← Chapters

သားရဲသစ်တော

Vol. 1 Ch. 11

သားရဲသစ်တော

Vol. 1 Ch. 11

ဝုန်း!

သားရဲသစ်တော အလယ်တွင် ပုံရိပ်တစ်ခုသည် လျင်မြန်စွာ လှုပ်ရှားသွားပြီး လက်သီးထိုးသံများလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။ ခဏအကြာတွင် ဧရာမ သားရဲကြီးတစ်ကောင် လဲကျသွားလေသည်။

"သံမဏိနှလုံး ဝံပုလွေရဲ့ နှလုံးကျောက်ပဲ.... အရမ်း အဖိုးတန်တယ် ဒါကိုသုံးပြီး သားရဲသွေး မှော်ဆေးသာ လုပ်လိုက်ရင် ကွင်း၆ကွင်း နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်သွားရုံတင် မကဘူး ၇ကှငျး နယ်ပယ် အနီးတောင် ရောက်သွားနိုင်တယ်"

သားရဲ၏ နှလုံးသားကို တူးဖော်ပြီးနောက် လူငယ်၏ မျက်နှာမှာလည်း တောက်ပလာသည်။ လုရွှမ်သည် တင်လန်လက်ကောက်ကို ဖျက်စီးပြီး သူ၏ ခွန်အားကို မြှင့်တင်ရန် သားရဲသစ်တောသို့ ရောက်ရှိလာခဲ့တာ ယခုဆိုလျှင် ငါးရက်ရှိပြီဖြစ်သည်။

ဆူးယာနဲ့ ပတ်သက်ပြီး ပြောရရင်တော့ သူမက မူလပိုင်ရှင်ရဲ့ ချစ်ရသူသာဖြစ်ပြီး သူကတော့ ဘာမှမခံစားရ။ သူမက မူလပိုင်ရှင်အပေါ်တောင် စော်ကားခဲ့သေးတယ်လေ။

သူ့အတွက်ကတော့ ဘာမှမဟုတ်တာမို့ ထိုနေရာက ထွက်သွားပြီးတာနဲ့ မေ့သွားပြီ ဖြစ်သည်။

မိန်းကလေး တစ်ယောက်နဲ့ ရောရောနှောနှော နေမယ့်အစား သူ့စွမ်းအင်တွေကို တိုးတက်အောင် လုပ်တာကမှ အကောင်းဆုံးပင် ဖြစ်၏။

သားရဲသစ်တောထဲ ပထမဆုံးဝင်တဲ့ နေ့မှာပဲ ရက်စက်တဲ့ သားရဲတစ်ကောင်နဲ့ ထိပ်တိုက်တွေ့လေသည်။ တော်တော် အားထုတ်လိုက်မှသာ သတ်နိုင်ခဲ့၏။

သွေးကို သားရဲသွေး မှော်ဆေးလုံးအဖြစ် သန့်စင်ပြီး သားရဲ၏အသားကို စားကာ ပိုင်ရွှယ်ဟွေ့ကောင်းကင်မြေပုံထဲက အတိုင်းသာ လေ့ကျင့်ရင် ငါးရက်အတွင်း ကွင်းငါးကွင်းကို အောင်မြင်စွာ ဖြတ်ကျော်ကာ ခြောက်ကွင်း အနေအထားသို့ ရောက်ရှိစေနိုင်သည်။

သားရဲသွေးနှင့် သားရဲအသားကို စားသုံးပြီးနောက် ပြန်ထွက်လာခဲ့သည်။ မမျှော်လင့်ဘဲ ဤတစ်ကြိမ်တွင် သူ ကံကောင်းခဲ့ပြီး သံမဏိဝံပုလွေ သားရဲနှင့် တွေ့ဆုံခဲ့သည်။

သားရဲသွေး မှော်ဆေးနဲ့သာ ဆိုရင် အနီးဆုံး ၆ကွင်းနယ်ပယ်ကို အထွတ်အထိပ်အထိ ရောက်ရှိသွားဖို့က ပြဿနာမရှိပါ။ ကောင်းကောင်း မကျင့်ကြံနိုင်ရင်တောင် ကွင်း၇နယ်ပယ်ကို နီးကပ်နေပြီ။

အာဝူး......

