လျိုချွမ်းရဲ့ တုန်လှုပ်ခြောက်ခြားမှု
Vol. 1 Ch. 13
"လူဆိုးကောင်!"
မိန်းကလေး၏ လှပသော မျက်နှာသည် ဒေါသများဖြင့် နီမြန်းနေပြီး သူမ မထိန်းနိုင်ဘဲ နောက်ဆုတ်သွားခဲ့သည်။
နောက်မဆုတ်လို့က မဖြစ်နိုင်ချေ။ ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် သူ့ရဲ့တိုက်ခိုက်မှုက ပြိုင်ဘက်ခန္ဓာကိုယ်ကို မထိနိုင်ဘဲ သူမရင်ဘတ်ကို ရိုက်မိမှာပဲ ဖြစ်သည်။
"လူဆိုးလား?" လုရွှမ် ခေါင်းခါလိုက်သည်။
လူတွေနဲ့ တိုက်ခိုက်တဲ့အခါ သို့မဟုတ် အသက်အတွက် တိုက်ပွဲဝင်တဲ့အခါ အသက်ရှင်တဲ့သူနဲ့ သေတဲ့သူပဲရှိသည်။ ယောက်ျား မိန်းမမရှိချေ။ မဟုတ်ရင် သေတဲ့သူက ကိုယ်ကိုတိုင်သာ ဖြစ်နေလိမ့်မည်။
အခုပဲ ပြိုင်ဘက်ရဲ့ အားနည်းတဲ့ နေရာက ရင်ဘတ်မှာဖြစ်လို့ ထိုနေရာကို တိုက်ရိုက် တိုက်ခိုက်လိုက်တာက အကောင်းဆုံး တုံ့ပြန်မှု ဖြစ်သည်။ နှာဘူး လူဆိုးဆိုတာ ဖြစ်နိုင်ချေမရှိ။
ဟူ......
အံကြိတ်ရင်း မိန်းကလေးက ထပ်ပြီး တိုက်ခိုက်သည်။ သူမရဲ့ လက်ဖဝါးတွေက လိပ်ပြာတွေလို တဖျပ်ဖျပ်ခတ်နေပြီး သူမရဲ့ အစွမ်းက အရင်ကထက် အဆပေါင်းများစွာ ပိုပြင်းထန်လာသည်။
ကြည့်ရတာ တကယ်စိတ်ဆိုးသွားပုံပဲ။
ပြိုင်ဘက်၏ လှုပ်ရှားမှုများ ပိုမိုအားကောင်းလာသည်ကို မြင်လိုက်ရသည်နှင့် လုရွှမ်သည် နောက်ပြန်ဆုတ်ကာ လက်သီးများကို လက်ဖဝါးအဖြစ် လှည့်ကာ လေထဲသို့ ပစ်လွှတ်လိုက်သည်။
သူ့ရဲ့ ရွေ့လျားမှု ဦးတည်ချက်ဟာ ပြိုင်ဘက်ရဲ့ အားနည်းချက် ဖြစ်နေဆဲဖြစ်ပြီး ပြိုင်ဘက်ရဲ့ အားနည်းချက်ကတော့ ရင်ဘတ်မှာ ရှိနေပါသေးသည်။
"နင်!!"
ကောင်မလေး ရူးသွားတော့မတတ် ဖြစ်သွားသည်။
သူပြောတာ မှန်ပေမယ့် မိန်းကလေးရဲ့ အမြင်မှာတော့ မတူပါ။ ပထမဆုံးအကြိမ် ရင်ဘတ်ကို လက်သီးနဲ့ တိုက်ခိုက်တာက တိုက်ခိုက်တာလို့ ပြောလို့ရပေမယ့် အခုတစ်ကြိမ်ကတော့ လက်ဖဝါးနဲ့ တိုက်ရိုက်လာထိသလို ဖြစ်သွားပြီ။
သူဘာလုပ်မလို့လဲ? ဘယ်သူက အဲဒီနေရာကိုပဲ တိုက်ခိုက်မှာတဲ့လဲ?။
အဲ့တော့ လူဆိုးကောင် မဟုတ်လို့ ဘာလဲ။
"ငါနင့်ကို သတ်ပစ်မယ်!"
