← Chapters

သမိုင်းကြောင်း၏ သန်မာအားအကောင်းဆုံးသော

Vol. 67 Ch. 881

သမိုင်းကြောင်း၏ သန်မာအားအကောင်းဆုံးသော

Vol. 67 Ch. 881

ကောင်းကင်နတ်ဧကရီ၏ အရန်နန်းတော်သည် နှစ်ပေါင်းတစ်သန်း ကြာသည့်တိုင်အောင် မပျက်စီးဘဲ ရှိခဲ့၏။ နတ်သတ္ထုများကို သုံးလျက် တည်ဆောက်ထားသောကြောင့် အလွန်တရာခမ်းနားထည်ဝါသည်။ သို့သော် မည်မျှခမ်းနားကြံ့ခိုင်စေကာမူ ယန်အာကဲ့သို့သော အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်၏ ဝင်တိုက်မှုဒဏ်အား မခံနိုင်ပေ။

အရန်နန်းတော် ဖရိုဖရဲ ဖြစ်သွားပြီး ယန်အာအသွင်ပြောင်းထားသော ငှက်ဝဝကြီးကြောင့် ဧရိယာတစ်ဝက်ကျော် ပျက်စီးသွား၏။ သူမ၏ နဂါးစာကလေးမူလဝိညာဉ်လည်း ပြုတ်ကျလာခဲ့သောကြောင့် ပါသည်။ မီးငှက်မီးတောက်များက အရန်နန်းတော်ကို အရည်ဖျော်ကာ သံရည်ပူများ တသွင်သွင် စီးဆင်းနေစေတော့သည်။

မီးတောက်မီးလျှံများက လောင်ကျွမ်းနေခြင်း မရပ်သည့်အတွက် မပျက်စီးခဲ့သော ကျန်နန်းဆောင်များဆီသို့လည်း ကူးစက်ပျံ့နှံ့သွားသည်။

ယန်အာမှာ အပျက်အစီးများထဲမှ ထရပ်ပြီး မူလဝိညာဉ်ကို ပြန်ဆွဲခေါ်လိုက်သည်။ ထို့နောက် တောင်ပံများ လှုပ်၍ ကိုယ်ပေါ်ရှိ ကျောက်ခဲအစအနများအား ခါထုတ်သည်။ မလှမ်းမကမ်းတွင် မီးစွဲလောင်နေသော အဆောင်တစ်ဆောင်မှာ သူမ တောင်ပံမြှောက်လိုက်သည့်အချိန်၌ လေအရှိန်နှင့်အတူ ယိမ်းခါသွား၏။

နဂါးချီလင်လည်း ပြန်ထရင်း ဖုန်များ ခါနေသည်။

ချင်မူကလည်း ထ၍ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလား အလုပ်လုပ်နေသည်။ သူက မီးငှက်မီးတောက်များကို အသုံးချရင်း နတ်သတ္ထုများကို အရည်ဖျော်ကာ နေရာရွှေ့ပြောင်းသင်္ကေတများ ခတ်နှိပ်နေ၏။ ဤနေရာမှ ထွက်သွားရန် ဧရာမနေရာရွှေ့ပြောင်းဝင်္ကပါတစ်ခု တည်ဆောက်မည့်ပုံရသည်။

ချင်မူ ပြေးလိုက်လွှားလိုက် လုပ်နေသော်လည်း အလွန်လေးလံသည့် ဝန်တစ်ခုက သူ့အပေါ် ဖိစီးနေကြောင်း နဂါးချီလင် မြင်နေရသည်။ အဘယ်ကြောင့်ဆိုသော်လည်း နဂါးချီလင်သည် သင်္ချာကျွမ်းသူဖြစ်၍ ချင်မူ ဟင်းလင်းပြင်အမှတ်များကို တွက်ချက်နေသည့်အချိန် မကြာခဏ မှားနေကြောင်း မြင်နေရသောကြောင့်ပင်။

ဤသည်မှာ ပုံမှန်အခြေအနေဆိုလျှင် မဖြစ်နိုင်သည့်အရာဟု ဆိုရမည်။

လက်ရှိကမ္ဘာ၏ အထူးချွန်ဆုံးသင်္ချာပညာရှင်တစ်ယောက်ပီပီ ချင်မူ တွက်ချက်မှုများ လုပ်သည့်အခါ အမှားပါနိုင်ခြေသည် သုညနှင့် နီးကပ်၏။ သူ့အတွက် ဆက်တိုက်မှားနေရန်မှ မဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်စုံတစ်ခုက သူ့စိတ်နှလုံးကို ဖိစီးနေသဖြင့် အာရုံမစိုက်နိုင်ကြောင်း သိသာသည်။