နှလုံးသားကျောက်ကို တူးဖော်ပြီး စားဖို့နေရာရှာခါနီးမှာ ဝံပုလွေအူသံကို ကြားလိုက်ရပြီး ဝံပုလွေဖြူကြီး တစ်ကောင်က မြက်ခင်းပြင်ပေါ်ကနေ ခုန်ဆင်းလညကာ စိတ်အားထက်သန်စွာ စိုက်ကြည့်နေလေ၏။

ထိုဝံပုလွေသည် မတိုင်ခင် အချိန်က သံမဏိနှလုံး ဝံပုလွေထက် နှစ်ဆပိုကြီးပြီး၊ သူ့ထက် ဦးခေါင်းတစ်ဝက်ခန့်မြင့်ကာ နီရဲသော မျက်လုံးများနှင့် ပြင်းထန်သော လူသတ်ချင်သည့် ရောင်ဝါများ ရှိသည်။

"ဝူအဆင့် သံမဏိနှလုံး ဝံပုလွေဘုရင်?"

လုရွှမ် မျက်နှာတင်းကြပ်သွားသည်။

သာမန် သံမဏိနှလုံး ဝံပုလွေများက ကွင်း၃ ၄ကွင်း နယ်ပယ်တွေမှာ ရှိကြသည်။ ဝံပုလွေဘုရင် ဆိုရင်တော့ ဝူအဆင့်နဲ့ သိပ်မကွာတော့ပေ။ ယေဘုယျအားဖြင့် ဝူအဆင့်၏ ပထမအဆင့်ပင်လျှင် ၎င်း၏ ပြိုင်ဘက်မဟုတ်ချေ။

ဝူအဆင့်၏ ပထမအဆင့်သည် ခန္ဓာကိုယ်ထဲက မူလအမှတ်ကို ရှာ၍ ဝိညာဥ်ချီတွေကို ခန္ဓာကိုယ်အတွင်း စုဆောင်းထိန်းချုပ်ရန် ဖြစ်သည်။

ချီဝိညာဥ် စုဆောင်းမှု အခြေအနေအောက်တွင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော အလွန်ကြီးမားတဲ့ ကျော်လွှားမှု ရှိရာ ဝူအဆင့်နဲ့ဆို သဘောတရား နှစ်မျိုးကဲ့သို့ ဖြစ်နေသည်။

ဝူအဆင့်ရဲ့ ပထမအဆင့်တောင် ပြိုင်ဘက်မဟုတ်နိုင်တဲ့ ဝံပုလွေဘုရင်က သူနဲ့မှ ထိပ်တိုက်တွေ့ရတယ်လို့။ ကံသိပ်ဆိုးလွန်း မနေဘူးလား။

"တိုက်စမ်းပါ!!"

အခုအချိန်မှာ ထွက်ပြေးလည်း လွတ်မှာမဟုတ်ချေ။ သူ့မျက်လုံးများတွင် တောက်ပလာပြီး လုရွှမ်သည် သူ့လက်ကောက်ဝတ်ကို လှည့်ကာ ခါးမှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ကွင်း၆ကွင်း မဟုတ်သလို ဝူအဆင့်လည်း မဟုတ်ပေမယ့် တကယ့် တိုက်ပွဲမှာ ဘဝနှစ်ခု အတွေ့အကြုံရှိတဲ့ လူသားနဲ့ ဝံပုလွေဘုရင်မှာ ဘယ်သူ အနိုင်ရရှိမယ်ဆိုတာ မသိနိုင်သေး။

ဝုန်း....

သူထွက်မပြေးဘဲ ဓားမြှောင်ကို ဆွဲထုတ်တာကို မြင်လိုက်ရတော့ သံမဏိနှလုံး ဝံပုလွေဘုရင်ဟာ ပြင်းထန်တဲ့ ဒေါသကို ခံစားလိုက်ရပြီး သူ့မျက်လုံးတွေ နီရဲလာကာ ဟောက်သံနဲ့ ပြေးထွက်လာလေ၏။

သူ့ခွာကို မြှောက်လိုက်သည်နှင့် ကောင်းကင်အပြည့် ဖုန်မှုန့်များ ပြည့်သွားသည်။

"သေစမ်း!"

