန်း ယွမ်ဟုန်မှာ အေးခဲသွားပြီး အံ့ဩသွားသည်။

"ဒီနေရာမှာ ဟန်ဆောင်နေတာကို ရပ်လိုက်တော့ ဖန်းမြို့က ဆုလာဘ်တံတိုင်းက မေးခွန်းအားလုံးကို တစ်ယောက်ယောက်က ဖြေသွားပြီ... မင်းမသိဘူးဆိုတာ ငါမယုံဘူးဟေ့"

ကျောင်းအုပ်ကြီးလော်က အော်လေ၏။

ယွမ်ဟုန် -"ဆုလာဘ်တံတိုင်းပေါ်က မေးခွန်းတွေကို ဖြေသွားတယ်? ဘယ်နှယောက်လဲ?"

ယွမ်ဟုန်ခဏလောက် ထိတ်လန့်သွားပြီး တစ်နေ့ခင်းလုံးမှာ အဂ္ဂိရတ်ထိုးနေတာမို့ ဘယ်သူမှ သူ့ကို နှောင့်ယှက်ခွင့် မပေးတာကြောင့် ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။

"တစ်ယောက်ပါ"

မုန့်လင်က ဝင်ဖြေ၏။

"ပေါက်ကရတွေ!"

ယွမ်ဟုန်၏မျက်နှာသည် မည်းမှောင်သွားပြီး သူ့အသံထဲတွင် ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"ပြင်ပ ဆုလာဘ်တံတိုင်းပေါ်က မေးခွန်းတွေက ကျင့်ကြံခြင်း၊ မှော်ဆေးပင်၊ မှော်ဆေးလုံးနဲ့ လက်နက်... ဒါဇင်နဲ့ချီတဲ့ အမျိုးအစားကွဲတွေ။ လူတစ်ယောက်တည်းနဲ့ ဖြေသွားတယ်ဆိုတာ ပေါက်ကရတွေပဲ မလား? ဒီလို လှည့်စားတတ်တဲ့လူကို ဘယ်သူကမှ ကန်ထုတ်မပစ်ဖူးလား။ မုန့်လင် မင်းကဖန်းမြို့ရဲ့ ဘဏ္ဍာထိန်း... ဒီကိစ္စကို ငါ့ကိုအကြောင်းမကြားရလား? ငါ့အမိန့်ပေးဖို့ လိုနေသေးတာလား?

"ကန်ထုတ်ရမယ်?...အမိန့်ပေးဖို့လို....လို...."

မုန့်လင်ရဲ့ ပါးစပ်ထောင့်မှာ တုန်လှုပ်သွားပြီး အနည်းငယ် ထစ်ငေါ့သွားသည်။

"ဖန်းမြို့သခင် သူကလှည့်စားတဲ့သူ မဟုတ်ပါဘူး ဆုလာဘ်နံရံပေါ်က မေးခွန်းတွေကို သူတကယ်ဖြေခဲ့တာပါ.."

"အမှားဖြေလည်း ဖြေတာပဲ... ပေါက်ကရ ထည့်ဖြေလည်း ဖြေတာပဲ အကုန်အမှားတွေပဲ။ ငါတို့ဖန်းမြို့ စျေးကွက်ရဲ့ ဂုဏ်သတင်း ကျဆင်းသွားနိုင်တာကို မင်းမသိဘူးလား?"

ယွမ်ဟုန်က စိတ်ဆိုးဆိုးဖြင့် ဟောက်လေ၏။ ကျောင်းအုပ်ကြီးလော်လည်း ဒီမှာရှိနေတာကို မြင်တော့ သူ့လက်အောက်ငယ်သားကို သင်ခန်းစာတစ်ခု ပေးဖို့ သူ့လက်ကိုဝှေ့ယမ်းလိုက်သည် ။

"သူဖြေသွားတာ မှန်လားမမှန်ဘူးလား ငါ့ကိုပြောစမ်းပါ အပြင်ဘက်မှာရှိတဲ့ ဆုတံတိုင်းပေါ်မှာ မေးခွန်း ငါးဆယ်ရှိတယ် သူတစ်ခုကို မှန်အောင်ဖြေနိုင်ရင် ငါဒီကိစ္စကို ဒီအတိုင်း ထားလိုက်မယ်!!"

"တစ်ခုလား?"

မုန့်လင် နှုတ်ခမ်းထောင့်က နောက်တစ်ကြိမ် ထပ်လှုပ်သွားသည်။

"သူဖြေသွားတာ စုစုပေါင်း ၃၇ခုတောင်.... အကုန်မှန်တယ်!"

"အားလုံး မှားတယ်? ဒီလူက လှည့်စားနေတာမဟုတ်ဘူးလား? မင်း သွားမဖမ်းသေးဘူးလား?"