“ဂိုဏ်းသခင်၊ အသူရာချောက်ထဲမှာ ဘာမြင်ခဲ့ရလို့လဲ” နဂါးချီလင် သွေးတိုးစမ်းကြည့်သည်။

ချင်မူက နေရာရွှေ့ပြောင်းဝင်္ကပါ တည်ဆောက်နေသည်ကို ရပ်၍ ငိုင်ကျသွားသည်။ တခဏကြာသော် ပြောလေသည်။ “ကောင်းကင်နတ်အရှင်လင်ကို သတ်ခဲ့တဲ့တစ်ယောက်က ‌ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်ပဲ... သူ ကောင်းကင်နတ်မြစ်ရဲ့ လှီးဖြတ်ခံထားရတဲ့အပိုင်းကနေ ခုန်ထွက်လာတုန်းက ငါ သူ့မျက်နှာကို မြင်ခဲ့ရတယ်... အဲဒီမျက်နှာက ကောင်းကင်ယင်ကမ္ဘာမှာ တွေ့ခဲ့ရတဲ့ ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်နဲ့ တစ်ရုပ်တည်းပဲ”

နဂါးချီလင် အူတူတူဖြစ်သွားသည်။ “ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်ဟုတ်လား”

“ဒါမှမဟုတ် ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာလို့ပဲ ပြောရမလား... ဘယ်သူ ရုပ်ခန္ဓာကို ထိန်းချုပ်နေသလဲဆိုတာတော့ ငါလည်း မသိဘူး”

ချင်မူက သူ့ခေါင်းထဲရှိ အတွေးများကို ထုတ်ပြောနေ၏။ “ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာက ကောင်းကင်နတ်ဘုံမှာ မရှိနေဘူး... အဲဒါကြောင့် ‌ကောင်းကင်နတ်ဘုံကို ထိန်းချုပ်နေတဲ့လူတွေက ပြီးပြည့်စုံတဲ့ ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းနေကြတာပဲ... ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာက သမိုင်းတစ်လျှောက် သန်မာအားကောင်းဆုံး ရုပ်ခန္ဓာဆိုတော့ ဘယ်ကောင်းကင်နတ်အရှင်မှ ဒီရုပ်ခန္ဓာရဲ့ အင်အားကို အပြည့်အဝ မထုတ်ဖော်နိုင်ဘူး.... သူတို့အနေနဲ့ ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာထဲက စွမ်းအားအကုန်လုံး ထုတ်လွှတ်ဖို့ အတူတူ အလုပ်လုပ်ကြရတယ်”

သူက ရှေ့လျှောက်နောက်လျှောက် လျှောက်ရင်း တွေးနေသည်။ “ဒီရုပ်ခန္ဓာက သူတို့အတွက် တစ်ဖက်ကိုတစ်ဖက် ချုပ်ထားနိုင်တဲ့ လက်နက်တစ်ခုပဲ... ဘယ်သူမှ ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို မထိန်းချုပ်နိုင်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ရဲတော့လို့ ဟန်ချက်ညီလာတယ်”

“ဒါပေမဲ့ ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာမရှိတော့တဲ့အခါ ဘယ်သူက ကောင်းကင်နတ်ဘုံကို ထိန်းချုပ်မလဲ... အာဏာမက်လာပြီး တစ်ယောက်နဲ့တစ်ယောက် မနာလိုလာကြမယ်... ဒါ့အပြင် ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာမရှိရင် ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က သူတို့အတွက် အန္တရာယ်ပဲ... အဲဒါကြောင့် သူတို့အနေနဲ့ အားကောင်းပြင်းထန်တဲ့ လက်နက်၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ ကျန်တဲ့သူတွေကို ခါးပိုက်ထဲ ထည့်ထားနိုင်မယ့် လက်နက်ကို ဖန်တီးဖို့ လိုလာတယ်”

“အဲဒီလက်နက်က ကောင်းကင်နတ်အရှင်ယွီပဲ”

ချင်မူ ခြေလှမ်းများကို ရပ်၍ တခဏ စဉ်းစားနေသည်။ “သူတို့က ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းပြီး အောက်ဘုံဆီ သွားခိုင်းတယ်... ဒီလက်နက်က ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာနဲ့ ယှဉ်နိုင်လား စမ်းသပ်ကြည့်ကြတယ်”

နဂါးချီလင်က သိချင်စိတ်အပြည့်ဖြင့် မေးသည်။ “ဂိုဏ်းသခင် ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်နေတဲ့သူက ‌ကောင်းကင်နတ်ဘုံမှာ ရှိသေးလား”