သူမမျက်နှာက တုန်လှုပ်သွားပြီး ဒေါသကြောင့် နီမြန်းလာသည်။
ဝုန်း.....
မိန်းကလေး၏ ဆံပင်များ လွင့်မျောသွားကာ ဝူအဆင့်နှင့်ဆိုင်သော ရောင်ဝါများ ထွက်လာပြီး သူမ တစ်ကိုယ်လုံးရှိ ခွန်အားသည်လည်း ချက်ချင်းဆိုသလို ပြင်းထန်လာသည်။
ပြိုင်ဘက်၏ အင်အားကို ခံစားလိုက်ရသဖြင့် လုရွှမ် မျက်နှာသည် မည်းမှောင်သွားပြီး သူ့ခန္ဓာကိုယ်သည် ဖိနှိပ်ခံထားရသလို ရုတ်တရက် လှုပ်ရှားလို့မရ ဖြစ်သွားသည်။
ဝူအဆင့်သည် မူလဇစ်မြစ်ကို ခံစားနိုင်ကာ ဝိညာဥ်ချီကိုလည်း စုပ်ယူနိုင်သည်။ ခန္ဓာကိုယ်ကလည်း သူ့အလိုလို အစွမ်းထက်လာ၏။ ချွင်းချက်များကို မြင်နိုင်သော်လည်း အခြားသူက ဖိနှိပ်ထားသောအခါ သူ့အစွမ်းရှိသမျှ အားထုတ်သော်လည်း အသုံးမဝင်ပေ။
တခဏအတွင်းမှာပဲ အကြပ်အတည်း ဖြစ်သွားတော့သည်။
ပြိုင်ပွဲ စင်မြင့်ဖက်တွင်တော့။
လျိုချွမ်းသည် ကြီးမားသော ခြေလှမ်းများဖြင့် လျှောက်လာခဲ့ပြီး သူ့မျက်လုံးများသည် လင်းယုန်ငှက်ပမာ တောက်ပနေသည်။
ယခုအချိန်တွင် သူခန္ဓာကိုယ်တွင် ယခင်က လုရွှမ်ဆီက အရိုက်ခံထားရတဲ့ ဒဏ်ရာတွေ မရှိတော့ဘဲ သူ၏ကြွက်သားများ တင်းမာပြီး ခွန်အားများပြည့်လာကာ အဆင့်၄နေရာက အပြုအမူကို ပြန်လည်ရရှိလာခဲ့သည်။
"သခင်လေးလျိုက ခဏအတွင်း ဝူအဆင့် နယ်ပယ်ကို တစ်ရှိန်ထိုး ဖြတ်ကျော်သွားတာ... သူ့ရဲ့ အစွမ်းက မြင့်လာပြီ ဒီနေ့ သူ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ချောင်ချန်ကို သေချာပေါက် သိစေမှာပဲ!"
"ချောင်ချန်က ဘာလဲ? သူက ရယ်စရာကောင်လေး သာသာပဲလေ သခင်လေးလျိုနဲ့ လုံးဝ ယှဉ်လို့မရပါဘူး"
"ဒီနေ့ သခင်လေးလျိုက ကျန်းဝူကျောင်းတော်ရဲ့ ဘုရင်က ဘယ်သူလဲဆိုတာ သူ့ကို သိစေလိမ့်မယ်!"
သူ့နောက်မှ အတန်းဖော်တချို့က ချီးမွမ်းစကား ဆိုကြလေသည်။
"ချောင်ချန်လောက်က ဘာမှမဖြစ်ဘူး ငါသူ့ကို မြန်မြန်အနိုင်ယူပြီး လန်ရော့ရှင်း ကိုစိန်ခေါ်မယ်!"