တစ်ဖက်က ဝံပုလွေဘုရင် သူ့ထံသို့ အရှိန်ပြင်းပြင်းဖြင့် ချဉ်းကပ်လာစဥ် လုရွှန်သည် ရှောင်လည်းမရှောင် ခြေဖဝါးဖြင့် မြေပြင်ပေါ်ထောက်ကာ ရှေ့သို့ အမြန်ပြေးချလာပြီး မျက်စိတစ်မှိတ်အတွင်း ဝံပုလွေဘုရင်ရှေ့ ရောက်သွားသည်။

ရှေ့ပိုင်းတိုက်ခိုက်မှုကို ရှောင်ရှားရန် ခန္ဓာကိုယ်သည် စောင်းလိုက်သည်။ ညာလက်ကို တစ်ဝက်တစ်ပျက်ဖြင့် ပြောင်းပြန်လှန်ကာ အထက်သို့ ပင့်မြှောက်ထားလိုက်၏။

ဓားမြှောင်သည် ဝံပုလွေဘုရင် လက်အောက်ရှိ အနူးညံ့ဆုံး ဝမ်းဗိုက်ထဲသို့ ချောမွေ့စွာ ထည့်သွင်းပြီးသား ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် သူ့ပခုံးကိုလည်း ဝံပုလွေဘုရင်၏ ခွာဖြင့် တိုက်ခိုက်မှုကြောင့် သွေးထွက် ဒဏ်ရာများစွာ ထွက်ပေါ်လာခဲ့သည်။ လူတစ်ကိုယ်လုံး ၁၀မီတာလောက် လွင့်သွားကာ သစ်ပင် ပင်စည်ဖြင့် ပြင်းထန်စွာ တိုက်မိလေသည်။

သွေးများ ထွက်ကျလာတာကြောင့် လုရွှမ်၏ ပုခုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့ရင်ဘတ်မှာလည်း ပေါက်ကွဲတစ်သံ ထွက်လာ၏။

ခြေသည်း တစ်ချက်အောက်မှာ ဒဏ်ရာအပြင်းအထန် ရသွားတာပဲ!

ဝံပုလွေဘုရင်၏ ဝမ်းဗိုက်သည် ထိုးသတ်ခံထားရသဖြင့် ဒဏ်ရာအပြင်းအထန် ရသွားသည်။ ၎င်းမှာ ဒေါသကြောင့် ပိုမိုကြမ်းတမ်းလာပြီး ဟောက်သံနဲ့အတူ ချွန်ထက်သော သွားများကိုလည်း အေးစက်စွာ ထုတ်ပြလာသည်။

မျက်စိရှေ့က ဒီလူသားက သူ့ကိုဒေါသထွက်အောင် လုပ်လိုက်တာပဲ!

"ဒါဆို ဘယ်သူ အရင်သေမလဲ ကြည့်ရသေးတာပေါ့"

လုရွှမ် သူ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ ခန္ဓာကိုယ်ထဲက နာကျင်မှုတွေကို ထိန်း၍ တစ်ဖက်က ဝံပုလွေဘုရင် လှုပ်ရှားမှာကို စောင့်မနေဘဲ သူ ကြိုပြီး ပြေးထွက်သွားသည်။

ဝံပုလွေဘုရင်လည်း နောက်တစ်ကြိမ် ဟိန်းဟောက်ကာ ပြေးဝင်လာ၏။

လုရွှမ်သည် ရှေ့သို့ ခုန်တက်ကာ ဝံပုလွေဘုရင်၏ ဝမ်းဗိုက်ကို ဓားမြှောင်ဖြင့် ချိန်ရွယ်ကာ သိုင်းကွက်သည် ယခင်အတိုင်းပင် ဖြစ်လေသည်။

ဝံပုလွေဘုရင်က အခုမှ ဒဏ်ရာရသွားတဲ့အတွက် ဒီလှုပ်ရှားမှုက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ဘယ်လိုလုပ် မသိဘဲနေမလဲ။ သူ ခေါင်းငုံ့ပြီး လုရွှမ်ရဲ့ လက်ကောက်ဝတ်ကို ကိုက်လိုက်သည်။

ဝံပုလွေဘုရင်လို့ကို မပြောရဘူး။ တိုက်ခိုက်သွားတာ လျင်မြန်ပြီး ချောမွေ့နေတာပဲ။ တစ်ခါ ကိုက်လိုက်တာတောင် လက်ကောက်ဝတ် တစ်ခုလုံး ကျွတ်ထွက်သွားသလိုပဲ။

"လာတာနဲ့ အတော်ပဲ!"

ဒီတိုက်ကွက်ကို ၎င်းက အကောင်အထည်ဖော်မယ်လို့ သူမှန်းဆထားပြီးသားမို့ လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ဝံပုလွေဘုရင်ဝမ်းဗိုက်ကို ချိန်ရွယ်ထားသော ဓားမြှောင်သည် ချက်ချင်း ဦးတည်ချက် ပြောင်းသွားပြီး ၎င်းကို အနည်းငယ် မြှင့်လိုက်သည်။

ဒီတစ်ကြိမ်တော့ ရှိသမျှ အားကုန် ထုတ်သုံးလာရ၏။

'ရွှတ်......'