ချင်မူ ခေါင်းယမ်းလိုက်၏။ “သူ့ရုပ်ခန္ဓာပဲ ကောင်းကင်နတ်ဘုံမှာ ရှိတာ... မူလဝိညာဉ်တော့ မရှိဘူး... သူ့မူလဝိညာဉ်က ကောင်းကင်နတ်အရှင်လင် ပိတ်လှောင်တာခံထားရလို့ မလွတ်မြောက်နိုင်ဘူး... ကောင်းကင်နတ်အရှင်လင်ကို သတ်ချင်မှတော့ အလကား သတ်လို့ရမယ် ထင်လား”

“ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဧကရာဇ်အနေနဲ့ ဘာလက်နက်မှ သုံးစရာမလိုဘူး... သူ့ရုပ်ခန္ဓာက သန်မာအားအကောင်းဆုံး လက်နက်ပဲ... ဒါပေမဲ့ ဒီလူက လှံကို လက်နက်အဖြစ် သုံးခဲ့တယ်... သူ့ကြည့်ရတာ ကောင်းကင်မဟာမိတ်အဖွဲ့ထဲက တည်‌ထောင်သူအကြီးအကဲတစ်ယောက် ဖြစ်လောက်မယ်... သူ ပေးခဲ့ရတဲ့ တန်ဖိုးက နည်းနည်းနောနောမဟုတ်ဘူး... အခု ကောင်းကင်နတ်မြစ်ထဲကနေ မလွတ်မြောက်တော့ဘဲ ပိတ်မိနေပြီ... ဒါ့အပြင် ကောင်းကင်နတ်ဘုံမှာလည်း သူ့အတွက် နေရာမရှိတော့ဘူး”

ချင်မူသည် ယခုတွင် အားအင်ပြည့်ဝသွားပြီး နေရာရွှေ့ပြောင်းဝင်္ကပါ တည်ခင်းသည့်အခါ အမှားမလုပ်တော့ပေ။

ယန်အာက နဂါးချီလင်ကို စွမ်းအင်ဆေးလုံးတစ်လုံး ကျွေး၍ ချီးကျူးသည်။ “ဖက်တီးနဂါး၊ နင့်ရဲ့ လူထိန်းကျမ်းစာက အံ့ဩစရာကောင်းသထက် ကောင်းလာတာပဲ”

နဂါးချီလင်က စွမ်းအင်ဆေးလုံး စားရင်း ပြုံးနေ၏။ “ဂိုဏ်းသခင်က ဉာဏ်ကောင်းလွန်းတယ်... တစ်ခါတလေ တစ်ယောက်ထဲ အတွေးများပြီး ရုန်းထွက်မလာနိုင်ဘူး..... ဒီတိုင်း စကားလေး ထုတ်ပြောလိုက်တာနဲ့ ရုန်းထွက်နိုင်မှာ ဆိုပေမယ့် ဉာဏ်ကောင်းတဲ့လူတွေက ထုတ်မပြောတတ်ကြဘူး... ကျွန်တော် ဘာမှသိပ်မလုပ်လိုက်ရပါဘူး ဂိုဏ်းသခင် သူ့အတွေးတွေကို ထုတ်ပြောအောင် လုပ်လိုက်ရုံသက်သက်ပဲ”

ယန်အာသည် ‌တောက်ပစွာ ပြုံး၍ နဂါးချီလင်ကို ဆက်ခွံ့နေ၏။

ချင်မူ နေရာရွှေ့ပြောင်းဝင်္ကပါကို တည်ဆောက်ပြီးသည့်အခါ နတ်သတ္ထုများ လိုက်စုသည်။ ကောင်းကင်နတ်ဧကရီ၏ အရန်နန်းတော်မှာ မီးစွဲလောင်သွား၍ နတ်သတ္ထုအားလုံး အရည်ပျော်သွားခဲ့သည်။ ယန်အာ မီးတောက်များ ပြန်ရုတ်သိမ်းလိုက်ရာတွင် သတ္ထုရည်များ အေးခဲသွားလေသည်။

ကောင်းကင်နတ်ဧကရီ၏ အရန်နန်းတော်အတွက် သုံးထားသော နတ်သတ္ထုတို့သည် အဆုံးသတ်မြို့ပျက်၏ တွင်းထွက်ပစ္စည်း ဖြစ်၏။ ချောက်နက်ထဲမှ ထုတ်ပေးသည့် ချောက်တွင်းသံမဏိ ဖြစ်ရာ အဆုံးသတ်မြို့ပျက်တွင်သာ တွေ့နိုင်သည်။ ချင်မူက ချောက်တွင်းသံမဏိများအား အရည်ပြန်ဖျော်စေပြီးနောက် သတ္ထုတုံးများအဖြစ် ပုံသွင်းကာ ထပ်ထားသည်။