လျိုချွမ်းက သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး မျက်နှာပေါ်မှာလည်း ယုံကြည်မှုအပြည့်နဲ့ အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားသည်။
"ပြီးရင် ပြိုင်ပွဲစင်မြင့်ပေါ်မှာ ချန်ဖုန်းကို အနိုင်ယူပြီး လူငယ်အဆင့် ပြိုင်ပွဲမှာ နံပါတ်၁ ဖြစ်လာစေရမယ်!"
"သခင်လေးလျိုက သန်မာလိုက်တာ သူတို့အားလုံးက ကြက်တွေ ခွေးတွေလောက်ပဲ ရှိတာ"
"စကားမစပ် ငါမင်းတို့ကို လုရွှမ် နဲ့ပတ်သက်တဲ့ သတင်းတစ်ခုခု နားစွင့်ထားဖို့ ပြောခဲ့တယ်မလား...ပြော သူဘယ်မှာ သွားပုန်းနေတာလဲ?"
လျိုချွမ်းရဲ့မျက်လုံးတွေက လျှပ်စစ်တွေလို တောက်ပလာသည်။
"အဲဒီကောင်က သခင်လေးလျို သူ့ကို သင်ခန်းစာတစ်ခု သင်ပေးတော့မယ်ဆိုတာ သိတော့ ပြိုင်ပွဲကနေ နုတ်ထွက်သွား ရုံတင်မကဘူး ပုန်းတောင် ပုန်းနေသေးတယ်... ဘာသတင်းမှ မကြားရသေးဘူး ဒါပေမဲ့ သခင်လေးလျို စိတ်မပူပါနဲ့ သူ့ကိုစောင့်ကြည့်ဖို့ တစ်ယောက်ယောက်ရှာပြီး ခိုင်းထားတယ် သူပေါ်လာရင် ချက်ချင်း သတင်းပို့လာလိမ့်မယ်!"
နောက်လိုက်တစ်ယောက်က ကမန်းကတန်း ပြောလိုက်သည်။
"ကောင်းပြီ၊ သူထွက်လာရင် ငါ့ရဲဒေါသတွေကို ပြန်ဆပ်ဖို့ သူ့ခြေထောက် သုံးချောင်းလုံးကို ချိုးပစ်လိုက်မယ်!"
(tn -တကယ် ခြေထောက်သုံးချောင်းလို့ ရေးထားတာပါ တစ်ချောင်းက ဘယ်ဟာလဲမသိ)
လျိုချွမ်း၏ အသံက အေးစက်သွားသည်။
သူအရင်က အရိုက်ခံရဖူးတဲ့ နေ့ကိုတွေးပြီး နည်းနည်း ရူးတော့မလို ဖြစ်သွားသည်။
ကျောင်းတော်ရဲ့ ပါရမီရှင် တစ်ဦးအနေနဲ့ သူသည် နေ့ရက်တိုင်း ချောမွေ့နေခဲ့သည်။ မသန်စွမ်း ဖြစ်လုနီးပါး အထိ ရိုက်နှက်ခံခဲ့ရတာကို လက်စားမချေရင် သူလူမဟုတ်လို့ပဲ။
"သခင်လေးလျို ဟိုမှာ ရန်ဖြစ်နေကြသူတွေရှိတယ်..."
နောက်လိုက်တစ်ယောက်က စင်မြင့်နောက်ကွယ်က ကွက်လပ်တစ်နေရာကို ညွှန်ပြရင်း သူ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားသည်။
"အဲဒါ လုရွှမ်နဲ့ တူသလိုပဲ....သခင်လေး အဲဒါ ခင်ဗျားရှာနေတဲ့ လုရွှမ်ပဲ!"
