← Chapters

ငါနဲ့နင် မပြီးသေးဘူး

Vol. 1 Ch. 14

ငါနဲ့နင် မပြီးသေးဘူး

Vol. 1 Ch. 14

ပြိုင်ပွဲစင်မြင့်နှင့် မနီးမဝေး အခန်းထဲတွင် တစ်စုံတစ်ယောက်သည် ထိုတိုက်ပွဲကို လှမ်းကြည့်နေ၏။

"ကျောင်းအုပ်ကြီး... ဒီမိန်းကလေးက မနှစ်က အောက်တန်းမှာ ဒုတိယအဆင့်ရခဲ့တဲ့ လန်ရော့ရှင်းပါ... သူမနဲ့ ဆန့်ကျင်ဘက်က ဘယ်သူလဲတော့ မသိဘူး...မနှစ်က ပြိုင်ပွဲမှာ အဆင့် သိပ်မမြင့်ဘူးထင်တယ်!"

သင်ကြားရေးဌာန ညွှန်ကြားရေးမှူးအသစ် ရာထူးကို တိုးပေးခံခဲ့ရတဲ့ ကျိတောက်မင်က ရှင်းပြသည်။

"ဝူအဆင့်ကို ရောက်လာတဲ့သူက ၇ကှငျးနယျပယျနဲ့ တိုက်ခိုက်နိုင်မယ်လို့ မထင်ထားဘူး... ဒီစွမ်းရည်က ထိပ်တန်းစွမ်းရည် မဟုတ်ပေမယ့် မင်းကိစ္စတချို့ လွတ်သွားပုံရတယ်"

ကျောင်းအုပ်ကြီး လော့ယန်ချင်းက ပြောသည်။

ထိုနေ့တုန်းက ဖန်းရှစ်တွင် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ထိုအကြီးအကဲနဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်ကို ရှာမတွေ့ခဲ့တာ နှမြောစရာ ကောင်းလှသည်။ ထိုအကြီးအကဲ ပေါ်လာသည်နှင့် အကြောင်းကြားရမည်ဟု ပြောခဲ့သည်။

တစ်ဖက်မှ တိကျသော သဘောတူချက်ကို ရရှိပြီးနောက် အကယ်ဒမီသို့ တုံ့ဆိုင်းစွာ ပြန်လာခဲ့သည်။

[translater note - ကိုကျောင်းတော် မဟုတ်ဘဲ အကယ်ဒမီလို့ ဘာသာပြန်လိုက်မယ်နော်]

အတန်းပြိုင်ပွဲ စတင်တော့မည်ဖြစ်လို့ အချိန်ရှိတုန်း ကျင့်ကြံသူ ပေါက်စလေးတွေကို လှမ်းကြည့်ရင်း ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။

"ဟုတ် ဟုတ် ကျွန်တော်သွားပြီး စုံစမ်းကြည့်လိုက်ပါမယ်" ကျိတောက်မင်က ကမန်းကတန်းပြောလိုက်သည်။

"အင်း"

ကျောင်းအုပ်ကြီးလော်က တပည့်တစ်ဦးကို မှတ်ချက်ပေးသည့် ပုံစံဖြင့် ခေါင်းညိတ်လိုက်ပြီး

"သနားစရာပဲ၊ သူ့အစွမ်းက ပိုအားကောင်းရင် အနိုင်ယူနိုင်ပေမယ့် ခွန်အားကို ကန့်သတ်ထားရင်တော့ သိုင်းကွက် ဆယ်ကွက်အတွင်း ကျိန်းသေရှုံးလိမ့်မယ်!"

"ဟုတ်တယ်..." ကျိတောက်မင်က ခေါင်းညိတ်သည်။

သူတို့နှစ်ဦးသည် အကယ်ဒမီ၏ အဆင့်မြင့် အဖွဲ့ဝင်များ ဖြစ်ကြပြီး အလွန်အစွမ်းထက်လှသည်။ သာမန်ကျောင်းသားများ လုရွှမ်၏ စိတ်အားထက်သန်မှုကို မမြင်နိုင်သော်လည်း သူတို့ကတော့ အလွယ်တကူ မြင်နိုင်သည်။

"အမ်း?"