ဓားမြှောင်သည် ၎င်း၏ ဘယ်ဘက်မျက်လုံးကနေ ထိုးသွင်းပြီး ဦးနှောက်ထဲအထိ ထိုးဖောက်သွားတဲ့အခါ ဝံပုလွေဘုရင်သည် မြေပြင်ပေါ်သို့ လဲကျကာ ပွဲချင်းပြီး သေဆုံးသွားလေ၏။

"ဟူး.... မင်းအရင် သေသွားရတာပဲ!"

မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုရွှမ်က တဟားဟား ရယ်လိုက်သည်။ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေကာ လက်မောင်းမှာလည်း မထောင်နိုင်လုနီးပါး ဖြစ်နေပြီ။

ဝံပုလွေဘုရင်ကို တိုက်ခိုက်ရသည်က အချိန်တိုတောင်းသော်လည်း သူ့မှာ ခွန်အားရှိသမျှ ကုန်ဆုံးသွားပြီ ဖြစ်သည်။ အနည်းငယ် သတိမထားမိပါက ၎င်းနေရာမှာ ယခုအချိန် လဲလျောင်းနေရသူမှာ သူကိုယ်တိုင် ဖြစ်နေမှာ သေချာပါသည်။

"ကောင်းပြီ... ဝံပုလွေဘုရင်လေးလည်း တော်တော်လေး ကြိုးစားခဲ့ပါတယ်!"

လုရွှမ် တစ်ချက်ရယ်ပြီးနောက် မတ်တတ်ထရပ်လိုက်သည်။

အရင်ဘဝက သူတစ်ချက် ကြည့်လိုက်တာနဲ့ ဝိညာဥ်သားရဲတွေဆိုတာ လှုပ်တောင် မလှုပ်ရဲကြဘူး။ အခုတော့ အဆင့်သိပ်မကွာတဲ့ သားရဲတစ်ကောင်နဲ့ တိုက်ခိုက်ရတာ သေလုနီးပါးပဲ။

အဲဒါကို ပြန်ပြောရရင် ဟာသတစ်ခုလိုပဲ။

"ဝံပုလွေဘုရင် ရှိရင် သံမဏိနှလုံး ဝံပုလွေတွေလည်း ရှိနိုင်တယ်... မြန်မြန် ထွက်မသွားရင် ဖက်ထုပ်လို့ အစားခံရလိမ့်မယ်"

စိတ်လှုပ်ရှားနေသော်လည်း ဒီနေရာက ရပ်နေသင့်တဲ့ နေရာမဟုတ်ကြောင်းကို ကောင်းကောင်း သိလေ၏။ ဝံပုလွေဘုရင် ရှိရင် သံမဏိနှလုံး ဝံပုလွေတစ်အုပ်လည်း ရှိလိမ့်မည်။

ဒဏ်ရာမရထားရင် ကိစ္စမရှိပေမယ့် အခုခန္ဓာကိုယ်က ဒဏ်ရာ အပြင်းအထန် ရထားတော့ အဝိုင်းခံလိုက်ရရင် ဘယ်လို သေလို့ သေသွားမှန်းတောင် သိလိုက်ရမည်မဟုတ်။

ဝံပုလွေဘုရင်၏ အရေခွံနှင့် အရေးကြီးသော အစိတ်အပိုင်းအချို့ကို ဖြတ်တောက်ပြီးနောက် လုရွှမ် အမြန်ထွက်ခွာ လာခဲ့သည်။

တစ်နာရီခန့် ကြာပြီးနောက်

ဝံပုလွေဘုရင်ကို သတ်ပြီး ၁၀ ကီလိုမီတာ ကျော်ဝေးသော လှိုဏ်ဂူထဲတွင် လုရွှမ် သက်ပြင်းတစ်ချက်ချကာ တင်ပျဉ်ခွေထိုင်လိုက်သည်။

သားရဲသွေး မှော်ဆေးလုံး။ နာမည်က မှော်ဆေးလုံး ဖြစ်တာ တကယ်တမ်းတော့ သွေးကြောတွေထဲက စွမ်းအင်တွေသာဖြစ်ပြီး ထိုစွမ်းအင်တွေကို ဆေးပင် သစ်တောတွေထဲမှာလည်း တွေ့နိုင်၏။