“သခင်လေး ငါတို့ ဒါတွေ သယ်သွားလို့မရဘူး”

ယန်အာနှင့် နဂါးချီလင်မှာ ချောက်တွင်းသံမဏိပုံကြီးကို ကြည့်၍ ကြက်သေသေနေကြသည်။ ယန်အာက ခေါင်းယမ်းနေသည်။ “ချောက်တွင်းသံမဏိက လေးလွန်းတယ်... ငါတောင် မသယ်နိုင်ဘူး”

“ကိစ္စမရှိဘူး ကျွန်တော့်မှာ ထည့်ထားလို့ရတဲ့ နေရာတစ်နေရာ ရှိတယ်”

ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာကာ ချောက်တွင်းသံမဏိတစ်တုံးပြီးတစ်တုံး ပစ်ထည့်နေသည်။

ချင်စာလုံးကမ္ဘာထဲတွင် ချောက်တွင်းသံမဏိတုံးများက မိုးပေါက်များလို ရွာကျလာပြီး တောင်လိုပုံသွားသည်။ ကောင်းကင်နယ်စားမင်း၊ ချိဧကရာဇ်နှင့် ဗြဟ္မဗုဒ္ဓတို့သည် မည်းမှောင်နေသောမျက်နှာများဖြင့် သလင်းကျောက်ခေါင်းတလားကို ဝိုင်းနေကြစဉ် ချောက်တွင်းသံမဏိများက တဖွဲဖွဲကျလာနေ၏။

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်၏ မျက်နှာမှာ နဂိုကကတည်းက နီရဲလိုက်၊ မည်းလိုက် ဖြစ်နေသောကြောင့် မျက်နှာမည်းမှောင်မနေပေ။

“သောက်ကျိုးနည်း... ဒီနေရာက သူ့အစ်ကိုကြီးကို ချုပ်ထားတဲ့နေရာလေ... ဘယ်လိုလုပ် တွေ့ကရာတွေ လျှောက်ပစ်ထည့်နေတာလဲ” ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြောသည်။

ချင်မူက ချောက်တွင်းသံမဏိများကို ထည့်ကြည့်ပြီးနောက် ခုန်ဆွခုန်ဆွ လုပ်ကြည့်သည်။ လေးလံသည်ကို မခံစားရသည့်အခါ ပြုံးလိုက်၏။ “ဒီနေ့ကစပြီး ထောင်ကျယ်အိတ်တွေတောင် မလိုတော့ဘူး”

သူက ရွှင်ပျော်ပျော်ဓားကို ထုတ်ကာ အဆုံးသတ်မြို့ပျက်အပေါ်သို့ မော့ကြည့်သည်။ ပျက်စီးနေသော ဂြိုဟ်များ၊ ကြယ်များသည် အဆုံးသတ်မြို့ပျက်နှင့် အလွန်နီးကပ်နေလေသည်။

ကောင်းကင်နယ်စားမင်းတို့လည်း အဆုံးသတ်မြို့ပျက်၏ ကောင်းကင်ထဲရှိ ဂြိုဟ်များကို မြင်လိုက်ရ၍ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသည်။

“ခွေးကောင်လေး ဘာလုပ်ဖို့ ကြံနေတာလဲ” အားလုံး မစဉ်းစားတတ်တော့ပေ။

သားသတ်ဒယ်အိုးထဲတွင် ထိုင်၍ စားသောက်နေသော ကလေးဝဝကြီးက သူတို့အသံကြားလျှင် မော့ကြည့်သည်။ သူက အပြုံးတစ်ခုဖြင့် ပြော၏။ “ညီ‌ဆိုးလေးက ကြယ်တွေကို အဆုံးသတ်မြို့ပျက်ထဲ တွန်းချပြီး ပန်းပွင့်နှစ်ပွင့်ကို မျှားထုတ်ဖို့ ကြံနေတာ”

ကောင်းကင်နယ်စားမင်းက အလျင်အမြန် ပြောသည်။ “ညီအစ်ကိုတွေဆိုတဲ့အတိုင်း တစ်ယောက်အကြောင်း တစ်ယောက်အသိဆုံးပဲ... မင်းရဲ့ ညီဆိုးလေးက ပန်းပွင့်နှစ်ပွင့်ကို မျှားထုတ်ပြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

“ဓားနဲ့ ခုတ်ပြီး ယူသွားဖို့ပေါ့” ချင်ဖုန်းကျင့်က ပြောသည်။

ကောင်းကင်နယ်စားမင်း၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ မြေအောက်ဘုံအရှင်သခင်၏ အမူအရာက မပြောင်းလဲသော်လည်း ခြေလက်များ တုန်ရီနေ၏။