ထိုအချိန်မှာ ကျောင်းအုပ်ကြီးလော်သည် လုရွှမ်ရဲ့ လန်ရော့ရှင်းဘက်ကို တိုက်ရိုက် ရွေ့လျားနေတာကို မြင်လိုက်ရတော့ သူ ခဏလောက် အံ့သြသွားပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါပြလာ၏။

"အစကတော့ ပျိုးပင်ကောင်းလို့ ထင်ခဲ့တာ... ဒါပေမယ့် အခုက နည်းနည်း စိတ်မြန်လွန်းတယ်!"

"ဟုတ်တယ် မတိုင်ခင်က တိုက်ပွဲတွေအရ မရှုံးခင် ဆယ်ကွက်လောက်က ထိန်းထားနိုင်တယ်...စိတ်မရှည် ဖြစ်နေမယ် ဆိုရင်တော့ တိုက်ကွက်၂ကွက်တောင် မခံနိုင်မှာ စိုးရတယ်... ဒီကလေးဒါကို နားလည်ထားသင့်တယ်...."

ကျိတောက်မင်က ပြောလေသည်။

သူတို့နှစ်ဦး၏ စွမ်းအားသည် လုရွှမ်၏ စိတ်အားထက်သန်မှုကို မြင်နိုင်ပြီး လူငယ်နှစ်ဦး၏ အားသာချက် အားနည်းချက်များကိုလည်း သဘာဝအတိုင်း ခွဲခြမ်းစိတ်ဖြာနိုင်သည်။

လုရွှမ်ရဲ့ အလျင်စလို ပြေးလွှားခြင်းသည် ဆိုးရွားသော လှုပ်ရှားမှုဖြစ်ပြီး သေကြောင်းရှာနေသလိုပဲ။

"အနိုင် အရှုံးက ပေါ်နေပြီ...ကြည့်စရာမလိုတော့ဘူး"

ကျောင်းအုပ်ကြီးလော်သည် ခေါင်းယမ်းလိုက်ပြီး မကြည့်တော့ဘဲ လှည့်ထွက်သွားခါနီး ရုတ်တရက် မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသလို သူ့မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါ..."

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... သူက လန်ရော့ရှင်းရဲ့ စွမ်းအားကို ထိုးဖောက်ဖို့ ရည်ရွယ်လိုက်တာလား? ငါအမြင်မများဘူးမလား?"

ကျိတောက်မင်လည်း ထိတ်လန့်သွားပြီး စကားမပြောနိုင်လုနီးပါး ဖြစ်သွားသည်။

ပြိုင်ပွဲဖက်တွင်။

လန်ရော့ရှင်းသည် သူ့ရှေ့မှ လူငယ်လေး လာနေသည်ကို တွေ့လိုက်ရသောအခါတွင် သူမမျက်နှာသည် ရွှင်မြူးသွားကာ သူ့လက်ထဲက ခွန်အားများကို တိုး၍ လုရွှမ် နောက်ကျောကို ရိုက်လိုက်သည်။

ဝူအဆင့်၏ ကြောက်မက်ဖွယ် စွမ်းအားသည် ထူးခြားသော ရောင်ဝါကို ထုတ်လွှတ်နေပြီး လုရွှမိ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

"ဒီအချိန်ပဲ!"

ဤစွမ်းအားကို ရင်ဆိုင်ရသောအခါ လုရွှမ်က ၎င်းကို မတားဆီးဘဲ သူ့တစ်ကိုယ်လုံး ငြိမ်သက်သွားကာ မျက်လုံးများ သိသိသာသာကြီးကျယ်လာပြီး ဝေလငါးမှ ရေကို စုပ်လိုက်သကဲ့သို့ သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအား အားလုံးကို စုပ်ယူလိုက်သည်။

ဝူအဆင့်ရဲ့ တိုက်ခိုက်မှုက ဒီလောက်တောင် အားကောင်းတယ်လား? ၎င်းနဲ့သာ ထိပ်တိုက်ရင်ဆိုင်မိရင် အသွေးအသား မပြောနှင့် ကျောက်တုံးဆိုရင်တောင် အမှုန့်ဖြစ်သွားလိမ့်မယ်။

လုရွှမ်သည် သူ့ကိုယ်သူ သေကြောင်း ရှာနေသည်ဟု လူတိုင်းက ထင်မှတ်နေစဥ်အတွင်း သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အက်ကွဲသွားပြီး ရောင်ဝါများ ချက်ချင်း တိုးလာသည်။

ဝုန်းဝုန်းဝုန်းဝုန်းဝုန်းဝုန်းဝုန်းဝုန်း!