ယွမ်ဟုန် ဒေါသပေါက်ကွဲလာတော့သည်။ သူဆက်ပြောတော့မယ့် အခိုက် တစ်စုံတစ်ယောက်က စကားဖြတ်ပြောလာလေ၏။

"ဖန်းမြို့သခင်.... အကုန် မှားတာမဟုတ်ဘူး... အကုန်မှန်တာ ပြီးတော့ တစ်ခုစီတိုင်းက ပြီးပြည့်စုံတယ်... "

မုန့်လင်က သတိထားပြီး ပြောလိုက်သည်။

"အကုန်မှန်တယ်? အမ်? မင်းဘာပြောတယ်? အကုန်မှန်တယ်? ပြီးပြည့်စုံတဲ့ အဖြေ??"

ယွမ်ဟုန်သည် မူးမေ့လဲမတတ် ဖြစ်သွားပြီး ကြမ်းပြင်ပေါ် ဖင်ထိုင်ရက် ကျသွားကာ သူ့ကိုယ်သူ နားကြားမှားသွားလားတောင် ထင်သွားသည်။

အပြင်ဘက်က ဆုလာဘ်တံတိုင်း ဆိုသော်လည်း ထိုအရာတွေက ဘယ်နှနှစ်တောင် စုဆောင်းခဲ့တာတွေလဲပင် မသိတော့။ မရေမတွက်နိုင်တဲ့ ကျောင်းသား တပည့်တွေ မဖြေနိုင်ခဲ့တဲ့ မေးခွန်းတွေကို လူတစ်ယောက်တည်းက အကုန်ဖြေသွားတယ်တဲ့။ ပြီးတော့ အကုန်မှန်နေတယ်။

အကုန်လုံးက ပြီးပြည့်စုံတဲ့ အဖြေရော ဟုတ်ရဲ့လား ။ သူ့ကို လာနောက်နေတာလား။

"ဟုတ်ပြီ မင်းတို့နှစ်ယောက် ပေါက်ကရ စကားတွေ ဒီမှာ ရပ်လိုက်... ဒီအကြီးအကဲက ငါ့မေးခွန်းကို ပြည့်စုံစွာ ဖြေခဲ့တယ် ငါ လူချင်းတွေ့ချင်တယ်... အဘိုးကြီးယွမ် အမြန်လာပြီး သူရဲ့ အချက်အလက်ကို ပေးစမ်းပါ လူကိုယ်တိုင် ကျေးဇူးတင်ချင်လို့"

နှစ်ယောက်ကြား စကားဝိုင်းကို နှောင့်ယှက်ရင်း အဘိုးကြီးလော်က ဟစ်အော်လိုက်သည်။

"မင်းရဲ့မေးခွန်းကို ဖြေသွားတယ်? ပြီးပြည့်စုံတဲ့ အဖြေ? မုန့််လင် အဲဒီလူကြီးက ဘယ်မှာလဲ?"

သူနားကြား မမှားဘူးဆိုတာ သိပြီးနောက် ယွမ်ဟုန်က အော်မေးလိုက်သည်။

မင်လင်း ခေါင်းကို ကုတ်လိုက်ပြီး။

"အဲဒီအကြီးအကဲက ခုနကပဲ သွားပြီ"

"သွားပြီ? ဘယ်ကိုသွားတာလဲ? သူ့ကို မြန်မြန် လိုက်ခေါ်လေ... ဒီလိုအကြီးအကဲကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်စရာလား? ငါ့မှာသူ့ကို မေးချင်တဲ့ မေးခွန်းတွေ အများကြီးပဲ"

ယွမ်ဟုန်က ကမန်းကတန်း ခုန်ထပြီး ချက်ချင်း ပြေးလိုက်ဖို့ပြင်၏။ အလွန် ပျာယာခတ်သွားတာကြောင့် ဆေးမီးဖိုကို တက်နင်းမိပြီး ချော်လဲလုနီးပါး ဖြစ်သွားသည်။

"မြို့သခင်ဖန်း....ခင်ဗျားရဲ့ ကျစ်ယွမ်တင်...."

မြို့သခင်ဖန်း၏ အချစ်ဆုံး ဆေးမီးဖိုကျစ်ယွမ်တင်သည် အပိုင်းပိုင်း ကျိုးလုနီးပါး ဖြစ်သွားတာကို မြင်တော့ ကျစ်ယွမ်တင်လည်း အလျင်စလို ထအော်လိုက်သည်။

ဒါက မြို့သခင်ဖန်းရဲ့ ဘဝလေ။ သူသာကျိုးသွားရင် ဘယ်လိုလုပ်ကြမလဲ?။

"အဲဒီအစုတ်ပလုတ်နဲ့ ဒီဆေးပင်တွေကို လွှတ်ပစ်!! အကုန်သန့်ရှင်းလိုက်... အကြီးအကဲလာတဲ့အခါ ဒါတွေကို မမြင်စေနဲ့!"

ယွမ်ဟုန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လူကတော့ ပျောက်ကွယ်သွားသည်။

မုန့်လင် -"....."

ကျောင်းအုပ်ကြီးလော် -"......"

All Chapters