ဗြဟ္မဗုဒ္ဓနှင့် ချိဧကရာဇ်က ဤပန်းပွင့်နှစ်ပွင့်၏ နောက်ကြောင်းကို မသိသည့်အတွက် ထွေထွေထူးထူး တွေးမနေသော်လည်း ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်မှာ ကြောက်လန့်နေကြသည်။

“ပေါက်ကရတွေ ပေါက်က‌ရတွေ လုပ်တော့မယ်”

ကောင်းကင်နယ်စားမင်း၏ မုတ်ဆိတ်ဖြူများ တုန်ခါနေပြီး သူက ဒေါတသကြီး အော်ဟစ်နေသည်။ “ဒီပန်းနှစ်ပွင့်က ပင်လယ်မျက်လုံးတွေကို ပိတ်ဆို့ပေးထားတာဟ”

‌ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်မှာလည်း လက်သီးတင်းတင်းဆုပ်၍ ဒေါသတကြီး ပြောနေ၏။ “ဒီပန်းပွင့်နှစ်ပွင့် အဆုံးသတ်မြို့ပျက် ကြယ်တွေ၊ ဂြိုဟ်တွေကို အကုန်လုံးမဝါးမြိုပစ်နိုင်တဲ့ အကြောင်းရင်းပဲ”

“ပန်းနှစ်ပွင့်ကို ခုတ်ဖြတ်လိုက်ရင် ယွမ်တုရဲ့ အရှေ့ပင်လယ်တောင် ရေတစ်စက်မှ ကျန်ခဲ့မှာမဟုတ်ဘူး”

သူတို့က ကောင်းကင်ဆီသို့ ကြည့်နေကြသည်။ ချင်မူသည် လောလောဆယ်တွင် ငှက်ဝကြီးတစ်ကောင်၏ အပေါ်၌ ရပ်လျက် ချောက်နက်အပေါ်ရှိ ကြယ်တစ်လုံးဆီ ပျံတက်နေပြီး ငှက်ဝကြီး၏ မူလဝိညာဉ်ဖြင့် ကြယ်ကို ချောက်ထဲ တွန်းချရန် ပြင်နေ၏။

ကောင်းကင်နယ်စားမင်းက ဆုံးဖြတ်ချက်ချကာ အော်ဟစ်လိုက်သည်။ “သူ့အစ်ကိုကြီးကို အပြင်ထုတ်၊ ညီကို ဖမ်းမယ်... ဒီလိုပေါက်ကရတွေ လျှောက်လုပ်ခွင့်မပေးနဲ့”

ချင်ဖုန်းကျင့်မှာ ဒယ်အိုးထဲမှ အစာနိုက်နေစဉ် ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ချိဧကရာဇ်နှင့် ဗြဟ္မဗုဒ္ဓတို့ သူ့ကို ဝိုင်းလာသည်ကို မြင်လိုက်ရသည်။ ကြောက်တတ်သော မဟာနေဧကရာဇ်ပင် ရောက်လာ၏။ အားလုံး ဒယ်အိုးကို မြှောက်၍ သူ့ကို ကောင်းကင်ဆီသို့ ပစ်တင်လိုက်သည်။

ချင်မူက ရဲစွမ်းသတ္တိအပြည့်ဖြင့် ယန်အာကို ကြယ်လမ်းကြောင်းပြောင်း၍ ကြယ်ကြီးအား ချောက်ထဲ တွန်းချရန် ညွှန်ကြားနေသည်။ ရုတ်တရက် သူ မူးဝေလာပြီး ဒေါသတကြီး အော်တော့သည်။ “ကောင်းကင်နယ်စားမင်း၊ ကျွန်တော့်ကို မကောင်းကြံပြန်ပြီပေါ့... အစ်ကိုကြီး လျှောက်သောင်းကြမ်းမှာ မကြောက်ဘူးလား”

သူ့မှာ ခြေကားရားလက်ကားရားဖြင့် ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။ နောက်တစ်ခဏတွင် မြေပြင်ပေါ် ရောက်သွားပြီး သူ၏ပတ်ပတ်လည်၌ ချင်စာလုံးမြေပြင် ရှိနေ၏။ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် ကျန်ရှိသူများက မှုန်ကုပ်နေသော မျက်နှာများဖြင့် သူ့ကို ဝိုင်းထားကြသည်။

အခြားတစ်ဖက်တွင် ယန်အာက ချင်မူ အော်နေသည်ကို နားထောင်ရင်း သူ့ဘာသာသူ တွေးနေသည်။ ‘သခင်လေးတော့ ကျပ်မပြည့်ဘူး ထင်ပါရဲ့... သူ့မှာ အစ်ကိုကြီး ရှိတယ်လို့ပဲ ထင်နေတယ် သနားစရာကောင်းလိုက်တာ’