၈ကွင်းနယ်ပယ်

မူလက လုရွှမ်ဟာ အဆင့်ကို ထိုးဖောက်ချင်တယ်ဆိုရင် အနည်းဆုံး ရက်ပေါင်း ဒါဇင်နဲ့ချီပြီး စုဆောင်းဖို့ အချိန်ယူရဦးမှာ ဖြစ်သည်။ အခု လန်ရော့ရှင်းရဲ့ တိုက်ခိုက်မှုကို အကူအညီနဲ့ သူရဲ့ ခန္ဓာကိုယ်ထဲကို ဝူအဆင့် တစ်ယောက်ရဲ့ ထူးခြားတဲ့ စွမ်းအားကို စုပ်ယူလိုက်ပြီး တစ်ရှိန်ထိုး အောင်မြင်ခဲ့သည်။

လှုပ်ရှားမှုသည် အလွန်အန္တရာယ်များပြီး ကောင်းစွာ မလုပ်ဆောင်နိုင်ပါက ဒဏ်ရာ ရသွားနိုင်သော်လည်း နောက်ဆုံးတွင် အောင်မြင်ခဲ့သည်။

ကွင်းရှစ်ကွင်းကို ရောက်ရှိသွားသောအခါ လုရွှမ်၏ ခွန်အားသည် ချက်ချင်းဆိုသလို လေးဆတိုးလာကာ ခွန်အားနှင့် တုံ့ပြန်မှုအရှိန်သည် အလွန်တိုးမြင့်လာလို့ မိန်းကလေး၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။

ဗုန်း!

မထင်မှတ်ပဲ လက်ဖဝါး ထိမှန်ခံရပြီး ဒဏ်ရာမရရှိခဲ့ရုံ သာမက ခွန်အားလည်း အလွန်ကောင်းမွန်လာခဲ့ရာ လန်ရော့ရှင်း မတုံ့ပြန်ခင်မှာ နောက်ပြန်ခေါက်ပြီး ပျံထွက်သွားသည်။ မြေကြီးပေါ်ရောက်သော် ပါးစပ်က သွေးအနည်းငယ် ထွက်လာ၏။

အနိုင်အရှုံး ပေါ်သွားပြီ။

"သူ...အနိုင်ရသွားတာလား?"

လျိုချွမ်းသည် အံကြိတ်ရင်း မျက်လုံးများကို အားကြိုးမာန်တက် ပွတ်သပ်သည်။

တစ်ဖက်လူက လန်ရော့ရှင်း။ ဝူအဆင့်ကို ရောက်နေပြီးသား ဖြစ်တဲ့ လန်ရော့ရှင်း ဖြစ်သည်။

ဒီလိုနဲ့ နိုင်သွားတယ်လား။ ဒီလုရွှမ်ရဲ့ စွမ်းအားက ဘယ်လောက်တောင် သန်မာနေတာလဲ။

"သူတို့ တိုက်ပွဲပြီးသွားပါပြီ သခင်လေးလျို မြန်မြန်သွားပြီး အဲ့ကောင်လေးကို သင်ခန်းစာတစ်ခုပေးလိုက်တော့!"

"အဲ့ကောင်လေးမှာ အားတွေ ရှိနေသေးတယ် ဒါပေမဲ့ သခင်လေးလျိုနဲ့ ယှဥ်နိုင်မှာ မဟုတ်ဘူး"

"သခင်လေးလျိုသာ အမှန်တကယ် လှုပ်ရှားချင်တယ် ဆိုရင်တော့ သူသေချာပေါက် ပုံဆိုးပန်းဆိုးနဲ့ သေသွားလိမ့်မယ်"

တိုက်ပွဲပြီးသွားသောအခါ လျိုချွမ်း၏ လက်ပါးစေများသည် လုရွှမ်၏ အောင်ပွဲကိုမြင်ရသည်မှာ စိတ်မသက်မသာ ခံစားရပြီး ပြောလိုက်သည်။

"သူ့ကို သင်ခန်းစာ ပေးရမှာလား?"