"လုရွှမ် ဒီကောင် ပေါ်လာရဲသေးတယ်ပေါ့? ကောင်းပြီ သူဘယ်သူနဲ့ တိုက်နေလဲ ကြည့်ရသေးတာပေါ့ မတိုက်နိုင်ရင် ငါ အခု အခွင့်အရေးယူပြီး မထနိုင်အောင် ရိုက်နှက်ပစ်မယ်.... သူဝူအဆင့် မရောက်သေးတော့ စွမ်းအင်ကိုလည်း များများထုတ်သုံးပြီး အချိန်ဖြုန်းနေစရာ မလိုတော့ဘူး!"
လျိုချွမ်း ခဏလောက် တိတ်ဆိတ်သွားပြီး ရယ်မောလိုက်သည်။
ဒီကောင်က ကြောက်ပြီး ပြိုင်ပွဲကို ရုတ်သိမ်းသွားလို့ အစကတော့ ပွဲမစခင်မှာ ပေါ်လာမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် အခုဒီကိုလာရဲတယ် ဆိုတော့ တကယ် သေချင်နေတာပဲ ဖြစ်မယ်။
စိတ်လှုပ်ရှားစွာနဲ့ ပြိုင်ပွဲစင်မြင့် အနောက်ကို အမြန်ကြည့်လိုက်တော့ တစ်ချက်တည်းနဲ့ အံ့ဩသွားသည်။
"သူ့နဲ့ တိုက်ခိုက်နေတဲ့သူက.... လန်ရော့ရှင်း?"
"လန်ရှော့ရှင်းလည်း ဝူအဆင့်နယ်ပယ်ကို ရောက်နေပြီထင်တယ်... သူမက ဝူအဆင့်ကို ရောက်နေပြီဆိုရင်....၇ကှငျး မလား?"
"ဒီလို ပါရမီရှင်မျိုးက.. ကျောင်းတော်ရဲ့ ရာစုနှစ် သမိုင်းမှာ အများကြီး မရှိတော့ဘူး!"
လူတိုင်းမြင်သလို လျိုချွမ်းလည်း မြင်လိုက်ရသည်။ သူ့ပါးစပ်ထောင့်တွေ တုန်သွားပြီး ခေါင်းပေါ်မှာ အေးစက်တဲ့ချွေးတွေ ထွက်ကျလာတော့သည်။
ကွင်းများ စုဆောင်းလေလေ ဝူအဆင့်ဖြစ်ရန် ပိုခက်ခဲလေလေ ဖြစ်သည်။ လန်ရော့ရှင်းသည် ကွင်းခုနစ်ကွင်းကို စုဆောင်းထားသည်။ သူအစက ဝူအဆင့်ဖြစ်လာရန် အနည်းဆုံး တစ်နှစ်ခွဲခန့် အချိန်ယူရမည်ဟု ထင်ခဲ့သောကြောင့် ဤကဲ့သို့ ရဲရင့်စွာ ထုတ်ဖော်ပြောဆိုခဲ့သည်။
၇ကှငျးနယျပယျ ဝူအဆင့်များသည် သာမာန် ဝူအဆင့်များထက် နယ်ပယ်နှစ်ခုလို ကွာခြားချက် ရှိသည်။ ၎င်းတို့သည် ပထမအဆင့်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း နှောင်းပိုင်းအဆင့်နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
သူသည် ဝူအဆင့်၏ ပထမအဆင့်တွင်ရှိသော ၅ကွင်းနယ်ပယ် ပညာရှင်သာဖြစ်ပြီး ပြိုင်ဘက်၏ ခုနစ်ကွင်းကို လုံးဝ အနိုင်ယူနိုင်မည် မဟုတ်ပါ။
"ငါ နင့်ကို သတ်ပစ်မယ်!"