ရုတ်တရက်ကြီး ချင်မူ လေးလံလာသည်ကို ခံစားလိုက်ရသည့်အခါ ယန်အာမှာ အံ့အားသင့်နေတော့သည်။

သူမခေါင်းပေါ်တွင် ရပ်နေသည့် ချင်မူ၏ရုပ်ခန္ဓာသည် ကြောက်ခမန်းလိလိ ကြီးမားလာပြီး တခဏအတွင်း သူမထက်ပင် ကြီးမားပြီး ဝပြဲနေသော ကလေးဖက်တီးကြီး ဖြစ်လာ၏။ ယန်အာမှာ ကောင်းကင်ထက်မှ ပြုတ်ကျလုနီးနီး ဖြစ်သွားသည်။

သူမ အံ့အားသင့်နေစဉ် ကလေးကြီးက ကလေးအသံဖြင့် စကားပြောနေသည်ကို ကြားလိုက်ရသည်။ “မြေအောက်ဘုံအရှင်သခင်က ငါ့ကို ဆိုးတယ်လို့ အမြဲပြောပေမယ့် အခု ဘယ်သူက လူဆိုးလဲ သိကြပြီမလား... ညီဆိုးလေးကမှ တကယ့် ငဆိုးလေး... ညီဆိုးလေးက အမြဲပြဿနာရှာတယ်... ငါက သူ့ချီးထုပ်ကို လိုက်ရှင်းရတယ်... အေးပေါ့လေ အစ်ကိုကြီးဖြစ်နေတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ”

ယန်အာမှာ ကြောက်လန့်လာပြီး ကလေးကြီး လက်ဆန့်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။ သူ၏ပြည့်ပြည့်ဖောင်းဖောင်း လက်ဝါးကြီးက ဧရာမကြယ်ကြီးကို အသာအယာ ပွတ်သပ်ပြီးနောက် တောက်ထုတ်လိုက်၏။

“မကြောက်နဲ့ ငါက နင်တို့ကို ကယ်လို့ လာတာ”

ဝဝတုတ်တုတ်ကလေးကြီးက သူမခေါင်းပေါ်မှ မြေပြင်ထက်သို့ ဘုန်းခနဲ ဆင်းချသည်။ သူက ချောက်ထဲတွင် မတ်တပ်ရပ်လျက် ငှက်ဝကြီး၏လည်ပင်းကို လှမ်းဆုပ်ကိုင်ကာ အပြုံးတစ်ခုဖြင့် ပြော၏။ “မကြောက်ပါနဲ့ ငါက အကြောင်းမဲ့သက်သက် မသတ်ပါဘူး... ငါ့မှာ အခု စည်းကမ်းတွေ ရှိနေပါပြီ... နင် မြေအောက်ဘုံအရှင်လေး ပဋိညာဉ်ချုပ်ဆိုချင်လား”

ယန်အာ ကမန်းကတန်း ခေါင်းယမ်းလိုက်သည်။

ဝဝတုတ်တုတ်ကလေးကြီးက သူမကို ပြန်ချပေးပြီး ခန္ဓာကိုယ်ကို ကျုံ့သည်။ ထို့နောက် ချင်မူ ခင်းထားသော နေရာရွှေ့ပြောင်းဝင်္ကပါဆီသို့ ခက်ခက်ခဲခဲ လေးဖက်ထောက်သွားကာ ပြောသည်။ “ငါ ပိုဝလာတာပဲ ... အမေတော့ ငါ့မြင်ရင် သိပ်ပျော်သွားမှာ သေချာတယ်... လာ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်စို့... ဒီမှာ နေလို့မရဘူး... မဟုတ်ရင် ညီဆိုးလေး ပေါက်ကရေတွေ လျှောက်လုပ်တော့မှာ”

ယန်အာနှင့် နဂါးချီလင်မှာ ငေးကြောင်ကြောင်ဖြင့် နေရာ‌ရွှေ့ပြောင်းဝင်္ကပါထဲသို့ အလျင်အမြန် ဝင်လိုက်ကြသည်။ နဂါးချီလင်က တုန်ရီနေသောအသံဖြင့် မေးလေသည်။

“ခင်ဗျားက ဂိုဏ်းသခင်ရဲ့ အစ်ကိုကြီးလား”

ဝဝတုတ်တုတ်ကလေးကြီးက ခေါင်းညိတ်၍ နေရာရွှေ့ပြောင်းဝင်္ကပါကို လျှောက်ဆော့နေသည်။ “ငါ အပြင်ထွက်ရတာ မကြိုက်ဘူး... အပြင်က ဆူလွန်းတယ်.... စည်းကမ်းတွေလည်း အများကြီးမလို့ ငါ့နေရာပဲငါ ပြန်ချင်တယ်... ဒါပေမဲ့ ညီဆိုးလေးက ပြဿနာရှာလိုက်တော့ ထွက်လာရတာပဲ... ဒီကစားစရာကို ဘယ်လိုသုံးတာလဲ”