ဒါကိုကြားတော့ လျိုချွမ်းမှာ ငိုလုမတတ်။

သူ့ကို သင်ခန်းစာ ပေးရမှာလား? တကယ်သွားလိုက်ရင် သူပဲငါ့ကို သင်ခန်းစာ ပေးလိုက်မှာ ဟုတ်ပြီလား။ မင်းတို့ကောင်တွေ နောက်လိုက် ခွေးတွေရော ဟုတ်ရဲ့လား။

လုရွှမ်က လျှို့ဝှက်စေလွှတ်လိုက်တဲ့ တခြားနေရာက လူများလား။

ငိုချင်နေတဲ့ သူ့မျက်နှာကို မမြင်ဘဲ နောက်လိုက်ခွေးက လုရွှမ်ကို ကြည့်ကာအော်လိုက်သည်။

"လုရွှမ် နောက်ဆုံးတော့ မင်းမျက်နှာကို ပြဖို့ သတ္တိရှိပြီပေါ့... ငါတို့ သခင်လေးလျိုက ဒီမှာပဲ! မြန်မြန်လာပြီး သေကြောင်းမကြံသေးဘူးလား?"

သူရှင်းပြဖို့ အချိန်မရသေးခင်မှာ နောက်လိုက် ခွေးက ဒီလိုအော်လိုက်တာကြောင့် လျိုချွမ်းဟာ အလွန်ထိတ်လန့်သွားပြီး သွေးဟောင်းတွေ ပါးစပ်ထဲ ထွေးထုတ်လုနီးပါး ဖြစ်သွားသည်။

မင်းညီမကို သေကြောင်းကြံ!

"တိတ်တိတ်နေ!"

ပါးစပ်ကို ပိတ်ရိုက်လိုက်ရင်း စကားပြောတတ်သည့် ခွေးကို မြေပြင်ပေါ်သို့ လှဲချလိုက်ကာ လျိုချွမ်းသည် ဖြောင့်မှန်သော မျက်နှာဖြင့် လုရွှမ်ဆီသို့ လျှောက်သွားလိုက်ကာ။

"အစ်ကိုကြီးလု ဒီကောင်ရဲ့ မိုက်မဲတဲ့စကားကို နားမထောင်နဲ့...မင်းက အမြဲတမ်း ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ မင်းကို ဘယ်သူထိရဲလဲ! အဲဒီလူက ငါ့ရဲ့ရန်သူပဲ...."

... နောက်လိုက်ခွေးများ ဘေးကို ပြန်ကြည့်လိုက်ကြသည်ါ

"စံပြပုဂ္ဂိုလ်?" လုရွှမ် အံ့သြမှုအပြည့်နဲ့။

ခုနက သူအိပ်ဆောင်ကနေ ထွက်လာတော့ ရန်းလင်နဲ့ ယွမ်ချောင်က လျိုချွမ်းသူ့ကို ဒုက္ခပေးလိမ့်မယ်လို့ ပြောခဲ့တယ်။ အခု ဘာလို့ ဒီလိုမျိုး ဖြစ်နေတာလဲ။

သို့သော် သူသည် ငတုံး မဟုတ်ပေ။ ယခုပင် ဖြစ်သွားတဲ့ တိုက်ပွဲအကြောင်းတွေးရင်း သူချက်ချင်း သဘောပေါက်သွားသည်။

ဒီကောင်းလေး သူ့အစွမ်းအစသူ သိပြီး ပေါက်ကရ စကားတွေ မပြောရဲတော့တာ ဖြစ်မည်။

"ထားလိုက်တော့!"