အော်ဟစ်သံနှင့်အတူ လန်ရှော့ရှင်း၏ တိုက်ခိုက်မှုစွမ်းအားသည် တစ်ဖန် ပြန်လည်မြင့်တက်လာသည်။ အားကောင်းလှသော လေထုကို ဖိနှိပ်ထားကာ အချိန်မရွေး ပေါက်ကွဲတော့မလို့ပင်။
တိုက်ခိုက်မှုအောက် ချောမွေ့သော မြေပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာ၏။
"သန်မာလိုက်တာ....."
လျိုချွမ်း တုန်လှုပ်သွားပြီး သူ့ခြေထောက်တွေ အားနည်းသွားကာ အချိန်မရွေး လဲကျသွားနိုင်သည်။ စောစောက ရှိခဲ့တဲ့ မာန်မာနနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက အခုအချိန်မှာ လုံးဝပျောက်ကွယ်သွားလေပြီ။
သူသည် သာမန် ဝူအဆင့်သို့ တိုးမြင့်လာသော်လည်း သူ့ကိုယ်သူ ကောင်းကောင်း နားလည်ထားပါသည်။ လက်ရှိအင်အားဖြင့် ပြိုင်ဘက်ကို တိုက်ခိုက်ပါက လက်သီး တစ်ချက်မျှပင် ဖမ်းဆုပ်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွား၏။
မူလကတော့ သာမန်ဝူအဆင့်နဲ့ ပြိုင်ပွဲရဲ့ ရွှေတံဆိပ်နေရာကို ဆွတ်ခူးနိုင်မည်ဟု တွေးထားသော်လည်း လန်ရော့ရှင်းသည် အောင်မြင်ရုံသာမက အလွန် အစွမ်းထက်လွန်းသည်ဟု မထင်ခဲ့မိပေ။
"သူမ... သန်မာလိုက်တာ... သူ့ကို တိုက်ခိုက်နေတဲ့ လုရွှမ်ရော?"
စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး အမြန်ကြည့်လိုက်မိသည်။
လုရွှမ်၏ ခွန်အားသည် လန်ရော့ရှင်းနဲ့ သိပ်မကွာသော်လည်း သူသည် မီတာရာနှင့်ချီသော ပင်လယ်ပြင်ပေါ်က တစ်ခုတည်းသော လှေတစ်စင်းလိုပင် အချိန်မရွေး ပြိုကျသွားစေနိုင်တဲ့ လှိုင်းလုံးကြီးတွေ ရိုက်ခတ်နေသလိုပင်။
အထူးသဖြင့် ရှောင်ထွက်သွားသော သိုင်းကွက်များသည် ပြောင်မြောက်လှ၏။ လန်ရော့ရှင်းက ပြင်းထန်သော ခွန်အားဖြင့် တိုက်ခိုက်သည်နှင့် တပြိုင်နက် ဆုတ်ခွာသွားကာ ခန္ဓာကိုယ်ကို ထိအောင်ပင် မရိုက်နိုင်သေး။
"သူ သူ...."