နဂါးချီလင်က နေရာရွှေ့ပြောင်းဝင်္ကပါကို အလျင်အမြန် အသက်သွင်းလိုက်၍ ဝင်္ကပါပေါ်ရှိ အမှတ်အသားများ လင်းထိန်လာသည်။

ဝဝတုတ်တုတ်ကလေးကြီး၏ မျက်လုံးများ အရောင်တောက်သွားပြီး သူက ပြည့်ပြည့်ဖောင်းဖောင်း လက်ကြီးဖြင့် နဂါးချီလင်ခေါင်းကို ပွတ်သက်ကာ ချီးကျူးသည်။ “မင်းက အများကြီး သိတာပဲ... ညီဆိုးလေး မင်းကို မစားတာ ဒါကြောင့်ကိုး...”

အလင်းရောင် လက်သွားပြီး သူတို့ပျောက်ကွယ်သွားသည်။

နောက်တခဏတွင် နဂါးအရှင်စီရင်စုတွင် သူတို့ပြန်ပေါ်လာကြသည်။ မရဏတမန်တော်က ဝိညာဉ်များကို ခေါ်ဆောင်သွားပြီဖြစ်၍ ဤနေရာမှာ သုဿန်တစပြင်ပမာ တိတ်ဆိတ်နေ၏။

ဝဝတုတ်တုတ်ကလေးကြီးက ယန်အာနှင့် နဂါးချီလင်ကို လှမ်းဆွဲ၍ သူ့ပခုံးပေါ် တင်သည်။ သူက အပြုံးတစ်ခုဖြင့် ပြော၏။ “မင်းတို့တွေ ပြေးတာ နှေးတယ်... ငါ ခေါ်သွားပေးမယ်... မင်းတို့နှစ်ကောင် ညီဆိုးလေးကို သေသေချာချာ ထိန်းနော် ပြဿနာမရှာစေနဲ့... ငါလည်း အပြင်ထွက်ရတာ မကြိုက်ဘူး...”

နဂါးချီလင်နှင့် ယန်အာမှာ ငေးကြောင်လျက်ပင်။

ရုတ်တရက် ဤကလေးကြီးက ပုတိုတိုခြေထောက်ကြီးဖြင့် ရှေ့တစ်လှမ်းလှမ်းကာ အားကုန်ပြေးတော့သည်။ ဘုန်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ သူက နဂါးအရှင်စီရင်စုကို အတားအဆီးနံရံကို ထိုးဖောက်၍ ပင်လယ်တစ်လျှောက် ပြေးသွား၏။ သူ ပင်လယ်ထက်တွင် ပြေးနေသော အမြန်နှုန်းက ယန်အာကိုပင် အံ့အားသင့်မိစေသည်။

ဝဝတုတ်တုတ်ကလေးကြီး၏နောက်တွင် လှိုင်းလုံးကြီးများ မြောက်တက်လျက် ကျန်ခဲ့သည်။ ထိုအမြန်နှုန်းဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်ရန် ရက်ပိုင်းပင် ကြာမည်မဟုတ်ပေ။

“ဂိုဏ်းသခင်ရဲ့ ခန္ဓာကိုယ်ထဲမှာ အစ်ကိုကြီးတစ်ယောက် တကယ် ရှိနေတာပဲ” နောက်ဆုံးတော့ နဂါးချီလင် စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည်။

ချင်စာလုံးကမ္ဘာထဲတွင်...

ချင်မူက အားလုံး၏အလယ်၌ လိမ်လိမ်မာမာ ထိုင်၍ စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့နေသည်။

“နည်းနည်းလေးပဲ လိုတယ်.... ကပ်ဆိုက်ဖို့ နည်းနည်းလေးပဲ လိုတယ်ကွ”

ကောင်းကင်နယ်စားမင်းမှာ အမျက်တချောင်းချောင်း ထွက်နေပြီး သူ့ကို ဆူနေသည်။ “ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမ ဘာလို့ ဒီလောက်အဆင့်အတန်း မြင့်နေတယ်ထင်လဲ... ကောင်းကင်နတ်ဧကရာဇ် သူတို့ကို ဘာကြောင့် လက်ထပ်ခဲ့ရတယ်ထင်လဲ... ကြာနှစ်ပွင့်က ပင်လယ်မျက်လုံးကို ပိတ်ဆို့ပေးထားလို့ကွ ... ဒီကြာနှစ်ပွင့်က ကောင်းကင်နဲ့မြေပြင်ရဲ့ အမြစ်ပဲ... မင်း သူတို့ကို ခုတ်ဖြတ်ပြီး ဆွဲနုတ်လိုက်ရင် ယွမ်တုမှာ အသက်ဓာတ်တွေ ရှိတော့မှာမဟုတ်ဘူး... ငါ့ယွမ်တုရဲ့ ကြယ်တာရာတွေတောင် အဆုံးသတ်မြို့ပျက်ရဲ့ ချောက်နက်ထဲ ဝါးမြိုခံလိုက်ရလိမ့်မယ်”