လုရွှမ်က ခေါင်းယမ်းကာ လှည့်ထွက်သွားသည်။

လျိုချွမ်းကို ဝူအဆင့်အဖြစ် ထိုးဖောက်ပြီးတဲ့အခါ သူ့ရဲ့ ခွန်အားတွေ တိုးလာပြီး တခြားသူတွေနဲ့ ပြိုင်ဖို့ စိတ်ဝင်စားလာလိမ့်မယ်လို့ ထင်ထားပြီးသား။

သူ့ရဲ့ လက်ရှိ အသွင်အပြင်ကို ကြည့်ပြီး သူ့တိုက်ပွဲကို ဆက်ကြည့်ချင်စိတ် မရှိတော့ချေ။

ထို့အပြင် သူသည် ၈ကွင်းအထိ ထိုးဖောက်ပြီးပြီ ဖြစ်လို့ စွမ်းအင်ကို ပေါင်းစည်းရန် လိုအပ်ပြီး ဤနေရာတွင် ကြာကြာဆက်နေရန်မှာ မသင့်ပေ။

"မသွားနဲ့!"

ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သူ့ကို ပုံသဏ္ဍာန် တစ်ခုက ပိတ်ဆို့ထားခဲ့ပြီး ၎င်းမှာ လန်ရော့ရှင်း ဖြစ်သည်။

ယခုအချိန်တွင် သူမ၏ မျက်နှာသည် ဖြူဖျော့နေသော်လည်း သူမ၏ လှုပ်ရှားမှုများကိုတော့ မတားဆီးနိုင်ပေ။ ဝူအဆင့်တွေရဲ့ ခံနိုင်ရည်အားက ပြင်းထန်သည်။

"စောစောက ငါသတိမထားမိလိုက်လို့... နောက်တစ်ပွဲ ထပ်တိုက်မယ်!"

လန်ရော့ရှင်း သူမနှုတ်ခမ်းတွေကို တင်းတင်းစေ့ထားသည်။ ဒီလူသာ သူမရင်ဘတ်ကိုပဲ တစ်ချိန်လုံး မတိုက်ခိုက်နေခဲ့ရင် သူမလုံးဝ ရှုံးမှာ မဟုတ်ဘူး။

"နောက်တစ်ပွဲ တိုက်မယ်?" လုရွှမ် ပြန်ကြည့်လိုက်ကာ။

"မင်းသေချာလား?"

"သေချာတယ်....!"

လန်ရှော့ရှင်းသည် လူငယ်လေး၏ မျက်နှာတွင် ဘာမှမထူးခြားသော အကြည့်ကို မြင်လိုက်ရပြီး တစ်ဖက်သူ၏ လုပ်ရပ်ကို တွေးလေ တွေးလေ၊ သူ့ကို ပိုမုန်းလေဖြစ်ပြီး အံကြိတ်နေလေသည်။

"ဒါပေမဲ့ ငါစိတ်မဝင်စားဘူး"

လုရွှမ်က သူ့ခါးကိုဆန့်ပြီး ပျင်းတိပျင်းရွဲဖြင့် လှည့်ထွက်သွားတော့သည်။

ဒီလို ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတဲ့ မိန်းမမျိုးကို သူ သိပ်မကြိုက်ပေ။ သို့သော် ဒဏ်ရာ ရထားရုံနဲ့ ကြီးကျယ်ခမ်းနားတဲ့ အာဏာရှင်ကြီးလို တခြားသူတွေကို အခွင့်ကောင်းယူဖို့ အချိန်ပေးမှာ မဟုတ်။

"နင်....."

လန်ရော့ရှင်းသည် တစ်ကိုယ်လုံး ပေါက်ကွဲတော့မလိုကို ခံစားလိုက်ရသည်။

စိတ်မဝင်စားဘူး? သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ? တစ်နေ့နေ့တော့ သေချာပေါက် လက်စားချေပြမယ်!

"နင်က လုရွှမ် ဟုတ်တယ်မလား! ငါနဲ့နင် မပြီးသေးဘူး!"

လန်ရော့ရှင်းက ဟောက်လိုက်သည်။ လျိုချွမ်း မှတစ်ဆင့် သူမသည် တစ်ဖက်လူ၏ အမည်ကို သိလိုက်ပြီဖြစ်သည်။

All Chapters