အဖိုးတန်သည်ဟု မမှတ်ယူနိုင်သော်လည်း သားရဲ၏ အမျက်ဒေါသမှ ရလာသော ၎င်းသည် ရုပ်ခန္ဓာနှင့် ကြံ့ခိုင်မှုအပေါ် ကြီးမားသော သက်ရောက်မှုရှိသည်။

ဒီပစ္စည်းရဲ့ အသုံးပြုပုံကို လုရွှမ် အရင်ဘဝက ဂိုဏ်းကြီး၆ဂိုဏ်း၏ ရှေးခေတ်လှည့်ကွက်များ စာအုပ်ထဲတွင် တွေ့ခဲ့ဖူးသည်။ အရင်ဘဝကတော့ သူစာအုပ်ထဲကအတိုင်း သုံးနေစရာတောင် မလို။

သို့သော် အခုခန္ဓာကိုယ်ကတော့ ပထမတန်းစား ဆေးတွေနဲ့သာ ထိရောက်မှု ပိုကောင်းလေသည်။

နောက်ဆုံးတွင် သားရဲများသည် လူသားတို့လက်လှမ်းမမီနိုင်သော သန်မာသည့် ကိုယ်လုံးကိုယ်ပေါက်များဖြင့် မွေးဖွားလာကြ သူများဖြစ်သည်။ သူတို့သွေးကိုသုံးပြီး မှော်ဆေးလုံးလုပ်လျှင် လူ့ခန္ဓာကိုယ်သည် သားရဲကဲ့သို့ တဖြည်းဖြည်း သန်မာလာမှာ ဖြစ်ပေ၏။

ထိုအရာကြောင့် သူသည် ငါးရက်အတွင်း အသံတစ်ကွင်းအထိ မြှင့်တင်နိုင်ခဲ့သည်။ သို့မဟုတ်လျှင် ရိုးရှင်းသော လေ့ကျင့်ရုံဖြင့် တစ်နှစ်ကြာရင်တောင် ထိုအဆင့်ကို ရောက်နိုင်မည် မဟုတ်ချေ။

ဝူအဆင့် ရောက်ရှိသွားကာ ၅ကွင်းနယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် တစ်ကွင်းမှ တစ်ကွင်းသို့ တက်လှမ်းရန် ခက်ခဲလာသည်။ နောက်ဆုံးမှာ လေ့ကျင့်မှုကိုပဲ မှီခိုနေပြန်ရင်လည်း မအောင်မြင်နိုင်ပါ။

သားရဲသွေး မှော်ဆေးလုံးဟာ သွေးလက်ခံသူ ပိုင်ရှင်၏ စွမ်းအားကို အဆုံးအဖြတ် ပေး၏။ စွမ်းအင်မြင့်လေ အကျိုးသက်ရောက်မှုက အားကောင်းလေ ဖြစ်သည်။

လုရွှမ်သည် ၃ကွင်း နယ်ပယ်ရှိ သားရဲကြီး၏သွေးမှ သန့်စင်ထားသော သားရဲသွေး မှော်ဆေးလုံးကို မသောက်မီတွင် ကွင်းခြောက်ကွင်းကို ဖြတ်ကျော်ကာ ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။

အခုက ဝူအဆင့်ရှိတဲ့ ဝံပုလွေဘုရင်ဆိုတော့ ကွာခြားချက်ကလည်း သူမတူအောင် ကြီးမားလိမ့်မည်။

စုဆောင်းရရှိထားသော သန့်စင်ထားတဲ့ ဆေးဖက်ဝင် ပစ္စည်းများကို သွေးထဲသို့ ကြိတ်ချေပြီး သွေးခဲများအဖြစ်သို့ ပြောင်းလဲလိုက်သည်။

အချိန်အတော်ကြာတော့ ဝံပုလွေဘုရင်ရဲ့ သွေးကို သန့်စင်လို့ ပြီးသွားခဲ့သည်။

အသက်ရှုချိန် ညှိပြီးနောက် ပါးစပ်ကိုဖွင့်ကာ သားရဲသွေးဆေးလုံးကို မျိုချလိုက်သည်။

ဝံပုလွေဘုရင်၏သွေးနှင့် နှလုံးသားတို့မှ သန့်စင်ထားသော သားရဲသွေးဆေးလုံမှာ မျှော်လင့်ထားသည့်အတိုင်းပင်။

သူ့လည်ချောင်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် လုရွှမ်သည် ပြင်းထန်သောစွမ်းအားတစ်ခု သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည့် ခံစားချက်ကို ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။