ချင်မူ ခေါင်းငုံ့ထားသည်။ “အခု ကျွန်တော့်အမှားကို သိပါပြီဗျာ”

ကောင်းကင်နယ်စားမင်းက ‌ဒေါသတကြီး ကြိမ်းမောင်းနေသည်။ “ချင်ဖုန်းကျင့်ကို ချုပ်ထားရမယ်ဟုတ်လား... မင်းကိုမှ ချုပ်ထားသင့်တာ... မင်းကမှ ပြဿနာရှာတဲ့ ငမွှေထိုး... ကောင်းကင်နတ်ဧကရီရဲ့ ညီမအလောင်းကရော ဘာတုန်း”

ချင်မူ အလျင်အမြန် ပြောလိုက်သည်။ “အဲဒါ ကျွန်တော့်အမှားမဟုတ်ဘူး... ကောင်းကင်နတ်အရှင်လင်က သူ့ကို သတ်ခဲ့တာ”

ကောင်းကင်နယ်စားမင်းက သူ့ကို ဆက်ဆူရန် လုပ်နေသေးသော်လည်း ရုတ်တရက် မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားသည်။ “မကောင်းတော့ဘူး ငါ သေတော့မယ်”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်လည်း အော်ဟစ်သည်။ “သေစမ်း ငါလည်း သေနေ့စေ့တော့မယ်ဟ”

ချင်မူ မှင်သက်သွား၍ အလျင်အမြန် ထကာ စပ်စုသည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ကိုယ်ပွားများ ရှေ့လျှောက်နောက်လျှောက် လျှောက်နေကြစဉ် ဗြဟ္မဗုဒ္ဓကလည်း သက်ပြင်းချလျက် ပြောလေသည်။ “နောင်တော်တို့၊ ငါလည်း မင်းတို့ပြောတာ သဘော‌ပေါက်ပြီ.... အဲဒီလက်နက် ငါ့ဗြဟ္မဘုံဆီ ရောက်လာပြီ”

ချင်မူ ရင်ထဲ ထိတ်သွားသည်။ “လက်နက်ဟုတ်လား”

ကောင်းကင်နယ်စားမင်း၏ကိုယ်ပွားက လေထဲတွင် လက်ဝှေ့ယမ်းကာ သက်ပြင်းချပြီး ပြော၏။ “ကြည့်လိုက်”

သူ့လက်နှစ်ဖက် ဖြန့်လိုက်သည့်အခါ ချင်စာလုံးမြေပြင်ထက်ရှိ ကောင်းကင်ထဲတွင် ယွမ်တုပေါ်လာသည်။ ကောင်းကင်နယ်စားမင်း၏အရှေ့၌ ကမ္ဘာလောကများကို စိုးမိုးနိုင်သော ဧရာမခန္ဓာကိုယ်ကြီးဖြင့် နတ်ဘုရားတစ်ပါးက ရွှမ်တု၏ ကမ္ဘာလောကစည်းကို ထိုးဖောက်လျက် အထဲတွင် ပေါ်လာသည်။

၎င်းက ကောင်းကင်နတ်အရှင်ယွီဖြစ်ပြီး သူ့အနောက်တွင် ကောင်းကင်နတ်ဘုံတစ်ဘုံ ဖော်ဆောင်ထားသော ကောင်းကင်နန်း‌ဆောင်များ ပျံဝဲနေ၏။ ကောင်းကင်နတ်အရှင်ယွီကား ကောင်ကင်နတ်ဘုံ၏ အုပ်စိုးသူအရှင်ဘုရင်ပမာ ထင်ရလေသည်။

“ကောင်းကင်နတ်ဘုံရဲ့ သန်မာအားကောင်းဆုံး လက်နက် ငါ့ရွှမ်တုမှာ ပေါ်လာတာက ငါ့ကို ဖယ်ရှားဖို့ပဲ မဟုတ်ပေလား” ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက သက်ပြင်းချသည်။

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်ကလည်း ပြော၏။ “ယိုတုကိုလည်း အဲဒီလက်နက် ဆင်းသက်လာပြီ”

All Chapters