လျိုချွမ်း တံတွေးမျိုချလိုက်ပြီး သူ့မျက်နှာက ဖျော့တော့သွားသည်။
အခုနကပဲ သူက တစ်ဖက်လူဟာ ပြိုင်ရမှာ ကြောက်လွန်းတယ်လို့ မောက်မာစွာပြောခဲ့ပြီး တွေ့တာနဲ့ သင်ခန်းစာတစ်ခု ပေးမယ်လို့တောင် ဟစ်အော်ခဲ့သေးသည်။
ဒီလို တွေးခေါ်မှုမျိုးက ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ ဆိုတာ အခုမှပဲ သူသိတော့၏။
လန်ရော့ရှင်းလို ဝူအဆင့်ရဲ့ နှောင်းပိုင်းအဆင့်နဲ့ တိုက်ခိုက်နေတာတောင် နောက်လည်းမဆုတ် ရှုံးလည်း မရှုံးသေးတဲ့လူက သူ့လိုသာမန် ဝူအဆင့်လေးကို ကြောက်မှာတဲ့လား။
လုရွှမ်သည် လျိုချွမ်း သူတို့ရဲ့ တိုက်ပွဲအခြေအနေကို ကြည့်နေတယ်ဆိုတာ မသိချေ။ သိရင်လည်း သူဂရုစိုက်မှာ မဟုတ်။ အကြောင်းမှာ သူသည် ဘယ်တော့မှ တခြားသူရဲ့ အမြင်ကို ဂရုမစိုက်ခဲ့လို့ပဲ ဖြစ်သည်။
သူ့မျက်လုံးထဲမှာတော့ တိုက်ပွဲတွေ ရှိနေသရွေ့ တိုက်ခိုက်နေရဦးမှာပဲ
"တစ်ဖက်က ဝူအဆင့်စွမ်းအားရှင် ပြီးတော့ ၇ကှငျးနယျပယျလေ... သူ့စွမ်းအားတွေက သန်မာတယ် အခုနေ တောင့်ခံထားနိုင်ရင်တောင် အချိန်ကြာလာရင် သေချာပေါက် ရှုံးမှာပဲ "
ရေခဲတောင်များကဲ့သို့ ငြိမ်သက်နေသော မျက်လုံးများဖြင့် လုရွှမ်သည် သူ့နှလုံးသားကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
တခြားသူတွေရဲ့ အမြင်မှာ တိုက်ပွဲက သရေဖြစ်ပေမဲ့ တကယ်တော့ သူတစ်ချိန်လုံး အားလျော့ပြီး တိုက်ခိုက်နေခဲ့တာ ဖြစ်သည်။ နည်းလမ်းတစ်ခု မစဥ်းစားမိဘူးဆိုရင် ရှုံးသွားမှာ ကြောက်ရ၏။
ရက်စက်ကြမ်းကြုတ်တဲ့ မျက်နှာထားကို ပြသရင်း လုရွှမ်ဟာ ရှောင်တိမ်းမယ့်အစား တစ်ဖက်လူရဲ့ လက်ဖဝါးကို ကြည့်ပြီး ရင်ဘတ်ကို အပြေးအလွှား ဝင်ရိုက်လိုက်တော့သည်။
တိုက်ခိုက်ခြင်းဆိုတာ မျက်စိ စုံမှိတ်လိုက်တာနဲ့ အောင်မြင်သွားမှာ မဟုတ်ပေ။ စွန့်စားဖို့ လိုအပ်လေသည်။
သူက အခု စွန့်စားခန်းတစ်ခု လုပ်လိုက်ပြီ။
မိန်းကလေး၏ လက်ဖဝါးသည် သန်မာပြီး အကွာအဝေး ပိုနီးလေ အားကောင်းလေလေပဲ။ ပြီးတော့ သူကတော့ အားနည်းနေကာ အမြင်ကျယ်ပြီး လှည့်ကွက်များကို ပုံဖော်နိုင်သည်။ အကွာအဝေးက ပို၍ဝေးလေ တိုက်ခိုက်နိုင်လေဖြစ်သည်။
စောစောက သူသုံးသွားတာ ထိုနည်းလမ်းပင်။
ဤအခိုက်အတန့်အတွင်း အရှိန်အဟုန်ဖြင့် ဝင်ရောက်ခြင်းသည် ပြိုင်ဘက်၏ အားသာချက်များကို ဆန့်ကျင်၍ မိမိ၏ အားသာချက်များနဲ့ အခွင့်ကောင်းယူခြင်း ဖြစ်သည်။
ဒါပေါ့ မိန်းကလေးက နောက်ပြန်ဆုတ်မယ့်အစား သူ့ဆီအပြေးအလွှား ပြေးလာတာကိုမြင်တော့ လက်ဖဝါးရဲ့ စွမ်းအားကို နည်းနည်းထပ်တိုးလိုက်ပြီး ရုတ်တရက် ရိုက်ချလိုက်ပါတော့သည်။