ပြင်းထန်သော စွမ်းအားများ အောက်တွင် မူလက ခြောက်ကွင်းနယ်ပယ်သို့ ရောက်ရှိသွားသော ရုပ်ခန္ဓာသည် ဆက်လက်၍ တိုးတက်နေပြီးရင် ဆက်လက် တိုးတက်နေလေ၏။

မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားသည်။ လုရွှမ် လေ့ကျင့်တာကို ရပ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

သုံးရက်ကြာသွားပြီ။ ဝံပုလွေဘုရင်ရဲ့ သားရဲသွေး မှော်ဆေးလုံးထဲက စွမ်းအင်တွေ အားလုံးကို စုပ်ယူပြီးသွားပြီ။ ခွန်အားလည်း တိုးတက်လာကာ အထူးသဖြင့် သံမဏိနှလုံး ဝံပုလွေရဲ့ နှလုံးသွေးကို စုပ်ယူထားတဲ့ သူ့နှလုံးက သံမဏိကဲ့သို့ ခိုင်မာလာ၏။

နှလုံးခုန်သည့် စည်းချက်တိုင်းက ပင်ပန်းမှုမရှိဘဲ အချိန်အတော်ကြာအောင် တည်ငြိမ်သော ခွန်အားကို ပေးစွမ်းနိုင်သည်။

"အခု ဘယ်အခြေအနေ ရောက်နေပြီလဲ စမ်းကြည့်ရအောင်"

မစမ်းသပ်ရင် စွမ်းအင်တိုးလာသလား အစစ်အမှန် ခံစားရမှာ မဟုတ်ဘူး။ လုရွှမ် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး သူ့လက်မောင်းက သွေးကြောတွေ ဖောင်းလာကာ ကြွက်သားတွေကလည်း တောင့်တင်းလာ၏။

လုရွှမ် မနီးမဝေးရ ကျောက်ဆောင်ဆီသို့ လက်ဝါးတစ်ချက် လွှဲရိုက်လိုက်သည်။

ဝုန်းဝုန်းဝုန်းဝုန်းဝုန်းဝုန်းဝုန်း....!

တစ်ကိုယ်လုံးရှိ ကြွက်သားများထံမှ ပြတ်သားသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး လက်ဖဝါးရာများသည် ကျောက်တုံးပေါ်တွင် အရာထင်သွား၏။

နှစ်လက်မ နက်သော လက်ဖဝါး အရာသည် ကျောက်ပေါ်တွင် ပေါ်လာပြီး ၎င်းနောက်တွင် ပို၍ပို၍ ကြီးလာကာ လက်ဖဝါးအစွန်းတွင် အက်ကွဲကြောင်းများ ဖြာထွက်လာပြီး 'ဗုန်း' ဟူသော အသံနှင့်အတူ အပိုင်းပိုင်းများစွာ ကွဲထွက်သွားသည်။

"၇ကှငျးနယျပယျ! အခုစွမ်းအင်နဲ့ဆို နောက်ထပ် သံမဏိနှလုံး ဝံပုလွေဘုရင်နဲ့ ထပ်တွေ့ရင်တောင် ဓားမြှောင်သုံးစရာ မလိုဘဲ အလွယ်တကူ သတ်ပစ်လိုက်လို့ ရပြီ!"

လုရွှမ်မျက်နှာသည် ကျေနပ်မှုတွေကြောင့် တောက်ပနေ၏။

သံမဏိနှလုံး ဝံပုလွေဘုရင်ရဲ့ သွေးကိုသန့်စင်ပြီး စွမ်းအင် စုပ်ယူလိုက်တာက သူ့ကို ၇ကှငျးနယျပယျအထိ ရောက်အောင် ကူညီပေးလိုက်လေသည်။

ဝံပုလွေဘုရင်က သူ့ကို ၇ကှငျးအထိ ရောက်အောင် မြှင်တင်ပေးလိုက်တာပဲ။ အရင်ဘဝကလို ၈ကွင်းနယ်ပယ် ပြန်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့၏။

"၈ရက်တောင် ကြာသွားပြီ... အငယ်တန်း အဆင့်ပြိုင်ပွဲက မကြာခင် စတော့မယ်ဆိုတော့ ပြန်သင့်ပြီ!"

ဂူထဲက အရာများကို သပ်ရပ်စွာ သိမ်းဆည်းပြီးနောက် လုရွှမ်သည် ကျန်းဝူကျောင်းတော် ရှိရာသို့ ပြန်လာခဲ့လေသည်။

All Chapters